Monday, August 27, 2012

ယခုထက်ပိုမိုသက်သာသည့် မိုဘိုင်းဖုန်းငွေဖြည့်စနစ်အား ပြည်သူများမျှော်လင့်

ထွန်းနေအောင်(မြစ်မခ)
27 Aug, 2012

မိုဘိုင်းဖုန်းသုံးစွဲနေသူများအနေဖြင့် ငွေကျပ်တစ်သောင်းတန်ထက် ပိုမိုနည်းပါးသည့်တန်ဖိုးနည်း ဖုန်းငွေဖြည့်ကဒ် (Prepaid) (သို့မဟုတ်) ငွေဖြည့်စနစ်များပေါ်ထွက်လာရန် မျှော်လင့်လျှက်ရှိကြောင်း သိရှိရသည်။

အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံများတွင် မိုဘိုင်းဖုန်းများအားငွေဖြည့်ရာ၌ မိမိတတ်နိုင်သည့် ငွေကြေးပမာဏအတိုင်းသာ ဝယ်ယူ ၍ရနိုင်သကဲ့သို့ မြန်မာနိုင်ငံမှမိုဘိုင်းငွေဖြည့်စနစ်ကိုလည်း ထိုကဲ့သို့ဖြစ်ပေါ်လာရန်မျှော်လင့်ကြောင်း မိုဘိုင်းဖုန်း အသုံးပြု သူများကဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှမိုဘိုင်းဖုန်းများအား ငွေဖြည့်ရာတွင် ငွေဖြည့်ကဒ်များမှာ အနည်းဆုံး ကျပ်(၁ဝဝဝဝ) သာ ထွက်ရှိ ကြောင်းသိရှိရသည်။

''ကျွန်တော့်ဝင်ငွေက (၁)လကို (၆ဝဝဝဝ)ရတယ်။ အခြား စရိတ်တွေဘာတွေနဲ့ဆို ဖုန်းဘေလ်ဖိုး(၁ဝဝဝဝ)ဆိုတာများ တယ် ဗျာ။ ကဒ်ကုန်သွားတဲ့အခါ ရုတ်တရက်ဝယ်ဖြည့်ဖို့က (၁ဝဝဝဝ)ဆို မတတ်နိုင်ဘူး။ (၂ဝဝဝ)တန် (၃ဝဝဝ)တန်လောက် နောက်ဆုံး (၅ဝဝဝ)တန်လောက်အထိ ထုတ်ပေးမယ်ဆိုရင် မဆိုးဘူး။ ချက်ချင်းဝယ်ဖြည့်ဖို့ အဆင်ပြေတာပေါ့။'' ဟု ကုမ္ပ ဏီ ဝန်ထမ်းတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံ၌ ဖုန်းငွေဖြည့်ဘေလ်များကို စက်များဖြင့်ပြုလုပ်ထားပြီး သာမာန်စက္ကူများဖြင့်သာ အသုံးပြုလျှက်ရှိပြီး လိုအပ်သလို ဝယ်ယူဖြည့်၍ အသုံးပြုနိုင်ကြောင်း ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူများထံက သိရှိရသည်။

''မြန်မာပြည်မှာက ဖုန်းဘေလ်ကို ကဒ်တွနဲ့လုပ်တော့ ထုတ်ပိုးတဲ့အတွက် စရိတ်လည်းပိုကုန်တာပေါ့။ ဒီမှာက ဘတ် (၁ဝဝ) ကစပြီးအဘယ်လောက်များများ ဝယ်လို့ရတယ်။ ကဒ်တွေနဲ့လည်း မဟုတ်ဘူး။ စက္ကူတွေနဲ့ပဲဆိုတော့ စရိတ်လည်းပို သက်သာတာ ပေါ့။''ဟု ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ဖုန်းသုံးစွဲသူ လခစားဝန်ထမ်းများအနေဖြင့် ဖုန်းဘေလ်ကတ် တစ်ကဒ်အား (၁)လနှင့် လောက်ငှအောင် သုံးစွဲနေရကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဖုန်းကဒ်တစ်ကဒ်အား တစ်ပတ်ခန့်သာ အသုံးပြုနိုင်ကြောင်း ဖုန်းသုံးစွဲသူများကထံက သိရှိ ရသည်။

မြန်မာနိုင်ငံတွင် ဖုန်းအမျိုးအစား အများအပြားထွက်ပေါ်လျှက်ရှိပြီး CDMA, GSM ဖုန်းများအားလုံးမှာ ငွေဖြည့်ကဒ် စနစ်ကိုသာ အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

ဖုန်းငွေဖြည့်ကဒ်များကို ၅ သိန်းတန်800 MHz စတင်ထွက်ရှိချိန်တွင် စမတ်ကဒ်များဖြင့် ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင်မှသာ ရိုးရိုးကဒ်များဖြင့် ပြောင်းလဲထုတ်လုပ်ခဲ့ကြောင်းကိုလည်းသိရသည်။

(၁၅)သိန်းတန်GSM ဖုန်းများသည် ယခင်ကဖုန်းရုံးတွင် ဘေလ်ဆောင်ရသည့်စနစ်ဖြင့် အသုံးပြုခဲ့ပြီး လွန်ခဲ့သည့်(၄)လခန့် မှသာ (Prepaid) ကဒ်များဖြင့်် စတင်အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့