၂၉ မတ်လ ၂၀၁၀ ခုနှစ်
ဒီကနေ့ မတ်လ ၂၉ ရက်နေ့၊ ရန်ကုန်မြို့အဖွဲ့ချုပ် ဗဟိုရုံးမှာ ကျင်းပတဲ့ အဖွဲ့ချုပ် ဗဟိုကော် မတီစုံညီ အစည်းအဝေးမှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်ပေါင်း ၁၆၀ နီးပါး တက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲဝင်ဖို့ ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေး မဲခွဲဆုံးဖြတ်ရာမှာ ဒေါ် အောင်ဆန်းစုကြည်ရဲ့ သဘောထားဖြစ်တဲ့ မတရားတဲ့ ဥပဒေအောက်မှာ ပါတီ မှတ်ပုံမတင်ရေး အဆို တခဲနက် အနိုင်ရသွားကြောင်း သိရပါတယ်။ မဲခွဲ ဆုံးဖြတ်ဖို့တောင် မလိုဘဲ ပွဲပြတ်နိုင်သွားကြောင်း သိရပါတယ်ခင်ဗျား။
ဦးအောင်ရွှေကတော့ နေမကောင်းဘူးဆိုပြီး အစည်းအဝေးကို မတက်ရောက်ကြောင်း သိရပါတယ်။
ဒီ ဆုံးဖြတ်ချက်ကို စောင့်နားထောင်နေတဲ့ ပရိသတ်ထဲက လူငယ်တဦးက “တရွှေတော့ ကျသွားပြီ တရွှေပဲ ကျန်တော့တယ်” ဆိုပြီး ၀မ်းမြောက်ဝမ်းသာ အော်ဟစ် ပြောဆိုသွားကြောင်း သိရပါတယ်။
Monday, March 29, 2010
ဒေါ်စု နိုင်သွားပြီ “တရွှေတော့ကျသွားပြီး နောက်တရွှေပဲ ကျန်တော့တယ်”
Subscribe to:
Post Comments (Atom)
















































0 comments:
Post a Comment