Monday, August 3, 2009

ပါးကိုက်၍ နားကိုက်တာ မဟုတ်ရပါကြောင်း တုန့်ပြန်ပြောဆိုပြီး အရိုးတောင်း နေတဲ့ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း

August, 3, 2009

၂၀၀၈ စက်တင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်ရှိ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ဧည့်ခန်းမမှာ အမေရိကန် သံရုံး ယာယီ တာဝန်ခံ Mr. Larry Dinger နဲ့အဖွဲ့ကို နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက လက်ခံ တွေ့ဆုံခဲ့တာ နေ့လည် ၂ နာရီ ကနေ ၂နာရီ ၄၀မိနစ်ထိ မိနစ် ၄၀ တိတိ ကြာညောင်းခဲ့ပါတယ်။ Mr. Larry Dinger နဲ့ အတူ အမေရိကန် သံရုံးဘက်က နိုင်ငံရေးနဲ့ စီးပွားရေးဌာန ပထမအတွင်းဝန် Mrs. Jennifer A.Harhigh လည်း အတူ တက်ရောက်ခဲ့ပါ တယ်။ ဗမာဘက်ကတော့ နိုင်ငံရေးရာ ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်တင် တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲ မှတ်တမ်းကိုတော့ နိုင်ငံရေးရာ ဦးစီးဌာန၊ အမေရိကန် ဌာနခွဲက ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ဦးက မှတ်တမ်းတင် ခဲ့ပါတယ်။

ဦးဉာဏ်ဝင်းက သူ ကုလသမဂ္ဂညီလာခံတက်ဖို့ နယူးယောက်ကို လာတိုင်း ၀ါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကို သွားချင်တာ တခါမှ သွားခွင့် မရကြောင်း ၄ကြိမ်၊ ၄နှစ် ရှိပြီ ဖြစ်ကြောင်း။ အဲဒါလေးကိုတော့ ခွင့်ပြု စေချင်ကြောင်း တောင်းဆိုပါတယ်။ သွားခွင့် မရရင်လည်း နားလည်ပါကြောင်း အောက်ကြို့သံနဲ့ ပြောပါတယ်။ ဒီတော့ Mr. Larry Dinger (မစ္စတာ လာရီဒင်ဂျာ) က ကြိုးစားပေးမယ့် အကြောင်း ခပ်မှန်မှန်ပဲ ပြန်ပြောပါတယ်။

တချိန်တည်းမှာ Mr. Larry Dinger ကလည်း မြန်မာပြည်မှာ ရှိတုန်း နေရာအနှံ့ လျှောက်လည် ချင်ကြောင်း။ ဒါအတွက် Tit for Tat (ပါးကိုက်လို့ နားပြန်ကိုက်တယ်) သဘော မထားစေချင်ကြောင်း ဦးညဏ်ဝင်းကို လှောင်ပြုံး ကလေးနဲ့ ပြောပါတယ်။ ဒီတော့ ဦဉာဏ်ဝင်းက ချက်ချင်းဆိုသလို ပြာပြာသလဲ ယောက်ယက်ခတ်တဲ့ ပုံနဲ့ မိမိတို့ အနေနဲ့ Tit for Tat ဘယ်တော့မှ နှလုံး သွင်းမထားကြောင်း အရှင်မျိုး သွားချင်တဲ့နေရာ သွားနိုင်ကြောင်း စေတနာ ဗလပွနဲ့ ခွင့်ပြုချက်တွေ ပေးပါတော့တယ်။

ဒီသတင်းလေး ဖတ်လိုက်ရတော့ နအဖ ဟာ တကယ်တော့ MRTV တို့ မြ၀တီ ရုပ်သံတို့၊ သတင်းစာတွေနဲ့ ဂျာနယ် တွေကနေ အမေရိကန်ကို နေ့တဓူဝ ဆဲနေတာတွေဟာ တကယ်တော့ မုန်းလို့ မဟုတ်ဘဲ အမေရိကန်က ဒေါ်စုကို အလေးပေးပြီး သူ့ကို လျစ်လျူရှုထားလို့ ကလေး စိတ်ကောက်သလို ဟန်ရေးပြ ဆဲရေး တိုင်းထွာ နေခြင်းသာဖြစ်ပြီး အမေရိကန်က အရိုးကလေး တချောင်းလောက်များ ပစ်ချ ပေးလိုက်ရင်တောင် အငမ်းမရ ပြေးကိုက်မှာ ဖြစ်ပါကြောင်း မှတ်ယူလိုက်ရပါတော့တယ် ခင်ဗျား။

ဝိမုတ္တိဝိုင်းတော်သားတဦး

အပေါ်သို့