Wednesday, October 7, 2009

နအဖ ရဲ့ ရိုးလ်မိုဒယ်လ် နဲ့ ၂ဝ၁ဝ

ဂါမဏိ

နအဖ ဟာ မြန်မာနိုင်ငံမှာ ထာဝရစစ်အာဏာရှင် စနစ် ထူထောင်ဖို့ ကြိုးစားနေရာမှာ ‘နယ်စည်းမခြား အာဏာရှင်များ' ဆိုတဲ့ ကမ္ဘာ့ လက်ဝဲလက်ျာ အာဏာရှင် ပေါင်းစု ထံက နည်းယူစရာ အတု ယူစရာတွေကို တောက်လျှောက် ရှာဖွေခဲ့ ပါတယ်။ တနည်းပြောရရင် မြန်မာပြည် စစ်အာဏာရှင် စနစ် အတွက် စံပြုနမူနာ Role model တွေကို ရှာဖွေတာ၊ အဲဒီ စံပြုနမူနာ ကိုကြည့်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဗျူဟာကို ချဖို့ လုပ်နေတာဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း နဝတ-နအဖ ဟာ အစောပိုင်းနှစ်ကာလ များမှာ စစ်အာဏာရှင် ဆူဟာတိုရဲ့ အင်ဒိုနီးရှား နိုင်ငံကို စံပြုနမူနာ အဖြစ် သွားရည် တမြားမြားနဲ့ မော့ကြည့် ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း အဆင့်ဆင့် ဥပဒေပြုဌာန အားလုံးမှာ စစ်သတ္တဝါ ၂၅ ရာခိုင်နှုန်း ပါဖို့၊ အရေးပါတဲ့ အုပ်ချုပ်ရေး ဌာနတွေကို စစ်သတ္တဝါတွေ ကိုင်ခွင့် ရဖို့ နအဖ အခြေခံ ဥပဒေထဲ ထည့်သွင်း ပြဋ္ဌာန်း ထားပါတယ်။ ဒါ့အပြင် ကြံ့ဖွတ်ကို ပါတီဖွဲ့ပြီး ကျန်တဲ့ ဥပဒေပြု ကိုယ်စားလှယ် နေရာ အုပ်ချုပ်ရေးရာထူး နေရာတွေ ယူဖို့လည်း ကြံစည်နေပါတယ်။

စစ်အာဏာရှင်ဆူဟာတိုလက်ထက် အင်ဒိုနီးရှားမှာ လွှတ်တော် ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်း (အမတ်နေရာ ၅ဝဝ မှာ ၁ဝဝ) ကို စစ်တပ်က ယူထားပါတယ်။ ကျန်တဲ့ နေရာတွေကိုလည်း စစ်တပ် လက်ကိုင်ဒုတ် ပါတီ ဖြစ်တဲ့ ဂိုလ်ကာ ပါတီက အများစု ယူပါတယ်။ ဂိုလ်ကာပါတီကို ဆူဟာတို အာဏာ မသိမ်းခင် တနှစ်အလို ကတည်းက ကွန်မြူနစ်ပါတီကို တန်ပြန်ဖို့ အတွက် စစ် အရာရှိကြီးတွေ ကျောထောက် နောက်ခံနဲ့ အဲန်ဂျီအို ၉၇ ဖွဲ့ကို စုပေါင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဆူဟာတို လက်ထက်မှာတော့ အဖွဲ့ပေါင်း ၂၂ဝ အထိ ရှိလာပြီး စစ်တပ်က အတိအလင်း ချုပ်ကိုင် လာပါတယ်။ ဆူဟာတို ဟာ ဂိုလ်ကာအပြင် အင်ဒိုနီးရှား ဒီမိုကရက်တစ် ပါတီနဲ့ ညီညွတ်သော ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဆိုတဲ့ တခြားပါတီလေး နှစ်ခုကိုလည်း ဖွဲ့ခွင့် ပေးထားခဲ့ပါတယ်။ ဒါကြောင့် ၃ ပါတီ စနစ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိက လွှမ်းမိုးတာက ဂိုလ်ကာ ပါတီဘဲ ဖြစ်ပါတယ်။

နအဖ ဟာ အင်ဒိုနီးရှားလိုဘဲ စစ်တပ် ပါတီကြီးတခု နဲ့ တခြား အင်အားနည်း ပါတီလေးတွေ ပါဝင်တဲ့ စည်းကမ်း ပြည့်ဝ ‘ပါတီစုံ'ဒီမိုကရေစီ တည်ထောင်ချင် ပါတယ်။ ဒါပေမဲ့ နအဖရဲ့ စံပြုနမူနာ အင်ဒိုနီးရှား နိုင်ငံမှာ ဘယ်လောက်ဘဲ စစ်တပ် က ထိန်းထားပေမဲ့ ၁၉၉၈ တော်လှန်ရေးကြောင့် စစ်အာဏာရှင် စနစ် နိဂုံး ချုပ်သွားခဲ့တဲ့ အတွက် နောက်ထပ် မိုဒယ်လ် ထပ်ရှာရ ပြန်ပါတယ်။ ဗမာပြည် စစ်အာဏာရှင် အဖေကြီး နေဝင်းက ရာထူးက ဆင်းခါနီးမှာ တပါတီ ကြိုက်သလား၊ နှစ်ပါတီ ကြိုက်သလား၊ ပါတီစုံ ကြိုက်သလား မေးခဲ့ ပါသေးတယ်။ အဲဒီ စဉ်းစားချက် အတွက် နအဖရဲ့ စံပြုနမူနာ ဖြစ်နိုင်စရာ ရှိတဲ့ (ဂမ်ဖလားရဲ့ ဇာတိမြေ) နိုင်ဂျီးရီးယား နိုင်ငံမှာ စစ်အာဏာရှင် တွေက နိုင်ငံရေး ပါတီတွေကို အတင်းဆွဲစုပြီး ၂ ပါတီစနစ် ကျင့်သုံးခိုင်း ခဲ့ဖူးပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပွဲတွေ ခဏခဏ ဖြစ်ခဲ့ပြီး စစ်အာဏာရှင် စနစ် အမျိုးမျိုး စိုးမိုး ခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ်များမှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ဘာဘန်ဂီဒါက ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးမယ် ပြောပြီး နှစ်ပါတီ စနစ် ကျင့်သုံး စေခဲ့ပါတယ်။ နဂိုက ရှိတဲ့ ပါတီအားလုံး ဆိုရှယ် ဒီမိုကရက် ပါတီထဲ ဝင်ရင်ဝင် ဒါမှမဟုတ် အမျိုးသား ရီပတ်ဘလစ်ကန် အဖွဲ့ချုပ်ထဲဝင် ဆိုပြီး အတင်းအကြပ် ပူးပေါင်း ခိုင်းခဲ့ပါတယ်။ နှစ်ပါတီစလုံးကို စစ်တပ်က ထူထောင်ထားတာ ဖြစ်ပြီး တခုကို လက်ဝဲပါတီ၊ နောက်တခုကို လက်ျာပါတီ အဖြစ် ဖွဲ့စည်း ခိုင်းထားတာ ဖြစ်ပါတယ်။ ၁၉၉၂ လွှတ်တော် ရွေးကောက်ပွဲနဲ့ ၁၉၉၃ သမတ ရွေးကောက်ပွဲမှာ ဒီနှစ်ပါတီဘဲ ပြိုင်ခွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း သမတ အရွေးခံရသူ အာဘီယိုလာကို စစ်အာဏာရှင် ဘာဘန်ဂီဒါနဲ့ ဆန်နီအဘာချာတို့က အာဏာလွှဲ မပေးဘဲ ထောင်ထဲ ထည့်ခဲ့ပါတယ်။

၁၉၉၈ ရွေးကောက်ပွဲကျတော့ စစ်အာဏာရှင် ဆန်နီ အဘာချာက စစ်အစိုးရနဲ့ နီးစပ်တဲ့ ပါတီ ၈ ခုကိုဘဲ ယှဉ်ပြိုင်ခွင့် ပေးခဲ့ပြီး တကယ့် အတိုက်အခံ ပါတီတွေကိုတော့ ယှဉ်ပြိုင်ခွင့် မပေးခဲ့တဲ့ အတွက် ရွေးကောက်ပွဲ သပိတ်မှောက်တာ ဖြစ်ခဲ့ပြီးနောက် မဲပေးသူ အင်မတန့်ကို နည်းလှတာကြောင့် ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်း လိုက်ရပါတယ်။ အဘာချာ သေပြီးနောက် ကျင်းပတဲ့ ၁၉၉၉ ရွေးကောက်ပွဲ တွေမှာလည်း စစ်တပ်နဲ့ နီးစပ်တဲ့ ၃ ပါတီဘဲ ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ သမတ ရွေးကောက်ပွဲ မှာတော့ လူထုက တစုံတရာ ထောက်ခံမှု ရှိတဲ့ (တချိန်က အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်ဖူးတဲ့) ဗိုလ်ချုပ်ကြီးဟောင်း အိုဘာဆန်ဂျို သမတ အရွေးခံခဲ့ ရပြီး ဒီမိုကရေစီ လမ်းစ ပေါ်လာခဲ့ပါတယ်။ ဒီကနေ့မှာတော့ နိုင်ဂျီးရီးယား နိုင်ငံဟာ ချို့ယွင်းချက်တွေ ရှိနေပေမဲ့ စစ်အာဏာရှင် လမ်းပေါ်မှာ မရှိတော့ဘဲ ဒီမိုကရေစီ လမ်းကြောင်း ပေါ်ကိုတော့ ရောက်နေပါပြီ။

ဒါ့အပြင် နိုင်ဂျီးရီးယားနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုပေါင်း ၂၅ဝ ရှိပြီး ဘာသာစကားပေါင်း ၅၁ဝ ကို ပြောဆို သုံးစွဲ နေပါတယ်။ လွတ်လပ်ရေး ရခါစ ၁၉၆ဝ ခုတုံးက ပြည်နယ် ၃ ပြည်နယ်ဘဲ ရှိခဲ့ရာက ၁၉၆၃ ခုမှာ ဖက်ဒရယ် သမတ နိုင်ငံအဖြစ် ဖွဲ့စည်း ထူထောင်ခဲ့ပြီး အခုအခါ ပြည်နယ် ၃၆ ပြည်နယ်ကို တန်းတူ အခွင့်အရေး အပြည့် ပေးထားပါတယ်။ ခွဲထွက်ခွင့် မရှိပေမဲ့ ပြည်နယ် အားလုံး အထက်လွှတ်တော်မှာ ကိုယ်စားလှယ် အရေအတွက် တန်းတူ စေလွှတ်နိုင်ပါတယ်။ လက်ရှိ နိုင်ဂျီးရီးယား အခြေခံဥပဒေ မှာ စစ်တပ်ကို ရွေးကောက်ခံ သမတနဲ့ လွှတ်တော် လက်အောက်မှာ ထားပါတယ်။ နအဖဟာ ဖြစ်နိုင်ရင် နိုင်ဂျီးရီးယား လိုဘဲ ကြံ့ဖွတ်နဲ့ တစည နှစ်ပါတီဘဲ ရှိမယ့် ‘ပါတီစုံ’ ဒီမိုကရေစီ စနစ်ကိုလည်း တည်ဆောက် ချင်နေပါတယ်။ တခြားပါတီတွေ အားလုံး ဒီပါတီ ၂ ခုထဲ ဝင်ပေါင်း၊ ရွေးကောက်ပွဲမှာ ပြိုင် ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ဂျီးရီးယားမှာ နှစ်ပါတီစနစ်နဲ့ စစ်အာဏာ ထိန်းထားရေး အလုပ် မဖြစ်ခဲ့တာကို တွေ့ရလို့ အဲသလို လုပ်ရမှာကို မဝံ့မရဲ ဖြစ်နေဟန်လည်း ရှိပါတယ်။

ဒီလိုနဲ့ ကမ္ဘာပေါ်မှာ အခိုင်မာဆုံး အာဏာရှင် စနစ် ဖြစ်နေတဲ့ မြောက်ကိုးရီးယား ကိုဘဲ စံပြုနမူနာ အဖြစ် အားကျ နေနိုင်ပါတယ်။ ၁၉၄၅ ခု ကတည်းက စပြီး အခုထိ ၆၄ နှစ်ကြာအောင် အာဏာရှင်စနစ် တောက်လျှောက် ကျင့်သုံးခဲ့တဲ့ မြောက်ကိုးရီးယားဟာ တခြား အာဏာရှင် စနစ်တွေထက် သာတာက မျိုးရိုးစဉ်ဆက် အာဏာရှင် မင်းဆက်ကိုပါ ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဖေ အာဏာရှင် ကင်အီဆွန်း ကွယ်လွန်တဲ့အခါ သား အာဏာရှင် ကင်ဂျွန်အီး တက်လာခဲ့သလို ကင်ဂျွန်အီး ကွယ်လွန်ရင်လည်း သား ကင်ဂျွန်အွန်း တက်ဖို့ စီစဉ်ထားတဲ့ အတွက် အခွင့်ထူးခံ လူတန်းစား အကျိုးစီးပွားတင် မကဘဲ ထိပ်ဆုံးက မိသားစုရဲ့အကျိုးစီးပွား ကိုပါ အာမခံချက် ရှိရှိ ထိန်းသိမ်းနိုင်တဲ့ အတွက် စစ်မင်းဆက် သာမက ရွှေကြိုင် မင်းဆက်ကိုပါ ထိန်းသိမ်း ချင်နေတဲ့ နအဖ ထိပ်သီးကြီး သန်းရွှေအဖို့ အားကျ အတုယူ စရာဖြစ်နေပါတယ်။ သန်းရွှေ ကိုယ်တိုင်က လက်အောက်ခံ ဗိုလ်ချုပ်တွေကို အဖေကြီးနေဝင်းရဲ့ ဘဝ ဇာတ်သိမ်းပိုင်းကို လက်ညှိုးထိုး ပြပြီး “အာဏာမရှိရင် ဒီလိုဘဲဖြစ်မယ်၊ တွေ့လား” လို့ ပညာ ပေးနေတာကြောင့် မြောက်ကိုးရီးယားက အာဏာရှင် ကင်မင်းဆက်ကို စံပြုနမူနာ Role model အဖြစ် အားကျနေတာ မြေကြီး လက်ခတ်မလွဲ ဖြစ်ပါတယ်။ နေဝင်းရဲ့ နိဂုံးက စစ်အာဏာရှိဖို့ အရေးကြီးရုံတင် မက ပုဂ္ဂိုလ်ရေး အာဏာ ရှိဖို့လည်း အရေးကြီးကြောင်း သန်းရွှေကို သတိပေး နေပါတယ်။

မြောက်ကိုးရီးယားနိုင်ငံမှာတော့ “အဖနိုင်ငံ ပြန်လည် ပေါင်းစည်းရေး ဒီမိုကရေစီ တပ်ပေါင်းစု" ကဘဲ လွှတ်တော် ရွေးကောက်ပွဲ ဝင်ခွင့်ရှိပါတယ်။ တသီးပုဂ္ဂလ တွေလည်း လွှတ်တော်မှာ နည်းနည်းပါးပါး အရွေးခံနိုင် ပါတယ်။ ဒီ“တပ်ပေါင်း စု”မှာ ကိုးရီးယား အလုပ်သမား ပါတီ (ကွန်မြူနစ်ပါတီ)၊ ကိုးရီးယား ဆိုရှယ် ဒီမိုကရက်တစ် ပါတီ နဲ့ ချွန်ဒူးအစ်ချွန်ဂူးပါတီ တို့ ပါဝင်ပြီး အားလုံးကို အလုပ်သမား ပါတီက အကြွင်းမဲ့ ထိန်းချုပ် ထားပါတယ်။ ၃ ပါတီ ပါဝင်တဲ့ ပါတီစုံ စနစ်ပါဘဲ။ ၁၉၉ဝ ခုရွေးကောက်ပွဲ တုံးက ကိုးရီးယား အလုပ်သမား ပါတီက အမတ်နေရာ ၆ဝ၁ နေရာ၊ ဆိုရှယ် ဒီမိုကရက် ပါတီက ၅၁ နေရာ၊ ချွန်ဂူးပါတီက ၂၂ နေရာ နဲ့ တသီးပုဂ္ဂလ တွေက ၁၃ နေရာ ရခဲ့ပါတယ်။ ဒီအလုပ်သမား ပါတီကဘဲ နိုင်ငံ့ အကြီးအကဲအဖြစ် ကင်မျိုးဆက်တွေကို သတ်မှတ် ရွေးချယ်တာ ဖြစ်ပါတယ်။

ခေါင်းကျလည်းစားမယ်၊ ပန်းကျလည်းစားမယ်၊ ဒေါင်လိုက်ကျမှ မင်းတို့စား ဆိုပြီး အမတ်နေရာ ၂၅ ရာခိုင်နှုန်း၊ စစ်တပ် သြဇာခံ ကြံ့ဖွတ်ပါတီ၊ အဓိက ဝန်ကြီး ရာထူးတွေ၊ အာဏာ အကြီးဆုံး တပ်ချုပ်ရာထူး၊ အချိန်မရွေး စစ်အာဏာ သိမ်းခွင့်၊ ပြင်မရအောင် လုပ်ထားတဲ့ ပုဒ်မတို့ကို အခြေခံ ဥပဒေထဲ ရေပက်မဝင်အောင် ထည့်ထားပေမဲ့ ပိုပြီး ဘဝအာမခံ ချက်ရှိတဲ့ မြောက်ကိုးရီးယားကို အားကျ နေတာကြောင့် နျူကလီးယားဗုံး ပိုင်ဆိုင်ရေး သာမက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရွှေကြိုင် မျိုးဆက်သစ် မျောက်လောင်းကို ကြံ့ဖွတ် ပါတီက သမတလောင်း အဖြစ် တင်ဖို့ ကြိုးစားနေရာမှာ မျောက်လောင်း ကိုယ်တိုင်က မျောက်စိတ် မပျောက်နိုင် သေးတာက တကြောင်း၊ သန်းရွှေက ကြယ် ၃ ပွင့် ၄ ပွင့် ပေးသနားတော် မူထားတဲ့ လက်အောက်က ဗိုလ်ချုပ်တွေ လက်ခံ နိုင်အောင်လည်း မပိုင်သေးလို့က တကြောင်းကြောင့် ရွေးကောက်ပွဲ ဥပဒေတွေ၊ ပါတီ မှတ်ပုံတင် ဥပဒေတွေ၊ ကော်မရှင်တွေ မထုတ်ပြန်နိုင်သေး၊ ရွေးကောက်ပွဲရက် မသတ်မှတ်နိုင်သေး ဖြစ်နေရပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ စံပြုမိုဒယ်လ်တွေကို နအဖ စစ်အာဏာရှင် တွေက အားကျ အတုခိုး နေပေမဲ့ တကယ် ဖြစ်လာနိုင်တဲ့ မိုဒယ်လ်ကတော့ ဆိုမာလီယာ နိုင်ငံဘဲ ဖြစ်ပါလိမ့်မယ်။ ဆိုမာလီယာ နိုင်ငံဟာ ၁၉၆၉ ခုမှာစစ်တပ်က အာဏာ သိမ်းပြီးနောက် နေဝင်းရဲ့ ဗမာပြည်လိုဘဲ ဆိုရှယ်လစ် စနစ် လုပ်မယ်လို့အော်၊ ရှိသမျှ စီးပွားရေး လုပ်ငန်းတွေ စာသင်ကျောင်းတွေ ပြည်သူပိုင်သိမ်း၊ သစ်ပင်စိုက် မြေတူး တာဖို့ လမ်းဖောက် တံတားဆောက် ကျောင်းဆောက် ဟော်တယ်ဆောက် မြို့သစ်ဆောက် ရုံးဆောက် စတာတွေ အတွက် (တပတ် ၇ နာရီ) အဓမ္မ လုပ်အားပေး စနစ်ကို တနိုင်ငံလုံးမှာ ကျင့်သုံး၊ ရေတပ် လေတပ် အပါအဝင် စစ်အင်အားကို အကြီးအကျယ် တိုးချဲ့ စသဖြင့် လုပ်ခဲ့ပါတယ်။ ၁၉၇၆ ကျတော့ “ဆိုမာလီ တော်လှန်သော ဆိုရှယ်လစ်ပါတီ” ဆိုတာကို တရားဝင် တည်ထောင်ပြီး တပါတီစနစ် ကျင့်သုံးခဲ့ပါတယ်။ ဆိုရှယ်လစ် လုပ်တဲ့အတွက် ဆိုဗီယက် ပြည်ထောင်စုနဲ့ တခြား ကွန်မြူနစ် နိုင်ငံတွေက တပည့်မွေးပြီး အကြီးအကျယ် ထောက်ခံ အားပေးခဲ့ပါတယ်။ စစ်လက်နက်တွေ စစ်အကြံ ပေးတွေနဲ့ အရပ်ဖက် ပညာရှင်တွေ အများကြီး ပို့ပေးခဲ့ပါတယ်။ ၁၉၇၉၊ ၁၉၈၄ နဲ့ ၁၉၈၆ တွေမှာ ဆိုမာလီမှာ ရွေးကောက်ပွဲတွေ လုပ်ပြီး စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဘားရဲ့ ပါတီကဘဲ ရှိသမျှ နေရာအားလုံးကို ယူခဲ့ပါတယ်။

၁၉၇၇-၇၈ မှာ တိုးချဲ့ထားတဲ့ စစ်အင်အား၊ မြင့်တက်နေတဲ့ ဘဝင်နဲ့ အီသီယိုပီးယား နိုင်ငံကို ဝင်တိုက်ရာမှာ ဆိုဗီယက် ရုရှား၊ ကျူးဘား၊ မြောက်ကိုးရီးယား တို့က တဖက်နိုင်ငံကို ငွေအား၊ လက်နက်အား သာမက လူအား (ကျူးဘား စစ်သား ၂ဝဝဝဝ၊ ရုရှားနဲ့ အရှေ့ ဂျာမဏီ စစ်အကြံပေး ၄ဝဝဝ) နဲ့ပါ ကူလို့ ကွန်မြူနစ် နိုင်ငံတွေနဲ့ ခွာပြဲပြီး အမေရိကန် ဘက်ကိုပြောင်း တပည့်ခံလိုက် ပါတယ်။ ဆိုရှယ်လစ် ကိုစွန့်ပြီး အရင်းရှင်စနစ် ဈေးကွက် စီးပွားရေးကိုလည်း ပြောင်းလိုက်ပါတယ်။ (ရုရှားကတော့ ပထဝီ နိုင်ငံရေးအရ ပိုပြီး အချက်အချာ ကျတဲ့ အီသီယိုပီးယားကို တပည့်မွေးပြီး တပည့်ဟောင်း လက်ဝဲသမားတွေ ဖြစ်တဲ့ ဆိုမာလီယာနဲ့ အီရီထရီးယား ကို ကန်ထုတ်လိုက်တာ ဖြစ်ပါတယ်။)

ဒီလိုနဲ့ စစ်ရှုံးတဲ့ ၁၉၇၈ ကစပြီး ဆိုမာလီယာမှာ အခြေအနေတွေ ယိုယွင်း ပျက်ပြားလာ၊ သြဇာ အာဏာတွေ ကျဆင်း လာတဲ့ အတွက် အတိုက်အခံတွေ လှုပ်ရှားလာပြီး ၁၉၈၁ ကစလို့ လက်နက်ကိုင် တော်လှန်ရေးတွေ တခုပြီးတခု ပေါ်လာပါတယ်။ စစ်အာဏာရှင် သမတ ဗိုလ်ချုပ်ကြီး ဆီယာ့ဒ်ဘားကလည်း အပြင်းအထန် အကြမ်းဖက် အုပ်ချုပ်တဲ့ အတွက် ဆိုမာလီ ပြည်သူတွေ အရှင်လတ်လတ် ငရဲကျခဲ့ ရပါတယ်။ အစိုးရ ဌာနတွေလည်း လုပ်ငန်းတွေ မလည်ပတ်တော့၊ စစ်တပ်ထဲမှာလည်း ဖြုတ်ထုတ်သတ်တွေ ခဏခဏဖြစ်၊ ထိပ်ဆုံးက ဗိုလ်ချုပ်များနဲ့ မိသားစုတွေ အပြင် ဝန်ကြီး ဝန်ကလေးတွေ အရာရှိ ကြီးငယ်တွေ ကလည်း ရေရေလည်လည် ဘုံးကြ ခိုးကြ ရှိသမျှ အိပ်ထဲ ထည့်ကြပါတယ်။ ၁၉၉ဝ ရောက်တော့ မြို့တော် မိုဂါဒစ်ရှူး မှာ လူ ၄ ယောက်ထက် ပိုစုခွင့် မရှိသလို ဓာတ်ဆီ ဒီဇယ် ရှားပါး ပြတ်လပ်လို့ ဓာတ်ဆီဆိုင်တွေမှာ ကားတန်း အရှည်ကြီးတွေ တန်းစီနေ၊ ခေါက်ဆွဲ တကီလိုကို အမေရိကန် ၅ ဒေါ်လာဈေး အထိ ငွေဖောင်းပွ၊ ထမင်းဆိုင်မှာ စားဖို့ ပိုက်ဆံကို ဆာလာအိပ်နဲ့ သယ်သွားရ၊ ငွေအကြွေစေ့ မရှိတော့၊ ဘဏ်တွေ လုပ်ငန်းရပ်၊ တိုင်းပြည်ကို လာတဲ့ နိုင်ငံခြားသား မှန်သမျှ သေသေချာချာ စောင့်ကြည့်၊ နိုင်ငံခြားငွေ လဲလှယ်မှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်၊ နိုင်ငံခြားသားတွေ ဓာတ်ပုံ ရိုက်ခွင့်ပိတ်၊ ညဖက်ဆို တမြို့လုံး လျှပ်စစ်မီး မရှိ၊ ညဖက်မှာ အာဏာပိုင်တွေက အိမ်တွေဝင်စစ် ရှာဖွေ မွှေနှောက်ပြီး လူတွေ ဆွဲခေါ်သွား။ (ဒါတွေကိုတွေ့ရင် ဆင်တူနေတဲ့ အခြေအနေကို သတိရလိမ့်မယ် ထင်ပါရဲ့။)

၁၉၉ဝ-၉၁ မှာတော့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့ တပ်ပေါင်းစု ဖွဲ့ပြီး အီသီယိုပီးယား နိုင်ငံ အကူအညီနဲ့ စစ်အာဏာရှင် သမတ ဆီယာ့ဒ်ဘားကို ဖြုတ်ချ နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင် စနစ်ရဲ့ အကျိုးဆက်တွေက ပြင်းထန် လွန်းလှသလို တော်လှန်ရေး အဖွဲ့တွေ ကြားမှာလည်း ဂိုဏ်းဂဏစိတ်၊ လူမျိုးရေး စိတ်တွေ ကြီးလှတဲ့ အတွက် တိုင်းပြည်ဟာ နလံမထနိုင် မတည်ငြိမ်နိုင်ဘဲ ၁၉၉၂ ကနေ ၂ဝဝဝ ပြည့်နှစ်အထိ ကုလသမဂ္ဂက ဆိုမာလီယာနိုင်ငံကို “အစိုးရ မရှိတဲ့နိုင်ငံ" အဖြစ် တရားဝင် သတ်မှတ် ကြေညာ ခဲ့ရပါတယ်။ အခုတော့ အစိုးရရှိတဲ့ နိုင်ငံလို့ ပြန်သတ်မှတ်ပေမဲ့ အစိုးရဟာ နိုင်ငံရဲ့နယ်မြေ နည်းနည်းလေး ကိုဘဲ ထိန်းချုပ်နိုင်ပြီး အများစု နယ်မြေတွေကို စင်ပြိုင် စစ်ဘုရင်တွေ ဓားပြဂိုဏ်းတွေ (ပင်လယ်ဓားပြဂိုဏ်းတွေ အပါအဝင်) က ထိန်းချုပ် နေပါတယ်။

ကျနော်တို့တိုင်းပြည်နဲ့ ဆိုမာလီယာ မတူတဲ့ အဓိကအချက်က ဗမာပြည်မှာ လူထုက တခဲနက် ထောက်ခံထားတဲ့၊ နိုင်ငံတကာကလည်း အသိအမှတ်ပြု လက်ခံထားတဲ့ အမြင်ကျယ် အဆင့်မြင့်ပညာတတ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေတာဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖ စစ်အာဏာရှင်တွေ ခေါင်းမာမိုက်မဲမှု အလွန့်အလွန် ရှည်ကြာနေရင်တော့ နောက်ဆုံးမှာ ဆိုမာလီယာကိန်း ဆိုက်ဖို့ အလားအလာဘဲ ပိုများ ပါလိမ့်မယ်။

Read More...

နေ့စဉ်သတင်းများ ( ၆ - ၁၀ - ၀၉)

ဦးဝင်းတင်ကို ရန်ကုန်အခြေစိုက် ဂျပန်သံရုံးမှ ဖိတ်ခေါ်ဆွေးနွေး သတင်း
ENC အထွေထွေအတွင်းရေးမှူး စာကို ဥက္ကဋ္ဌဖြစ်သူ ကန့်ကွက် သတင်း
မြန်မာ့လူ့အခွင့်အရေး ပိုဆိုးဝါးနေကြောင်း ကင်တားနား ပြောကြား သတင်း
စက်တင်ဘာတလအတွင်း နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး (၃၉) ဦး ဖမ်းဆီးခံရ သတင်း
အာဏာအလွဲသုံးစားမှု၊ လာဘ်စားမှုတွေနဲ့ ရဲမှူးများ အရေးယူခံရ သတင်း
ရဲချုပ်ခင်ရီသတင်း ဖိအားပေး ဖော်ပြခိုင်း သတင်း
အပစ်ရပ်နယ်မြေအတွင်း အစိုးရစစ်ယာဉ်တန်း ညဘက်ဖြတ်သန်း အကဲစမ်း သတင်း
ရွေးကောက်ပွဲဝင်ရေး ENC ကြေညာချက် တိုင်းရင်းသားခေါင်းဆောင်များ ဝေဖန် သတင်း
စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသူတဦး ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာ သတင်း
နအဖအကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုများ ပြန်လည်လွတ်မြောက်သူတဦး ဖော်ထုတ် သတင်း
ဖောက်ခွဲရေးသင်တန်းတက်သည်ဟု စွပ်စွဲကာ သံဃာတော်အချို့အား ဖမ်းဆီးစစ်ဆေးနေ သတင်း
ဖမ်းဆီးသံဃာများ ပြန်လွှတ်ရန် တောင်းဆိုစာများ စစ်တွေတွင် ဖြန့်ဝေ သတင်း
ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းသူများ ဖမ်းဆီးခံနေရ သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးခြင်းကို တိုးတက်နိုင်ဖွယ်ရှိဟု ပြောဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အယူခံကိစ္စဆွေးနွေးရန် သူ့ရှေ့နေအဖွဲ့ တွေ့ခွင့်တောင်း သတင်း
ကလေးများအခွင့်အရေးစောင့်ရှောက်ဖို့ မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တောင်းဆို သတင်း
“မြေအောက်တော်လှန်ရေး” ဟစ်ပ်ဟော့ပ်သီချင်းခွေ ဖြန့်ချီ သတင်း
တောင်တွင်းကြီးတွင် မီးသတ်ကို စစ်သင်တန်းပေး သတင်း
ရဲရန်ပုံငွေအတွက် မော်တော်ဆိုင်ကယ်များ မဝယ်မနေရ လက်မှတ်ဝယ်ထိ သတင်း
မလေးရှားမှ ဌာနေပြန် မြန်မာများ ခြိမ်းခြောက်ငွေညှစ်ခံနေရ သတင်း
ဘန်ကောက်ရှိ မြန်မာအလုပ်သမားများ၏ တောင်းဆိုချက် ထိုင်းအလုပ်ရှင် လိုက်လျော သတင်း
တရုတ်စီးပွားရေးသမားများကြောင့် လယ်ယာမြေများ ရှားပါးလာ သတင်း
ပုဂ္ဂလိကဆေးရုံဖွင့်ခွင့် လိုင်စင်ပေးတော့မည် သတင်း
ဘီလူးစည်းလူ့စည်း (ဆောင်းပါး)

Read More...

Tuesday, October 6, 2009

အန်ဂျီအို ဆိုတဲ့ အစိုးမရ

ဂါမဏိ
၅ အောက်တိုဘာ ၂၀၀၉


ဆောင်းရာသီရောက်ရင် မဲဆောက်မြို့ကို နိုင်ငံခြားသား ပညာရှင်တွေ၊ အလွတ် သတင်းထောက်တွေ၊ သာသနာပြုတွေ၊ ရန်ပုံငွေ ရှာသူတွေ ဖုံးလွှမ်း သွားတတ်ပါတယ်။ တည်းခိုခန်းတွေ၊ ဟိုတယ်ခန်းတွေ မအားတော့ သလို အနောက်တိုင်း စားသောက်ဆိုင်တွေ၊ အနောက်တိုင်း ကော်ဖီဆိုင်တွေ ဘားဆိုင်တွေလည်း ပြည့်ကုန်ပါတယ်။ ဒုက္ခသည်စခန်း၊ မယ်တော် ဆေးခန်း၊ (အကျဉ်းသား ကူညီရေး အဖွဲ့တို့လို) တက်ကြွ လှုပ်ရှားသူတွေဆီ မဖြစ်မနေ သွားကြလို့ ချောင်းပေါက် မတတ် ဖြစ်ရပါတယ်။ တိုင်းတပါးသား ကူညီ ကယ်ဆယ်ရေး အဖွဲ့သားတွေ၊ မြန်မာ့အရေး သို့မဟုတ် လူသားချင်း စာနာရေး တက်ကြွ လှုပ်ရှားသူတွေ၊ စေတနာ့ ဝန်ထမ်းသမားတွေ၊ စွန့်စွန့်စားစား ကြမ်းကြမ်း တမ်းတမ်း ဝါသနာ ပါသူတွေဟာ အနောက်တိုင်း အကြိုက် ကော်ဖီဆိုင် ဘားဆိုင်တွေ ထိုင်ရင်း ခေါင်းဖြတ် လူသတ်မှုတွေ အကြောင်း၊ ဒုက္ခသည် စခန်း ရန်ပုံငွေတွေ ဘုံးခံရတဲ့ အကြောင်း၊ နအဖ-ထိုင်း- စီအိုင်အေ ထောက်လှမ်းရေးတွေ အကြောင်း၊ မိုက်ကြေးခွဲ ငွေညှစ်မှု၊ လောင်းကစားမှု၊ လက်နက်ခဲယမ်း မူးယစ်ဆေးဝါး ပြည့်တန်ဆာနဲ့ လိင်မှုကိစ္စ အကြံအဖန်ရိုက် ခြစားမှုတွေ အကြောင်း တယောက်ထက် တယောက်သာအောင် ကြောက်စရာ အကောင်းဆုံး အဆိုးဆုံး ဖြစ်ရပ်တွေကို ဖောက်သည် ချကြပါတယ်။

ဒါပေမယ့် တကယ်တော့ ဒီအန်ဂျီအိုတွေ၊ အနောက်တိုင်းသား တွေမှာ ဘာမှ ကြောက်စရာ မရှိပါဘူး။ နအဖနဲ့ ထိုင်းထောက်လှမ်းရေး နှစ်ဖက်စလုံးက ဘယ် အနောက်နိုင်ငံသား ဟာ ဘာအဖွဲ့အတွက် လုပ်တယ်ဆိုတာ သိနေပါတယ်။ ဒုက္ခသည် တွေကို စာသင်ပေး၊ ဆေးကုပေး၊ ထမင်းကျွေးတဲ့ အတွက် ဒီအန်ဂျီအို တွေကို ရန်သူလို့ ဘယ်သူမှ မသတ်မှတ်ပါဘူး။ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်းကို ငွေကြေး ထောက်ပံ့နေတဲ့ ဘန်ကောက် အခြေစိုက် အနောက်တိုင်း အန်ဂျီအို အဖွဲ့ကြီး တဖွဲ့က ဆေးခန်းရဲ့ ငွေကြေး သုံးစွဲပုံကို လာရောက် စစ်ဆေးရာမှာ ရုံးခန်းထဲ ထိုင်ပြီး ဆရာမကြီးကို လုပ်ငန်းတာဝန် ကြေညာစာတမ်း (Mission Statement)၊ ဦးတည်ချက် (Objectives)၊ မဟာဗျူဟာ (Strategy) တွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ် အချိန် အများကြီးယူ မေးမြန်း စစ်ဆေးခဲ့ပေမယ့် ဆေးခန်းထဲ ကိုတော့ ဒါလောက် အချိန်ယူ လှည့်လည် စစ်ဆေးတာ မလုပ်ခဲ့ပါဘူး။ ငွေကြေးသုံးစွဲမှု ထိရောက်ရေး အတွက် လာစစ်ဆေး ကြပ်မတ်တဲ့ အဲဒီအန်ဂျီအို ကိုယ်စားလှယ် မိန်းမ (၄) ယောက်ဟာ မဲဆောက်မြို့က ဈေးအကြီးဆုံး ဟိုတယ်မှာ တည်းသွား ခဲ့ပါတယ်။ အန်ဂျီအို ရုံးချုပ်တွေကနေ နယ်စပ်ကို အချက်အလက် ရှာဖွေရေး ခရီးထွက်လာတဲ့ အခါ (၂) ရက်လောက်ပဲ အချိန်ပေးပါတယ်။ သံရုံး တခုက ဆိုရင် မယ်လ ဒုက္ခသည် စခန်းထဲ နာရီပိုင်းလောက် လာကြည့်ပြီးနောက် ထိုင်းနိုင်ငံသား ကရင်ရွာတွေထက် သာတယ်လို့တောင် ပြောသွားပါတယ်။

အန်ဂျီအို စီမံခန့်ခွဲရေး အစီအစဉ်တွေဟာ စာရွက်ပေါ် ရေးထားတာ ကတော့ ရွှန်းရွှန်းဝေပါပဲ။ ဒါပေမယ့် တကယ့် ပကတိ အနေအထားအောက် အများကြီး ရောက်နေပါတယ်။ အစိုးရ မဟုတ်သော အဖွဲ့အစည်း ဆိုတဲ့စကားမှာ ‘အစိုးရ မဟုတ်သော’ ဆိုတဲ့ အဓိပ္ပာယ်က တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် လာနေတယ်လို့ မကျေနပ်တဲ့ အန်ဂျီအို ဝန်ထမ်းတွေက ပြောကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အစိုးရတွေ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ချက်တွေ အတိုင်း လိုက်လုပ်တဲ့ အန်ဂျီအိုတွေ များလာလို့ ဖြစ်ပါတယ်တဲ့။ အဲသလို လိုက်မလုပ်ရင် အစိုးရတွေ ဆီက ရန်ပုံငွေ မရဘဲ ဖြစ်တတ်ပါတယ်။

နိုင်ငံတကာကူညီရေးအဖွဲ့တွေနဲ့ အန်ဂျီအိုတွေဟာ အစိုးရတွေဆီက အထောက်အပံ့၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (အီးယူ) နဲ့ ဘာသာရေး အသင်းကြီးတွေက အထောက် အပံ့ကို ဘိန်းစွဲသလို စွဲနေပြီ ဖြစ်ပါတယ်။ အရေးပေါ် ထောက်ပံ့ ကူညီရေး လုပ်ငန်းကြီးဟာ တနှစ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ လည်ပတ်နေတဲ့ အထိန်းအချုပ် အကွပ်အကဲမဲ့ (ပွင့်လင်းမြင်သာမှုမဲ့) စီးပွားရေး လုပ်ငန်းကြီး တခု ဖြစ်နေပါပြီ။

အန်ဂျီအိုနဲ့ ကုလသမဂ္ဂအတိုင်ပင်ခံတွေ၊ အကြံပေး ပုဂ္ဂိုလ်တွေဟာ တည်းခိုစရိတ်၊ ခရီးစရိတ် အပြင် တိုင်ပင်ခ အဖြစ် တရက်ကို ဒေါ်လာ (၁,၀၀၀) အထိ ယူနေတာလည်း ရှိပါတယ်။ ဒီလိုနဲ့ အန်ဂျီအို အတိုင်ပင်ခံတွေနဲ့ ဒေသခံ ဝန်ထမ်းတွေ အကြား မနာလိုတာတွေ ခွက်စောင်းခုတ် တာတွေလည်း ပြင်းထန်လာပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြားထောက်ပံ့ ကူညီရေး အဖွဲ့ကြီးတွေရဲ့ အနောက်တိုင်းသား ဝန်ထမ်းတွေဟာ ဧရာမ လစာတွေ ခံစားနေကြပါတယ်။ အတိုင်ပင်ခံ အရာရှိတွေနဲ့ ရုံးချုပ် ဝန်ထမ်းတွေရဲ့ လစာတွေ၊ ခရီးစရိတ်၊ စားသောက် ဧည့်ခံ စရိတ်တွေ၊ နေ့တွက် စရိတ်တွေ ထုတ်ပေးလိုက်ပြီးရင် သူတို့ ကူညီရမယ်ဆိုတဲ့ လူထုတွေ အတွက် ကူညီပေးစရာ ဘာမှ မကျန်တော့ပါဘူး။ ဒါပေမယ့် စေတနာ့ဝန်ထမ်း လူသားချင်း စာနာရေး သမားတွေကတော့ ဒေသန္တရ အခြေအနေနဲ့ ကိုက်ညီတဲ့ လစာ နည်းနည်းလေး တွေနဲ့ အကျိုးဆောင် နေကြပါတယ်။

အန်ဂျီအိုတွေရဲ့ နဂိုမူလ လူသားဝါဒ စိတ်ကူးစံတွေကို လက်တွေ့ ပဓာန အလုပ်ဖြစ်ရေး ဝါဒက ဘေးဖယ် ထုတ်လိုက်ပြီး ကိုယ်ကျိုးစီးပွားနဲ့ ကိုယ့်တည်တန့်ရေး ကပဲ လွှမ်းမိုး သွားပါတယ်။ ဒေသခံတွေနဲ့ ဝပ်ရှော့တွေ လုပ်တဲ့အခါ ပေါ်လစီ အပြောင်းအလဲ တွေကို ‘တိုင်ပင်ညှိနှိုင်းပြီးမှ လုပ်တာ’ ‘အောက်ခြေထုတွေ သဘောပေါက် နားလည်ပြီးမှ လုပ်တာ’ ဆိုတဲ့ ပုံစံဖမ်းဖို့ သက်သက်ဖြစ်ပြီး ဒီဝပ်ရှော့တွေ ဆယ်မီနာတွေဟာ လူမကြိုက်တဲ့ ပေါ်လစီတွေကို ‘ရာဘာ တံဆိပ်တုံးထု အတည်ပြုပေးတဲ့ လုပ်ရပ်တွေ’ လို့ စိတ်ပျက်နေတဲ့ ဒေသခံ ဝန်ထမ်းတွေက သမုတ်ကြပါတယ်။

မဲဆောက်မှာ အန်ဂျီအို အနည်းဆုံး (၅၀) လောက် (၂၀၀၆ ခုစာရင်း) ရှိနေပေမယ့် မဲဆောက်နဲ့ ပတ်ဝန်းကျင်မှာ ပုလိပ် အဖမ်းခံရ၊ အရိုက်ခံရ၊ အလုခံရ၊ အသတ်ခံရ၊ မုဒိမ်းကျင့် ခံရတဲ့ ဗမာ၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသား ဦးရေက တနှစ်ထက် တနှစ် များလာပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံး အပါအဝင် အန်ဂျီအိုတွေက အများအားဖြင့် အဲဒါတွေနဲ့ ပတ်သက်ပြီး အသံထွက်တာ အတော် နည်းပါတယ်။ ထိုင်းအာဏာပိုင်တွေ၊ ထိုင်း လူဆိုးဂိုဏ်းတွေ လက်တုံ့ပြန်မှာကို ကြောက်ကြပါတယ်။ ဒါပေမယ့် အသံထွက်ပေးတဲ့ အနည်းစု အန်ဂျီအိုတွေ၊ သတင်းထောက်တွေ အနေနဲ့တော့ အသံထွက်ပေးရင် ထွက်ပေးသလောက် မတရားမှု ကျူးလွန် ခံရသူတွေ အတွက် သက်သာရာ ရသွားစေတာ တွေ့ရပါတယ်။

အန်ဂျီအိုသမားတွေရဲ့ လူမှုရေးစုဝေးပွဲတွေကို လူတန်းစား ခွဲခြား ထားပါတယ်။ စီနီယာ အရာရှိကြီးတွေ၊ ဆရာဝန်တွေ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးတွေ၊ လစာကြီးကြီး ရတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေက အတူတူတွဲကြ၊ သီးသန့် ပါတီပွဲတွေ လုပ်ကြ၊ စားကြသောက်ကြ၊ နိုင်ငံခြားက သွင်းလာတဲ့ တန်ဖိုးကြီး အစားအစာတွေ မုန့်တွေ ဝိုင်တွေ စားသောက်ကြ၊ ရှေးဟောင်း ပစ္စည်းတွေ လိုက်ဝယ်စုကြ လုပ်ပါတယ်။ ဒေသလစာပဲ ရတဲ့ စေတနာ့ ဝန်ထမ်းသမားတွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ အလွတ် သတင်းထောက်တွေ ကတော့ သတ်သတ်တွဲကြ ပေါင်းသင်းကြပါတယ်။ နယ်စပ်မှာ နှစ်ကြာနေပြီ ဖြစ်တဲ့ ‘ဝါရင့်နိုင်ငံခြားသား’ တွေကလည်း တသီးတခြား နေကြပါတယ်။ လူသစ်တွေနဲ့ ပေါင်းလို့ အကျိုးမရှိဘူးလို့ ယူဆကြပါတယ်။

အန်ဂျီအိုတွေဟာ နယ်စပ်မှာ အဓိက တာဝန်ရှိတဲ့ ကေအန်ယူလို အဖွဲ့အစည်း တွေကို အတင်းပလူးကြ ရောသောဖောသော လုပ်ကြပါတယ်။ တချို့က သူတို့ လုပ်ချင်သလို ဖြစ်မလာတဲ့ အခါမှာတော့ စိတ်ပျက်ပြီး ပြန်သွားကြပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းရဲ့သဘာဝ၊ လျှို့ဝှက်ရေး လိုအပ်ချက် စတာတွေကို သဘော မပေါက်တဲ့ အခါ တချို့က ကေအန်ယူကို သွားပုပ် လေလွင့်ပြော အပုပ်ချ ကဲ့ရဲ့တာတွေ ဖြစ်လာသလို တချို့ကလည်း ဘုရားလို တအားအထင်ကြီး ကြည်ညို လာတာတွေလည်း ရှိပါတယ်။ ဒီဘက်က အဖွဲ့အစည်းတွေက ပုံမှန်အတိုင်း ဆက်သွားနေပြီး အန်ဂျီအိုတွေက ပြောင်းလဲ သွားတာလည်း ရှိပါတယ်။ လူ့အခွင့်အရေး စံနှုန်းတွေ၊ မြင့်မြတ်တဲ့ တန်ဖိုးစံတွေနဲ့ ရောက်လာတဲ့ အန်ဂျီအိုတွေက ထိုင်းရဲနဲ့ ထိုင်းအစိုးရပိုင်း အကျင့်ပျက်မှုကို မျက်စိမှိတ် နေတာ ဖြစ်လာသလို နယ်စပ်မှာ ကူညီ ထောက်ပံ့မှုတွေ ရပ်တန့်ပြီး အကျင့်ပျက် ခြစားမှုအပေါင်း သရဖူဆောင်းတဲ့ အာဏာရှင် လက်အောက်က ဗမာပြည်ထဲ လုပ်ငန်းရွှေ့သွားတာတွေလည်း ရှိပါတယ်။

ကရင်တွေကြားမှာ အန်ဂျီအိုတွေရဲ့ အလေးပေး မ,စ ခံရဖို့ ကြည့်မကောင်းအောင် အပြိုင်အဆိုင်တွေ ဖြစ်လာသလို တဖက်မှာလည်း အန်ဂျီအိုတွေက ကရင်တွေရဲ့ ထောက်ခံမှု ဂရုစိုက်မှု ခံရဖို့ ရုပ်ပျက် ဆင်းပျက်နဲ့ အပြိုင်အဆိုင် ဖြစ်လာကြပါတယ်။ ဒီအခါမှာ ပစ်ပယ် ခံရသူတွေ ရှုံးနိမ့်သူတွေက တပ်ပေါင်းစု ဖွဲ့ကြ၊ နဂိုမူလ ကျွမ်းကျင် ပညာစံနှုန်းတွေ လူသားဝါဒ စံနှုန်းတွေ နေရာမှာ ပုဂ္ဂိုလ်ရေး ပြဿနာတွေ ရှေ့တန်း တင်လာကြပါတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေ တော်လှန်ရေး ခေါင်းဆောင်တွေ အကျင့်ပျက် ခြစားကြောင်း၊ ပျင်းရိ ထုံထိုင်းကြောင်း၊ ကိုယ်ကျိုး ကြည့်ကြောင်း၊ သက်ဦးဆံပိုင် အာဏာရှင်တွေ ဖြစ်တဲ့ အကြောင်း ပြောဆို ဝါဒဖြန့်ပြီး မိခင်နိုင်ငံတွေ ပြန်သွားကြပါတယ်။ ဘာမှ ပူညံပူညံ မလုပ်ဘဲ နယ်စပ် ဒေသမှာ နှစ်ရှည်လများ စေတနာ့ ဝန်ထမ်း အကျိုးပြုနေတဲ့ အနောက် နိုင်ငံသား ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျောင်းဆရာတွေကို နှာခေါင်း ရှုံ့သွားကြပါတယ်။

နယ်စပ်က တိုင်းရင်းသားတွေ ရွှေ့ပြောင်းမြန်မာပြည်သား တွေကို ကိုယ်ကျိုးမငဲ့ဘဲ အလေးပေး ဂရုစိုက်တဲ့ အန်ဂျီအိုနဲ့ အနောက်တိုင်းသား အများအပြား ရှိသလို ရာထူး တက်လမ်း အတွက် သို့မဟုတ် ငွေရှာဖို့ အတွက်ပဲ ရောက်လာသူတွေလည်း မနည်းပါဘူး။ အန်ဂျီအိုတွေ အနေနဲ့ နယ်စပ်က လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ ဆေးမှူးတွေကို သင်တန်းတွေ ပေးတာကတော့ အင်မတန် အသုံးဝင် အကျိုးရှိတယ်လို့ အန်ဂျီအိုတွေနဲ့ တွဲလုပ်နေတဲ့ မြန်မာ တယောက်က ပြောပါတယ်။ အဲဒါတွေက လွဲရင် ကျန်တာတွေကတော့ အာပလာပဲလို့ ဆိုပါတယ်။

အန်ဂျီအိုတွေဟာ နယ်စပ်က တိုင်းရင်းသားတွေ ဘာလိုအပ်တယ် ဆိုတာလည်း မသိသလို အန်ဂျီအိုတွေရဲ့ လစာတွေ၊ စရိတ်တွေ၊ စီမံခန့်ခွဲရေး ကုန်ကျမှုတွေကိုလည်း ပွင့်လင်း မြင်သာအောင် ထုတ်ပြန်တာ မရှိဘူးလို့ နယ်စပ်က တိုင်းရင်းသား တယောက်က ပြောပါတယ်။ ကားတွေ၊ အိမ်ကြီး အိမ်ကောင်းတွေ၊ အိမ်ဖော်တွေ၊ ကွန်ပျူတာတွေ၊ ဗွီဒီယို ကင်မရာတွေ၊ ညတိုင်း စားသောက်ဆိုင် ထွက်စားတာ တွေဟာ နိုင်ငံခြားသား အားလုံးရဲ့ ဘဝ လက္ခဏာလို ဖြစ်နေတယ်၊ ဒါဟာ တချိန်က ကိုလိုနီ အရှင်သခင်တွေ လိုပဲလို့ အဲဒီလူက စွပ်စွဲပါတယ်။ အဲသလို ဇိမ်ခံနိုင်စေတဲ့ ငွေတွေဟာ နယ်စပ်က တိုင်းရင်းသားတွေ အတွက် လှူဒါန်းထားတဲ့ ငွေတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒေသခံတွေကို သင်တန်းပေးဖို့ အတိုင်ပင်ခံ ပညာရှင်တွေကို ကြေးကြီးပေးခေါ်ပြီး အဲဒီဆရာတွေ ပြန်သွားတဲ့အခါ ဒေသခံတွေ အတွက် သုံးစွဲ ကုန်ကျခံဖို့ ငွေကတော့ ဘယ်တော့မှ လောက်လောက်ငင မရှိပါဘူး။

တချို့အန်ဂျီအိုတွေက နအဖလေသံ အတိုင်း၊ ကေအန်ယူဟာ ဒုက္ခသည်တွေကို အသုံးချနေတယ်၊ ဒုက္ခသည် ဆန်တွေကို ကရင် စစ်သားတွေ စားဖို့ ယူတယ်၊ အန်ဂျီအို ဆေးဝါးတွေကို ကရင်ဆေးမှူးတွေ ရှေ့တန်း ထွက်တဲ့အခါ ယူသုံးတယ်၊ ရှေ့တန်းက ပြန်နားရင် ဒုက္ခသည် စခန်းမှာ ပြန်အနားယူတယ်၊ မိဘမဲ့ ကရင် ကလေးငယ်တွေကို ကလေးစစ်သား လုပ်ခိုင်းတယ်လို့ စွပ်စွဲကြပါတယ်။ တကယ်တော့ လူမျိုးကြီး ဝါဒ သမား ရန်သူနဲ့ စစ်ခင်းနေရတဲ့ လူမျိုးတမျိုးမှာ ရွေးချယ်စရာ သိပ်မရှိတာကို မေ့နေကြပုံ ပေါက်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မြဟာ ကရင်လူထု အကျိုးကို မကြည့်ဘဲ ဇွတ်အတင်း စစ်တိုက် ခိုင်းနေတယ်၊ ကရင် လူကြီးတွေဟာ တော်လှန်ရေးကို အသုံးချပြီး ငွေရှာ နေကြတယ်လို့လည်း အန်ဂျီအိုတွေက နောက်ကွယ်မှာ ပြောကြပါသေးတယ်။ တကယ်တော့ ဗိုလ်ချုပ်မြဟာ နိုင်ငံရေး ပြဿနာကို ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းနိုင်မယ့် အပစ်အခတ် ရပ်စဲရေးကို အင်မတန် လိုလားသူဖြစ်ပါတယ်။ ရှေ့က သွားနှင့်တဲ့ အပစ်ရပ် အဖွဲ့တွေ ထွက်ပေါက် ပိတ်နေတဲ့ သင်ခန်းစာကို ယူထားသူ ဖြစ်ပါတယ်။ အန်ဂျီအိုတွေက အာဏာရှင် ဆန်တယ်လို့ ပြောခံရတဲ့ ဗိုလ်ချုပ်မြဟာ ကရင်မဟုတ်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ ကျောင်းသားတွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေး သမားတွေကို ကရင်ဌာနချုပ် မာနယ်ပလောမှာ လက်ခံ နေရာချပေးခဲ့တာ ဖြစ်ပါတယ်။

“ဒီအန်ဂျီအိုတွေဟာ နိုင်ငံရေး နားမလည်ဘူး။ သူတို့ ရာထူးတက်ဖို့ သူတို့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ကျုပ်ကို ဝေဖန် အပြစ်တင်နေတာ ဖြစ်တယ်။ ဒီလူတွေဟာ သူတို့ အကျိုးပဲ သူတို့ကြည့်တယ်။ ကျုပ်တို့ တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကို ထည့် မစဉ်းစားဘူး။ … ကျုပ်တို့က ငြိမ်းချမ်းရေးကို ပစ်ပယ်ပြီး ဂုဏ်သိက္ခာကို ထိန်းနေတာ မဟုတ်ဘူး။ တရားမျှတမှု မရှိတဲ့ ငြိမ်းချမ်းရေး ဆိုတာ အလကားမို့လို့ သိက္ခာကျခံပြီး ငြိမ်းချမ်းရေး မလုပ်တာ” လို့ ဗိုလ်ချုပ်မြက ပြောခဲ့ဖူးပါတယ်။

အန်ဂျီအိုတွေဟာ ကရင်တွေကို ကူညီရာမှာလည်း ဓာတ်ပုံထဲမှာ မြင်မကောင်းမယ့်၊ ငွေရှာ မရမယ့် လုပ်ငန်းမျိုးကို မကူညီချင် သလို ကရင် တော်လှန်ရေး တပ်နဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ လုပ်ငန်းတွေကိုလည်း ကူညီဖို့ ငြင်းဆန်ကြပါတယ်။ ကရင်တပ်ဟာ ကရင်ပြည်သူတွေကို ကာကွယ်ဖို့ လက်နက် ကိုင်ထားရတာ ဖြစ်ပေမယ့် အန်ဂျီအိုတွေက ကရင်တပ်နဲ့ ကရင်လူထုကို ခွဲထုတ် နေတာလည်း တွေ့ရပါတယ်။

ကရင်တွေနဲ့ နယ်စပ်ဒေသက တခြားအဖွဲ့အစည်း တွေက အန်ဂျီအို တဖွဲ့နဲ့ တဖွဲ့ကြား ကစားကြသလို အန်ဂျီအို တချို့ကလည်း ဝန်ထမ်းအင်အား နည်းနည်းလေးပဲ စိုက်ထုတ်၊ ဗမာပြည် အရေးအတွက် ငွေနည်းနည်းပဲ အကုန် ခံပြီးနောက် နယ်စပ်က ရလာတဲ့ လူမှုရေး၊ ကျန်းမာရေး၊ အိဒ်စ်ရောဂါ၊ မြေမြုပ်မိုင်း စတဲ့ အချက် အလက်တွေကို သူတို့ အစီရင်ခံစာတွေထဲ ထည့်ပြီး ကိုယ့်အတွက်ကိုယ် ငွေရှာကြတယ်လို့ နယ်စပ်ကူညီရေး အန်ဂျီအို တခုက ဝါရင့်ဝန်ထမ်း ကက်သလင်းက ပြောပါတယ်။ ကရင်စခန်း တခုခုကို အတင်းတောင်းလည်၊ အဝတ်အစား လုံလုံလောက်လောက် မရှိလို့ ရှိတဲ့ အဖေ၊ ဦးလေး၊ အစ်ကို ယူနီဖောင်းအဟောင်း ကောက်ဝတ်ထားတဲ့ ကလေး တယောက်ယောက် တွေ့ရင် ဓာတ်ပုံ ရိုက်သွားပြီး ကရင်ကလေး စစ်သားအကြောင်း ဇာတ်လမ်းလုပ် သတင်း ထုတ်တာတွေလည်း ရှိပါတယ်။ တိုက်ပွဲ အတုတပွဲ ဆင်ရိုက်ချင်လို့ ကျည်ဆန်ဖိုး၊ ဝက်သွေး၊ အမဲသွေးဖိုး ပေးမယ်၊ ဘတ် (၃၀,၀၀၀) ပေးမယ်လို့ ကမ်းလှမ်းတဲ့ သတင်းထောက်တွေလည်း ရှိပါတယ်။

အမေရိကန်က ဘဏ္ဍာငွေထောက်ပံ့ထားတဲ့၊ မဲဆောက်မှာ အသစ် လာဖွင့်တဲ့ နိုင်ငံတကာ ကူညီရေး အန်ဂျီအို တခုဆိုရင် ဒါရိုက်တာကို ဧရာမ လစာပေး၊ ဝန်ထမ်း အသစ်တွေ တလှေကြီးခန့်၊ ရုံးကားတွေ အများကြီးဝယ်၊ အဲကွန်း ရုံးခန်းတွေငှား လုပ်လိုက်တဲ့ အခါ သူတို့ တာဝန်အဖြစ် သတ်မှတ်ထားတဲ့ မိသားစု ကျန်းမာရေး အစီအစဉ်တွေ လုပ်ဖို့ ပိုက်ဆံ မကျန်တော့ပါဘူး။ ဒီလိုနဲ့ ကွန်ဒွမ်မပါရင် လိင်မဆက်ဆံဖို့ ဟောပြောတာပဲ လုပ်နိုင်ပြီး ကွန်ဒွမ်တွေ၊ သန္ဓေ တားဆေးတွေ တခုမှ အခမဲ့ မဝေနိုင်တော့ဘူးလို့ ကက်သလင်းက ပြောပါတယ်။

၂၀၀၀ ပြည့်နှစ်တုန်းက အရှေ့တီမောမှာလည်း ကုလသမဂ္ဂနဲ့ အန်ဂျီအို တွေက ရန်ကုန် ကီလီ ဆိပ်ကမ်းက ဇိမ်ခံရေပေါ် ဟိုတယ် သင်္ဘောကြီးကို စင်းလုံးငှားပြီး တီမော ပြန်လည် ထူထောင်ရေး လုပ်ခဲ့တာ တီမောပြည်သူတွေ ရတဲ့ငွေထက် သင်္ဘောငှားခက ပိုကြီးတယ် လို့တောင် အသံ ထွက်ခဲ့ပါတယ်။ ကုလသမဂ္ဂ အတွက် အခန်းခ တညကို ဒေါ်လာ (၁၆၀) ပေးငှားထားတဲ့ ဒီသင်္ဘောမှာ တီမောလူမျိုး ဟိုအလုပ်သမားတွေက လုပ်ခအဖြစ် တရက်ကို အများဆုံး (၃) ဒေါ်လာပဲ ရခဲ့ပါတယ်။ ကုလသမဂ္ဂ ဝန်ထမ်းတွေကတော့ လစာအပြင် တရက်ကို နေ့တွက်စရိတ် ဒေါ်လာ (၁၀၀) ကျော်လည်း ရခဲ့ကြပါတယ်။

ဆောင်းပါးရှင် အလန်ဒေါ်ဆင်က ၂၀၀၄ ခု ဒီဇင်ဘာ (၁၀) ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ နိုင်ငံတကာ အန်ဂျီအို အဖွဲ့ချုပ်ကြီး IFNGO က ဗမာပြည်မှာ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အစည်းအဝေးတွေ ဝပ်ရှော့တွေ လုပ်ခဲ့ပုံကို ဖွင့်ချခဲ့ရာမှာ ‘သာယာလှပတဲ့’ ကြယ်ငါးပွင့် ဟိုတယ်တွေမှာ တည်း၊ ဝေဝေဝါးဝါး ဘဏ္ဍာရေး မှတ်တမ်းတွေ လုပ်ထားတာတွေကို ဖော်ထုတ်ခဲ့ပါတယ်။ အန်ဂျီအို အများစုဟာ အစိုးရတွေရဲ့ လက်ခွဲလုပ်ငန်း outsourcing ဖြစ်နေပြီလို့လည်း သတ်မှတ်ခဲ့ပါတယ်။

အဲဒီ အန်ဂျီအိုတွေဟာ စစ်အုပ်စုရဲ့ မတရား လုပ်ရပ်တွေ၊ ဒေါ်အောင်ဆန်း စုကြည်ကို အကျဉ်းချထားတာ၊ မူးယစ်ဆေးဝါး ဝင်ငွေ အပေါ် ရပ်တည် မှီခိုနေတာတွေကို လျစ်လျူရှု ထားတယ်လို့ ဒေါ်ဆင်က ရေးခဲ့ပါတယ်။ “အန်ဂျီအို ဧရာမ အစုအဝေးကြီး တခုဟာ အာဆီယံ နိုင်ငံတွေထဲမှာ မူးယစ်ဆေးဝါး အသောင်းကျန်းဆုံး၊ မူးယစ်ဆေးဝါး အားအကိုးဆုံး တိုင်းပြည်ကို သွားပြီး အဲဒီက ကြယ်ငါးပွင့် ဟိုတယ်မှာ မနက်စာဘူဖေး အဝစား စနစ်နဲ့ ဗိုက်ဝ ဇိမ်ကျနေခဲ့တယ်” လို့ ရေးခဲ့ပါတယ်။

ဒီအချက်အလက်တွေကို သြစတြေးလျနိုင်ငံသား အလွတ် သတင်းထောက် ဖီလ်သော်န်တန်က “ဂနာ မငြိမ်သော ဝိညာဉ်များ” ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ထုတ် ဖွင့်ချခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က သတင်းစာဆရာကြီး လူထုစိန်ဝင်းက မြန်မာ လူငယ်တွေကို အန်ဂျီအို လုပ်ငန်းနဲ့ ပတ်သက်ပြီး သတိပေး ခဲ့တာကို မခံမရပ်နိုင်သူ တချို့က ဆတ်ဆတ်ခါ ပြန်တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ နှစ်ရှည်လများ နေထိုင် လုပ်ကိုင်ခဲ့သူ (ဇနီးဖြစ်သူ ထိုင်းအမျိုးသမီး ကလည်း မယ်တော်ဆေးခန်းမှာ စေတနာ့ ဝန်ထမ်း လုပ်အား ပေးနေသူ) မျက်နှာဖြူ သတင်းထောက် ကိုယ်တိုင်က အန်ဂျီအိုတွေ အကြောင်း စာအုပ် ရေးထား တာကတော့ ဆရာ လူထုစိန်ဝင်းကို ထောက်ခံ နေပါတယ်။

အန်ဂျီအို ဆိုတာ ‘အစိုးရမဟုတ်သော အဖွဲ့အစည်း’ လို့ အဓိပ္ပာယ် ထွက်တာကို အများသိပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာ တချို့ကတော့ လုပ်ချင်သလို လုပ်နေတဲ့ ‘အစိုးမရသော အဖွဲ့အစည်း’ ဖြစ်နေတာကို အထက်မှာ တင်ပြခဲ့တဲ့ အတိုင်း တွေ့နေရပါတယ်။

ရည်ညွှန်း။ ။ သြစတြေးလျသတင်းထောက် Phil Thornton ၏ Restless Souls စာအုပ်။
(၂၀၀၆ ခုနှစ်က ထုတ်တဲ့ စာအုပ်ဖြစ်လို့ အခုအချိန်မှာ အခြေအနေ အချက် အလက်တချို့ ပြောင်းလဲကောင်း ပြောင်းလဲ နေနိုင်ပါတယ်။)

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ ( ၅ - ၁၀ - ၀၉)

ဒေါ်အောင်ဆန်းစုကြည်အယူခံ ပယ်ခံရတာကြောင့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှုထိခိုက် သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုကိစ္စ တွေ့ဆုံဆွေးနွေးခွင့် အဖွဲ့ချုပ် တောင်းဆို သတင်း
စစ်အစိုးရခေါင်းဆောင်ကို မိစ္ဆာဒိဌိအဖြစ် ကြေညာ သတင်း
တတိယအကြိမ် သပိတ်ကံဆောင်တာ အောင်မြင်တယ်လို့ သံဃာ့တပ်ပေါင်းစု မိန့်ကြား သတင်း
တန်ဖဲကျေးရွာတွင် (၄၈) နာရီကြာ မနားတမ်း ဆုတောင်းပွဲ ကျင်းပ သတင်း
ကော့သောင်းတွင် မိုးကြီး မြေပြို၍ သံဃာ (၃) ပါး ပျံလွန်တော်မူ သတင်း
တပ်အသွင်ပြောင်းရေး KIO အပေးအယူ ပြုလုပ်လို သတင်း
သျှမ်းပြည်တပ်မတော် လက်နက်ချမည်ဟု မိုင်းတုံဗမာ့စစ်ဗျူဟာမှူး ၀ါဒဖြန့် သတင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၄၅) နှစ်ပြည့် အခမ်းအနားတွင် ရဲချုပ်ခင်ရီ တက်ရောက်ခြင်းမရှိ သတင်း
မြန်မာ့အရေး အမေရိကန်မူဝါဒသစ် ကြားနာစစ်ဆေးပွဲ ကောက်နုတ်ချက် သတင်း
အမေရိကန်ပေါ်လစီနှင့် ပတ်သက်၍ ဆွေးနွေးယူဆချက်များ သတင်း
ဗမာစစ်သားချင်း ရန်ဖြစ်၊ အချင်းချင်းပစ်သတ်၊ (၅) ယောက်ထက်မနည်း သေဆုံး သတင်း
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မြန်မာဘက်မှ ခြံစည်းရိုးကာရံမှု ထပ်မံပြုလုပ် သတင်း
နေပြည်တော်တွင် ဆရာများနေ့ အခမ်းအနား ကျင်းပ သတင်း
နိုင်ငံတကာသုံး တယ်လီဖုန်းတွေ အသုံးပြုခွင့်ပေးတော့မယ် သတင်း
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ထိုင်းကုမ္ပဏီ သန်း (၃၀) ရှေ့ပြေးကုန်ကျထား သတင်း
အမျိုးအမည်မသိ တုပ်ကွေး ကရင်ဒေသခံ (၅၀၀) တွင် ဖြစ်ပွားနေ သတင်း
ကျေးလက်တွင် ဆိုလာပါဝါက လျှပ်စစ်ဓာတ်အားနေရာ အစားထိုးလာ သတင်း
နာဂစ်မုန်တိုင်းသင့် ဒေသများရှိ စပါးခင်းများတွင် ကြွက်များ ပိုမိုဆိုးဝါးလာ သတင်း
သျှမ်းအကြောင်း သုတေသနညီလာခံ ချူလာလုံးကွမ်းတက္ကသိုလ်၌ ကျင်းပမည် သတင်း
ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်မှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေ သတင်း
ခြောက်နိုင်ငံဆွေးနွေးပွဲ ပြန်ပါဖို့ မြောက်ကိုရီးယား စဉ်းစား သတင်း
နယူးယောက်မြို့က မြန်မာအချို့ကို ကြပ်ပြေးနေပြည်တော်က မကျေမနပ်ဖြစ်နေ သတင်း
အဓမ္မ ဖိအားပေးလျှင် ငြိမ်းချမ်းရေးပျက်နိုင်ဟု KIO ပြော သတင်း
ဒီမိုကရေစီအရေးလှုပ်ရှားသူ အမျိုးသမီးများ ထိန်းသိမ်းခံရ သတင်း
နအဖက နျူကလီးယားလက်နက်ထုတ်ဖို့ မရည်ရွယ် သတင်း

Read More...

Monday, October 5, 2009

သို့ - မစ္စတာ ဂျင်ဝက်ဘ် ထံ မှ တဆင့်

သစ်ကောင်းအိမ်

အောက်တိုဘာ ၂၊ ၂၀၀၉

ကမ္ဘာအနှံ့အပြားမှာ

အကြမ်းဖက်သမားတွေကို လိုက် ရှာနေပြီး

အိမ်ဦးခန်းမှာ လူသတ်သမားတွေကို ထမင်းဖိတ်ကျွေးနေတဲ့
အို - အမေရိကား …

လူ ထူထူမှာ

လူရှိန်အောင် စစ်ပွဲလှလှတွေကို

ထည်လည်း တွဲပြတတ်သူ လူချောလူလှ အမေရိကား

သင့်မြို့လယ် ပန်းခြံတွေမှာ သင့်နိုင်ငံသား ဆယ်ယောက်လောက်က

စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ကျင်းပနေပြီး

သင့်ငယ်ထိပ်မှာ

ဒုံးကျည်ထိပ်ဖူးတွေကို ကွန်ဒုံးလို စွပ်ထားသူ အမေရိကား

အထည်ကြီးပျက်မို့ သွေးသိပ်ပျက်နေသလား အမေရိကား

ခင်ဗျားနဲ့ ကျနော့်ကြားမှာ

အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးပဲ ရှိတဲ့ အမေရိကား

ငါ့ကို အရက်ဖြတ်ဖို့ မပြောခင်

အီရတ်စစ်ပွဲကြီးကို အရင် ရပ်ပေးပါ အမေရိကား

ချောင်းနေတဲ့နဂါးနဲ့ ၀ပ်နေတဲ့ကျား သိုင်းကြမ်း ဇာတ်တော်ကြီးမှာ

ငထွားကခါးနာမှု ၀ါဒနဲ့ စေ့စပ်ဒူးထောက်ရေး ဘုရားကု ငါတို့တိုင်းပြည်ကို ကုပေးမလို့လား

အမေရိကား …

ဖနောင့်နဲ့ပေါက်သူကို

ဖိနပ်ကလေးနဲ့ ပြန်ပေါက်မိသူတွေလည်း တရားပါတယ်နော် အမေရိကား …

ခင်ဗျားနဖူးအမာရွတ် ခင်ဗျားတော့

အာဖဂန်မှာ မြေလှန်ရှာတုံး

ခင်ဗျားကိုယ်တိုင်တော့

မြွေပွေးနဲ့ သွေးကြွေးမှာ

ဖြေဆေးမရှိခဲ့ဘူး မဟုတ်လား

အိုဘယ့် ဘယ် … အိုဘယ့်

အသင် အမေရိကား။ ။

(၁၊ အောက်တိုဘာ၊ ၂၀၀၉)

Ref: မိုးမခ

Read More...

နေ့စဉ်သတင်းများ ( ၄ - ၁၀ - ၀၉)

ရွေးကောက်ပွဲဝင်သင့် မ၀င်သင့် ပါတီတွင်း အကွဲအပြဲမဟုတ်၊ စဉ်းစားပုံ ကွဲပြားခြင်းသာဖြစ် သတင်း
တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ ပါဝင်မှမဟုတ် သတင်း
ရန်ကုန်တိုင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးများ အဖမ်းခံရ သတင်း
နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဂျပန်နိုင်ငံ တိုက်တွန်း သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရကိုယ်စားလှယ် တွေ့ဆုံခဲ့မှု အဖွဲ့ချုပ် ကြိုဆို သတင်း
စစ်အစိုးရနဲ့ အပြန်အလှန် ထိတွေ့ဆက်ဆံနိုင်တဲ့ အခွင့်အလမ်းရှိဟု NLD ယူဆ သတင်း
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေ ဆုတောင်း ဆန့်ကျင်ကြ သတင်း
သီးလေးသီးနဲ့ ဆေးရောင်စုံအငြိမ့် အထူးအစီအစဉ်ကို ဒီဗွီဘီက စီစဉ်ထုတ်လွှင့်မည် သတင်း
ကုလစစ်ဆေးရေးမှူးတွေ နျူကလီးယားစက်ရုံသစ် စစ်ဆေးဖို့ အီရန် သဘောတူ သတင်း
ဒေါ်အောင်ဆန်းစုကြည်ဆိုင်ရာ သတင်းများ သတင်း
ရန်ကုန်၊ မန္တလေး၊ စစ်တွေမြို့တွေမှာ ဆုတောင်းပွဲပြုလုပ် သတင်း
မြန်မာစစ်အစိုးရအနေနဲ့ ၀ တပ်ဖွဲ့များကို တိုက်ခိုက်နိုင်ကြောင်း ဝေဖန်နေကြ သတင်း
ဘုရားသုံးဆူဒေသမှာ နအဖ စစ်ရေးပြင်ဆင်မှု တိုးလာ သတင်း
ချင်းမိုင်မြို့က မြန်မာသီတင်းကျွတ် သတင်း
ကျပ် (၅၀၀၀) တန် ထုတ်ဝေမှုအပေါ် ပြည်သူများ စိုးရိမ်မကင်းဖြစ် (ရုပ်သံသတင်း)
ရဲများနဲ့ ရန်ကုန်၊ (၅) ထောင်တန်ဂယက်၊ စာပေစိစစ်ရေး သတင်း
၁၉၇၀ ခေတ်လွန်ကာလ သီတင်းကျွတ် (ဆောင်းပါး)
လွတ်ငြိမ်းချမ်းသာခွင့် (အသံလွှင့်ဆောင်းပါး)

Read More...

Sunday, October 4, 2009

နေ့စဉ်သတင်းများ ( ၃ - ၁၀ - ၀၉)

ကမ္ဘာအေးကုန်းမြေတွင် မြန်မာသံဃာတော်တို့ သပိတ်မှောက်ကံဆောင်ခြင်း ပြုလုပ်ဟုဆို သတင်း
ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲများ ကျင်းပ သတင်း
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာက ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲတွေ သတင်း
ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ် ဦးဝင်းတင်၏ တုံ့ပြန်ချက် သတင်း
နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ကုလလူ့အခွင့်ရေးကောင်စီ တောင်းဆို သတင်း
နိုင်ငံရေးအကျဉ်းသားများလွှတ်ရန် လူ့အခွင့်အရေးကောင်စီ တောင်းဆို သတင်း
ဘုရားသုံးဆူဒေသမှာ နအဖ စစ်ရေးပြင်ဆင်မှု တိုးလာ သတင်း
ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ ပါဝင်သင့်လို့ အကြံပြု သတင်း
ကိုညီညီအောင်အမှုလိုက်ဖို့ အမေရိကန်သံရုံးရဲ့ ကမ်းလှမ်းချက် သတင်း
မြန်မာရွှေ့ပြောင်းအလုပ်သမားကလေးများအတွက် စာသင်ကျောင်း သတင်း
နာဂစ်ကယ်ဆယ်ရေး သုံးပွင့်ဆိုင်အဖွဲ့ ထုတ်ပြန်ကြေညာချက် သတင်း
ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုညှိနှိုင်းဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ်များ တိုက်တွန်း သတင်း
အိန္ဒိယနဲ့ ဖိလစ်ပိုင်မှာ မုန်တိုင်းကျ ရေကြီး၊ လူအသေအပျောက်များ သတင်း
အင်ဒိုငလျင် အပျက်အစီးအောက် လူ (၃၀၀၀) ကျော် ပိတ်မိနေ သတင်း
ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား သတင်း
ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နာဂစ်ဒေသသွားရန် စီစဉ် သတင်း
ဒုက္ခသည်များ ပိုမိုလက်ခံရေး ပြင်ဆင်ထားရန် ထိုင်းကို အစီရင်ခံစာက တိုက်တွန်း သတင်း

Read More...

Saturday, October 3, 2009

နေ့စဉ်သတင်းများ (၂ - ၁၀ - ၀၉)

သီတင်းကျွတ်လပြည့်နေ့မှာ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ စတင်မယ် သတင်း
ပြည်ပရောက်သံဃာများလည်း ကံဆောင်သပိတ် ဆင်နွှဲသွားမည် သတင်း
အသက် (၅၀) ကျော် သံဃာနှစ်ပါးကို ဖမ်းဆီးသွား သတင်း
သံဃာတော်လှန်ရေး (၂) နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု သတင်း
ကားတွေမှာ ချိုးဖြူငှက်စတစ်ကာတွေ လိုက်လံကပ် သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ်နဲ့ လူ့အခွင့်အရေး ကောင်စီ တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်အယူခံ ရန်ကုန်တိုင်းတရားရုံး ပယ်ချ သတင်း
ငွေစက္ကူ (၅၀၀၀) တန်အသစ် သုံးစွဲမယ့် ကြေညာချက်နဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှုများ သတင်း
၂၀၁၆ နွေရာသီအိုလံပစ်ပွဲတော် ကျင်းပဖို့ Rio de Janeiro ကို ရွေးချယ် သတင်း
အိုလံပစ်ပွဲတော် ကျင်းပခွင့် ဘရာဇီးက ရသွား သတင်း
အင်ဒိုနီးရှားငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေ (၁,၀၀၀) ကျော်ပြီ သတင်း
အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတိုက်ဖျက်ရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချ သတင်း
ကေအိုင်အိုနှင့် နအဖ မြစ်ကြီးနားမှာ ထပ်မံတွေ့ဆုံ သတင်း
မွန်ပြည်သစ်နှင့် စစ်အစိုးရအကြား စစ်ရေးတင်းမာမှုဖြစ်စေမည့် ဒုတိယမြောက် ဖြန့်ဝေစာ ထွက်ပေါ် သတင်း
စစ်ပြေးဒုက္ခသည်များအား ဖိအားပေးမှု ပိုမိုပြင်းထန်လာ သတင်း
ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း တောင်တန်းနယ်တွင် မြန်မာမူဆလင်များကို ဖမ်းဆီးမှု ပိုများလာ သတင်း
အရေးယူပိတ်ဆို့မှုအပေါ် အမေရိကန်အထက်လွှတ်တော်တွင် ကြားနာ သတင်း
အမေရိကန်-မြန်မာ ဆက်ဆံရေး ကြားနာပွဲတွင် ကျွမ်းကျင်သူများ ထွက်ဆို သတင်း
ချီဗွေတွင် နအဖ အခြေချတပ်စခန်းအသစ် တည်ဆောက် သတင်း
ကျောက်ပန်းတောင်းမြို့နယ်က လူငယ် (၂) ဦး ဖမ်းဆီးခံရ၊ (၁) ဦး လွတ်မြောက်နေဆဲ သတင်း
ကိုညီညီအောင်ကို ရုံးမထုတ်ဖြစ်ဘဲ ရမန်ကြီးတပတ် ရွှေ့ဆိုင်း သတင်း
ဝ ကို တိုက်လျှင် (ဆောင်းပါး)
(၅၀၀၀) ကျပ်တန် ယနေ့စတင် ထုတ်ပေး သတင်း
မခိုင်မာသည့် ဘဏ်လုပ်ငန်းစနစ်ကြောင့် မြန်မာကုန်သည်များ ဆုံးရှုံးနစ်နာ သတင်း
တရုတ်-မြန်မာနယ်စပ် ဒုတိယအကြိမ်မြောက် ကျောက်မျက်ပြပွဲ ပြုလုပ် သတင်း
ရန်ကုန်မြို့တွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှု ပျံ့နှံ့နေ သတင်း
ကိုးကန့် နှင့် ဝ တို့၏ လောင်းကစားရုံများ မော်လမြိုင်တွင် များပြားလာ သတင်း
ထူးကုမ္ပဏီ ကားအစီး (၉၀၀) ခန့် တင်သွင်းခွင့်ရ သတင်း

Read More...

Friday, October 2, 2009

နေ့စဉ်သတင်းများ (၁ - ၁၀ - ၀၉)

စစ်အစိုးရကို အရေးယူဖို့ ကနေဒါအမတ်တွေ တိုက်တွန်း သတင်း
တတိယအကြိမ် ကံဆောင်ပွဲအတွက် သံဃာများကို စောင့်ကြည့်မှုများရှိနေ သတင်း
ဗန်းမော်မြို့ သံဃာတော်များ စုပေါင်းကန်တော့ပွဲ ပိတ်ပင်ခံရ သတင်း
ဗကသ က အ၀ါရောင်လှုပ်ရှားမှု စတင် သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ သောကြာနေ့မနက် ဆုံးဖြတ်ချက်ချမည် သတင်း
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ကြားနာပွဲပြုလုပ် သတင်း
မြန်မာ့အရေးကြားနာပွဲက သဘောထားအမြင်များ သတင်း
အမေရိကန်က စစ်အစိုးရကို စတင်ပိုးပန်း သတင်း
ကိုးကန့်စစ်ပွဲနောက်ပိုင်း မူးယစ်ဆေးဝါး ပိုရောင်းလာ သတင်း
မူးယစ်ဆေးဝါးများ ဈေးပေါပေါနဲ့ ရောင်းဝယ်နေ သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ရေး စစ်အစိုးရ ဖိအားပေးမှု တိုးလာနေ သတင်း
ပျက်စီးထိခိုက်မှုများအတွက် လျော်ကြေးပေးရန် တရုတ်တောင်းဆို သတင်း
တရုတ်-မြန်မာဆက်ဆံရေး ရှေ့အလားအလာ သတင်း
တက္ကသိုလ်ကျောင်းသားများ စာမေးပွဲကာလအတွင်း လုံခြုံရေးတင်းကြပ်ခံထားရ သတင်း
ကိုညီညီအောင်အမှု ရှေ့နေဦးဉာဏ်ဝင်းတို့ လိုက်ပါဆောင်ရွက်မည် သတင်း
ထိုင်းရောက် မြန်မာနိုင်ငံသားများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အချက်အလက်များ သတင်း
ခိုးကူးခွေရောင်းသူ (၅) ဦး တရားစွဲခံနေရ သတင်း
အာသံကုန်စည်ပြပွဲသို့ မြန်မာကုန်သည်များ သွားရောက်ဖွယ်ရှိ သတင်း
မြန်မာနိုင်ငံမှာ လူဘယ်နှစ်ယောက် ရှိသလဲ သတင်း
အိုဆမာဘင်လာဒင် ပါကစ္စတန်မှာ ရှိနေဟု အမေရိကန် ယူဆ သတင်း
ထိုင်းရောက် မြန်မာအလုပ်သမားတချို့ ပိတ်လှောင်စေခိုင်းခံရ သတင်း
သုံးပုံတပုံ အောင်မြင်မှုရခဲ့တဲ့ HIV ရောဂါပိုး ကာကွယ်ဆေး သတင်း
တွေ့ဆုံစကားပြောဆိုမှု စတင်သော်လည်း ပိတ်ဆို့အရေးယူမှု ရှိနေဆဲဟု အမေရိကန်အမတ် ပြော သတင်း
အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းမည်မဟုတ်ဟု အမေရိကန် ဆို သတင်း
စစ်ဖြစ်ရာဒေသများတွင် မတရားပြုကျင့်မှုကို ကုလသမဂ္ဂ ရှုတ်ချ သတင်း
တရုတ်-မြန်မာနယ်စပ်ရှိ ကာစီနိုများ ရပ်နား ပန်ဝါမြို့တွင်သာ ဆက်လက်ဖွင့်လှစ် သတင်း
မလေးရှားတွင် ယူအန်မှတ်ပုံတင် ပေးမည့်သတင်း ထိုင်းနယ်စပ်ဒုက္ခသည်အထိ ဂယက်ရိုက် သတင်း
ကုန်ဈေးနှုန်းထိန်းချုပ်ရေး စစ်အစိုးရကြိုးပမ်း သတင်း
မြန်မာကျပ်ငွေတန်ဖိုး တန့်နေသဖြင့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှု ပုံမှန်ပြန်ဖြစ် သတင်း
(၅,ဝဝဝ) တန် ငွေစက္ကူ သတင်းဆောင်းပါးများ ပိတ်ဆို့ခံရ သတင်း
ပြည်သူလူထုကို ရှေ့ရှုတယ်ဆိုရင် ... (ဆောင်းပါး)
ဒီမိုကရေစီနိုင်ငံသစ်နှင့် စာပေကင်ပေတိုင်ရုံး (ဆောင်းပါး)

Read More...

Thursday, October 1, 2009

နေ့စဉ်သတင်းများ (၃၀ - ၉ - ၀၉)

မြန်မာ့အရေးမူဝါဒ ထိရောက်မှုရှိမရှိ အမေရိကန် အထက်လွှတ်တော် ကြားနာ သတင်း
မြန်မာကို ပိတ်ဆို့မှု မရုတ်သိမ်းဖို့ အမေရိကန်အရာရှိ ပြော သတင်း
မြန်မာပြည်ဆိုင်ရာ အမေရိကန်ပေါ်လစီသစ်ကို ပြစ်တင်ဝေဖန်နေကြ သတင်း
မြန်မာ့အရေး ကုလကော်မရှင်ဖွဲ့ဖို့ ကနေဒါလွှတ်တော်အမတ်တွေ တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုမယ့်အစီအစဉ် မလိုတော့ဟု ထိုင်းဝန်ကြီး ပြောကြား သတင်း
သံဃာတော် (၃) ပါးကို လက်နက်ရှိသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးနေ သတင်း
KNU နဲ့ DKBA အပစ်အခတ်ရပ်ဖို့ မြိုင်ကြီးငူဆရာတော် မေတ္တာရပ်ခံ သတင်း
ကချင်ပြည်နယ်က သီတင်းကျွတ် သံဃာပွဲ ပိတ်ပင်ခံရ သတင်း
KIO က စစ်အစိုးရနှင့် ဌာနအချို့ ပူးပေါင်းဆောင်ရွက်လို သတင်း
ကိုးကန့်နယ်မြေမှာ စစ်အစိုးရပြောသလို အေးခမ်းမှုမရှိသေး သတင်း
ဝ နယ်မြေအတွင်း အေးချမ်းအောင် ဂရုပြုဖို့ တရုတ်အဖွဲ့က တိုက်တွန်း သတင်း
ပြည်သူ့စစ်ထံမှ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ သတင်း
ရဲမှုးကြီးဝင်းနိုင် အဖမ်းခံရသတင်း မမှန်ဟု ငြင်းဆို သတင်း
ရန်ကုန်တိုင်း ရဲမှူးသစ်နှင့် နီးစပ်သူများ အလုပ်ဖြစ်နေ သတင်း
မတရားထောင်ချခံရသည့် ရဲဝန်ထမ်းက နအဖ အကြီးအကဲထံ တိုင်ကြား သတင်း
အစ္စလမ်ဘာသာဝင်လူငယ်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းထဲဝင်ဖို့ စည်းရုံး သတင်း
စီးပွားရေးပညာရှင် ဦးစိန်ဌေးနဲ့ စကားပြောခြင်း (အင်တာဗျူး)
လုပ်အားခတောင်းသည့် မြန်မာအလုပ်သမားနှစ်ဦး ရိုက်နှက်ခံရပြီး ပျောက်ဆုံးနေ သတင်း
အလုပ်သမားများ၏နေရပ်၌ ငွေကြေးကောက်ခံနေသည်မှာ ၄င်းတို့မဟုတ်ဟု မြန်မာအစိုးရပြော သတင်း
မတ်ပဲဈေးတက်၍ ကြိုငွေယူထားသည့် ပဲစိုက်တောင်သူများ အခက်ကြုံ သတင်း
အောင်လံလယ်သမားများ အမှုတွဲ ထပ်မံစစ်ဆေး သတင်း
အင်ဒိုနီးရှားငလျင်ကြောင့် (၇၅) ဦးသေဆုံး သတင်း
အခြေခံဥပဒေတရားရုံးက တိုင်းတန်းချက်ကို ပယ်ချ သတင်း

Read More...

အပေါ်သို့