Monday, July 9, 2012

ကမ္ဘာကျော်ကွန်ဖူးမင်းသားဂျက်ကီချန်း၏ မန္တလေးဒုတိယနေ့ခရီးစဉ်

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
7 Jul, 2012

ကမ္ဘာကျော်ကွန်ဖူးမင်းသားဂျက်ကီချန်း၏ မန္တလေးမြို့ဒုတိယနေ့ခရီးစဉ်အစကို မန္တလေးတောင်ခြေ အနောက်ရှိ ရွှေကျင်အမျိုး သမီးသက်မွေးသင်တန်းကျောင်းတွင် ယနေ့မနက်(၉)နာရီ၌ စတင်ခဲ့သည်။

အဆိုပါကျောင်းပတ်ဝန်းကျင်တွင် ရုပ်ရှင်မင်းသားဂျက်ကီချန်းကို လာရောက် ကြည့်ရှုကြသူ ဒေသခံပြည်သူ အများ အပြားကိုလည်း တွေ့ရှိရသည်။

ယူနီဆက်ဖ်၏ခရီးစဉ်တွင် ပါဝင်လာသော ရုပ်ရှင်မင်းသားဂျက်ကီချန်းမှာ မန္တလေးစာနယ်ဇင်းများနှင့် တွေ့ခွင့် မရခဲ့ပဲ လက်ပြနှုတ် ဆက် ရုံဖြင့်သာ မန္တလေးမီဒီယာများအတွက် ကျေနပ်စရာတစ်ခုဖြစ်ခဲ့ရသည်။

ထိုကဲ့သို့ ဂျက်ကီချန်းမှာ မီဒီယာနှင့်မတွေ့ဆုံ ဓါတ်ပုံ အရိုက်မခံရခြင်းမှာ ယူနီဆက်ဖ်၏သဘောထား မဟုတ် သလို ဂျက်ကီချန်း ၏ ဆန္ဒလည်း မဟုတ်ပဲ ကလေးများ၏အနာဂါတ်ကိုထိမ်းသိမ်းလို၍ ဓါတ်ပုံရိုက်မခံရခြင်း ဖြစ်ကြောင်း ယူနီဆက်ဖ် ပြန်ကြားရေးတာဝန် ထမ်းဆောင်သော မစန္ဒာလင်းကဆိုသည်။

ရွှေကျင်အမျိုးသမီးသက်မွေးသင်တန်းကျောင်းမှထွက်ခွာလာသော ဂျက်ကီချန်းသည် မန္တလေးတိုင်း ရဲရုံးသို့ နံနက် (၁၀)နာရီခွဲတွင် ရောက် ရှိကာ လူကုန်ကူးမှုနှင့် ပတ်သတ်၍ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းရဲရုံးပြီး တတိယနေရာဖြစ်သော မန္တလေးကျုံးမြောက်ဖက်ရှိ လူငယ်ပြုပြင်ရေး သင်တန်းကျောင်းသို့ မင်းသားဂျက်ကီချန်း ရောက်ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါလူငယ်ပြုပြင်ရေးသင်တန်းကျောင်းကို နံနက်(၁၁)နာရီ ခွဲတွင် ရောက်ရှိလာပြီးနောက် ဆွံ့ အနား မကြား ကလေးများ ၊ လူငယ်သင်တန်းကျောင်းမှ ကလေး များမှ ဖျော်ဖြေ ခဲ့ကြပြီး မြန်မာ့ရိုးရာသိုင်းပညာဖြင့် ကမ္ဘာကျော် ကွန်ဖူးမင်းသား ဂျက်ကီချန်းကိုဧည့်ခံကြောင်း တွေ့ရှိရသည်။

ဂျက်ကီချန်းသည် အဆိုပါနေရာမှ နေ့လည် (၁)နာရီထိုးခါနီးတွင်ပြန်လည်ထွက်ခွာသွားခဲ့ပြီး လူမှုရေးအဖွဲ့များမှ ဂျက်ကီချန်းအား လက်ဆောင်များပေးအပ်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့