Friday, June 10, 2011

ဖွေ့ထိုင်းပါတီ ကိုယ်စားလှယ်လောင်းက စစ်တပ်ပြောရေးဆိုခွင့်ရှိသူကို တိုက်ခိုက် ပြောဆို

June 9, 2011

ကြာသပတေးနေ့က ဖွေ့ထိုင်းပါတီ ကိုယ်စားလှယ်လောင်း ဖိုင်ရော့ခ်ျအီဆာလဆာရီဖုန်က စစ်တပ်ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး ဆန်ဆားန်ခေါင်ခမ်နော့ဒ် ကို မမှန်သတင်း ဖြန့်ချီတယ် ဆိုပြီး တိုက်ခိုက် ပြောဆိုလိုက်ပါတယ်။ ဖြစ်တာက တော့ဘန်ကောက်၊ နောင်ကျော ခရိုင်မှာ တာဝန်ယူနေတဲ့ စစ်တပ်က အလုပ်တပ်ဖွဲ့ ၃၁၅ ရဲ့ အလုပ်ကို ပိတ်ပင်တား ဆီးဖို့ သူ့သေနတ်ကို ထုတ်ချိန်တယ် ဆိုပြီး သူ့ကို စွပ်စွဲ ပြောဆိုခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။

စစ်တပ်က သူ့ကို ၀တ္တရားနှောက်ယှက်မှုနဲ့ ဗုဒ္ဓဟူးနေ့က လက်ဦးမှုယူ စွပ်စွဲ တိုင်တန်းထားချက်ကို ဖိုင်ရော့ခ်ျက တုံ့ ပြန်တဲ့ အနေနဲ့ မဟုတ်မမှတ်လည်ဆယ်လုပ်ကြံမှုနဲ့ ဆန်ဆားန်ကို စွပ်စွဲပြီး ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ သူ့ခုခံ ချေပချက်မှာ သူဟာ မူးယစ်ဆေးဝါးနှိမ်နှင်းရေးမှာ တာဝန်ရှိတဲ့ တပ်ဖွဲ့ တဖွဲ့နဲ့တွေ့ခဲ့ပြီး သူ့ရဲ့မဲဆွယ်စည်းရုံးတဲ့ စာရွက် တွေ ဝေခဲ့တယ်။ လို့ သူက ပြောပါတယ်။ သူက အဲဒီတပ်ဖွဲ့ရဲ့ အရာရှိတွေနား ကပ်သွားပြီး စာရွက်တွေ ဖတ်ကြည့် မလားလို့ မေးခဲ့တယ်။ လို့ သူက ပြောပါတယ်။ အရာရှိတွေက သူ့တောင်းဆိုမှုကို ငြင်းပယ်လိုက်တော့ သူက သူတို့ အနေနဲ့ အလုပ်တွေကို မလုပ်ခင်မှာ ရွေးကောက်ပွဲကော်မရှင်ဆီကို ကြိုတင် အသိပေးဖို့နဲ့ သူတို့အလုပ်တွေဟာ သူ့ရဲ့ မဲဆွယ် စည်းရုံးရေးနဲ့ တချိန်တည်း ဖြစ်နေတဲ့ အကြောင်း သူတို့ကို အကြံပြု ပြောဆိုခဲ့တာပဲ ဖြစ်တယ်။ လို့ သူက ပြောပါ တယ်။

သူ လက်နက်ကိုင်ထားတယ်ဆိုတာကို ငြင်းလိုက်ပြီး အရာရှိတွေကို ရင်းရင်းနှီးနှီးပဲ ပြောဆိုဆက်ဆံခဲ့တာ ဖြစ်ကြောင်း၊ သူက ပြောပါတယ်။ ဒီအဖြစ်အပျက်က စစ်တပ်အဖွဲ့တဖွဲ့က မူးယစ်ဆေးဝါး နှိမ်နှင်းရေးနဲ့ ဆက်စပ်တဲ့ သတင်းတွေ မေး မြန်းရယူ နေချိန် မေလ ၂၃ ရက်နေ့က ဖြစ်ခဲ့တာ ဖြစ်ကြောင်း၊ ဆန်ဆားန်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဖိုင်ရော့ခ်ျနဲ့ သူ့ ကို ထောက်ခံသူတွေက ခြိမ်းခြောက်တဲ့ စကားတွေ ပြောတယ်ဆိုပြီး ဒီအရာရှိတွေက သူ့အထက်အရာရှိကို အစီရင် ခံခဲ့ တယ်လို့ သူက ပြောပါတယ်။ ဖိုင်ရော့ခ်ျက အရာရှိတွေကို ကြိမ်းမောင်းပြီး သူ့ကို ထောက်ခံတဲ့သူတွေထဲက တ ယောက်က ဖွက်ထားတဲ့ သေနတ်ကို မြင်အောင် အင်္ကျီ မ ပြခဲ့တယ်လို့ သူက ပြောပါတယ်။ ဒီအဖြစ်အပျက် အစီရင်ခံ စာကို ပြန်လည် သုံးသပ်ပြီးနောက် ဖိုင်ရော့ခ်ျကို ရဲတိုင်ဖို့ အမှတ် ၁ တပ်မတော်က သူ့အရာရှိတွေကို အင်္ဂါနေ့က မီးစိမ်း ပြလိုက်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

Ref: နေ့သစ်

0 comments:

အပေါ်သို့