Monday, October 15, 2012

ကေအင်ယူ ခေါင်းဆောင်ကို ၀န်ကြီးတွေ တွေ့ဆုံအားပေး

2012-10-14

ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ အဆုပ်ရောဂါနဲ့ တက်ရောက်ကုသနေတဲ့ KNU ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဖဒိုစောဒေးဗစ်ထောနဲ့ မိသားစုကို ပြည်ထောင်စုအစိုးရ ဝန်ကြီးသုံးဦး ဒီကနေ့ ညနေပိုင်းက သွားရောက်တွေ့ဆုံ အားပေးခဲ့ ကြပါတယ်။

သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း ၊ ဦးစိုးသိန်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့ လာရောက်တွေ့ဆုံ အားပေးခဲ့တာ လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ပဒိုစောဒေးဗစ်ထောဟာ အဆုပ်ရောဂါကို အပြင်းအထန်ခံစားနေရတာဖြစ်ပြီး မနေ့က သွေးခြောက်ပုလင်း သွင်းခဲ့ရပါတယ်။ ဒီက နေ့မှာတော့ ရောဂါအခြေအနေသက်သာလာပြီး စကားလည်းကောင်းမွန်စွာ ပြောဆိုလာနိုင်တယ်လို့ မိသားစုဝင်တွေက ပြောပါ တယ်။ ဒါပေမယ့် နဂိုအခြေအနေအတိုင်း ထူထူထောင်ထောင် ပြန်ဖြစ်ဖို့ကတော့ တစ်လလောက် ဆေးရုံမှာ ဆက်နေရဖွယ်ရှိ တယ်လို့လည်း သိရပါတယ်။


Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့