ဝင့်သင်ဇာကျော် (မြစ်မခ)
28 Aug, 2012
အခြေခံလူတန်းစားများအနေဖြင့် မတရားမူများအား တရားစွဲဆိုရာတွင် ခုံရုံးအခွန်အခက်အခဲများကြောင့် တရားစွဲဆိုရန်အခက် အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။
''လယ်သမားတွေမှာက စားဖို့တောင်အနိုင်နိုင်လုပ်နေရတာ ကျွန်တော်တို့မတရားခံရတာကို တရားစွဲဖို့ဆိုရင် ကုန်ပေါက် ချည်းပဲ ရှေ့နေငှားခလဲပေးရမယ် ပြီးရင်ဘာကြေးညာကြေးတောင်းအုံးမယ် အဲ့ဒါကြောင့် တရားစွဲဖို့ မဖြစ်နိုင်ပါဘူး '' ဟု ဒဂုံမြို့သစ်ဆိပ် ကမ်းမှ လယ်မြေများအသိမ်းခံသော လယ်လုပ်ကိုင်သူတစ်ဦးကပြောသည်။
လူတန်းစားအလွှာအသီးသီးမှ မတရားမှုများအား အလွယ်တကူတရားစွဲဆိုနိုင်ရန် ခုံရုံးအခွန်လျော့ချပေးသင့်ကြောင်းမြန်မာနိုင်ငံရှေ့နေ များကွန်ယက်မှ ရှေ့နေများကသုံးသပ်ပြောဆိုသည်။
''ရုံးခွန်တော်ဥပဒေက တရားမျှတတဲ့ ဥပဒေမဟုတ်ဘူးလို့မြင်ပါတယ်။ ဒီလိုအခွန်တွေတိုးမြင့်ထားရင် ဆင်းရဲသားလူတန်းစား တွေက ဘယ်လိုမှတရားရုံးကိုတက်ပြီးတော့ တရားစွဲနိုင်ဖို့အခွင့်အလမ်းမရှိဘူး။ ဒီရုံးခွန်တော်ဥပဒေကိုပြင်ပေးပါ။''ဟု မြန်မာ နိုင်ငံရှေ့နေများ ကွန်ယက်မှ ဥပဒေအတိုင်ပင်ခံဦးအောင်သိန်းက ပြောသည်။
လယ်မြေသိမ်းယူခံရခြင်းနှင့် ဆင်းရဲသားလူတန်းစားများ ကြုံတွေ့နေရသောနစ်နာခြင်းများကို တရားစွဲဆိုရာတွင် ခုံရုံးအခွန် ပေး ဆောင် ရသည့် အခကြေးငွေမှာ များပြားခြင်းကြောင့် အဆိုပါခုံရုံးခွန်အခွန်ဥပဒေကို ပြန်လည်ပြင်ဆင် ကာပြဌာန်းသင့်ကြောင်း၊ တောင်သူများ အနေဖြင့်လည်း လယ်ယာများသိမ်းယူခံရခြင်းနှင့်ပတ်သက်ပြီး ရှေ့နေငှားခမတတ်နိုင်ခြင်းကြောင့် တရားစွဲဆို ခြင်းကို တော်ရုံဖြင့်မလုပ်ဆောင်နိုင်ကြောင်း ရှေ့နေများကဆိုသည်။
''ဟိုတုန်းကဘယ်လောက်ပဲတန်ဖိုးကြီးကြီး တံဆိပ်ခေါင်းတန်ဖိုးက တစ်သောင်းငါးထောင်ထက်မပိုပါဘူး။ သိန်းတစ်ထောင် ပဲစွဲစွဲ သိန်းငါးထောင်ပဲစွဲစွဲ အခုဟာကသိန်းငါးရာလောက်စွဲလို့ရှိရင် တံဆိပ်ခေါင်းတန်ဖိုးက လေးသိန်းခွဲလောက်ပေးရပါတယ်။ အဲ့တော့ ဘယ်တောင်သူလယ်သမားဟာ တံဆိပ်ခေါင်းခွံလေးသိန်းခွဲ လောက်စိုက်ပြီး သိန်းငါးရာရဖို့ ဖန်တီးနိုင်မလဲ'' ဟု ဥပဒေအ တိုင်ပင်ခံ ဦးအောင်သိန်းက ပြောသည်။
လယ်ယာမြေသိမ်းဆည်းခံရသော တောင်သူလယ်သမားများမှာ အခွန်အခများ မတက်နိုင်ခြင်းကြောင့် အခက်အခဲ များဖြစ်ပေါ် လျက်ရှိပြီး မှန်ကန်မှုရှိသော်လည်း ငွေကြေးတတ်နိုင်သူများသာ တရားနိုင်သဖြင့် ရုံးခွန်လျော့ချပေးရန် လိုအပ်ခြင်းဖြစ်ကြောင်း ၄င်းအမြင်ကို ပြောဆိုသည်။
''ကျွန်တော်တို့ကို တရားစွဲဆိုထားတာ ရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟိုးအရင်ကတည်း လုပ်ကိုင်စားသောက် လာ တဲ့ နေရာကို အခုကျမှ နိုင်ငံတော်စီမံကိန်းအရသိမ်းပြီး တခြားဟာစိုက်မယ်ဆိုပြီး ဝယ်ထားပြီးပြီတဲ့ ကျွန်တော်တို့ကြံစိုက် တယ် ဆိုတာလဲ နိုင်ငံတော်အတွက်ပါပဲ။ အဲ့ဒါနဲ့ ကျွန်တော်တို့ကြံစိုက်ခင်းကိုသိမ်းပြီး ဝါးလုံးတွေကာထားတယ် ကာထားတဲ့အတွင်းမှာ အိမ်ဆောက်နေတော့ သူတို့ကို နှောက်ယှက်လို့ဆိုပြီး တရားစွဲထားတယ်။ ကျွန်တော်တို့ဘက်ကတော့ ဟိုးအရင်ကတည်းက မြေစားရင်းဌာနကို အခွန်ဆောင်ပြီး နေလာတယ်ဆိုတဲ့ သက်သေခံစာရွက်နဲ့ပဲ အမှုရင်ဆိုင်ရမှာပေါ့ တခြားရှေ့နေငှားစရိတ်တော့ မတတ်နိုင်ဘူးပေါ့'' ဟုပဲခူးတိုင်းဒေသကြီးမှ ကြံစိုက်တောင်သူတစ်ဦးဖြစ်သူက ပြောသည်။
လွှတ်တော်အတွင်းတွင် လွှတ်တော်ကိုယ်စားလှယ်များမှ ပြည်သူ့အရေးအတွက် လုပ်ဆောင်နေသော်လည်း ဆင်းရဲသားပြည်သူများ အတွက် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် နှင့် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်များကို ဥပဒေတွင် ပြဌာန်းပေးရန်လိုအပ်ကြောင်း ရှေ့နေ များက သုံးသပ်ပြောကြားသည်။
Ref: မြစ်မခ
Wednesday, August 29, 2012
အခြေခံလူတန်းစားများ တရားရင်ဆိုင်နိုင်ရန် ရုံးခွန်တော်က အတားအဆီးဖြစ်နေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment