Friday, January 20, 2012

ရောပသမဂ္ဂ၏ မြန်မာပြည်မူဝါဒ ပိုမို​ကောင်း​မွန်လာနိုင်

January 19, 2012
ကို​ထွေး

မြန်မာနိုင်ငံရဲ့ ​ တိုး​တက်​ပြောင်း​လဲမှုများ​ကြောင့်​ မူဝါဒ​တွေကို ပြန်လည်သုံး​သပ်ဖို့​ ဥ​ရောပသမဂ္ဂ (အီး​ယူ) က လာမယ့်​ တနင်္လာ​နေ့​ ​ဆွေး​နွေး​ရာမှာ အပြုသ​ဘော​ဆောင်တဲ့​ တိုး​တက်မှု​တွေရှိလာနိုင်တယ်လို့​ ဆိုပါတယ်။

အဖွဲ့​ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့​ ဥ​ရောပသမဂ္ဂက လာမယ့်​ တနင်္လာ​နေ့​ကျရင် မြန်မာပြည်ဆိုင်ရာ မူဝါဒ​တွေကို သုံး​သပ်ကြမှာ ဖြစ်ပါ တယ်။

အီး​ယူ​ ပြောခွင့်​ရ Maja Kocijancic က “အီး​ယူက မြန်မာပြည်နဲ့​ ပတ်သက်တဲ့​ မူဝါဒ​တွေကို ပြန်လည် သုံး​သပ်တာ လုပ်​ဆောင်ခဲ့​ပြီး​ပါပြီ။ အီး​ယူနိုင်ငံက နိုင်ငံခြား​ရေး​ဝန်ကြီး​တွေ အား​လုံး​ဟာ တနင်္လာ​နေ့​မှာ မြန်မာ့​အ​ရေး​ကို ​ဆွေး​နွေး​ကြပါလိမ့်​မယ်။ ​နောက်ဆုံး​ တိုး​တက်လာတာနဲ့​ ကျမတို့​ရဲ့​ သုံး​သပ်ချက်​တွေကိုလည်း​ ဒီတပတ်မှာ ​ဆွေး​နွေး​မှာပါ။ အခုချိန်မှာ​တော့​ ကျမတို့​ ချမှတ် ထား​တာ​တွေက ဧပြီမှာ အဆုံး​သတ်ပါမယ်။”


ပြီး​ခဲ့​တဲ့​ နှစ် ဧပြီလက မူဝါဒ ပြန်လည် သုံး​သပ်တုန်း​က မြန်မာအ​ပေါ် အီး​ယူရဲ့​ ဒဏ်ခတ်အ​ရေး​ယူမှုကို တနှစ် ထပ်မံ သက်တမ်း​တိုး​ခဲ့​ပါတယ်။

ပုံမှန်အား​ ဖြင့်​ နှစ်စဉ်တိုင်း​မှာ ဧပြီလကျမှ ဒဏ်ခတ်ပိတ်ဆို့​မှု ရုပ်သိမ်း​ရေး​ ဆက်လက်ထား​ရှိ​ရေး​ ဆုံး​ဖြတ်​နေကျ ဖြစ်​ပေမယ့်​ မြန်မာနိုင်ငံရဲ့​ နယ်ပယ်အသီး​သီး​က ဖြစ်ထွန်း​မှု​တွေအ​ပေါ် အ​ခြေပြုပြီး​ ​ဖေ​ဖော်ဝါရီလကစပြီး​ အ​ရေး​ယူထား​တာ ရုပ်သိမ်း​နိုင်ဖွယ် ရှိ​နေတယ်လို့​လည်း​ ခန့်​မှန်း​တွက်ချက်မှု​တွေ ရှိ​နေပါတယ်။

ဒါနဲ့​ ပတ်သက်လို့​ အီး​ယူ​ပြောခွင့်​ရ Maja Kocijancic က “မြန်မာနိုင်ငံက ပြုပြင်​ပြောင်း​လဲ​ရေး​ လုပ်​ဆောင်ခဲ့​တာ​တွေက ထင်မှတ်ထား​တာထက် ပိုတာသွား​နေတာကို ​တွေ့​ခဲ့​တဲ့​အတွက် ပြန်လည်သုံး​သပ်တာ​တွေက အပြုသ​ဘောဆန်တဲ့​ တိုး​တက်​ပြောင်း​လဲတာ​တွေ ရှိလာမှာပါ။ ဒါ​ပေမယ့်​ ပိတ်ဆို့​အ​ရေး​ယူတာ​တွေအတွက် အ​ပြောင်း​အလဲနဲ့​ ပတ်သက်တဲ့​ အချိန်အတိအကျကို​တော့​ ကျမ မ​ပြောနိုင်ပါဘူး​” လို့​ ​ပြောပါတယ်။

အီး​ယူ နိုင်ငံခြား​ရေး​ဝန်ကြီး​ ကတ်သရင်း​ အက်ရှ်တွန်ကလည်း​ မကြာခင် မြန်မာနိုင်ငံကို သွား​ရောက် လည်ပတ်ဖို့​ရှိ​နေပါတယ်။

လက်ရှိမှာ မြန်မာအစိုး​ရက နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​ခဲ့​သလို နိုင်ငံ​ရေး​ဖြစ်ထွန်း​တိုး​တက်မှု တချို့​ဖြစ်ထွန်း​ခဲ့​ပြီး​တဲ့​ ​နောက် အီး​ယူက ခရီး​သွား​လာမှု ပိတ်ပင်ထား​မှု တချို့​ ရုပ်သိမ်း​ပေး​ခဲ့​တဲ့​အပြင် ရန်ကုန်မှာ အီး​ယူရဲ့​ ရုံး​တခု ဖွင့်​မယ်လို့​ ​ကြေညာခဲ့​ပါတယ်။

ပိတ်ဆို့​အ​ ရေး​ယူတာ အဆုံး​သတ်​စေဖို့​ နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ လွှတ်​ပေး​ဖို့​နဲ့​ အတိုက်အခံ​တေါနဲ့​ စကား​ပြောဖို့​ အီး​ယူက အစိုး​ရကို ​တောင်း​ဆိုခဲ့​ပါတယ်။

မြန်မာအစိုး​ ရကလည်း​ အထင်ကရ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေကို လွှတ်​ပေး​သလို ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​လည်း​ ​ဆွေး​နွေး​ခဲ့​ပြီး​ တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေနဲ့​လည်း​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​နေပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့