Saturday, December 5, 2009

၁၅ နှစ်အောက် ကလေးများ နေထိုင်ခွင့် လက်မှတ် (ထောရော ၃၈/၁) လုပ်နိုင်ပြီ

အသက်၁၅ နှစ်အောက် ငယ်သော ရွှေ့ပြောင်းအလုပ်သမား တို့၏ သားသမီး ငယ်များသည် နေထိုင်ခွင့် လက်မှတ် (ထောရော၃၈/၁) ကို သွားရောက် လုပ်ဆောင်နိုင်ပြီ ဖြစ်ပါသည်။ ထိုင်းဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရွှေ့ပြောင်း အလုပ်သမားတို့၏ ၁၅ နှစ်အောက် ကလေးများကို ၁၉.၁၁.၂၀၀၉ နေ့ရက်မှ ၂.၁.၂၀၁၀ နေ့ရက် အထိ (၄၅ရက် အတွင်း) နေထိုင်ခွင့် လက်မှတ်ကို သွားရောက် လုပ်ဆောင်နိုင်ပါသည်။ ကုန်ကျငွေမှာ (၈၀) ဘတ်ဖြစ်ပြီး လုပ်ဆောင်ပုံ အဆင့်ဆင့်မှာ-

- အသက် ၁၅ နှစ် အောက် သား၊ သမီး ဖြစ်ရမည်။
- မြို့နယ် အုပ်ချုပ်ရေးရုံး(အမ်ဖေရုံး)နှင့် စည်ပင်သာယာရုံး (ထေ့စဘန်- ရေပန်းကုန်တိုက်နှင့် မျက်နှာချင်းဆိုင်) တို့တွင် သွားရောက် လုပ်ဆောင်ရမည်။
- ကုန်ကျငွေ ၈၀ ဘတ် (ဓါတ်ပုံခ၊ စာရင်းသွင်းခ ဘတ်၆၀၊ စာရွက်ထုတ်ခ ဘတ်၂၀)
- အဖေ၊ အမေ တို့၏ သက်တမ်း မကုန်သေးသော နေထိုင်ခွင့် လက်မှတ် (ထောရော ၃၈/၁) နှင့် လျှောက်လွှာ ထောတော ၁ နမူနာ ပုံပြထားသည့် အတိုင်း ဖြည့်ရမည်။
- ကလေးငယ်၏ အမည်ကို မြန်မာအမည်၊ ထိုင်းအမည် ကြိုက်ရာ ပေးနိုင်ပါသည်။
- အကယ်၍ ကလေးငယ်၏ နံပါတ်၁၃လုံး ပါသော မွေးစာရင်း ရှိပါက တပါတည်း ယူဆောင်လာရမည်။
- ကလေးတွင် ပညာရေး ဌာနမှ ထုတ်ထားသော ၁၀နှစ်ဘတ် (ပုံစံ၈၉) ရှိပါက ယူဆောင်လာရမည်။
- 1 လက္မ ဓါတ်ပုံ နှစ်ပုံနှင့် ဖေါင်ဖြည့်ရမည်။ ကလေး၏ အဖေ(သို့) အမေ ကိုယ်တိုင် သွားလျှင် ရပါသည်။
ကုန်ကျစားရိတ် ၈၀ ဘတ်သာ ကုန်ကျမည် သတိပြုပါ။ အသေးစိတ် မေးမြန်းလိုလျှင် ၀၈၃-၀၁၃၉ ၇၃၆


(ထောရော ၃၈/၁) နှင့် လျှောက်လွှာ

0 comments:

အပေါ်သို့