Monday, September 20, 2010

ဦးနှောက်ဟင်း

သတင်း ထောက် တယောက် ဆောင်းပါးရေးရန် လမ်းပြနှင့်အတူ လူသားစား လူရိုင်းများ နေထိုင်ရာ ဒေသကို ရောက်လာသည်၊၊ လမ်းပြက ပြောလိုက်သည်။

“ရှေ့မှာ ထမင်းဆိုင် ရှိတယ်။ ထူးထူးဆန်းဆန်း ဟင်းတွေ ရတတ်တယ်၊”

သတင်းထောက်ဆိုင်ထဲ ၀င်လိုက်သည်၊ ကောင်တာရှေ့တွင် ကြော်ငြာ သင်ပုန်းတစ်ချပ် ထောင်ထားသည်။

ယနေ့အထူးဟင်းလျာ ဦးနှောက်ဟင်းများ

ဆရာဝန် ဦးနှောက် ၅၀ သား - ၅၀၀၀ ကျပ်

ရှေ့နေ ဦးနှောက် ၅၀ သား - ၆၀၀၀ ကျပ်

ကျောင်းဆရာ ဦးနှောက် ၅၀ သား - ၇၀၀၀ ကျပ်

ကြံ့ဖွံ့ဦးနှောက် ၅၀ သား - ၄၀၀၀၀ ကျပ်

သတင်းထောက်က တအံ့တသြမေးမိသည်။ “ကြံ့ဖွံ့ ဦးနှောက်က တော်တော် စားကောင်းသလား။”

မြန်မာစကားတတ်သော ဆိုင်ရှင်က ၀င်ဖြေလိုက်သည်။

“မဟုတ်ပါဘူး၊ ၅၀ သား ပြည့်ဖို့ ကြံ့ဖွံ့တွေ အများကြီး သတ်ရလို့ပါ။”

1 comments:

မန်းကိုကို September 21, 2010 at 10:10 AM  

တော်တော်နောက်တဲ့ အဖိုးကြီး :-D

အပေါ်သို့