NEJ / ၆ ဇူလိုင် ၂၀၀၉
နိုင်ငံရေးအရ ပွင့်လင်းမှုရှိကြောင်း ပြသနိုင်သည့် အခွင့် အလမ်းများကို မြန်မာ စစ်အစိုးရ အနေဖြင့် လက်လွတ် ဆုံးရှုံးခဲ့ရသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။
မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ဇူလိုင် (၃) ရက်နှင့် (၄) ရက် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းခဲ့သည်ကို နအ ဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မခံဘဲ ငြင်းပယ်ခဲ့သည့် အတွက် မစ္စတာ ဘန်ကီမွန်းက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည့်အတွက် အလွန် စိတ်ပျက် မိကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်အား တွေ့ဆုံခွင့် မပေးခြင်းသည် မှားယွင်းသည်ဟု ၎င်းအနေဖြင့် ယူဆကြောင်း ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန် ထွန်းက ခေတ်ပြိုင်သို့ ပြောသည်။
၎င်းက “အမှန်က ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဆိုတာ ကမ္ဘာ့နိုင်ငံပေါင်း မြောက်မြားစွာက ထောက်ခံ တင်ပြထားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ ဒါကြောင့် တကယ်ကို တွေ့သင့် တွေ့အပ်တဲ့၊ တကယ်လည်း တွေ့ခွင့် ပေးသင့်တဲ့ ကိစ္စလို့ ယူဆပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မပေးဘူးဆိုတဲ့ လုပ်ရပ်ဟာ တင်းမာလွန်းတဲ့သဘော သက်ရောက်သွားတဲ့ အတွက် တိုင်းပြည် အတွက်ရော၊ ခေါင်းဆောင် တယောက် အနေနဲ့ရော ကမ္ဘာက အထင်မြင်သေးစရာ တခုလို့ ယူဆမိပါတယ်” ဟု ပြောသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း သူ့အနေဖြင့် သူ့တာဝန်သူ ထမ်းဆောင်သည့် သဘော သက်ရောက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နအဖက တွေ့ခွင့် မပေးသည့်အတွက် ကျန်သည့် တွေ့ဆုံဆွေးနွေး ရေးကိစ္စ၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေး ကိစ္စတို့တွင် စစ်အစိုးရ အနေဖြင့် ပိုမိုတင်းမာလာမည့် သဘောမျိုး ရှိမည်ဟုလည်း သခင်ချန်ထွန်းက ပြောသည်။
မစ္စတာဘန်ကီမွန်းကမူ နအဖစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် မပေးသည်မှ လွဲ၍ ကျန်သည့် အဆိုပြုချက်များကို အလေးအနက် ထားပြီး စဉ်းစားနေသည်ဟု ယူဆကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာအစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို အများက လက်ခံနိုင်ရန် လုပ်ဆောင်လိုသည့် ဆန္ဒ ရှိကြောင်း ပြသရန် အရေးကြီးကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ထည့်သွင်း ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ အမျိုးသား ရင်ကြားစေ့ရေး အတွက် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန်နှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေရန် တို့အတွက် မစ္စတာ ဘန်ကီမွန်းက ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံရာတွင် တိုက်တွန်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲ ကို တရားမျှတမှု ရှိစေပါမည်ဟု ကတိပေးခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးက ယင်းသို့ ကတိပေးခဲ့သော်လည်း နအဖ ပြုလုပ်မည့် ရွေးကောက်ပွဲသည့် ဓားမိုးပြီး လုပ်သည့် ရွေးကောက်ပွဲမျိုး ဖြစ်နိုင်ခြေ များနေသည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ (အန်စီဂျီယူဘီ) ၏ ကုလသမဂ္ဂဆိုင်ရာတာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောသည်။
၎င်းက “ရွေးကောက်ပွဲမတိုင်ခင်မှာကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ လျော်ညီတဲ့ နိုင်ငံရေး ၀န်းကျင် ဖန်တီးပေး ရမယ်။ ပါတီ အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်တွေ၊ ပြောဆို ဆွေးနွေးခွင့်တွေ၊ မဲဆွယ်ခွင့်တွေ နိုင်ငံရေး အကျဉ်းသား (၂,၀၀၀) ကျော်က ထောင်ထဲမှာ ရှိနေပြီးတော့ အရေးကြီးတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ထောင်ထဲမှာ ရှိနေရင် ရွေးကောက်ပွဲ အနေနဲ့ အင်အားစု အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲမျိုး မဖြစ်နိုင်ဘူး” ဟု ပြောသည်။
ကုလသမဂ္ဂအကြီးအကဲအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သဘောထား အကြံပြုချက် များကို ပွင့်ပွင့် လင်းလင်း ပြောသွားပြီးသည့်နောက် စစ်အစိုးရဘက်မှ အမှန်တရားကို ရှုမြင်ပြီး တုံ့ပြန်ရန်သာ လိုအပ်သည်ဟု ဒေါက်တာသောင်းထွန်းက ပြောသည်။
“ဒါပေမယ့် အခု ဘန်ကီမွန်းရဲ့ခရီးစဉ်မှာတော့ တိတိကျကျ ရလဒ် မရရုံတင် မကဘူး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကုလသမဂ္ဂရဲ့ ကြားဝင် ဖျန်ဖြေမှုကို သိပ်ပြီး အလေးမထားဘူး။ နောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တကယ် ဖော်ဆောင်ချင်တဲ့ နိုင်ငံရေး အာသီသ မရှိဘူးဆိုတာ ပြနေတယ်။ နောက် ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ နိုင်ငံတကာရဲ့ သဘောထားကိုလည်း ငြင်းပယ်တဲ့ သဘောရှိတယ်” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် စည်းနှောင်မှု ရှိသည့် ဆုံးဖြတ်ချက် တခု ချမှတ်ရန် လိုအပ်နေပြီး ကောင်စီ အနေဖြင့် တစုံတရာ တုံ့ပြန်မှု ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။
Ref: ခေတ်ပြိုင်
Tuesday, July 7, 2009
မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံရေး အခွင့်အလမ်းများ ဆုံးရှုံးဟု ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်း ပြောကြား
နေ့စဉ်သတင်းများ (၆ - ၇- ၀၉)
■ တရုတ်နိုင်ငံ ရှင်ကျန်ပဋိပက္ခ လူ (၁၄၀) ကျော် သေဆုံး သတင်း
■ A (H1N1) တုပ်ကွေးပိုး ကူးစက်ခံရသူ ထိုင်းမှာ (၂၂၇၂) ဦး ရှိပြီ သတင်း
■ သွေးလွန်တုပ်ကွေးလူနာများ ဆေးရုံမဆန့်အောင် များပြားနေ သတင်း
■ မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ထိုင်းအစိုးရ တောင်းဆို သတင်း
■ သံဃာများက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ရွှေတိဂုံမှာ ဆုတောင်း သတင်း
■ သံဃာတော်များဦးဆောင်၍ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲပြုလုပ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မြို့ရွာများမှာ ဆုတောင်း သတင်း
■ စစ်အာဏာရှင် ဆက်လက်ဆန့်ကျင်ရေး တိုက်ပွဲခေါ်သံ ထုတ်ပြန် သတင်း
■ မြန်မာ့အရေး ဘန်ကီမွန်းဆောင်ရွက်မှုအတိုင်းအတာ ကုန်ဆုံးပြီ ဝေဖန် သတင်း
■ ဘန်ကီမွန်းမိန့်ခွန်း စစ်အစိုးရမီဒီယာတွင် မဖော်ပြ သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေရချိန်မှာ ဘန်ကီမွန်းနဲ့တွေ့ပေးဖို့ မဖြစ်နိုင်ဟု စစ်အစိုးရအကြောင်းပြ သတင်း
■ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း မြင်းခြံခရိုင်အတွင်း စည်းရုံးရေးဆင်း သတင်း
■ ဓမ္မစကြာအခါတော်နေ့ အိန္ဒိယနဲ့ ထိုင်းမှာလည်း ကျင်းပ သတင်း
■ ထိုင်းနိုင်ငံမှ ဆားတင်သွင်းမှု နည်းပါးလာ သတင်း
■ စစ်တပ်အရာရှိ လက်ထပ်ပွဲအတွက် အရပ်သားများထံမှ လက်ဖွဲ့ငွေများ သတ်မှတ်ကောက်ခံ သတင်း
■ မြန်မာအစိုးရအာဏာပိုင်မှ လယ်သမားများကို အသေးစားချေးငွေ ထုတ်ယူရန် ပိုမိုတိုက်တွန်း သတင်း
■ ကျောင်းသားများသဖြင့် မိဘမဲ့ကျောင်း လက်ခံရန် ခက်ခဲ သတင်း
■ ကျောင်းသားသမဂ္ဂ မရှိသဖြင့် ဆုံးရှုံးမှုများစွာ ရင်ဆိုင်ခဲ့ရ သတင်း
■ မော်စကိုထိပ်သီးညီလာခံ ထူးခြားတဲ့တိုးတက်မှုတွေရှိဖို့ အိုဘားမားမျှော်လင့် သတင်း
■ မြောက်ကိုရီးယားသင်္ဘော လှည့်ပြန်မှုအပေါ် အမေရိကန်ရေတပ် အကြီးအကဲ ကြိုဆို သတင်း
■ ဖြုတ်ချခံ ဟွန်ဒူးရပ်စ်သမ္မတ ပြည်တော်ပြန်ခွင့်မရ သတင်း
■ ဟွန်ဒူးရပ်စ်ကို အမေရိကတိုက်နိုင်ငံများ အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်း သတင်း
■ မြန်မာနေရှင်နယ်လိဂ်ဖလားပွဲ ရတနာပုံ FC ဗိုလ်စွဲ သတင်း
■ ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည် သတင်း
■ ရန်ကုန်တွင် ဘန်ကီမွန်း သတင်းစာရှင်းလင်းပွဲလုပ်၊ ပြည်တွင်းမီဒီယာများ မေးမြန်းခွင့်မရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး နှင်းဆီပန်းဝေသူ အဖွဲ့ချုပ်ဝင် (၂) ဦး ခေါ်မေးခံရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်၏ သက်သေ ဒေါ်ခင်မိုးမိုးကို မစစ်ဖြစ်ဘဲ နောက်တပတ်ထပ်ချိန်း သတင်း
စစ်အာဏာရှင်နှင့် ဆဲဗင်းဂျူလိုင်
မြန်မာ့သမိုင်းမှာ ကျောင်းသား သမဂ္ဂတွေရဲ့ တိုက်ပွဲတွေဟာ ပညာရေးရည်မှန်းချက်၊ မျိုးသားရေး လွတ်မြောက်ရေး ဒီမိုကရေစီ ရည်မှန်းချက် စသဖြင့် အမျိုးမျိုး ရှိခဲ့ပါသည်။ ၁၉၂၀ သပိတ်၊ ၁၉၃၅-၃၆ သပိတ်၊ ၁၉၃၈ ခုနှစ်တွင် အမျိုးသား လွတ်မြောက်ရေးကို တောင်းဆိုတဲ့ ပြည်လုံးကျွတ် အထွေထွေ သပိတ်ရဲ့ အစိတ်အပိုင်း ဖြစ်သည်။
၁၉၆၂ခုနှစ် မတ်လ (၂) ရက် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီက မေလ (၉) ရက်နေ့မှာ တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းတဲ့ အမိန့်ကို ထုတ်ပြန်လိုက်ပြီး တော်လှန်ရေး ကောင်စီက တက္ကသိုလ် အုပ်ချုပ်ရေး တာဝန်အားလုံးကို ချုပ်ကိုင်လိုက်ပါတယ်။ မေလ (၁၀)ရက်နေ့မှာ ဦးနေ၀င်းက တက္ကသိုလ် ကောင်စီဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။ တက္ကသိုလ် အက်ဥပဒေအရ မဲပေးခြင်းစနစ်ကို ဖျက်သိမ်းလိုက်ပြီလို့ နဲ့ ရွေးချယ်ခန့်ထားတဲ့ ပါမောက္ခ ဦးကာကို ပေါမောက္ခချုပ် အဖြစ် တချက်လွှတ် အမိန့်နဲ့ ခန့်လိုက်တယ်။ အဲဒီအချိန်ကစပြီး တက္ကသိုလ် ကျောင်းသားတွေနဲ့ ဆရာတွေကို ချုပ်ချယ်တဲ့ ဥပဒေစည်းမျဉ်းသစ် ဆိုတာတွေကို တခုပြီး တခု ထုတ်ပြန်လာတယ်။
တက္ကသိုလ်ကျောင်းဆောင်တွေကိုည(၈)နာရီမှာ သော့ခတ် ပိတ်မည် ဆိုသည့်အမိန့် ထွက်လာသည့်အခါ ကျောင်းသားတွေ အနေနဲ့ ကန့်ကွက် ဆန့်ကျင်မှုတွေကို စရတော့သည်။ ဂျူလိုင်လ (၇)ရက်နေ့ (၁)နာရီချိန်မှာ တကသ ဥက္ကဌ ကိုဗဆွေလေး လက်မှတ်နဲ့ ကြေငြာ ဖိတ်ခေါ်ထားတဲ့ ကျောင်းသားထု အစည်းဝေးစတယ်။ ပညာရေး တောင်းဆိုချက်၊ ဒီမိုကရေစီရေးတောင်းဆိုချက်တွေ ဆုံးဖြတ်ပြီး တက္ကသိုလ် ၀န်းထဲမှာ လှည့်လည် ဆန္ဒပြကြပါတယ်။ မွန်းလွဲ သုံးနာရီကျော်လောက်မှာ ဆန္ဒပြပွဲပြီးလို့ လူစုခွဲကာ အေးအေးဆေးဆေး ရှိနေပြီးမှ တော်လှန်ရေး ကောင်စီတွေက ရဲတပ်ဖွဲဝင်တွေကို စေလွှတ်ပြီး ကျောင်းသားတွေကို ဖမ်းရာမှ စပြီး တဖက်နဲ့ တဖက် ရင်ဆိုင် တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။ ကျောင်းသားတွေက အနာခံပြီး သတ္တိရှိရှိ ရင်ဆိုင်တိုက်ကြလို့ ရဲတွေ နောက်ဆုတ်ကြရတယ်။
ရဲတွေနေရာမှာ စစ်သားတွေ ရောက်လာတယ်။ ဒုတိယဗိုလ်မှုးကြီး စိန်လွင်က ဦးဆောင်တယ်။ ၅ နာရီခွဲလောက်မှာ အထက်အမိန့်ကို ရရှိတဲ့ စိန်လွင်က ပစ်မိန့်ပေးလို့ စစ်သားတွေနဲ့ လက်တကမ်း လောက်အကွာမှာ ရှိနေတဲ့ ကျောင်းသား ထောင်ပေါင်းများစွာကို G3 သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ကြလို့ ၁၅၀ ကျော်ကျော်လောက် ကျဆုံးခဲ့ရတယ်။ နောက်နေ့မနက် ၅နာရီခွဲ လောက်မှာ တကသ အဆောက်အအုံကို မိုင်းခွဲဖျက်စီးပစ်ကြတယ်။
ဦးနေ၀င်းကတော့ ဇူလိုင်(၇)ရက် အရေးအခင်းကို ဖြေရှင်းခဲ့တာဟာ ကျုပ်အမှား မဟုတ်ဘူး၊ ဗိုလ်အောင်ကြီးရဲ့ အမှားသာ ဖြစ်တယ်လို့ (၁၉၈၈)ခုနှစ် ဇူလိုင်(၂၃)ရက်နေ့ ကျိုက္ကဆံ ညီလာခံ မိန့်ခွန်းမှာ ရှောင်ထွက်ဖို့ ကြိုးစားပြီးတဲ့နောက် ဦးအောင်ကြီးကလည်း သူ့တာဝန် မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြန်ပါတယ်။
ထို့ကြောင့်စစ်အာဏာရှင်တွေအနေနဲ့ အဖြစ်မှန်ကို ဖုံးဖိထားပြီး အမှားတွေ ကျူးလွန်ကြတာ ဒီနေ့အထိ အတောမသတ်ကြ သေးပါဘူး။
ဒီနှစ်မှာဆိုရင် ဇူလိုင်လ(၇)ရက် ဖြစ်ပွားခဲ့တာ (၄၇)နှစ် ရှိသွားပါပြီ အဲဒီ အရေးအခင်းတုန်းက တက္ကသိုလ်မှာ အငယ်ဆုံး ကျောင်းသားတွေဟာ အသက်(၁၆)နှစ် ရှိခဲ့တာမို့ အခုအချိန်မှာ အသက်(၆၃)နှစ် ရှိနေကြပါပြီ။
ခုထိဘာတွေမှားခဲ့သလဲ ဘာလုပ်ရပ်တွေဟာ အလွန်အကျွံလဲ၊ သေဆုံးသူ အရေအတွက်တွေက အမှန်တကယ် ဘယ်လောက် ရှိခဲ့သလဲ၊ သေဆုံးသူ စာရင်းထဲမှာ မထည့်သွင်း မကြေညာဘဲ ထားတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ မိဘဆွေမျိုး ညီအစ်ကို မောင်နှမ တူ၊ တူမတွေဟာ မိမိတို့ရဲ့ သားသမီး အကို၊အမတွေ ရန်ကုန် တက္ကသိုလ် ၀န်းထဲကနေ ဘယ်ကို ရောက်သွားသလဲ ဘယ်နည်းနဲ့ ပျောက်ဆုံးသွားသလဲ ခုထိ မသိကြသေးပါ။ ဒီအဖြစ်အပျက်တွေကို သင်္ခန်းစာယူပြီး နောက်နောင် ဒါမျိုး မဖြစ်ပွားအောင် ဘယ်လို ထိန်းသိမ်းကြမလည်း ဆိုသည့် ကောက်ချက်မျိုး မရှိသေးပါဘူးး။
ထို့ကြောင့်ကျောင်းသားတွေရဲ့သမိုင်းတွေအဖြစ်မှန်တွေကို မမေ့ မပျောက်ကွယ်သွားအောင် အမှန်တရားတွေကို ဖော်ထုတ်ဖို့ရာ ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်နေဆဲ ဖြစ်ကြသောသူတွေအတွက် သမိုင်းတာဝန် ကျေပြွန်စေဖို့ရာ အနာဂတ် မျိုးဆက်သစ် လူငယ်များရဲ့ တာဝန်ဖြစ်သာ ဖြစ်တယ်။
ပြည့်စုံ
Monday, July 6, 2009
နေ့စဉ်သတင်းများ (၅- ၇- ၀၉)
■ လွိုင်ကော်မြို့ လောင်းကစားဝိုင်းများကြောင့် ဒေသခံများ အကျင့်ပျက် သတင်း
■ ဂန္ဒီခန်းမ အစည်းအဝေး (မှတ်စုမှတ်တမ်း)
■ ဒေါ်စုနဲ့ မတွေ့ရဘဲ ဘန်ကီမွန်း မြန်မာပြည်ကနေ ပြန်ပြီ သတင်း
■ ဘင်္ဂလာ လက်ကိုင်ဖုံး စစ်ဆင်ရေး ဝန်ထမ်းများဆီသို့ ဦးလှည့် သတင်း
■ အမ်းအနီး ခရီးသည်တင် ဘတ်စ်ကား တိမ်းမှောက်
တဦးသေ အများအပြား ဒဏ်ရာရ သတင်း
Sunday, July 5, 2009
နေ့စဉ်သတင်းများ (၄- ၇- ၀၉)
■ ဘန်ကီမွန်းခရီးစဉ် ထူးခြားတဲ့အောင်မြင်မှု မရှိ သတင်း
■ မြန်မာခရီးစဉ် ဘန်ကီမွန်း စိတ်ပျက် သတင်း
■ ကုလအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ငြင်းပယ်ခံရ (ဗွီဒီယိုအထူးသတင်း)
■ မစ္စတာဘန်ကီမွန်းခရီးစဉ်အပေါ် သူတို့အမြင် သတင်း
■ မစ္စတာဘန်ကီမွန်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ထပ်မံတွေ့ဆုံမည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ရဘဲ ဘန်ကီမွန်း မြန်မာပြည်ကနေ ပြန်ခဲ့ရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ဘန်ကီမွန်းက စစ်ဗိုလ်ချုပ်များကို အပြစ်တင် သတင်း
■ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ခရီးစဉ် ပြီးဆုံး သတင်း
■ ၀ နှင့် မိုင်းလားဒေသသို့ တပ်မတော်အရာရှိများ သွားနေတော့မည်ဟု တြိဂံတိုင်းမှူး ပြော သတင်း
■ ပြီးခဲ့သည့်လက ထိုးစစ်တွင် သေဆုံး၊ ဒဏ်ရာရသူ DKBA ကရင် တပ်ဖွဲ့ဝင် (၂၅၀) ကျော်ရှိ သတင်း
■ ပဲခူးမှာ ကလေးသူငယ်များ သွေးလွန်တုပ်ကွေး ဖြစ်ပွား သတင်း
■ မြောက်ကိုရီးယား ရန်စမှုကို တောင်ကိုရီးယား တုံ့ပြန်ရန်အသင့် သတင်း
■ စိန်ခေါ်မှုတွေ အမေရိကန် ရင်ဆိုင်နေရဆဲ သတင်း
■ Weekly Eleven က RFA နှင့် မဇ္ဈိမကို တိုက်ခိုက် သတင်း
■ နာမည်ကျော် စာရေးဆရာမ လွန်းထားထား သမီး မွေးနေ့အတွက် ဆွမ်းကပ် သတင်း
Saturday, July 4, 2009
နေ့စဉ်သတင်းများ (၃- ၇- ၀၉)
■ ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ် တွေ့ခွင့်မရ၊ တွေ့ခွင့်ပေးရန် စစ်အစိုးရ ငြင်းဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရဘဲ ဘန်ကီမွန်း ပြန်ရတော့မည် (ဓာတ်ပုံသတင်း)
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ဘန်ကီမွန်း စောင့်နေဆဲ သတင်း
■ ဘန်ကီမွန်းက ဗိုလ်ချုပ်မှူးကြီးနှင့် ထပ်တွေ့မည် သတင်း
■ ကုလအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရ သတင်း
■ ဘန်ကီမွန်းခရီးစဉ် မြန်မာလူထု စိတ်ဝင်စား သတင်း
■ ဘန်ကီမွန်းခရီးစဉ် အကျိုးရလဒ်မရှိဟု လေ့လာသူများပြော သတင်း
■ ထိုင်းမှာ တုပ်ကွေးနဲ့သေတာ (၅) ယောက်ရှိပြီ သတင်း
■ တုပ်ကွေးသတင်းလိုက်သူ သတင်းထောက် ဆေးရုံပို့ခံရ သတင်း
■ အသက်မပြည့်သေးသည့် မိန်းကလေးကို အဓမ္မကျူးလွန်ပြီး လက်ထပ်ပေးရန် အာဏာပိုင်နှင့် ပူးပေါင်းလုပ် ဆောင်နေ သတင်း
■ ကလေးငယ်နှစ်ဦး စစ်တပ်ထဲရောက်နေကြောင်း ရပ်ကွက်လူကြီးက ပြောမှ မိဘများသိရ သတင်း
■ “အသံညီပြီး အလုပ်တူဖို့” အတွက် “အမြင်တူပြီး အတွေးညီကြပါစို့” (ဆောင်းပါး)
Friday, July 3, 2009
နအဖအတွက် တောခြောက်ပေးရာ ရောက်လိမ့်မယ်
ရဲဘော်ဖိုးသံချောင်း
၂ ဇူလိုင် ၂၀၀၉
မျက်မှောက်ဗမာပြည်နိုင်ငံရေးရဲ့ အဓိကဆုံချက်ဟာ နအဖ စစ်အစိုးရက အတင်း ချီတက် နေတဲ့ လမ်းပြမြေပုံ (၇) ချက်ကို ဆန့်ကျင်သူများနဲ့ ထောက်ခံသူများ အကြားက ပဋိပက္ခဆိုရင် မမှားပါဘူး။ ဒီဟာကို ထပ်ပြီး အသေးစိတ် ထောက်ပြရရင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို အကောင်းမြင်သူနဲ့ ဆန့်ကျင်သူတွေရဲ့ ပဋိပက္ခလို့ ပြောနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဖို့ ကြိုးပမ်းတာ၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်ကို သက်သေထွက်ခွင့် မပေးတာတို့က အစ လူတွေ တဖမ်းတည်း ဖမ်းနေတာ၊ ရယက ရုံးထဲမှာ သေအောင် ရိုက်တာ စတာတွေဟာ ဒီပဋိပက္ခရဲ့ ဖော်ပြချက်တွေ ဖြစ်ပါတယ်။ တပါတည်းမှာ ပြောသင့်တာက ဒီတလော ပေါ်ပေါက်လာနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အယူအဆ အမျိုးမျိုးပဲ ဖြစ်ပါတယ်။ ဒါတွေဟာလည်း အဲဒီပဋိပက္ခ ပတ်လည်က မုန်တိုင်း မဟုတ်တောင် လေပွေလေးတွေလို့ ဆိုနိုင်ပါတယ်။
ဒီကာလမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာတာ၊ အာရုံစိုက်ခံရတာ တခုက ဦးဝင်းတင် ပြောတဲ့ နိုင်ငံရေးသစ် ဆိုတာဖြစ်ပါတယ်။ ဦးဝင်းတင်က သူ့ရဲ့ နိုင်ငံရေးသစ် ဆိုတာကို အနက်ဖွင့်ရာမှာ “သူတို့ကတော့ ရွေးကောက်ပွဲ တင်းကုပ်ထဲကို ကျနော်တို့ကို ဆွဲခေါ်တော့မယ်။ မြက်ကျွေးလို့ပဲ ဖြစ်ဖြစ်၊ နဖားကြိုးဆွဲလို့ ဖြစ်ဖြစ် ဆွဲခေါ်တော့မယ်” လို့ အစချီခဲ့ပါတယ်။ ဒါပေမယ့် နအဖနဲ့ နီးစပ်တဲ့ “ပညာရှင်” တဦးကတော့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာမခံချက် မရှိဘူး။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အခြေခံဥပဒေ အာမခံချက် ရှိတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ဆိုပါတယ်။
ဦးဝင်းတင်က သူ့ရဲ့နိုင်ငံရေးသစ်အတွက် နိုင်ငံရေး အင်အားစုတွေ အသံညီဖို့ လိုတယ်လို့ပြောပါတယ်။ ဆိုလိုတာ ညီညွတ်ရေး၊ အတိုက်အခံတွေ ဘက်က ညီညွတ်ရေးရှိဖို့ လက်တွေ့ ကျတယ်လို့ သူထင်တဲ့ နည်းလမ်းတခုကို တင်ပြလိုက်တာ ဖြစ်ပါတယ်။
ဦးဝင်းတင်က လူတွေကို မကြောက်တရားနဲ့ စွန့်လွှတ်မှု ရှိကြဖို့ လှုံ့ဆော်ပါတယ်။ ဒါပေမယ့် စောစောက ပြောခဲ့တဲ့ “ပညာရှင်” ကတော့ ရွေးကောက်ပွဲ ဝင်ခိုင်းရုံမက ရွေးကောက်ပွဲ အပြီးမှာ အသစ်တက်လာတဲ့ နအဖရဲ့ စစ်အုပ်စု ချုပ်ကိုင်မှုအောက်က အစိုးရက နိုင်ငံရေး လှုပ်ရှားမှုတွေကို ဖိနှိပ်တာ၊ အန္တရာယ်ပေးတာတွေ လုပ်လာရင် ဒါဟာ “အသစ်ဖြစ်လာတဲ့ နိုင်ငံရေးစနစ်က ခွင့်မပြုတာ မဟုတ်ဘဲ အုပ်ချုပ်ရေး ယန္တရားရဲ့ အသွင် ကူးပြောင်းရေး မပီပြင် သေးတာပဲဖြစ်မယ်” ဆိုပြီး ရွေးကောက်ပွဲလွန် ဖိနှိပ်မှုတွေ အတွက်တောင် ကြိုတင် ရှေ့နေ လိုက်ပေးလိုက် ပါသေးတယ်။ တနည်းပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရကိုပဲ အချိန်မရွေး အာဏာသိမ်းခွင့် ရှိနေမယ့် နောင်တက်လာမယ့် အစိုးရကို ထင်ရာစိုင်းခွင့် ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင်ဒီ “ပညာရှင်” ဟာ အဲဒီအင်တာဗျူးမှာ “နိုင်ငံရေးကို အန္တရာယ် ကင်းကင်းနဲ့ ကိုယ်က လုပ်ချင်တယ် ဆိုခဲ့ရင်၊ ဒါကို လုပ်မယ်ရည်စူးရင် သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းကို သာမန်အားဖြင့် အသိပေးရန် မလိုသော်လည်းပဲ အခုအချိန်မှာ trust (ယုံကြည်မှု) တည်ဆောက်တဲ့ အနေနဲ့ အသိပေးလိုက်ခြင်း အားဖြင့် သူတို့ အနေနဲ့လည်းပဲ အသွင် ကူးပြောင်းရေးကို အလွယ်တကူ ကူးပြောင်းလို့ ရမယ်” လို့ ပြောပါသေးတယ်။ ဒါဟာ အဏာပိုင်တွေ ကိုယ်တိုင်ကတောင် မတောင်းဆိုဘဲနဲ့ ကိုယ်ကသွားပြီး သွားဖြီးလေးနဲ့ မျက်နှာချိုသွေးဖို့ ပြောသလို ဖြစ်နေပါတယ်။ နောက်ပြီး ပိုအရေးကြီးတာက စစ်အစိုးရ ဘက်က ဒီနေ့အထိ ယုံကြည်မှု တည်ဆောက်တဲ့ လက္ခဏာ ဘာတခုမှ မပြသေးဘူး ဆိုတဲ့ အချက်ကို ဒီ “ပညာရှင်” တွေ ဘာမှ မပြောကြဘဲ တခြားနိုင်ငံရေး အင်အားစုတွေက စစ်အစိုးရ ယုံကြည်အောင် လုပ်ပြရမယ်လို့ တောင်းဆို နေပါတယ်။ စစ်အစိုးရက ယုံအောင် လုပ်ရမယ်ဆိုတာ ဘာလုပ်ရမှာလဲ။ စစ်အစိုးရကို၊ စစ်အာဏာရှင် စနစ်ကို မဆန့်ကျင်ပါကြောင်း ယုံကြည်အောင် လုပ်ရမှာလား။
သူရဲ့ဒီစကားကိုလည်း ဆက်နားထောင်ကြည့်ပါ။ “ထိုင်းနိုင်ငံမှာ ထိုင်းတပ်မတော်က ဝင်ရောက် စွက်ဖက်တာဟာ အာဏာ သိမ်းတာမဟုတ်ဘူး၊ အာဏာဖြုတ်တာပဲ။ - - - - ဒါဟာ ထိုင်းစစ်တပ်ရဲ့ ရင့်ကျက်မှုကို ဖော်ပြတာပဲ” တဲ့။ ဒီလိုဆိုလိုက်တာဟာ နောင်ဗမာပြည် နိုင်ငံရေးမှာ စစ်တပ်က ဘာမဆို ဝင်လုပ်နိုင်တယ်။ အာဏာ သိမ်းတာလောက်ကတော့ ထမင်းစား ရေသောက်ပဲလို့ စစ်တပ်လုပ်သမျှ ထောက်ခံဖို့ လမ်းခင်းထားတာ မဟုတ်လို့ ဘာများ ဖြစ်ရအုန်းမှာလဲ။
သူနဲ့ တချိန်တည်းလိုလိုပြောခဲ့တဲ့ တခြား “ပညာရှင်” တယောက်နဲ့ သူတို့ချင်း အပြောတူ နေကြတဲ့ အချက် တခုလည်း တွေ့ရပါတယ်။ အဲဒါကတော့ ဗမာပြည် ပြည်သူ လူထုဟာ အသိပညာ နိမ့်ကျသေးတယ်။ ဒါကြောင့် ပညာပေးဖို့ လိုသေးတယ်။ နောက်ပြီး အဲဒီလို အသိပညာတွေ ရှိမှပဲ ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန် မဲပေးနိုင်မယ်၊ လူရွေးချယ်နိုင်မယ် ဆိုတာပါပဲ။ သူတို့က ပြည်သူ လူထုဟာ သူတို့ရွေးချယ်မယ့် ပါတီ ဒါမှမဟုတ် ကိုယ်စားလှယ်၊ ဒါမှမဟုတ် ခေါင်းဆောင်ကို သူ့ပေါ်လစီ ဝါဒတွေကို သေချာ လေ့လာ နားလည်ပြီး မဲပေးတာမျိုး ဖြစ်သင့်တယ်လို့ ဆိုပါတယ်။
ဟုတ်ပါတယ်။ ပညာလို-အိုသည်မရှိ ဆိုသလို လူတိုင်း တသက်လုံး ပညာကို ဆည်းပူး နေရမှာပါ။ ဒါပေမယ့် ဒီနေ့ ဗမာပြည်မှာ ကြုံတွေ့နေရတဲ့ အနေအထားမှာ မေးစရာ ဖြစ်လာတာက ပြည်သူလူထုဟာ ပညာရေချိန် နိမ့်ကျကြလို့ ဒီအာဏာရှင်တွေကို မင်းမြှောက် ထားတာလား။ ၁၉၉ဝ ပြည့်နှစ်တုန်းက ပြည်သူ လူထုဟာ အသိရေချိန် နိမ့်ကျလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲတွေ ပုံအော ထည့်ခဲ့ကြတာလား။ ဒီနေ့ အခြေအနေမှာ အမှားအမှန် မခွဲနိုင်တာ၊ လူဆိုးလူကောင်း မခွဲနိုင်တာဟာ ပြည်သူလူထုလား အဲဒီ “ပညာရှင်” လို လူတွေလား ဆိုတာပါပဲ။ ဗမာပြည်လို အင်မတန် ရက်ရက်စက်စက် အဖိနှိပ်ခံနေရတဲ့ နိုင်ငံမှာ ပြည်သူလူထုရဲ့ အသိဆိုတာ အသည်းနှလုံး ကတဆင့် လာတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါဟာ ပညာရှင်တွေပေးမယ့် အသိထက် အများကြီး လေးနက်ပါတယ်။
နောက်မေးစရာ တခုကလည်း အင်မတန် ဒီမိုကရေစီ ထွန်းကားပါတယ် ဆိုဆို၊ လူနေမှု အဆင့်အတန်း မြင့်ပါတယ်ပဲ ပြောပြော အမေရိကန်၊ အင်္ဂလန် စတဲ့ နိုင်ငံတွေမှာရော မဲပေးသူတိုင်းဟာ ပေါ်လစီတွေ၊ လုပ်ငန်းစဉ်တွေကို ဖတ်ပြီး၊ လေ့လာပြီးမှ ပေးတယ်လို့ ဆိုချင်တာလား။ အဲဒီနိုင်ငံက သာမန်လူတွေမှာ နိုင်ငံရေး ဗဟုသုတ၊ နိုင်ငံရေး ပထဝီအသိ စတာတွေကို စိတ်မဝင်စား၊ မလေ့လာလို့ ဘာမှမသိသူတွေ အများကြီးဆိုတာ မကြားဖူး လေရော့သလား။ အိုဘားမား ရရှိခဲ့တဲ့ လူမည်းတွေရဲ့ မဲတွေထဲမှာ လူမည်းမို့ ပေးတဲ့ မဲဟာ ရာခိုင်နှုန်း မနည်းဘူးဆိုတာ မမေ့သင့်ပါဘူး။
ဗမာပြည်သားတွေဟာ ကနေ့ပညာရေးရေချိန်ထက် နိမ့်ကျတဲ့ ရေချိန်နဲ့ အင်္ဂလိပ်ကိုလိုနီကို တွန်းလှန်ခဲ့ကြ၊ ဂျပန်ဖက်ဆစ်ကို တွန်းလှန် ခဲ့ကြတာပါ။ အင်္ဂလိပ် အလိုတောရိ ဆိုတာတွေဟာ စာတလုံးမှ မတတ်တဲ့ လယ်သမားတွေ မဟုတ်ခဲ့ပါဘူး။ ပညာတတ် တွေထဲက ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူလူထုကို အသိရေချိန် မြင့်စေချင်ရင် ပြည်သူလူထုရဲ့ စီးပွားရေး အဆင့်အတန်း၊ ဝင်ငွေအဆင့်အတန်း စတာတွေကို မြင့်အောင် အရင်လုပ်ဖို့ လိုတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီနအဖ စစ်အစိုးရ လက်အောက်မှာ လူတွေ ကြာလေ ဆင်းရဲလေ ဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းဖို့ မပြောဘဲ ပညာရည် နိမ့်ကျတယ် ဆိုတာချည်း ပြောနေတာဟာ ဘာကြောင့်လဲဆိုတာ ရှင်းနေပါတယ်။
ဒီနှစ်ဦးအပြင် အခုတလောမှာ ဖတ်ရကြားရတဲ့ ပြောကြားနည်း တခုက ပြည်သူ လူထုကို မကြောက်အောင်၊ သတ္တိ ရှိအောင် လုပ်ပေးရေး ဆိုတာပါပဲ။ အဲဒီလို အမြင်နဲ့ ပြောင်းပြန် လူထုကိုစိန်ဝင်းလို ပုဂ္ဂိုလ်ကတော့ ကြောက်နေတာ၊ ကြောင်နေတာဟာ ပြည်သူတွေ မဟုတ်ဘူး၊ (တချို့) နိုင်ငံရေး ခေါင်းဆောင်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဦးဝင်းတင်ပြောတဲ့ “စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊” ဆိုတဲ့စကားဟာ မခံမရပ်နိုင် ဖြစ်နေတဲ့ လူထုကြီးကို စိတ်နောက်ကိုယ်ပါ မလုပ်မိဖို့ သတိပေးနေတာ ဖြစ်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုကြီးတွေ ဆိုတာဟာ နိုင်ငံရေး ပါတီတွေ၊ ခေါင်းဆောင်တွေက လှုံ့ဆော် စတင်ပြီး ပြည်သူလူထုက နောက်က လိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ပြည်သူလူထု ထွက်လာတော့မှ နောက်ကလိုက်မယ်၊ ဒါမှမဟုတ် ရှေ့မှာ ဝင်ခေါင်းဆောင်မယ် ဆိုရင်တော့ ဘယ်လိုပါတီ၊ ဘယ်လိုခေါင်းဆောင်လဲ စဉ်းစားစရာ ဖြစ်ပါတယ်။
ရှင်းနေတာကတော့ ဗမာပြည်ရဲ့ ဒီသမိုင်းအကွေ့မှာ ဘယ်သူနဲ့ လက်တွဲ ချီတက်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ပြည်သူနဲ့ လက်တွဲ ချီတက်မယ့်လူက ပြောနည်းနဲ့ နအဖ စစ်အုပ်စုနဲ့ လက်တွဲ ချီတက်မယ့်လူက ပြောနည်း ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ဦးဝင်းတင် ပြောသလို ရွေးကောက်ပွဲ တင်းကုပ်ထဲကို မြက်ကျွေးလို့ပဲ ဖြစ်ဖြစ်၊ နဖားကြိုး ဆွဲလို့ပဲ ဖြစ်ဖြစ် အတင်း ခေါ်သွင်းပြီဆိုရင် ဒီရွေးကောက်ပွဲနဲ့ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချီးမွမ်းခန်း ဖွင့်နေသူတွေဟာ လူထုကို အဲဒီတင်းကုပ်ထဲ ရောက်သွားအောင် နအဖအတွက် တောခြောက် ပေးနေတယ်လို့ ဆိုရမှာပါ။
Ref: ခေတ်ပြိုင်
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄) နှစ်၂ဝ ပြည့် အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးစိုင်းလင်း၏ ပြောကြားချက်
၂ဝဝ၉ ခုနှစ်၊ ဇွန် (၃ဝ)ရက်
လေးစားအပ်ပါသော-
ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၊ ဧည့်သည်တော်များ၊ မိဘပြည်သူများ၊ မိတ်ဆွေများ၊ ရဲဘော်များ ခင်ဗျာ။
အားလုံး မင်္ဂလာပါ။ ဒီကနေ့ဟာ ကျွန်တော်တို့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄)ရဲ့ နှစ် ၂ဝ ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီအထိမ်းအမှတ် အခမ်းအနားကို အားလုံး သိုက်သိုက် ဝန်းဝန်း တက်ရောက် လာကြလို့ ကြွရောက်ချီးမြှင့်သူ အပေါင်းကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ကျေးဇူး တင်ပါကြောင်းနဲ့ ဒေသခံများ၊ တပ်မှူး တပ်သားများ အားလုံးကို လေးစားပါကြောင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီကိုယ်စား ရှေးဦးပထမ ဖော်ပြအပ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ က နိုင်ငံတော်အစိုးရဟာ ဒီကနေ့ နေ့စွဲနဲ့ ကျွန်တော်တို့ ဒေသကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄) အဖြစ် တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ကို ကျွန်တော်တို့အဖို့ နိုင်ငံတော်ရဲ့ ရင်ခွင်ထဲ ဝင်ရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စတင် ဆောင်ရွက်တဲ့ နေ့မြတ်အဖြစ် အခမ်းအနား ကျင်းပ ပြုလုပ်လေ့ ရှိပါတယ်။
ဒီနှစ်ပေါင်း ၂ဝ ကာလအတွင်း နိုင်ငံတော်အစိုးရရဲ့ ဦးဆောင် လမ်းညွှန်မှု အောက်မှာ ကျွန်တော်တို့ ဒေသဟာ '' ဒို့တာဝန်အရေးသုံးပါး '' ကို ဦးထိပ်ထားပြီး ဒေသ အေးချမ်း သာယာရေး၊ ရပ်ရွာ ဖွံ့ဖြိုး တိုးတက်ရေး၊ လူနေမှုဘဝ အဆင့်အတန်း မြင့်မားရေး၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းပြီး အစားထိုး ဖွံ့ဖြိုးရေးတွေ ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့ အတွက် ဂုဏ်ယူဖွယ် အကျိုးရလဒ်များ ပေါ်ထွန်း ခဲ့ပါတယ်။ အတိတ်က ခေတ်နောက်ကျခဲ့၊ ဆင်းရဲ နွမ်းပါးခဲ့တဲ့ အနေအထားနဲ့ ယှဉ်ပြီး ဒီနှစ်ပေါင်း ၂ဝ အတွင်း တိုးတက် ပြောင်းလဲမှုအပေါ် ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသား တိုင်း ရင်ထဲမှာ ဝမ်းသာပီတိ ဖြစ်ကြရပါတယ်။ ဒါကြောင့် ဒီအခါ သမယမှာ ကျွန်တော်တို့ ဒေသကို စေ တနာမှန်ဖြင့် စောင့်ရှောက်ခဲ့တဲ့ တပ်မတော် အစိုးရကို လည်းကောင်း၊ စာနာစိတ်ဖြင့် ကူညီ ပံ့ပိုးမှု ပြုခဲ့ကြတဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ဒါ့အပြင် HU ၊ MALTESER အဖွဲ့များ အပါအဝင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနဲ့ အဘက်ဘက်က မိတ်ဆွေများကို လည်းကောင်း ကျေးဇူး အထူးတင်ရှိပါကြောင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီကိုယ်စား၊ ဒေသခံ တိုင်းရင်းသားထု ကိုယ်စား ပြောကြား အပ်ပါတယ်။
နှစ်ပေါင်း ၂ဝ အတွင်း ပြောင်းလဲ တိုးတက်လာမှုကို ပြန်ပြောင်း သုံးသပ်ကြည့်မယ် ဆိုရင် -
၁။ ၁၉၈၉ ခုနှစ်ဝန်းကျင်က ကျွန်တော်တို့ ဒေသရဲ့ စားနပ်ရိက္ခာ အတော် များများကို ပြင်ပကနေ ဝယ်ယူရပါတယ်။ ဒေသခံ ၉ဝ% ကျော်ဟာ တောင်သူ လယ်သမားများ ဖြစ်ကြပြီး စိုက်ပျိုးမှု စနစ် ခေတ်နောက်ကျလို့ ဆင်းရဲနွမ်းပါး ကြပါတယ်။ အထူးသဖြင့် တောင်ပေါ်ဒေသနဲ့ ကုန်းစောင်းဒေသ တွေမှာ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း စိုက်ပျိုး လုပ်ကိုင်သော်လည်း နှစ်ဝက်စာသာ ဖူလုံတဲ့ ရိက္ခာကိုသာ ရရှိပါတယ်။
အဲဒီတုန်းကဒေသခံတွေ ကိုယ့်ဝမ်းစာ ဖူလုံနိုင်ရေးဟာ ကျွန်တော်တို့ အတွက် အဓိက ထားရမယ့် တာဝန်တစ်ရပ် ဖြစ်နေပါတယ်။ အခု ဒေသ အေးချမ်း တည်ငြိမ်လာရုံမက ခေတ်မီ စိုက်ပျိုး ရေးစနစ်နဲ့ ထိတွေ့ခွင့်ရလို့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ တိုးတက် ဖြစ်ထွန်းလာပြီး ရိက္ခာ အထွက်နှုန်း တစ်နှစ်ထက် တစ်နှစ် ပိုလာပါတယ်။ ကျေးလက် လူထုဘဝ အဆင့်အတန်းလည်း တဖြည်းဖြည်း တိုးတက်လာပါတယ်။
၂ဝဝ၇ ခုနှစ်၊ နှစ်ကုန်ပိုင်း စာရင်းအရ ဒေသခံ တစ်ဦးချင်းရဲ့ ရိက္ခာ ပျှမ်းမျှအထွက် ဟာ ၇၉ဝ ကီလိုဂရမ် ရှိပြီး ပျှမ်းမျှ တစ်ဦးချင်း တစ်နှစ်ဝင်ငွေမှာ တစ်သိန်း ကိုးသောင်း ကိုးထောင်ကျပ် (ယွမ်ငွေ ၁၂၈၆) ရှိကြောင်း တွေ့ရပါတယ်။
အထူးသဖြင့် ၂ဝဝ၁ ခုနှစ်မှာတောင်ပေါ်နွမ်းပါးဒေသအချို့က စတင် ခဲ့ရာမှ ၂ဝဝ၆ ခုနှစ် မှာတော့ ဒေသတစ်ခုလုံး အပေါ် ကျင့်သုံးလျက်ရှိတဲ့ ကျေးလက် အခွန်အခ မျိုးစုံ ပလပ်မှု စနစ်ကြောင့် ဒေသခံထု တစ်ရပ်လုံး ငြိမ်းချမ်းဖွံ့ဖြိုးမှုရဲ့ အနှစ်သာရကို ပြည့်ဝစွာ ခံစားရပြီး ကြည်နူး ဂုဏ်ယူမဆုံး ရှိနေကြပါတယ်။
အခုဆိုရင်အထူးဒေသ(၄) ဒေသခံထုတစ်ရပ်လုံး ပူပင်သောက ကင်းကင်း၊ ဘဝ အေးချမ်းစွာ အသက် မွေးဝမ်းကျောင်းပြု ရပ်တည်နေကြပြီ ဖြစ်ပါတယ်။ ဒေသတွင်း စီးပွားရေး ဈေးကွက် အခွင့် အလမ်းများ ဖြစ်ထွန်း လာမှုကြောင့် မွေးမြူရေးအပြင် ဆန်စပါး၊ ပြောင်း၊ ရော်ဘာ၊ ကြံ၊ လက်ဖက်၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပရဆေးပင် စိုက်ပျိုးရေး လုပ်ငန်းများလည်း ကြီးထွား လာပါတယ်။ ဒေသဖွံ့ဖြိုး တိုးတက်မှုလည်း ပီပြင် ပေါ်လွင် လာပါတယ်။
၂။ ၁၉၈၉ ခုနှစ်တုန်းက ကျွန်တော်တို့ဒေသမှာ ကားလမ်းရော၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံပါ လုံးလုံး မရှိခဲ့ပါ။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး စီးပွားရေး နောက်ကျ ခဲ့ပါတယ်။ ဒီနှစ် ၂ဝ အတွင်း ကျွန်တော်တို့ ဒေသဟာ ဒေသခံထု ၈ သောင်းကျော် အင်အား သက်သက်ဖြင့် လမ်းဖောက်ခြင်း၊ ဆည်မြောင်း တာတမံ တည်ဆောက်ခြင်းတွေ ဆောင်ရွက်ခဲ့ရာ အခု အချိန်မှာ အဓိက ကားလမ်းမကြီးများနဲ့ ရွာချင်းဆက် လမ်းများ ပေါ်ပေါက်ခဲ့ပါတယ်။ အဓိက ကားလမ်းမ ၃၈ဝ.၅၆ ကီလိုမီတာ အနက် ၉ဝ% ကို နိုင်လွန် ကတ္တရာ ခင်းထားပြီး ဖြစ်ပါတယ်။ အိမ်သုံး၊ စက်ရုံသုံး လျှပ်စစ်မီးများ အတွက် စုစုပေါင်း ဓာတ်အား ၁၂.၆ မဂ္ဂါဝပ် ထုတ်နိုင်တဲ့ အသေးစား ရေအား၊ မီးအား လျှပ်စစ်စက်ရုံပေါင်း ၈ ရုံ တည်ဆောက်နိုင်ခဲ့ သလို၃.၅ သောင်ုးဠ ဓာတ်အားလိုင်း ၇၅ ကီလိုမီတာနဲ့ ၁ သောင်း KV ဓာတ်အားလိုင်း ၄၅ဝ ကီလိုမီတာ အရှည်ရှိ ဓာတ်အားလိုင်း ကွန်ယက်ကိုလည်း တည်ဆောက်ထားပြီး ဖြစ်တယ်။ အခြားအခြေခံ အဆောက် အအုံများကိုလည်း ဈေးကွက် လိုအပ်ချက်နဲ့ အညီ ဖွံ့ဖြိုးအောင် တည်ဆောက်လျက် ရှိပါတယ်။
၃။ မြို့ရွာများလည်း အသွင်အပြင်သစ်နဲ့ တစ်နေ့တခြား ပြောင်းလဲတိုးတက်လာသလို ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကဏ္ဍများလည်း ဖွံ့ဖြိုး တိုးတက်လာပါတယ်။ ယခင်က မြေပုံပေါ်မှာ ရှာမတွေ့တဲ့ မိုင်းလား နေရာဟာ ယခုအချိန်မှာ ခရီးသွားများကို ဆွဲဆောင်မှုရှိတဲ့ နယ်စပ်မြို့လေး ဖြစ်လာပါပြီ။ ဆီလူးနဲ့ နမ့်ပန်းဟာလည်း ရွာငယ်လေးမှ မြို့ပြလေးအသွင် ဆောင်လာပါပြီ။ ဒေသတစ်ခုလုံးမှာ ကျောင်းပေါင်း ၁၁၈ ကျောင်း ရှိပြီး ဆရာ၊ ဆရာမနဲ့ ကျောင်းသူ ကျောင်းသား စုစုပေါင်း ၆၁၆၃ ဦး ရှိပါတယ်။ ဒေသခံ လူမျိုးတိုင်းရဲ့ စာပေ ယဉ်ကျေးမှုများ ထွန်းကား ပြန့်ပွားလာပြီး တောင်ပေါ်ဒေသမှ ဆင်းရဲ နွမ်းပါးသူ ရင်သွေးငယ်များ အတွက် အခမဲ့ စာသင်ကျောင်းများလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ကျေးရွာအထိ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဖြန့်ကျက် ထားသလို နှစ်စဉ် ဒေသ အားကစားပြိုင်ပွဲများ ကျင်းပပြီး လူထု ကြံ့ခိုင် သန်စွမ်းရေးကို တွန်းတင်နေပါတယ်။ နိုင်ငံတော် အစွန်အဖျားက ခေတ်နောက်ကျ နေသေးတဲ့ အထူးဒေသ(၄)ကို ပြည်မနဲ့ မခြား တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်လာအောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။
၎။ ၁၉၉၁ခုနှစ်ကစလို့ ကျွန်တော်တို့ ဒေသမှာ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်း ပပျောက်ရေး သန္နိဋ္ဌာန်ကို ချမှတ်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရရဲ့ လမ်းညွှန်မှုကို ခံယူပြီး ၁၉၉၂- ၁၉၉၇ ခုနှစ် အတွင်း '' မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၆ နှစ်စီမံချက် '' ဖော်ဆောင်ကာ ယခုတိုင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးနဲ့ အစားထိုး ဖွံ့ဖြိုးရေး လုပ်ငန်းများကို အစဉ်တစိုက် မယိမ်းမယိုင် ဆောင်ရွက် ခဲ့မှုကြောင့် ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ လုံးဝ ကင်းစင်ကြောင်း ရဲရဲအာမခံပါတယ်။
၁၉၉၇ ခုနှစ် ရွှေတြိဂံ နယ်မြေအတွင်း ပထမဦးဆုံးသော ဘိန်းမဲ့ဇုန် အဖြစ် ကြေညာ နိုင်ခဲ့ပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှု များကိုလည်း ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီး အရေးယူ နိုင်ခဲ့သလို တစ်ဖက်နိုင်ငံနဲ့ ပူးပေါင်းပြီး နယ်စပ်ရွာ တချို့မှာ မူးယစ်ဆေးဝါး ကင်းစင်ရေးများ အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့တယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး အစားထိုး ဖွံ့ဖြိုးရေး လုပ်ငန်းများ အားကြိုး မာန်တက် ဆောင်ရွက်ခဲ့မှုကြောင့် စားနပ်ရိက္ခာ သီးနှံအပြင် စီးပွားဖြစ် နှစ်တို နှစ်ရှည် သီးနှံများ ကိုလည်း ဧကပေါင်း မြောက်များစွာ စိုက်ပျိုး နိုင်ခဲ့ပါတယ်။ ဒီကဏ္ဍအတွက် တရုတ်နိုင်ငံ စစ်ဆောင်ပန်နား ပြည်နယ်ခွဲနဲ့ ဖူးအော့မြို့ ဒေသက လာရောက် ရင်းနှီးမြှုပ်နှံ ပူးပေါင်း ဆောင်ရွက်တဲ့ တရုတ် ကုမ္ပဏီပေါင်း ၂၁ ခု ရှိပါတယ်။ ဒီကုမ္ပဏီများဟာ တရုတ် ပြည်သူများရဲ့ ချစ်ကြည်မှုကို ဆောင်ကြဉ်း လာသလို ဒေသ စီးပွားဖွံ့ဖြိုးရေး အတွက်လည်း အကျိုးကျေးဇူး ကြီးမား လှပါတယ်။ မူးယစ်ရန်စွယ် လူသား အန္တရာယ်မို့ အနီးဝန်းကျင်က အဖွဲ့အသီးသီးနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တားဆီး နှိမ်နင်း ပပျောက်ရေးကို မယိမ်းမယိုင် ဆက်လက် ဆောင်ရွက်သွားပါမယ်။
၅။ ကျွန်တော်တို့ ဒေသမှာ ရှမ်း၊ အာခါ၊ လွယ်စတဲ့ တိုင်းရင်းသား လူမျိုးများ စုပေါင်း နေထိုင်လျက် ရှိပါတယ်။ တိုင်းရင်းသားလူမျိုး အချင်းချင်း စည်းလုံး ညီညွတ်မှုကို မျက်လုံးအိမ် သဖွယ် ကာကွယ်စောင့်ရှောက် နေကြသလိုလူမျိုး ကြီး၊ ငယ် မရွေး နိုင်ငံရေးအရ တန်းတူရေးကို အလေးထား ကြပါတယ်။ ယဉ်ကျေးမှု ဓလေ့နဲ့ ဘာသာရေး ဆိုင်ရာများကို လူမျိုးတိုင်း အပြန်အလှန် လေးစားကြရုံမက မိသားစုဝင် ညီနောင်သားချင်းများ သဖွယ် အေးအတူ ပူအမျှ ရင်းနှီး ချစ်ကြည်စွာ ယှဉ်တွဲနေထိုင်လျက် ရှိကြပါတယ်။ ဒါကြောင့် ဒေသခံ တိုင်းရင်းသားတိုင်း လူသစ်၊ စိတ်သစ်နဲ့ ရွှင်လန်း တက်ကြွလျက်ရှိပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ ဘဝ လွတ်လပ်မှု ရှိရေးတွေကို တန်ဖိုးထားရင်း သာယာလှပတဲ့ အနာဂတ်သစ်ကို ထုဆစ်နိုင်ဖို့ ကြိုးပမ်း အားထုတ် နေကြပါတယ်။ နှစ် ပေါင်း ၂ဝ ကာလဟာ သမိုင်းစာမျက်နှာမှာ တိုတောင်းလှပြီး ရှေ့မှာ ခရီးရှည်ကြီးရှိနေပါတယ်။ အထူးဒေသ(၄)ရှိ ဒေသခံ တိုင်းရင်းသားများဟာ ပြည်ထောင်စု အနွယ်ဝင် တိုင်းရင်းသားများ ဖြစ်ကြသလို အထူးဒေသ(၄) နယ်မြေဟာလည်း ပြည်ထောင်စု နိုင်ငံတော်ရဲ့ အစိတ် အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ အထူးဒေသ(၄) တပ်ဟာလည်း တပ်မတော်ရဲ့ အရန် အင်အားစု ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတော် အစိုးရရဲ့ ဦးဆောင်မှုကို နာခံပြီး နိုင်ငံတော် အချုပ်အခြာအာဏာ နယ်မြေ တည်တံ့ ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက် သွားပါမယ်။
နိုင်ငံတော်ရဲ့ ဒီမိုကရေစီ ဖော်ဆောင်မှု ဖြစ်စဉ်မှာ ပါဝင် သွားပါမယ်။ အမျိုးသား စည်းလုံးရေးနဲ့ တန်းတူရေးကို အရေးပေး ဆောင်ရွက်သွားပါမယ်။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး လမ်းကြောင်းကို တစ်စိုက်မတ်မတ် လျှောက်လှမ်း သွားပါမယ်။ နိုင်ငံတော် အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ကိုယ်ပိုင် စီမံ အုပ်ချုပ်နိုင်ခွင့်ကို ဖော်ဆောင်သွားပါမယ်။ ရှေ့ချီတက်ရာ လမ်းကြောင်းမှာ ဘယ်လို အတားအဆီး အခက်အခဲ ရှိနေပါစေ ဒေသခံလူထုနဲ့ တပ်မှူး တပ်သားထု လက်တွဲပြီး ရင်ဆိုင် ကျော်လွှားကာ ဒေသအကျိုး သာမက နိုင်ငံတော် အကျိုး အတွက်ပါ သယ်ပိုးသွားပါမယ်။ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ပီပြင်လာအောင် ကြိုးပမ်း တည်ဆောက်မှုမှာ တစ်တပ်တစ်အား ပါဝင် သွားပါမယ်လို့ တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
နေ့စဉ်သတင်းများ (၂- ၇- ၀၉)
■ အန်န်အယ်လ်ဒီအပါအ၀င် နိုင်ငံရေးပါတီတွေနဲ့ ဘန်ကီမွန်း တွေ့မည် သတင်း
■ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၄) ဦးနှင့် ဘန်ကီမွန်း တွေ့ဆုံမည် သတင်း
■ ကုလအတွင်းရေးမှူးချုပ်ခရီး မျှော်လင့်ချက်ရှိလား (မျက်မှောက်ရေးရာ)
■ ကုလအတွင်းရေးမှူးချူပ် မြန်မာပြည်ခရီးစဉ် အောင်မြင်ရန် အခွင့်အလမ်းနည်းပါးဟု AAPPB ပြော သတင်း
■ ဂျကာတာမြို့ ဗြိတိန်သံရုံး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အမြန်လွတ်မြောက်ရေး အမျိုးသမီးခေါင်းဆောင်များ တောင်းဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အမှုသတင်း အပြည့်အစုံ သတင်း
■ မြောက်ကိုရီးယားတို့ ရန်ကုန်တွင် ဗုံးဖောက်ခွဲခဲ့မှု မှတ်တမ်းဗီဒီယို အင်တာနက်တွင် ထွက်ပေါ် သတင်း
■ ဗိုလ်ချုပ်မှူးကြီး၏ စတိုင်သစ် သတင်း
■ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယားလျှို့ဝှက်ခရီး (၃) သတင်း
■ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ သတင်း
■ ခန္တီးထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ ငှက်ဖျားဒဏ်ခံနေရ သတင်း
■ မြောက်ကိုရီးယားက တာတိုပစ် ဒုံးလက်နက် စမ်းသပ် သတင်း
■ ၀က်တုပ်ကွေးဗိုင်းရပ် ကူးစက်မှု သတိထားဖွယ် သတင်း
■ အမေရိကန်စစ်ဆင်ရေးကြီး ဘယ်လောက်အရေးပါသလဲ သတင်း
■ ပါဝါ ၅၄ ရဲ့ ၆၄ ပါဝါ အမည်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကဗျာစာအုပ်၊ ကာတွန်း(ဦး)ဖေသိန်း ကွယ် လွန်ခြင်း အမှတ်တရ စာအုပ်ငယ် သတင်း
■ ဘယ်သူတွေက ဘယ်သူတွေကို ထိပ်တိုက်တွေ့နေကြတာလဲ (ဆောင်းပါး)
Thursday, July 2, 2009
ဘယ်သူသေသေ ငတေမာဖို့ ဒီလို စီမံကိန်းတွေ ရှိတယ်ဗျို့  အပိုင်း (၂)
06.29.09
ဆောင်းပါးရှင် - ဗဟိန်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)
အပိုင်း (၁) အား ဒီနေရာမှာ နှိပ်ပြီး ပြန်လည် လေ့လာ ဖတ်ရှု နိုင်ပါတယ်။ စစ်အစိုးရရဲ့ စစ်လက်နက် အင်အား တိုးချဲ့ရေး မဟာ စီမံကိန်းများကို စတင် အကောင် အထည်ဖေါ် လာတာ ကတော့ ဗိုလ်ချုပ်သန်းရွှေ တပ်ချုပ်ကြီး စဖြစ်လာတဲ့ ၁၉၉၂ နောက်ပိုင်းမှာလို့ ပြောရမှာပါ။ ဒီအရင် မတိုင်ခင် ကတည်းက စစ်အစိုးရ အနေနဲ့ တရုတ်ပြည်နဲ့ နားလည်မှုယူပြီး နိုင်ငံရေးအရ ထောက်ခံမှုကို ရယူခဲ့ပြီး စစ်ရေး အကူအညီများကို စတင် ရယူခဲ့တာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်သန်းရွှေ တပ်ချုပ်ကြီး ဖြစ်တဲ့ အချိန်မှာ သူပထမဆုံး စလုပ်တဲ့ စစ်လက်နက်အင် အားတိုးချဲ့ ရေး စီမံကိန်း ကတော့ Rocketry Systems လို့ ခေါ်တဲ့ ဒုံးလက်နက်များ တည်ဆောက်ရေး ပါပဲ။
ဒုံးများကို တာဝေးပစ်ဒုံး၊ တာလတ်ပစ်ဒုံး ဆိုပြီး နှစ်မျိုးစလုံးကို တည်ဆောက်ဖို့ ရည်ရွယ် ခဲ့ပါတယ်။ အမျိုးအစား တွေကလည်း မြေပြင်မှ မြေပြင်ပစ်၊ မြေပြင် မှ ဝေဟင်ပစ်နဲ့ ဝေဟင်မှ ဝေဟင်ပစ် ဒုံးအမျိုးမျိုး ဖြစ်ကြပါတယ်။ ကကထုတ်ရဲ့  ကပစ (၄)က ပုံစံရေးဆွဲသူ designers များကို ပုံစံများ ရေးဆွဲစေခဲ့ပြီး စီမံကိန်းက အသေးစိပ် တင်ပြစေခဲ့ရာမှာ ၁၉၉၃ ခုနှစ်ဦးပိုင်းမှာ စီိမံကိန်းကို အတည်ပြုမိန့် ပေးခဲ့ပါတယ်။
စီမံကိန်း အတည်ပြုပြီးတာနဲ့ တပြိုင်နက် မြေနေရာ ရှာဖွေခြင်း၊ နိုင်ငံခြား တိုင်းပြည်များနဲ့ ဆက်သွယ်၍ စက်ရုံ တည်ဆောက်ရေး၊ စက်ပစ္စည်းများ ၀ယ်ယူရေး၊ တပ်ဆင်ရေး တို့ကို အပူတပြင်း ဆောင်ရွက် ရပါတော့တယ်။ စီမံကိန်း အတွက် ပညာရှင်များကိုတော့ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားမှ ပညာရှင်များကို ခေါ်ယူခဲ့ပါတယ်။ စက်ရုံအတွက် စက်ပစ္စည်းများ ကိုတော့ တောင်ကိုရီးယား၊ တရုတ်နဲ့ ရုရှား နိုင်ငံများက တင်သွင်း ပါတယ်။ ၂၀၀၃-၂၀၀၄ ခုနှစ် မှာ အပြီးသတ် ဆောက်လုပ်နိုင်ခဲ့ပြီး ထုတ်လုပ်မှုများ စတင်ခဲ့ပြီ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီမှ တောင်ကိုရီးယား ပညာရှင်များကို ခေါ်ယူ တည်ဆောက်ရာမှာ အချို့ လုပ်ငန်းရပ်များအား မြောက်ကိုရီးယား ပညာရှင် များကို ခေါ်ယူသုံးရပါတယ်။ ဒါပေမယ့် တဖွဲ့နဲ့ တဖွဲ့ ဆက်စပ်မှု မရှိအောင် စီစဉ်ပြီး လုပ်ခဲ့ရပါတယ်။ အဲဒီအချိန် ကာလတုံးက မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ သံတမန် တရားဝင် ပြန်လည် ဆက်သွယ်ခြင်း မပြုရသေးသော်လည်း လျှို့ဝှက် ဆက်သွယ်မှုများ ရှိနေပြီ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ပညာရှင်များကို တရုတ်နိုင်ငံမှ တဆင့် ဖြတ်ကျော်ပြီး တရုတ်-ဗမာ နယ်စပ်ကနေ လူမှောင်ခိုသွင်း ခေါ်ယူ ခဲ့ခြင်း ဖြစ်ပါတယ်။
စက်ရုံစီမံကိန်းအတွက် ပညာရှင်များမှအစ လူအင်အား စုဆောင်းခြင်း၊ စက်ပစ္စည်းများ တင်သွင်းခြင်း၊ ငွေပေး ချေခြင်း တို့ကို လျှို့ ဝှက်လုပ်တာ ဖြစ်တဲ့အတွက် ကြားခံ ကိုယ်စားလှယ် ကုမ္ပဏီများထားပြီး လုပ်ခဲ့ပါတယ်။ ဒီကြားခံ ကိုယ်စားလှယ်ကတော့ စိုးမင်းထိုက် ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ငွေပေး ငွေယူ ကိစ္စတွေမှာ အထူးလျှို့ ဝှက် ဆောင်ရွက် ရတာတွေ ရှိတာကြောင့် အထက်အဆင့် အမြင့်ဆုံး အပိုင်းကသာ သိရှိနိုင်ပါတယ်။
နိုင်ငံခြားမှ လက်နက်များ၊ စစ်ပစ္စည်းများ၊ စစ်လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ် ၊အမြောက်ကြီးများ၊ အစရှိသည် တို့ကို ၀ယ်ယူ တင်သွင်းရာမှာ အဓိက ပါဝင်တဲ့ တေဇရဲ့ ကုမ္ပဏီများ ပါဝင်ခြင်း ရှိမရှိ၊ စိုးမင်းထိုက်ဟာ တေဇရဲ့ လက်အောက်ခံ ကုမ္ပဏီ တစ်ခု ဟုတ် မဟုတ်တော့ မသိနိုင်ပါ။ ဒါပေမဲ့ ဒုထုတ်ချုပ်လို့ ခေါ်တဲ့ ဗိုလ်မှူးချုပ် ခင်မောင်ဝင်း တာဝန် ထမ်းဆောင်စဉ် ကတောင် ကပစ စက်ရုံများကို ၀င်ရင် စစ်ဆေး မြန်းခြင်း ခံရပေမဲ့ စိုးမင်းထိုက် ကိုတော့ မည်သည့် ကပစသို့ မဆို အစစ်အဆေး အမေးအမြန်း မရှိ ၀င်ခွင့် ပြုတာများကို ထောက်ရင်တော့ စိုးမင်းထိုက်ရဲ့  အရေးပါပုံကို သိသာ နိုင်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီဟာ မြန်မာ့ကမ်းလွန် ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေးမှာ အဓိကလုပ်ပိုင် ခွင့်ရနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကမ်းလွန် ရေနံနဲ့ ဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရောင်းချရုံနဲ့ မြန်မာ စစ်အစိုးရ အတွက် တစ်နှစ်ကို ဒေါ်လာ သန်းပေါင်း ထောင်ချီပြီး ၀င်ငွေများ ရနေပါတယ်။ ဒီဝင်ငွေ များဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ စာရင်းများ ထဲကို မရောက်ပဲ ပြည်ပနိုင်ငံ တချို့မှာ ငွေစာရင်း ဖွင့်ပြီး ထည့်ထားပါတယ်။
ဒီငွေစာရင်းများကို သိသူ ထိန်းသိမ်းသူကတော့ ထိပ်ပိုင်းက တစ်ဦးနှစ်ဦးသာ ဖြစ်ပါတယ်။ အဲဒါတွေကို ဦးပိုင် ကုမ္ပဏီနဲ့ Myanmar Economic Holdings လို့ ခေါ်တဲ့ စစ်အစိုးရရဲ့ အလျှို့ ဝှက်ဆုံး financial institution က ချုပ်ကိုင်ပါတယ်။ ဒီ ဦးပိုင် နဲ့ MEH တို့ကို တာဝန်ယူ လုပ်ကိုင်ရသူ ကတော့ ကကထုတ် ရဲ့ ထုတ်ချုပ်လဲ ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေး ဖြစ်ပါတယ်။
ဒါကြောင့် တောင်ကိုရီးယားဟာ အရေးကြီးတဲ့ ဓါတ်ငွေ့ ရှာဖွေ ထုတ်လုပ်ခွင့်တွေ ရရှိတာဟာ မထူးဆန်းသလို လျှို့ဝှက် လက်နက် စက်ရုံကြီးတွေ တည်ဆောက် ခွင့်ရတာလည်း မဆန်းဘူးလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားလို ရန်သူနိုင်ငံ နှစ်ခုက ပညာရှင်တွေကို ဒီလို လက်နက် ဆန်းတွေ ထုတ်နိုင်တဲ့ စက်ရုံကြီးတွေမှာ တဖွဲ့နဲ့ တဖွဲ့ မသိစေရပဲ လုပ်ကိုင်နေကြတာ၊ တောင်ကိုရီးယားကြောင့် ရတဲ့ဝင်ငွေ တွေထဲက မြောက်ကိုရီးယားတို့ ရုရှားတို့ကို ငွေပေးချေနေတာ တို့ကို ကြည့်ရင် မြန်မာနိုင်ငံကို ဘယ်လောက်ပဲ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်လုပ်၊ ဒီနိုင်ငံတွေကပဲ ငွေကြေး လည်ပတ်အောင် ကူညီနေသလို မြန်မာ စစ်အစိုးရရဲ့  စစ်လက်နက် တိုးချဲ့ ရေးကို တဖက်က အားပေး ကူညီနေတာတွေကို တွေ့နိုင်ပါတယ်။
ဗိုလ်ချုပ်သန်းရွှေရဲ့ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာ စီမံကိန်းများရဲ့ ပထမ အဆင့် ဖြစ်တဲ့ ဒုံးလက်နက်များ တည်ဆောက် တပ်ဆင်ရေး စီမံကိန်းမှာ ကိုယ့်ပြည်တွင်းမှာ တည်ဆောက်တဲ့ missiles များသာမက ပြည်ပက အဆင့်မြင့် missiles များလည်း ၀ယ်ယူရေး အစီအမံလည်း ပါပါတယ်။ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ကြားကပဲ လက်နက်မျိုးစုံ၊ စစ်ပစ္စည်းမျိုးစုံကို ၀ယ်ယူ တင်သွင်း နေပါတယ်။ အထူးသဖြင့် တရုတ်၊ ရုရှား၊ ယူကရိန်း၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံများက ၀ယ်ယူ တင်သွင်းသလို နောက်ပိုင်းမှာ အိန္ဒိယ နိုင်ငံကပါ ၀ယ်ယူ တင်သွင်းနေ ပါတယ်။
ဒီနိုင်ငံတွေနဲ့ အရောင်းအ၀ယ် လုပ်ရာမှာ ငွေကြေးရှင်းရာမှာ စီးပွားရေး ပိတ်ဆို့မှု တွေကြောင့် ငွေကြေးစနစ် ကိုလည်း ထိခိုက်တဲ့ အတွက် နောက်ပိုင်း မြောက်ကိုရီးယားနဲ့ အလုပ်လုပ်ရာမှာတော့ အဆင်ပြေတာတွေ ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောက်ကိုရီးယား နဲ့က ပစ္စည်းချင်း ဖလှယ်တဲ့ Barter system ကို သုံးနိုင်လို့ ပါပဲ။ မြောက်ကိုရီးယားက လိုနေတဲ့ ဆန်၊ ပြောင်း၊ ပဲ၊ သီးနှံ စတာတွေနဲ့ စစ်လက်နက် ပစ္စည်းတွေ၊ နည်းပညာတွေကို လဲလှယ်လို့ ရပါတယ်။
ဗိုလ်ချုပ်သန်းရွှေရဲ့ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာ စီမံကိန်းရဲ့ ဒုတိယ အဆင့် စီမံကိန်း ကတော့ နျူကလီးယား လက်နက်များ ပိုင်ဆိုင်ရေး စီမံကိန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို စီးပွားရေး ချွတ်ချုံကျနေတဲ့ နိုင်ငံ တစ်နိုင်ငံအတွက် နျူကလီးယား လက်နက်များ ပိုင်ဆိုင်အောင် ကြံစည်တယ် ဆိုတာကတော့ အကြီးအကျယ် ရူးခြင်း တစ်မျိုးလို့သာ ဆိုရပါမယ်။ ပထမက နျူကလီးယား လက်နက်နဲ့ ဘယ်လို ရန်သူမျိုးကို ရင်ဆိုင်မှာလဲ ဆိုတာ စဉ်းစားဖို့ လိုပါတယ်။ အရှေ့တောင် အာရှမှာ ဘယ်နိုင်ငံမှာမှ နျူကလီးယား လက်နက်များ ပိုင်ဆိုင်ခြင်း မရှိကြပါ။ မြန်မာနိုင်ငံထက် စီးပွားရေး ပိုမို တိုးတက် ကောင်းမွန်တဲ့ နိုင်ငံများတောင်မှ နျူကလီးယား လက်နက်များ ပိုင်ဆိုင်ရန် စဉ်းစားခြင်း မရှိပါ။ တရုတ်၊ အိန္ဒိယ၊ အစရှိတဲ့ နိုင်ငံကြီးများ ထုတ်လုပ် ပိုင်ဆိုင် ကြတာကိုတော့ နားလည်နိုင်ကြ ပါတယ်။
ဒါကြောင့် ဗိုလ်သန်းရွှေရဲ့ နျူကလီးယား လက်နက် အိပ်မက်ဟာ ဘာကို အားကျပြီး လုပ်တာလဲလို့ မေးရရင် အီရန်တို့ မြောက်ကိုရီးယား တို့ကို အားကျလို့ လုပ်တာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယား နိုင်ငံဟာ အနုမြူလက်နက် ထုတ်လုပ်ဖို့ လုပ်နေတာတွေဟာ ဒီလက်နက်ကို ပြပြီး ဆင်းရဲလှတဲ့ သူ့ရဲ့ ပြည်သူတွေ အတွက် အစားအစာနဲ့ လောင်စာဆီ အစရှိသည် တို့ကို နိုင်ငံကြီးများက ထောက်ပံ့အောင် လုပ်နေတယ် ဆိုတာ ထင်ရှားနေသလို သူ့လုပ်ရပ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးကိုလဲ အကြီးအကျယ် ခြိမ်းခြောက်မှု ရှိနေတယ် ဆိုတာ တွေ့ရပါတယ်။
မြောက်ကိုရီးးယားကို အားကျပြီး ဗိုလ်သန်းရွှေကလဲ ဒီလက်နက်တွေ ရရှိပိုင်ဆိုင် လာရင်တော့ အရှေ့တောင် အာရှမှ နျူကလီးယား ပြိုင်ဆိုင်မှုများ ဖြစ်လာ တော့မယ်၊ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက် လာတော့မယ် ဖြစ်ပါတယ်။ အထူးသဖြင့် သမိုင်း တလျှောက်လုံး ရန်သူနိုင်ငံလို့ သတ်မှတ်ခဲ့တဲ့ ထိုင်း နိုင်ငံကို ခြိမ်းခြောက် နိုင်တော့မယ်လို့ ထင်နေပုံ ရပါတယ်။ နောက်ပြီး အမေရိကန်နဲ့ အနောက် နိုင်ငံများကို မြောက်ကိုရီးယား လုပ်သလို ပခုံးချင်း ယှဉ်နိုင်တော့မယ်လို့ လည်း ထင်နေပုံရ ပါတယ်။
ဘယ်လိုရည်ရွယ်ချက်များနှင့်ဖြစ်စေ ဒီနျူကလီးယား လက်နက် စီမံကိန်းကို စလိုက်ပြီ ဆိုကတည်းက အရင် စီမံကိန်းတုံးက လိုပဲ မြေနေရာ ရွေးချယ်ခြင်းက စရ ပါတော့တယ်။ သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာနနဲ့ ကကထုတ်တို့ ပေါင်းပြီး လုပ်ငန်းများ စရပါတော့တယ်။ မကွေးတိုင်း၊ စေတုတ္တရာ ဒေသကို ရွေးချယ်လိုက်ပြီး နောက်ပိုင်း ဆက်စပ် ဒေသများ ဖြစ်တဲ့ ပွင့်ဖြူမြို့နယ်၊ နတ်မောက်မြို့နယ် များအပြင် မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့ နယ်များ အထိပါ ရွေးချယ် လာတာတွေ ရှိပါတယ်။
ဒီစီမံကိန်းကို အကောင်အထည်ဖေါ်ဖို့ ပထမဆုံး ရုရှားနဲ့ စကားပြော ကြရပါတယ်။ အနုမြူ ဓါတ်ပေါင်းဖို ရောင်းချပေးဖို့၊ တည်ဆောက်ပေးဖို့၊ နှစ်နိုင်ငံ စာချုပ်များ ချုပ်ဆို ခဲ့ကြပါတယ်။ ပညာတော်သင်များ အဖြစ် မေမြို့ စစ်တက္ကသိုလ် အင်ဂျင်နီယာ ဗိုလ်သင်တန်း ကျောင်းဆင်းများကို ရုရှားနိုင်ငံ မော်စကိုသို့၎င်း၊ အချို့ကို တရုတ်ပြည်သို့၎င်း စေလွှတ် ပညာသင် စေခဲ့ပါတယ်။ ယခုအခါ မော်စကိုသို့ စေလွှတ်ခဲ့ပြီး ပညာသင်များ ၅၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
ရုရှားအကူအညီနဲ့ ဆောက်မဲ့ အစီအစဉ်တွေမှာ ဘဏ္ဍာရေး အခြေ အနေ တွေကြောင့် နှောင့်နှေး ကြန့်ကြာမှုများ ရှိခဲ့သော်လည်း ဒီအနုမြူ လက်နက်များ စီမံကိန်းကို မဖြစ်မနေ ဆက်လုပ် သွားမှာ ဖြစ်လို့ ၂၀၂၅ မှာ အနုမြူ လက်နက် ပိုင်ဆိုင်ရမယ် ဆိုတဲ့ ပန်းတိုင်ကို အရောက် လှမ်းတော့မှာ ဖြစ်ပါတယ်။ နောက်ပိုင်း ရုရှားနဲ့ လုပ်လို့ မရတဲ့ လုပ်ငန်းတွေမှာ မြောက်ကိုရီးယားက အကူအညီ ယူရတာပါပဲ။
မြောက်ကိုရီးယားနဲ့ ဆက်စပ်လုပ်ကိုင်မှု များလာသည်နှင့် အမျှ ဗိုလ်သန်းရွှေဟာလည်း မြောက်ကိုရီးယားရဲ့ ၀င်ရိုးတန်း နိုင်ငံများထဲမှာ အလိုလို ပါဝင်လာတာ မဆန်းပါဘူး။ ပါကစ္စတန်က Khan စလိုက်တဲ့ နျူကလီးယား နည်းပညာ ပျံ့နှံ့မှု ဂယက်ကြောင့် အီရန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့ အထိ နည်းပညာများ ပြန့်သွားပြီး ယခု စစ်အာဏာရှင် ဗိုလ်သန်းရွှေလိုလူမျိုး လက်ထဲသို့ လူထောင်ပေါင်း များစွာ သေကြေစေနိုင်မဲ့ လက်နက်များ ရသွားမယ် ဆိုရင် ဗမာနိုင်ငံရဲ့ အရေးဟာ အခုလက်ရှိ အခြေအနေထက် အဆပေါင်း များစွာ ပိုပြီး အန္တရာယ် ရှိလာမယ် ဆိုတာကိုတော့ အထူးစဉ်းစား နေစရာ မလိုတော့ပါ။
ဒါကြောင့် ယခုရက်ပိုင်းအတွင်း သီလ၀ါမှာ ဆိုက်ကပ်မယ်လို့ သတင်းထွက်နေတဲ့ မြောက်ကိုရီးယား သင်္ဘောမှာ ယခုတကြိမ် လက်နက်ငယ်တွေပဲ တင်ဆောင် လာစေဦးတော့ နောက်ပိုင်းမှာ မြောက်ကိုရီးယားက kang Nam လို သင်္ဘောတွေ မြောက်မြားစွာ ဆက်လက် လာနေဦးမှာ ဖြစ်ပြီး တချိန်ချိန်မှာ အနုမြူ လက်နက်တွေ၊ နည်းပညာတွေ တင်ဆောင် လာမယ်ဆိုတာ ယုံမှားစရာ မရှိတော့ပါ။ နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံများက ယခုအချိန်က စပြီး မြန်မာ စစ်အစိုးရကို စောင့်ကြည့်ပြီး ၀င်ရိုးတန်း အုပ်စုထဲက ဆွဲထုတ်ဖို့ လိုနေပြီ ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။
Ref: ဖိုးတရုတ်
နေ့စဉ်သတင်းများ (၁- ၇- ၀၉)
■ ထိုင်းကျန်းမားရေးဝန်ကြီးမှ မြန်မာအလုပ်သမားများကို ဝက်တုတ်ကွေး သတိပြုကြရန် မှာကြား သတင်း
■ တကမ္ဘာလုံးမှာ ၀က်တုပ်ကွေးဖြစ်နေသူ ၇၀,၀၀၀ ကျော်ပြီ သတင်း
■ ကျောင်းသားများ နှာခေါင်းစည်း မတပ်ရန် ရန်ကုန်တိုင်းရုံးမှ ညွှန်ကြား သတင်း
■ ၀က်တုပ်ကွေးလူနာကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားသူ သတင်းထောက်ကို ထိန်းသိမ်း သတင်း
■ ၀က်တုပ်ကွေးကြောင့် သေဆုံးသူမရှိသေးဟု ကျန်းမာရေးညွှန်ချုပ် ပြောကြား သတင်း
■ ၀က်တုပ်ကွေး မသင်္ကာရသူများအား HIV ဝေဒနာရှင်များနှင့် တဆောင်တည်းထား သတင်း
■ ၀က်တုပ်ကွေးကြောင့် ဆေးနှင့်အကာအကွယ်များ ရှားပါးပြတ်လပ် သတင်း
■ (IOM) အဖွဲ့မှ အကူညီပေးနေသော (HIV/AIDS) ဝေဒနာသည်များ သေဆုံးမှုနှုန်းများလာ သတင်း
■ ကုလအတွင်းရေးမှူးချုပ်က မြန်မာပြည်ခရီး အချိန်ရွေးချယ်မှု အထူးသတိထား သတင်း
■ ဘန်ကီမွန်း၏ ခရီးကို ဂျပန်က အပြည့်အ၀ထောက်ခံ သတင်း
■ မြန်မာ့ပြည်တွင်းရေးအခြေအနေ ဂျပန်စိုးရိမ် သတင်း
■ နအဖက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ချနိုင်ရန် ကြံစည်သည်ဟု အေအေပီပီ ပြောကြား သတင်း
■ မြောက်ကိုရီးယားသင်္ဘော နောက်ကြောင်းပြန်လှည့်သွား သတင်း
■ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယားလျှို့ဝှက်ခရီး (၂) သတင်း
■ နိုင်ငံခြားသားလုပ်သားများကို ထိုင်းအစိုးရက အလုပ်သမားကတ်အသစ် စတင်ထုတ်ပေး သတင်း
■ မိဘများထံ ပြန်ပို့သည့် ကလေးငယ်တဦးကို တပ်က ပြန်ခေါ်သွား သတင်း
■ နေပြည်တော်-မော်လမြိုင် မီးရထား တိုက်ရိုက်ပြေးဆွဲမည် သတင်း
■ တတိယနိုင်ငံအခြေချ မြန်မာဒုက္ခသည် ၅၀,၀၀၀ ပြည့် သတင်း
■ လူသားအစ အာရှက ဖြစ်မည်ဟုဆို သတင်း
■ ဟောင်ကောင်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆန္ဒပြ သတင်း
■ အမေရိကန်တပ်တွေ အီရတ်မြို့ပြတွေက ရုတ်သိမ်း (ဗွီဒီယိုသတင်း)
■ ယူအေအီးနိုင်ငံမှာ ထပ်စင် ဆက်နေဖို့ ခက်ပြီ သတင်း
■ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီအကြီးအကဲ နေရာပြောင်းရွှေ့ခံရ သတင်း
■ နောက်ထပ် လူထုအစည်းအဝေးပွဲကြီးလုပ်ဖို့ UDD စီမံနေ သတင်း
■ တပ်ဘိုင်အရေးအခင်း စီရင်ဆုံးဖြတ်ချက် အကြိတ်အနယ်ပြိုင်ဆိုင် သတင်း
Wednesday, July 1, 2009
နေ့စဉ်သတင်းများ (၃၁- ၇- ၀၉)
■ မြန်မာ့အရေး ဖိလစ်ပိုင်နဲ့ အမေရိကန် ရပ်တည်ချက်တူညီ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ချမည့်ရက် သြဂုတ်လ (၁၁) ရက်ကို ရွှေ့ဆိုင်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အရေး ရှေ့နေ ဦးဉာဏ်ဝင်း သုံးသပ်ရှင်းလင်း (မျက်မှောက်ရေးရာ)
■ ယုံကြည်မှုတည်ဆောက်ရေးတံခါး မြန်မာအစိုးရ ပိတ်ပစ် သတင်း
■ အဖွဲ့ချုပ်အဖွဲ့ဝင် (၃၀) ကျော် ဖမ်းဆီးခံရ သတင်း
■ အဖွဲ့ချုပ်ဝင် (၆) ဦး ပြန်လွတ်လာ သတင်း
■ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ သတင်း
■ ဒီကေဘီအေအဖွဲ့မှ အတင်းအဓမ္မ တပ်သားသစ်များ ကောက်ခံလျက်ရှိ သတင်း
■ မြောက်ပိုင်းတိုင်းမှူး လိုင်ဇာသို့လည်ပတ် သတင်း
■ KNU တပ်မဟာ (၆) ကို ပူးပေါင်းတပ် ထိုးစစ်ဆင်မည် သတင်း
■ ၀က်တုပ်ကွေး ဝေါဟာရအငြင်းပွားမှုနဲ့ ဗိုင်းရပ်စ်ပျံ့နှံမှု သတင်း
■ ဗမာစာဖြင့် ရှာနိုင်မည့် ရှာဖွေရေး ဝက်ဘ်ဆိုဒ်တခု ပေါ်ထွက် သတင်း
■ သံတွဲတွင်လည်း ရေကြီးပြီး နေရာအတော်များများ ရေမြုပ်နေ သတင်း
■ ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်ကို ဘန်ကီမွန်း ခေါ်တွေ့ သတင်း
■ မြန်မာစစ်တပ် ရှမ်းပြည်နယ်တွင် စစ်ရေးတိုးမြှင့် သတင်း
■ မြောက်ပိုင်းတိုင်း တိုင်းမှူး ကေအိုင်အိုနယ်မြေရောက်ရှိ စစ်ဆေးရုံသို့ သွားရောက်လေ့လာ သတင်း
■ မြောက်ပိုင်းတိုင်း တိုင်းမှူးခရီးစဉ်တွင် ရက်သတ္တတပတ်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ခဲ့ သတင်း
■ နအဖတပ် စစ်ပြေး (၁၀) ဦးခန့်ကို တရုတ်ဘက်က ဖမ်းပြီးလွှဲပေး သတင်း
■ လေးဖြူနှင့် နာမည်ကြီးအဆိုတော်များ ရန်ကုန်တွင် ဖျော်ဖြေမည် သတင်း
■ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံး လုံခြုံရေးဆိုင်ရာ အစည်းအဝေးပြုလုပ် သတင်း
နေ့စဉ်သတင်းများ (၃၀- ၇- ၀၉)
■ အမျိုးသားရင်ကြားစေ့ရေး ဆွေးနွေးဖို့ ဘန်ကီမွန်း လာမည် သတင်း
■ ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသွားဖို့ အတည်ပြု သတင်း
■ ကုလအတွင်းရေးမှူးချုပ် မြန်မာခရီးစဉ်အတွင်း အရေးပါသူအားလုံးနဲ့ တွေ့ဆုံသွားမည် သတင်း
■ စစ်အစိုးရကို ဖိအားပေးဖို့ ကုလအတွင်းရေးမှူးချုပ်ကို တိုင်းရင်းသားအဖွဲ့ တိုက်တွန်း သတင်း
■ ဗုံးပေါက်ကွဲမှုကြောင့် ယနေ့ညတွင် လုံခြုံရေးတင်းကျပ်၊ ပေါက်ကွဲမှုမှာ နအဖလက်ချက်ဟု ဒေသခံအချို့ထင် သတင်း
■ မဟောသဓ မရှိတဲ့ သားတရားစီရင်ခန်း (ဆောင်းပါး)
■ မြန်မာနိုင်ငံမှာ ၀က်တုပ်ကွေးဖြစ်ပွားသော ပထမဆုံးလူနာတွေ့ရှိ သတင်း
■ ဆေးမတိုးတဲ့ ၀က်တုပ်ကွေးရောဂါပိုးသစ်တွေ့ရှိ သတင်း
■ မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေး စတင်ဖြစ်ပွားနေ၍ အများပြည်သူ သတိထားသင့် သတင်း
■ A (H1N1) အတွက် ဆေးဝါးလုံလောက်ဟု ကျန်းမာရေးအရာရှိ ပြောဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေအယူခံဝင်မှု ဗဟိုတရားရုံးချုပ် ပယ်ချ သတင်း
■ အဖွဲ့ချုပ်အဖွဲ့ဝင်တဦး အပါအ၀င် (၂) ဦး သောကြာနေ့က အဖမ်းခံရ သတင်း
■ မလေးရှားရောက် ဒဏ်ရာရ မြန်မာအလုပ်သမားများ ဒုက္ခတွေ့နေ သတင်း
■ မြန်မာတေးသီချင်းထုတ်လုပ်မှု (၈၀) ရာခိုင်နှုန်းခန့် ကျဆင်း သတင်း
■ အမေရိကန်တပ်တွေ အီရတ်မြို့ပြတွေပေါ် ရုပ်သိမ်း သတင်း
■ အီရန်သမ္မတရွေးကောက်ပွဲ မဲ ၁၀% ပြန်လည်ရေတွက်မှု စတင် သတင်း
■ အီရန်-ဗြိတိန် သံတမန်အရေး သတင်း
■ စစ်အစိုးရနှင့် ရုရှားပူးပေါင်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်း ပအိုဝ်းလူငယ်များ ရှင်းလင်းပွဲလုပ် သတင်း
■ ပဲခူးတွင် မိုးခေါင်သဖြင့် စပါးစိုက် နောက်ကျ သတင်း
■ ထိုင်း-မြန်မာနယ်စပ် Moei မြစ်တလျှောက် လုံခြုံရေး တပ်လှန့်ထား သတင်း



















































BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88