ကိုရီးယားအမျိုးသားများဖြစ်သော မစ္စတာလီနှင့် မစ္စတာဝိန်း ဆိုသူတို့ ပိုင်ဆိုင်သည့် အဆိုပါစက်ရုံတွင် အလုပ် လုပ်ကိုင်နေကြသော အလုပ်သမများအနေဖြင့် တလလျှင် အခြေခံလစာ (၃၅,၀၀၀) ကျပ်သာရရှိပြီး တနေ့လျှင် အလုပ်သမတဦးအနေဖြင့် အထည် (၆၀) ပြည့်အောင် ချုပ်ပေးရသည်ဟု အလုပ်မှနုတ်ထွက်ခဲ့သူ စူပါဗိုက်စာ မနီနီမာက ပြောသည်။
ထိုသို့သတ်မှတ်ထားသော ကိုယ်တာကို ပြည့်အောင်မအပ်နိုင်ပါကလည်း ပိုင်ရှင်များက အလုပ်သမများအား ဆူပူ ကြိမ်းမောင်းရိုက်နှက်ကြသည်ဟုလည်း သိရှိရသည်။ ယင်းသို့ ရိုက်နှက်ခံရကြောင်း အမည်မဖော်လိုသည့် အလုပ် သမတဦးက “ကျမတို့ အလုပ်သမတယောက်ကို တနေ့ကို အထည် (၆၀) အပ်ရပါတယ်။ တကယ်လို့ ကျမတို့ မအပ်နိုင်ရင် အနည်းဆုံးတော့ အဆူအဆဲခံရပါတယ်။ တခါတလေမှာဆိုရင် အရိုက်ခံရတာလည်းရှိပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်ရုံပိုင်ရှင် မစ္စတာလီအား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ စက်ရုံပိုင်ရှင် အနေဖြင့် တစုံတရာပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။
စက်ရုံတွင် စုစုပေါင်း အလုပ်သမား (၁,၀၀၀) ကျော်ရှိပြီး အလုပ်သမားများသောက်ရန်အတွက် ရေသန့်ဘူးကြီး (၆၀) ကိုသာ ထားရှိပေးသည့်အတွက်လည်း အလုပ်သမားများအနေဖြင့် သောက်ရေအတွက် အခက်ဖြစ်နေကြရ သည်ဟု နုတ်ထွက်လာသူ စူပါဗိုက်ဇာ မနီနီမာက ပြန်လည်ပြောကြားခဲ့သည်။ အလုပ်ဆင်းချိန်မှာလည်း နံနက် (၉) နာရီမှ ည (၁၀) နာရီအထိဆင်းကြရပြီး နေ့လယ်စာစားချိန်အဖြစ် မိနစ် (၃၀) သာ နားချိန်ပေးသည်ဟုဆို သည်။
မနီနီမာက လုပ်ငန်းခွင့်အခြေအနေများကို ဆက်လက်ရှင်းပြရာ “ကျမတို့ အလုပ်သမတွေ အနေနဲ့ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရခဲ့ရင်လည်း တရုတ်နီ လိမ်းဆေးသာပေးပြီး မည်သည့် ဆေးကုသခွင့်ကိုမျှမရရှိကြောင်း၊ စက်ရုံ တွင် သောက်သုံးရေ မလုံလောက်လို့ အိမ်ကနေ ရေဘူးထည့်လာရင်လည်း ထည့်လာခွင့်မရှိဘူး။ တကယ်လို့ ထည့်လာရင်လည်း ဒဏ်ငွေ (၅,၀၀၀) ကျပ်ကို ဖြတ်တာခံရပါတယ်။ အခြားသော နာမကျန်းကိစ္စနဲ့ အလုပ်ပျက် ရင်လည်း တရက်ပျက်ခ ဒဏ်ငွေ (၅,၀၀၀) ကျပ်ကို ပေးဆောင်ရပါတယ်။ အဆိုးဆုံးကတော့ ကျမတို့ဟာ မြန်မာ အမျိုးသမီးတွေဖြစ်တာကြောင့် အလုပ်ကိုသွားတဲ့အခါ ပါးမှာ သနပ်ခါးကို လိမ်းသွားကြပါတယ်။ ဒါဟာလည်း မြန်မာ့ယဉ်ကျေးမှုတခုပါ။ ဒါပေမယ့် အလုပ်ကိုရောက်တဲ့ အခါမှာတော့ သနပ်ခါးလိမ်းလာတဲ့ အလုပ်သမကို ပိုင်ရှင်များက ခေါ်ပြီး ဆီချေးတွေပေနေတဲ့ အ၀တ်ကို ရေစွတ်ပြီး အတင်းဆွဲဖျက်တာကို ခံကြရပါတယ်။ ကျမတို့ လုပ်ခဲ့တဲ့ အဲဒီ (UVI) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးဆိုလို့ ဘာတခုမှ မရခဲ့ပါဘူး။ ကျမလို စူပါ ဗိုက်ဇာတယောက်တောင် ဒီလိုအဖြစ်တွေနဲ့ ကြုံခဲ့ရတယ်။ ဒါကြောင့်မို့လို့လည်း ကျမနုတ်ထွက်ခဲ့တာပါ” ဟု ပြော သည်။
မြန်မာနိုင်ငံတွင်း လာရောက်လုပ်ကိုင်နေကြသော နိုင်ငံခြားသားပိုင် စက်ရုံများအနေဖြင့် မြန်မာအလုပ်သမားများ အပေါ်တွင် ယခုကဲ့သို့ ဆက်ဆံရေးများ ထားရှိနေသော်လည်း အလုပ်သမားများအနေဖြင့် သူတို့ကို ကူညီနိုင်စရာ နေရာ၊ ကူညီမည့်သူမရှိ ဖြစ်နေကြောင်းလည်း သိရှိရသည်။
မြင့်မိုးဇော်
REF: ခေတ်ပြိုင်
0 comments:
Post a Comment