Monday, August 10, 2009

စစ်သည်တစ်ဦး၏ ရင်ဖွင့်စကား

ယနေ့ မြန်မာနိုင်ငံတော်ကြီးမှာ စစ်အာဏာရှင်တွေရဲ့ သွေးထိုး သပ်လျှိုမှုကြောင့် တပ်မတော်နဲ့ ပြည်သူ ဒို့ရန်သူ ဖြစ်နေကြရတာကို စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။ ကျွန်တော်တို့ တပ်မတော် သားတွေဆိုတာ ပြည်သူလူထုက ပေါက်ဖွား လာခဲ့ရတာပါ။ ပြောရရင် ပြည်သူ့ ရင်သွေး စစ်စစ်တွေပါ။ ကျွန်တော်တို့ကို တပ်မတော်က မွေးကတည်းက ဖန်ဆင်းလိုက်တာ မဟုတ်ပါဘူး။ ဒီကနေ့ ကျွန်တော်တို့ တပ်ရင်း၊ တပ်ဖွဲ့ တွေမှာနောက်ပြောင် ပြောဆို နေကြတာရှိပါတယ်။ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဆိုတော့ ငါတို့ရဲ့အဖေ၊ အမေတို့က အလိုလိုနေရင်း ပထွေးတွေ မိထွေးတွေ ဖြစ်ကုန်ပါပြီ ကွာတဲ့။ ပြီးတော့ ရှိပါသေးတယ်..။ ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲပြေး တဲ့။ ရဲရဲတော့ မချေမှုန်း ချင်တော့ပါဘူးဗျာ။

ကျွန်တော်တို့ အနှစ် ၄၀ ကျော် ပြည်တွင်းစစ်ကြီးဟာ တကယ်ဆို အိမ်ကြက်ချင်း အိုးမဲသုတ်လို့ ခွပ်နေကြရတဲ့ အဖြစ်တွေမှန်း အောက်ခြေ ရဲဘော်ကအစ သဘောပေါက် လာကြပါပြီ။ ကျွန်တော်တို့ကိုတော့ အမျိုးမျိုး မိုက်စိတ်တွေ သွင်းပေးပြီး ကိုယ့်တိုင်းရင်းသား အချင်းချင်း သတ်ဖြတ် ခိုင်းနေတဲ့ ဗိုလ်ချူပ်ကြီးတွေကို အော့နှလုံး နာနေကြပါပြီ။ တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရလို့ အထူးကြပ်မတ် ကုသ ပေးနေတယ်လို့တော့ မထင်လိုက်ပါနဲ့။ မိုင်းနင်း မိလို့ ခြေပြတ်၊ လက်ပြတ် စစ်သည် အရာရှိတွေကို ကစထမှူး ဆိုတဲ့ကောင်တွေက Queen အချိုရည်လေး တစ်ပုလင်းလောက်ကို လူကြုံနဲ့ ပို့ပြီး ၀မ်းနည်းကြောင်း ဟန်ဆောင်စကားလေး တစ်ခွန်းလောက် နဲ့ပဲ နှစ်သိမ့် ပေးပါတယ်။ ကျန်တာ ဘာခံစားခွင့်မှ မရှိသလို ဆေးကုသမှု ခံယူရတဲ့ နေရာတွေမှာ ဆိုလည်း တပ်မတော် အရိုးကုက အရာရှိတွေရဲ့ သမားစိတ် မရှိလို့ အပ်နဲ့ ထွင်းရမှာကို ပုဆိန်နဲ့ ခုတ်ပြီး အကု ခံရတာတွေလည်း အများကြီးပါ။ ကျွန်တော်ပြောတာ မယုံဘူးဆိုရင် ကိုယ်လက် အင်္ဂါ ချို့တဲ့နေတဲ့ စစ်သည်ဟောင်း၊ အရာရှိဟောင်းကို မေးကြည့်ပါ။ ခြေလက် မဖြတ်ချင်ဘဲ စပါယ်ရှယ် ကုသချင်ရင် စပါယ်ရှယ် လာဘ်ထိုးရပါတယ်။ ကျွန်တော်တို့လို မျက်နှာမွဲ စစ်သည်များ ဆိုရင်တော့ မိုင်းထိလား ဖြတ်ပလိုက် ဆိုတာမျိုး ဖြစ်နေပါတယ်။

စစ်ရုံးချူပ်လိုနေရာမျိုးမှာလည်း အရာရှိ၊ စစ်သည် တော်တော်များများဟာ ခွက်ပျောက် ဘ၀နဲ့ မျောက်မှိုင် မှိုင်နေ ရပါတယ်။ တနေကုန် ရုံးထဲမှာ အလုပ်မရှိတဲ့ အချိန်ဆို ချဲတွက်တဲ့ စစ်သည်ကတွက်၊ ချဲဒိုင်ကိုင်တဲ့ အရာရှိကကိုင် လို့ မိသားစု စားဝတ်နေရေး အတွက် ကြံဖန် ရှာရပါတယ်။ နေပြည်တော် စစ်ရုံးကြီးဆိုလို့ အထင်ကြီးစရာ တကွက်မှ မရှိပါဘူး။ ရွှေထီးပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်နေတယ်။ Staff အရာရှိက အမှုတွဲကိုင် စာရေးတွေကို " ဒီနေ့ဘာ ဂဏန်းကောင်းလဲဟေ့..။ ဟော့ဖြစ်တာရှိရင် ပြောစမ်းပါ..။ ဒီမှာ အကွက်ပိတ်မလို့ " ဆိုတဲ့ အသံတွေပဲ ကြားနေရ ပါတယ်။ ဒါက G3၊ A3၊ Q3 ဆိုတဲ့ စစ်ဦးစီး တတိယတန်းတွေ လောက်မှာပဲ ဖြစ်နေ ကြတာပါ။ စစ်ဦးစီး ဒုတိယတန်း၊ ပထမတန်းတို့လဲ သူ့အပူနဲ့သူ ရှိကြမှာပါ။ ကျွန်တော်က မနီးစပ်တော့ မသိပါဘူး။

နောက်တစ်ခု ရှိပါသေးတယ်။ နေပြည်တော်ဆိုတဲ့ တောမြို့ကြီးမှာ လျှိုမြောင်၊ တောတောင် တွေက အင်မတန် ပေါများလေတော့ သစ်တပင် အောက်၊ ၀ါးတပင်အောက် တွေမှာဆို ဖဲကျိတ်ဝိုင်း ကလေးတွေ အသီးသီး ရှိကြပါတယ်။ ဟိုဘက်ရုံး၊ ဒီဘက်ရုံးတွေ ချိန်းပြီး ထမင်းစားနားတဲ့ အချိန်မှာ ဖဲကျိတ်ဝိုင်းလေးတွေ လုပ်ကြပါတယ်။ ပြေလည်တဲ့ စစ်သည် တစ်ချို့လဲ ဆိုင်ရာဆိုင်ရာကို လာဘ်လာဘ လေးများ ပူဇော်ပသပြီး ဆိုင်ကယ် ကယ်ရီ ဆွဲကြပါတယ်။ သိပ်မပြေလည်တဲ့ လူတွေကျတော့ အမှုတွဲကိုင် စာရေးများ ရုံးခန်းထဲမှာ ဒိုင်လျှိုလေးနဲ့ လဘက်ရည် ဆိုင်လေးတွေ တနိုင် တပိုင်လုပ် ကြရပါတယ်။ လဘက်ရည်ဆိုင် ဆိုလို့ အထင် မကြီးလိုက်ပါနဲ့။ ရေနွေး ဓာတ်ဗူးလေး ၂ လုံး၊ ကော်ဖီမစ်ထုပ်ကြီး တထုပ်၊ နို့ဆီဗူးတဗူး ဆိုရင် မတ်တပ်ဆွဲ လဘက်ရည် ဆိုင်လေး ဖြစ်သွားပြီပေါ့ ခင်ဗျာ။ အရာရှိတွေကလည်း စစ်သည်တွေ သက်သာ ချောင်ချိရေး အတွက် တမင် ခွင့်ပြုထားပုံတော့ မဟုတ်ပါဘူး။ အနည်းအကျဉ်း လေးတော့ ရမှာပါ။ ဘာပဲဖြစ်ဖြစ်ပါ။ အားလုံးဟာ ရတဲ့လစာနဲ့ မလောက်ငှလို့ ကြံဖန်ပြီး အပိုဝင်ငွေ ရှာနေကြရတာပါ။

ကျွန်တော်တို့ရုံးနဲ့ မနီးမဝေးမှာတော့ ဧရာနန္တ ကြီးကျယ် ခမ်းနားတဲ့ အိမ်ကြီးတွေ ထဲမှာ စည်းစိမ် ယစ်မူးနေကြတဲ့ ဗိုလ်ချူပ်ကြီးများရဲ့ဆွေတော် မျိုးတော်တွေ ရှိကြပါတယ်။ သူတို့တစ်နေ့ အရက်သောက်တဲ့ ပုလင်းခွံတောင် ကျွန်တော်တို့ တစ်နေ့ စားစရိတ်လောက် ရှိပါတယ်။ အခမ်းအနားတွေမှာ အကြီးအကဲ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပြောလေ့ ရှိတဲ့ စကားတခွန်းကို အမြဲ မှတ်မိနေပါတယ်။ တပ်မတော်မှာ အောက်ခြေ ရဲဘော်ကစလို့ ကာကွယ်ရေး ဦးစီးချူပ်ထိ အားလုံးဟာ တစ်သွေး၊ တစ်သံ၊ တစ်မိန့် အောက်မှာ နေကြရတာပါတဲ့။ ဟုတ်မဟုတ်ကို ကျွန်တော်တို့ အားလုံး သိပါတယ်ဗျာ။ ကျွန်တော်တို့တတွေမှာ ဖျာလိပ်ထဲ ၀င်မိတဲ့ ခွေးလို ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေကြ ပါပြီ။ ရှေ့တိုးရရင်လဲ ကိုယ့်ဘ၀ကိုယ် တတိတိ အလှီးခံရမယ်။ နောက်ဆုတ်မယ် ဆိုရင်လည်း တပ်မတော်က ထွက်ခွင့်မပေး။ ကိုင်း...ဘာ ဆက်လုပ်ရမလဲဗျာ။

နိုင်ငံတော် အကြီးအကဲ ဆိုသူများကို တောင်းပန်ချင်တာ ကတော့ အောက်ခြေက စစ်သည်များရဲ့ဘ၀ကို စာနာပြီး စားဝတ်နေရေး ပြေလည်အောင် ဖန်တီးပေး စေချင်ပါတယ်။ နောက်ပြီးတော့ ပြည်သူလူထုနဲ့ လှည့်ပတ် ရန်တိုက် ပေးနေတာတွေကိုလည်း မလုပ်ပါရ စေနဲ့တော့။ ကျွန်တော်တို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်တဲ့အခါ ရပ်ရွာက မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း များက အရင်လို မဆက်ဆံ ကြတော့ပါ။ ကျွန်တော်တို့ကို မြင်ရင် မသတီတဲ့ မျက်လုံးတွေ ကြည့်ကြလွန်းလို့ ခွင့်တောင် မပြန်ရဲ ဖြစ်နေကြရပါပြီ ခင်ဗျာ..။

Ref: Freedom Right

9 comments:

zar August 10, 2009 at 7:45 PM  

ရဘြော် မင်စကားကသိပ်မိုက်ရိုင်းလွန်တယ်ငါထင်တယ်မင်းရဲဘော်မဖြစ်နိုင်ဘူးဆေးပညာသဘောကိုနားမလည်ဘဲနဲအရိုးကုဆေးရု့ကဆရာဝန်ဆတွကိုရမ်းသမ်းမဝေဖန်နဲ.အလုပ်ရှုပ်မခံချင်လို.ခြေထောက်ကိုပြီးပြီးရောဖြတ်ပြစ်တယ်ဆိုတာမရှိဘူးအဲဒီလိုလုပ်တာပိုပြီးတော.တောင်အလုပ်ရှုပ်သေးတယ်နောက်ပြီးတပ်မတော်ဆရာဝန်တွေထဲမှာအရိုးဆရာဝန်တွေဟာစေတနာအကောင်ဆုံးနဲ.အလုပ်အများဆုံးဆိုတာတပ်မတော်တရပ်လုံးသိတယ်
ရဲဘော်အာမချောင်နဲ.

Nanda August 11, 2009 at 1:26 AM  

မှန်ပါတယ် ဒီရဲဘော်က သိပ်ကိုမိုက်ရိုင်းလွန်းပါတယ်.. တပ်မတော်ဆရာဝန်တွ အကြောင်းကို မသိဘဲ ရမ်းရေးထားတာပါ.
"ခြေလက် မဖြတ်ချင်ဘဲ စပါယ်ရှယ် ကုသချင်ရင် စပါယ်ရှယ် လာဘ်ထိုးရပါတယ်။" ဆိုတာ လုံးဝကိုမဟုတ်တာပါ....
"ဆေးကုသမှု ခံယူရတဲ့ နေရာတွေမှာ ဆိုလည်း တပ်မတော် အရိုးကုက အရာရှိတွေရဲ့ သမားစိတ် မရှိလို့ အပ်နဲ့ ထွင်းရမှာကို ပုဆိန်နဲ့ ခုတ်ပြီး အကု ခံရတာတွေလည်း အများကြီးပါ။" ဆိုတာလဲ ဆေးပညာကိုနားမလည်တဲ့ နလပိန်းတုံး တစ်ယောက်ရဲ့ အမြင်သာသာပါဘဲ....
ဒီမှာ ရဲဘော်နှုတ်ကြောင့် သေတတ်တယ်ဆိုတာ သတိပြုပါ...

T.S August 11, 2009 at 5:06 AM  

ဒီလူကြည့်ရတာ စစ်ရုံးကတပ်ကြပ်ကြီးစာရေးထင်တယ်..။ စစ်ရုံးကနေတဲ့ လူတော်တော်များများက အဲ့လိုပဲ .. ခြေလျင်ကအကြောင်း ဘာတစ်လုံးမှ မသိပဲ ရမ်းသမ်းပြောတတ်ကြတယ်။ နေချောင်တုန်ကကျတော့ ချစ်လိုက်ကြတာ တပ်မတော်ကြီးကို နည်းနည်းလောက် အနေအစားလဲကြပ်ရော အချောင် သစ်စာဖောက်တော့တာပဲ ..။ ရာဇ၀င်ကိုကြည့်ဦးမလား ... စပြီး သင်တန်းဆင်းကတည်းက စစ်ရုံးမှာပဲ ကပ်နေခဲ့တာမျိုး..။ အခုမှ အာလာချောင်နေတာ ..။ ခွေးလောက်တောင်မှ သစ်စာမရှိတဲ့ အမျိုးအစားတွေပါ...။ ဖြီးးးးးးးးးးး

ကိုထိုက် August 11, 2009 at 5:13 AM  

စစ်ရုံးမှာနေတဲ့စစ်သားက မျက်နှာမွဲတယ်တဲ့ မင်းလိုကောင်တွေမှ မျက်နှာမွဲရင်ကျန်တဲ့ကောင်တွေနေစရာတောင်ရှိမှာမဟုတ်ဘူး မင်းတို့ကောင်တွေပဲလေ တပ်တွေကိုလာစစ်ပြီဆိုမျက်နှာက ရှစ်ခေါက်ချိုးနဲ့ ကျွေးသမျှယူပေးသမျှစားပြီး မကောင်းပြောပြီးပြန်သွားတာလေ မင်းတို့ကောင်တွေပဲလူတွေကိုနှိပ်စက်ရင်ရှေ့ဆုံးကအမိန့်ပေးနေတာလေ
အဲ့ဒါကိုယုံပြီးတင်ပေးတဲ့ဘလော့ပိုင်ရှင်ကိုလဲအံ့သြပါတယ်ဗျာ
ဒီလိုကောင်မျိုးများနေရာကောင်းရောက်သွားရင် ခင်ဗျားတို့ဒီမိုကရေစီသမားတွေနာဖို့ပြင်ထားပေတော့

lan August 11, 2009 at 11:04 AM  

“ ဒီစာရေးတင်တဲ့သူ ပြေားတာ ဖြစ်နိင်ပါတယ်။ တပ်ထဲက အလိုတော်ရီး ဆေးဗိုလ်တွေ မှတ်ချက်တွေပေးနေတာ ကိုဘ၀ ကိုယ်မေ့နေသလိုပဲ မြင်ပါတယ်။ ကိုယ် ကု့ သပေးလိုက်ရတဲ့ စစ်သည်တွေကို တကယ် မတတ်တာလား ၊ စေတနာ မပါတာလား ၊ ရပေါက်ရလမ်း ဂွင်မပါတာလား ၊ ဆေးဗိုလ်တွေ အချင်းချင်း ပြိုင်ဆိုင် ၊ ဆောင်ခုတ် ၊ ဂွင်မတဲ့လို့ ရဲဘော်တစ်ဦးရဲ့  ရင်ဖွင့်သံကို အပြတ်အသတ် ဝေဖန်နေကြတာကို ဖတ်လိုက်ရလို့  အမှန်သိ့အောင် ၀င်ပြေားတာပါ။ ဆေးဗိုလ်တွေ ၊ ဆေးဗိုလ်မတွေ ခင်ဗျားတို့ လည်း အထက်ကို ဖင်မခံရုံ တမယ် ကုန်ရုံး လုပ်နေကြရတာကို မေနေပြီထင်တယ်။ အချောင်ရရင် နိင်ငံခြား ပညာတော်သင် သွားဖို့ ချောင်နေကြတဲ့ အမျိုးယုတ်တွေက ဘာမှ့  အခွင့်အရေးမရရှာတဲ့ အခြား အဆင့် စစ်သည် တစ်ဦးရဲ့  ရင်ဖွင့်သံကို စုတ်ပြတ်နေအောင်ဝေဖန်နေကြတယ်။ ခင်ဗျားတို့ တတွေ ဖင်ကုန်းချောင်ဆိုး လုပ်တဲ့ ရဲဘော် ရဲမေတွေရဲ့  ပစ္စည်းကို ကောင်းကောင်း မပြင်ရလိုဖြစ်မည်။ ဟုတ်တယ် ဟုတ်။ ဖင်ကုန်းချောင်ဆိုး ဆေးဗိုလ် ၊ ဆေဗိုလ်မတွေ ဘ၀ မမေ့နဲ့ ။ ”

Min August 11, 2009 at 6:34 PM  

သိပ်မိုက်တာဘဲကွာ။ စစ်ရုံးက သူခိုးဘဲဖြစ်ဖြစ်။ သနားစရာကောင်းတဲ့ ခြေဖြတ်ရတဲ့ ရဲဘော်လေးဘဲဖြစ်ဖြစ် ။ စစ်ဆေးရုံက ဆေးဗိုလ်တွေ ဆေးဗိုလ်မတွေ ဆေးမှုးတွေရဲ့  အားနည်းချက်တွေကိုရေးလာတော့ ကျေးဇူးတင်ရမှာပေါ့ ပြင်ပေါ့ကွာ ဘာလို့  တပ်မတော်သစ္စာဖေါက် တယောက်အထိ စွပ်စွဲရတာလဲ ခင်ဗျားတို့ ဆေးတပ်က အားလုံး ဆေးကောင်း တွေကို ခိုးရောင်းစားလာခဲ့ကြတာ မဟုတ်လား။ သန်းေ၇ွကြီးနဲ့ အပေါင်းအပါတွေ တပ်ကိုပြုပီး ခိုးနေတာတော့ ကြောက်လို့  မပြောရဲဘဲနေပြီး သမာန်ရဲဘော်လေးကိုကြတော့ ပညာတတ်ဆေးမှုးဆရာဝန်များက ဒီလောက်တောင် နှလုံးသားတွေ မာကျောနိုင်လိုက်တာ ခင်ဗျားတို့  ရဲ့ နှလုံးသားတွေကို ဘယ်လိုယုံရမှလဲ သမားတော်ကြီးများရယ်

phyu August 11, 2009 at 11:09 PM  

မအေလိုး၇ဲဘော်နဲ့..မအေလိုးများ Min n lan
၃ ယောက်လုံးလီးပဲကွာ..ကျေနပ်လား..
မကျေနပ်၇င်ဖင်သွားခံ..ဒါပဲ

lan August 12, 2009 at 10:10 AM  

( phyu ) ခင်ဗျာက ဘယ်လို့  အမျိုးယုတ်ပါလည်း။ lan ကျွှန်တော်က တပ်ထဲက ဆေးဗိုလ် တစ်ဦးပါ။ ဆေးပညာ ဘွဲ့ လက်မှတ်ယူတော့ ကျမ်းကျိန်ရပါတယ် ခင်ဗျား ဘွဲ့  ယူဖူးရင်တော့ သိ့မှာပါ။ လူနာတစ်ဦးကို ဘယ်လို တန်ဖိုးထားရမယ်ဆိုတာ။ ဒီစာရေးတဲ့သူက ကိုယ်တိုင် ဖြစ်သော်ရှိ မဖြစ်သော်ရှိ တကယ်ဖြစ်ရပ် တစ်ခု့  မရှိပဲနှင့် ဒီလို အကြောင်းအရာတွေကို မရေးနိင်ပါဘူး ဒီလောက် တန်ဖိုးမရှိတဲ့ စာသာတွေနဲ့  သုံးနှံးနေတော့ ခင်ဗျား သတ္တိ ရှိရင် ကေအန်ယူနဲ့  တစ်ဦးချင်း လှန်စွမ်တက်ထိုးရဲးလား ကျွှန်တော် ထင်ပါတယ် ခင်ဗျာလို အဆင့်အတန်းဟာ အမျိုးသား သစ္စာဖေါက် မျိုးရိုးက ဆင်သက်လာတာကြိမ်းသေ ဖြစ်မှာပါ။ ဒီလို စာသာမျိုး ကိုခင်ဗျာ အဖေ ရေးခဲ့ရင်တောင် ဘူမသိ့ ဖမသိ့ပဲ ၀င်ဆဲချင်ဆဲနေမှာ တိုင်ပြည်နဲ့ လူမျိုးအတွက် တစ်ကယ်ကာကွယ်ပြီး စစ်တကယ်တိုက်ဖူးတဲ့  စစ်သားတွေသာ ဒီလို ခံစာချက်မျိုး ဖြစ်ပြီး ဒီလို စာမျိုး အားလုံးသိ့ရအောင် ဖေါ်ပြနိင်တာပါ။ ခင်ဗျားက စစ်ဆိုတာ၊ တိုင်ပြည်နဲ လူမျိုးဆိုတာ၊ အမျိုး ဘာသာ သာဿနာ ဆိုတာ တွေကိုကောင်းကောင်းနားလည်ရင် ဒီစာရေးတင်တဲ့ အဖွဲ့ တွေအားလုံးကို ခင်ဗျားနာလည်နိင်မှာပါ။ “ အမျိုးယုတ်တို့ ၏ သွားရာလမ်းသည် ငရဲးမှ့  တပါး အခြား မရှိတဲ့ ” ခင်ဗျာ အဖေါ်ကောင်းလို့  ငရဲး ပြည်လိုက်မယ် ဆိုရင်တော့ ကျုပ် မြန်မာတစ်ယောက် အနေနဲ့  တားပါရစေ (phyu)

min October 5, 2009 at 9:16 AM  

DOCTCRS SAY RIGHT.I WAS A SOLDIER. I M PENCIN,LAST 10 YEARS.BUT YEBOR SAY RIGHT,BUT ITS DONT DOING DOCTOR.DOING 2ND "A-YAR-KHAN-BO".WAR FIGHTING MINE EXPLORE.OFFICERS R VERY BUSY.HE IS A ONLY ONE.PACIENT ARE MANY,MANY.SO RANKER "A-YAR-KHAN-BOS"HELP HIM.THEY R NOT COMMESION.NO UNIVERSITY.VERY GOOD MEN MANY HAVE.BUT BED MENS HAVE.THEY DOING "PYE-SA-LWE"U UNDERSTAND?AND U DONT KNOWN MYANMAR ARMY ABOUT.(I SAY NORMAL IFENTY)MA-THI-BE-NE.-YEN-MA-PYAW-PAR-NE.NGAR-TOR.-A-YAR-SHI-NGE-TAW-TAW-MYAR-MYAR-HAR-MIN:-TO.-HTIN-THA-LO-MA-HOTE-BU:.NGAR-TOE-HAR-SAR-SA-YAR-MA-SHI-LO.-ARMY-HTE\-WIN-TAR-MA-HOTE-BU-.CHAN-THAR-CHIN-LO.-WIN-TAR-MA-HOTE-BU:.THAN-SHWE-KO-CHIT-LO.-WIN-TAR-MA-HOTE-BU:NGAR-TO.-MYANMAR COUNTRY-KO-CHIT-LO.-WIN-TAR.MIN-TOE.-MA-KYAY-NUT-YIN-COMMONDER-TWAY-KO-YA-AUNG-THAT.-NGAR-TOE.-OFFICEF-NGE-TWAY-LET-PITE-PYE:-LOOK-NAY-ME.BUT NGAR-TOE.-SIT-THAR-PHIT-NAY-THA-MYA-TWAT.-COMMONDER-ORDER-KO-LIGHT-LOKE-YA-MHAR-BE\.DE-TAW.-MIN:-TODE.-THAR-COMMONDER-PHIT-YIN-MIN:-A-MAINT.-KO-NGAR-LOKE-YA-MHAR-BE\.MINN:-TOE.THAR-WON-KYI:-CHOKE-PHIT-AUNG-LOKE-PAR.THAN SHWE&MAUNG AYE GROUP KO-THAT-PAR.THA-NAR:-SA-YAR-OFFICER-NGE-TWAY-KO-MA-SAW-KHAR:-PAR-NE\.-NGAR-PYAY-YA-TAR-SAR-MA-TAT-LO.-DE-LOUKE-PE-PYAY-LIKE-ME. SIT-THAR-O-GYI:

အပေါ်သို့