ဆန္ဒခံယူပွဲတွင် မဲပေးရန်အတွက် အသက်ပြည့်သည့်မဲပေးမည့်သူများအား နအဖ က သက်သေခံကဒ်ပြားများ ထုတ်ပေးနေသည်။ သို့သော် ထိုသက်သေခံကဒ်ပြားသည် အဖြူရောင်ဖြစ်ပြီး ပန်းရောင်နိုင်ငံသားကဒ် မဟုတ် ဘဲ၊ မဲပေးရာတွင်သာအသုံးပြုနိုင်မည့် ယာယီသက်သေခံကဒ်ပြားသာဖြစ်သည်။ ဤအဖြူရောင်သက်သေခံကဒ် ပြားပေါ်တွင် “ဤကဒ်ပြားဖြင့် မည်သည့်နိုင်ငံသားဟု သက်သေခံခြင်း အလျဉ်းမဖြစ်စေရ” ဟု အတိ အလင်းရေးသားဖေါ်ပြထားသည်။Monday, April 7, 2008
နိုင်ငံသားကဒ်ပြား မဟုတ်
ဆန္ဒခံယူပွဲတွင် မဲပေးရန်အတွက် အသက်ပြည့်သည့်မဲပေးမည့်သူများအား နအဖ က သက်သေခံကဒ်ပြားများ ထုတ်ပေးနေသည်။ သို့သော် ထိုသက်သေခံကဒ်ပြားသည် အဖြူရောင်ဖြစ်ပြီး ပန်းရောင်နိုင်ငံသားကဒ် မဟုတ် ဘဲ၊ မဲပေးရာတွင်သာအသုံးပြုနိုင်မည့် ယာယီသက်သေခံကဒ်ပြားသာဖြစ်သည်။ ဤအဖြူရောင်သက်သေခံကဒ် ပြားပေါ်တွင် “ဤကဒ်ပြားဖြင့် မည်သည့်နိုင်ငံသားဟု သက်သေခံခြင်း အလျဉ်းမဖြစ်စေရ” ဟု အတိ အလင်းရေးသားဖေါ်ပြထားသည်။အဖွဲ့ချုပ် ၏တိုက်ပွဲခေါ်သံကြောင့် ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံ အလုပ်ရှုပ်နေပြီ
၃ ဧပြီ ၂၀၀၈၊ နေ့လည် ၁ နာရီအချိန်၌ ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း သည် ရန်ကုန်မြို့ ကျိုက္ကဆံလမ်းရှိ ကြံ့ဖွံ့ရုံးတွင် ရန်ကုန်တိုင်းအတွင်းရှိ ၄၁ မြို့နယ်မှ ကြံ့ဖွံ့အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များအား ခေါ်ယူတွေ့ဆုံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ “ကန့်ကွက်မဲပေးရေး” ကြေညာချက်အပေါ် မိမိတို့မြို့နယ်များရှိ ပြည်သူများ၏ တုံ့ပြန်ပြောဆိုနေမှုများကို သေသေချာချာ စောင့်ကြည့် ကြရန်နှင့် မိမိတို့မြို့နယ်အတွင်းရှိ ပြည်သူများအား အမြဲတစေ ဖျက်လိုဖျက်ဆီးလုပ်ဆောင်နေသောလုပ်ရပ်များ ကို နားမယောင်စေရေး ရှင်းလင်းပြောဆိုကြရန် မှာကြားပြောဆိုခဲ့သည်။
သက်ဆိုင်ရာမြို့နယ်များမှ အတွင်းရေးမှူးများကလည်း မိမိတို့မြို့နယ်များ၏ စည်းရုံးရေးအခြေအနေများကို တင်ပြကြရာ မြို့တော်ဝန်က စည်းရုံးရေးလုပ်ငန်းများကို အထူးမြှင့်တင်ဆောင်ရွက်သွားကြရန်မှာကြားပြီး ညနေ ၃ နာရီ တွင် အစည်းအဝေးကို ရုပ်သိမ်းလိုက်လိုက်သည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ပန်ကြားချက်
အမှတ် ၉၇/ခ၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
၁၃၆၉ ခုနှစ် တပေါင်းလပြည့်ကျော် (၁၂) ရက်
၁။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်မည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ရခြင်း လုံးဝမဟုတ်ပါ။
၂။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၎င်းတို့ဘာသာ ၎င်းတို့စိတ်ကြိုက်ရွေးချယ်ထား သည့်ပုဂ္ဂိုလ်များဖြင့်သာ တဖက်သတ်ရေးဆွဲထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ဖြစ်ပါသည်။
၃။ ၎င်းအပြင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှဆင်းသက်ရမည်” ဟူသော ဒီမိုကရေစီအခြေခံမူကြီးနှင့် ညီညွတ်ခြင်းမရှိသဖြင့် တိုင်းရင်းသားလူမျိုးစုများအပါအ၀င် ပြည်သူလူထုတရပ်လုံး က အာသာပြင်းပြစွာလိုလားတောင့်တနေသော ဒီမိုကရေစီနှင့် လူ့အခွင့်အအရေးများအတွက် အာမခံချက်များ လည်း မပေးနိုင်ပါ။
၎။ နိုင်ငံတော်ကိုအုပ်ချုပ်နေသော အဖွဲ့အစည်းတခုသည် ပြည်သူလူထုထောက်ခံမှုမရရှိလျှင် တည်တံ့ခိုင်မြဲခြင်း မရှိနိုင်ကြောင်းကို မိမိနိုင်ငံသမိုင်းများနှင့် နိုင်ငံတကာသမိုင်းများက သက်သေထူလျက် ရှိပေသည်။
၅။ သို့ပါသဖြင့် လူထုလူတန်းစားအလွှာအသီးသီးမှ တိုင်းရင်းသားပြည်သူများအားလုံးနှင့် အဖွဲ့အစည်းများက သက်ဆိုင်ရာမဲရုံများသို့ မပျက်မကွက်သွားရောက်ကြ၍ ကန့်ကွက်မဲကို ကြတ်ခြေခတ်ဖြင်းဖြင့် ပြတ်ပြတ်သား သား ရဲရဲရင့်ရင့်ပေးကြရန် ပန်ကြားအပ်ပါသည်။
၂၀-၃-၀၈ နှင့် ၃၁-၃-၀၈ ရက်နေ့များတွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ သိရှိထားရမည့်အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များ
အမှတ်၉၇/ခ၊အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
၁၃၆၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၂) ရက်
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ သိရှိထားရမည့်အချက်များနှင့် လုပ်ဆောင်ရ မည့်အချက်များ
(၁) ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများစာရင်းကို (၇) ရက် ကြိုတင် ကြေညာရမည် ဖြစ်သည်။
(၂) ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများစာရင်းတွင် မိမိတို့၏ အမည်ပါ မပါ ကြိုတင် လေ့လာရပါမည်။
(က) မပါလျှင် သက်ဆိုင်ရာ ရက်ကွက်၊ ကျေးရွာကော်မရှင်သို့ တင်ပြနိုင်သည်။
(ခ) ဖြစ်နိုင်လျှင် သေဆုံး၊ ပြောင်းရွှေ့သွားသော ဆန္ဒမဲပေးသူများစာရင်းကို ကြိုတင်ပြုစုထားပါ။
(၃) မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်သည် လျှို့ဝှက်မဲပေးစနစ်ကို ထိခိုက်ခြင်းရှိ၊ မရှိ ဂရုစိုက်ပါ။
(၄) မဲရုံ စတင်ဖွင့်လှစ်သည့်အချိန်၌ မဲပုံးများတွင် ဆန္ဒမဲလက်မှတ်၊ အခြား ပစ္စည်းတစုံတရာ မရှိကြောင်း၊ ၄ ဦးထက်မနည်း မဲပေးခွင့်ရှိသူများကို ပြသရမည်။ မဲပုံးကို လုံခြုံစွာပိတ်ပင်ခြင်း ရှိ၊ မရှိ စစ်ဆေးကြည့်ရှုပါ။
(၅) ဆန္ဒမဲလက်မှတ်တိုင်းတွင် ကော်မရှင်အမှတ်အသားနှင့် မဲရုံမှူးလက်မှတ်ပါ၊ မပါ စစ်ဆေးပါ။ ကော်မရှင် အမှတ်အသားနှင့် လက်မှတ်မပါလျှင် ပယ်မဲ ဖြစ်လိမ့်မည်။
(၆) လျှို့ဝှက်ဆန္ဒမဲပေးစနစ်ကို ထိခိုက်စေသည့် အမှတ်အသားပါသည်ဟုယူဆလျှင် ဆန္ဒမဲ လက်မှတ်ကို ပြန်လည်လဲလှယ်ပေးရန် တောင်းဆိုပါ။
(၇) ဆန္ဒမဲပေးရာတွင် ထောက်ခံလျှင်(အမှန်အမှတ်အသား)၊ ကန့်ကွက်လျှင် (ကြက်ခြေခတ် အမှတ်အသား)ကို လည်းကောင်း ရေးသားဖော်ပြရမည်ဖြစ်သည်။ မိမိ၏ လွတ်လပ်သောဆန္ဒ အရ ကန့်ကွက်ကြောင်း ကြက်ခြေခတ်ခြင်းသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေနှင့် လုံးဝ ငြိစွန်းခြင်းမရှိပါ။
(၈) ပယ်မဲ မဖြစ်စေရန် သတိပေးပါ။ သတ်မှတ်ထားသော အမှတ်အသားမပါသော ဆန္ဒမဲ လက်မှတ်၊ ဆန္ဒမဲလက်မှတ်အတုဖြစ်ကြောင်း မဲရုံအဖွဲ့က စိစစ်ဆုံးဖြတ်ထားသော လက်မှတ်နှင့် တနည်းနည်းဖြင့် ဖျက်စီး၍ မဲပုံးထဲ ထည့်ထားသည့်ဆန္ဒမဲလက်မှတ်သည် ပယ်မဲဖြစ်သည်။
(၉) လျှို့ဝှက်ဆန္ဒပြုပြီးနောက် အများမြင်သာသည့်နေရာတွင် ထားရှိသည့် မဲပုံးထဲသို့ ဆန္ဒမဲ လက်မှတ်ကိုထည့်ပါ။
(၁ဝ) ကိုယ်စားလှယ်ဖြင့် မဲပေးခွင့်မရှိပါ။ မျက်မမြင်များနှင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ မဲပေးရာတွင် လျှို့ဝှက်မဲပေးစနစ်ကို မထိခိုက်စေဘဲ မဲရုံအဖွဲ့ကကူညီခြင်းဟုတ်၊ မဟုတ် စောင့် ကြည့်ပါ။
(၁၁) ဆန္ဒမဲပေးချိန်သည် နံနက် (၆) နာရီမှ ညနေ (၄)နာရီအထိ ဖြစ်သည်။
(၁၂) မဲရုံမပိတ်မီ မဲရုံပရဝဏ်အတွင်းရောက်ရှိသူများအနက် ဆန္ဒမဲမပေးရသေးသောသူများ ရှိပါက ထိုသူများအား ဆန္ဒမဲပေးချိန် (၄)နာရီ ကျော်လွန်ပြီ ဖြစ်စေကာမူ ဆန္ဒမဲပေးခွင့်ပြုရမည် ဖြစ်သည်။
(၁၃) မဲရုံပိတ်ချိန်၌ (၁ဝ) ဦးထက် မနည်းသော ဆန္ဒမဲပေးခွင့်ရှိသူများစာရင်း၌ ပါဝင်နိုင်ရန် ကြိုးပမ်းပါ။
(၁၄) (က) မဲပုံးကို စစ်ဆေးခြင်း၊ မဲပုံးကို ဖွင့်ပြီး ဆန္ဒမဲများရေတွက်ခြင်းတို့ကို ကြည့်ရှု့ပါ။
(ခ) ထောက်ခံမဲ၊ ကန့်ကွက်မဲနှင့် ပယ်မဲများကို ခွဲခြားရေတွက်ခြင်းနှင့် စာရင်းပြုစုခြင်းတို့ကို ကြည်ရှုမှတ်သားပါ။
(ဂ) ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲနှင့် လက်ကျန်ဆန္ဒမဲများကို ထုပ်ပြီး လုံခြုံစွာထုပ်ပိုးခြင်း တို့ကို လေ့လာမှတ်သားပါ။
(၁၅) ကြိုတင်ဆန္ဒမဲပေးသူလည်း အလားတူပင် ဖြစ်သည်။ ကြိုတင်ဆန္ဒပြုပြီးနောက် စာအိတ် ကို အလုံပိတ်၍ ချက်ချင်း ပြန်အပ်ပါ။
(၁၆) အထက်ပါအချက်များကို တဦးဦးဖြစ်စေ၊ အသင်းအဖွဲ့တခုကဖြစ်စေ ချိုးဖောက်ပါက မဲရုံမှူးထံနှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ချက်ချင်းကန့်ကွက်ပါ။ စာဖြင့် ကန့်ကွက်နိုင်လျှင် ပိုကောင်းပါသည်။
(၁၇) ဤအချက်များကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား နားလည်းသဘောပေါက်အောင် အဆင့် ဆင့် ဆွေးနွေးပါ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
မဲရုံကိုသွားရမယ်
အညွန့်တုံးမျိုးဆက်ဘ၀ လွတ်မြောက်ကြဖို့
စစ်ဥပဒေယုတ် ဆန္ဒခံယူပွဲ
ကန့်ကွက်မဲပေးဖို့ မဲရုံသွားရမယ်။
ဟိန်းနိုင်
Buram Digest မှကူးယူဖော်ပြသည်။
သူငယ်ချင်းသို့
သူငယ်ချင်းရေ-
အကယ်၍
မင်းရဲ့သားသမီးတွေ
စားစရာမရှိ
ဝတ်စရာမဲ့ဘ၀နဲ့
စစ်ကျွန်ဘဝ
ကျရောက်နေတာကို
မမြင်ချင်ဘူးဆိုရင်------။
အကယ်၍
မင်းရဲ့မိသားစုတွေ
ဆင်းရဲတွင်း
သံသရာမှာ
စုန်းစုန်းမြှုပ်ကာ
ယောက်ယက်ခတ်နေတာကို
မမြင်ချင်ဘူးဆိုရင်-----။
အကယ်၍
မင်းရဲ့အမိအဖတွေ
အိုကြီးအိုမဘ၀နဲ့
ဆေးဖိုးဝါးခမဲ့
ဒုက္ခပင်လယ်ဝေနေတာကို
မမြင်ချင်ဘူးဆိုရင်-----၊
အကယ်၍
မင်းရဲ့နှမငယ်တွေ
အသပြာအတွက်
ဘ၀တသက်ပေးရတာကို
မမြင်ချင်ဘူးဆိုရင်-------။
အကယ်၍
မင်းရဲ့ဆွေမျိုးသားချင်းတွေ
ကြုံရာကျပန်းဘ၀နဲ့
ညစာခက်နေရတာကို
မမြင်ချင်ဘူးဆိုရင်----၊
စစ်ဝါဒီတွေရဲ့
ဆန္ဒခံယူပွဲနဲ့
ရွေးကောက်ပွဲကို
ကန့်ကွက်မှ
ဖြစ်တော့မယ်
သူငယ်ချင်း။
ငါတို့ကလေးများရဲ့
အနာဂတ်အတွက်၊
ငါတို့မိသားစုတွေရဲ့
ရှေ့ခရီးအတွက်၊
ငါတို့နှမငယ်တွေရဲ့
ဘ၀ရေးအတွက်၊
ငါတို့မိဘတွေရဲ့
အိုဇာတာကောင်းဖို့အတွက်
ကန့်ကွက်ရေးလမ်းစဉ်ကို
ပြတ်ပြတ်သားသား
ရွေးလိုက်ကြစို့လား။
ခင်မမမျိုး (၅၊ ၄၊ ၂၀၀၈)
ခင်မမမျိုးဘလော့ဂ်မှ ကူးယူဖော်ပြသည်။
လူထုချစ်တဲ့ လူထုရဲ့ အမေ (၉၃ နှစ်) ကွယ်လွန်
ကျနော်တို့တိုင်းပြည် ကျနော်တို့ပြည်သူလူထုအားလုံး၏ တန်ဘိုးးမဖြတ်နိုင်သည့် လမ်းပြရှေ့ဆောင် မဟာကြယ်စင်တစင်း ဆုံးရှုံးလိုက်ရပြီဖြစ်သည့်အတွက် ၀ိမုတ္တိဝိုင်းတော်သားများမှ မိသားစုများနှင့် ပြည်သူတရပ်လုံးနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Friday, April 4, 2008
Thursday, April 3, 2008
ကိုယ့်ပေါင်ကို လှန်ထောင်းမယ့် ဆန္ဒခံယူပွဲ
ကိုယ့်ပေါင်ကို လှန်ထောင်းမယ့် ဆန္ဒခံယူပွဲ
ဗမာပြည်မှာ ဥပဒေရှိတယ်။
တပ်မတော်က ဒီ ဥပဒေကို မနာခံဘူး။
ဒါကြောင့် ဗမာပြည်မှာ ဥပဒေ ဘာလို့ ရှိနေရတာလဲ။
ဗမာပြည်မှာ ဥပေဒ ရှိနေရတဲ့အကြောင်းက---
၁။ ဒီဥပဒေတွေက ပြည်သူကို ဖိနှိပ်ချုပ်ချယ်ဖို့ လက်နက်ကရိယာတွေဖြစ်တယ်။
၂။ နောက်ပြီး စစ်အုပ်စုက ကမ္ဘာကြီးကို ဒီလိုပြောနိုင်တယ်။
“ကြည့်စမ်းဗျာ, ကျနော်တို့နိုင်ငံဟာ တခြားနိုင်ငံတွေလိုပါပဲ။
ကျနော်တို့မှာ ဥပဒေတွေရှိတယ်။
ကျနော်တို့မှာ တရားစီရင်မှု ရှိတယ်။”
မကြာမီ ဗမာပြည်မှာ
စစ်အုပ်စုအတွက် စစ်အုပ်စုကိုယ်တိုင်
မူကြမ်းရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိတော့မယ်။
ပြည်သူတွေကလည်း ဒါကို မလိုချင်ဘူး။
တပ်မတော်က ဒါကို နာခံမှာ မဟုတ်ဘူး။
သူတို့ကိုယ်တိုင်ပြဌာန်းတဲ့ဥပဒေတွေကို မနာခံတာ ဆယ်စုနှစ်ကြာလာပြီဖြစ်တဲ့ တပ်မတော်က
သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေကို ဘာလို့ နာခံရမှာလဲ။
တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုချင်တယ်ဆိုတာက (အထက်ကပြောခဲ့သလို ပြည်သူကိုဖိနှိပ်ဖို့) ဥပဒေ ရှိချင်တယ်ဆိုတဲ့ အကြောင်းရင်း နဲ့ အတူတူပါပဲ။
မကြာမီမှာ တပ်မတော်လိုချင်တာတွေက အရေးပါတော့မှာ မဟုတ်တော့ပါဘူး။
သူတို့သက်တမ်းက မကြာတော့ဘူး။
နိတ္ထိတံတော့မယ်လေ။
(မူရင်း -The Referendum explained to The World By Cedric Snodgrass)




















































BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88