Friday, June 10, 2011

ကေအိုင်အေနယ်မြေက တိုက်ပွဲသတင်း

Friday, June 10, 2011

(၈-၆-၁၁) နေ့ ညတုန်းက အစိုးရတပ် ခလရ၄၃၇ရဲ့ တပ်သား ၃ ဦး ကေအိုင်အေ တပ်ရင်း ၁၅ ဒေသထဲကို ဝင်ရောက် လာပြီး ကင်းထောက် လာတဲ့အတွက် ကေအိုင်အေက ၂ ယောက် ဖမ်းမိလိုက်တယ်၊ ဒါ့အပြင် ကေအိုင်အေ တပ်မဟာ ၃ နယ်မြေထဲမှာလဲ အလားတူ လာရောက် ထောက်လှမ်းတဲ့ အစိုးရ တပ်သားတွေထဲက တယောက်ကို ဖမ်းမိလိုက်တယ်၊ အဲဒီလူတွေကို လွှတ်ပေးဖို့ ဗျူဟာမှူး က တောင်းတာကို လွှတ်မပေးဘူးလို့ သိရပါတယ်၊

ဒီနေ့မနက်ပိုင်းမှာ တရုတ် ရေအား လျှပ်စစ် လုပ်နေတဲ့ တာပိန်ချောင်း အနီးမှာ ကေအိုင်အေ နဲ့ အစိုးရ တပ်ရင်း (၃၄၇)၊ (၃၉၁) တို့နဲ့ တိုက်ပွဲဖြစ်တယ်။ အစိုးရ ဘက်က ၆ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရတယ်လို့ မပြည့်စုံသေးတဲ့ သတင်းတွေအရ သိရတယ်၊ နှစ်ဘက် ပြန်ဆုတ် သွားကြပြီးနောက် လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်နေကြတယ်။ အစိုးရဘက်က ခလက ၂၃၇ ကို တပ်ကူ လှမ်းခေါ်ထားတယ် လို့ သိရပါတယ်။

ရည်ညွှန်း။ ။ ဒေသခံ အထောက်တော် တဦးမှ ဝိမုတ္တိသို့ ပေးပို့လာသည့်သတင်း

0 comments:

အပေါ်သို့