၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်
၁။ နအဖ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ၁၉၉၀ ရွေးကောက်ပွဲခံနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်း ဆောင်များနှင့် ပြည်သူ့ဆန္ဒသဘောထားများမပါသော တရားဝင်မှုမရှိသည့်အတွက် မိမိတို့အင်အားစုများမှ လုံးဝ လက်ခံနိုင်ခြင်းမရှိပေး။
၂။ ဤသို့ တဖက်သတ်ပြုလုပ်နေခြင်းသည် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကိုလည်းကောင်း၊ တရားဝင်နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍကိုလည်းကောင်း၊ နိုင်ငံရေးအင်အားစုအသီးသီးနှင့် နိုင်ငံတကာ၏ သဘောထားဖြစ် သည့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကိုလည်းကောင်း ဆန့်ကျင်လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် ပြည်သူ လူထုတရပ်လုံးအနေဖြင့် ရဲဝံ့ပြတ်သားစွာစုပေါင်းတိုက်ဖျက်သွားရန် အခိုင်အမာတောင်းဆိုလိုက်သည်။
၃။ ထို့အပြင် မိမိတို့အင်အားစုများအနေဖြင့် နအဖ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအားလည်းကောင်း၊ အတည် ပြုရေးအတွက် အဆင့်ဆင့်ကြိုးပမ်းခဲ့သော လမ်းပြမြေပုံအဆင့်ဆင့်အားလည်းကောင်း ပြည်သူလူထုနှင့်အတူ လက်တွဲ၍ အစဉ်တစိုက်ဆန့်ကျင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အခိုင်အမာထပ်လောင်းတင်ပြအပ်ပါသည်။
၎။ အကယ်၍ နအဖအနေဖြင့် ပြည်သူလူထုတရပ်လုံးနှင့် နိုင်ငံတကာမိသားစု၏ ဆန္ဒသဘောထားများကို မျက် ကွယ်ပြုလျက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို တဖက်သတ်ကျင်းပပြုလုပ်လာခဲ့ပါက စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေမည့် နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား တခဲနက် ကန့်ကွက်ဆန္ဒမဲပေးခြင်းဖြင့် ပြည်သူလူထု၏ ဆန္ဒသဘောထားများကို အတိအလင်းထုတ်ဖော်ပြသကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်လိုက်သည်။
(၁) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ
(၂) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ
(၃) တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ)
(၄) အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)
(၅) မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု
(၆) မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်
(၇) တိုင်းရင်းသားလူငယ်များဆုံရပ်
ဆက်သွယ်ရန် -
ဦးမောင်မောင် (ဖုန်းနံပါတ် - ၀၈၇ ၉၇၉ ၀၇၉၄)
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (ဖုန်းနံပါတ် - ၀၈၁ ၀၂၉ ၆၁၀၀၀)
ဒေါက်တာစန်းအောင် (၀၈၉ ၇၆၈ ၅၈၅၃)
နန်းဆိုင်နောင့် (၀၈၁ ၈၈၄၄၉၆၃)
















































0 comments:
Post a Comment