Monday, September 7, 2009

“ကိုးကန့်အထူးဒေသ(၁) ဥက္ကဋ္ဌ၊ ဦးဖုန်ကြားရှင်မှ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ သို့ ထုတ်ဖော်ရှင်းလင်းချက်”

September 7, 2009












------------

Read More...

ဆိုးဝါးလှသော ပြည်ထဲရေးကိစ္စများ

September 7, 2009

အဝေးရောက် သံတမန်တဦး

အင်းဝခေတ်တွင် ဘုရင်မင်းခေါင်နန်းတက်သည့်အခါ ပညာရှိအမတ်ကြီး စည်းတပစ် ကိုခေါ်တော်ပြီး “အဘိုး၊ အဘယ်သို့ ကျင့်သော် ပြည်ထဲ ငြိမ်းချမ်း သာယာ ဝပြောအံ့နည်း” ဟူ၍မေးတောမူ၏။ ပညာရှိအမတ်ကြီးက ပြည်ကြီး၏ အရှင် ဖြစ်တော်မူသော မင်းတို့သည်။

၁။ ပြည့်တံခွန်ကို မလှဲရာ။
၂။ ပြည့်ဦးကင်းကို မနှိမ်ရာ။
၃။ ပြည့်စွယ် ပြည့်သွားကို မချိုးရာ။
၎။ ပြည့်မျက်လုံးကို မနှိုက်ရာ။
၅။ ပြည်မျက်နှာကို မဖျက်ရာ။
၆။ ပြည့်ခြေပြည့်လက်ကို မဖြတ်ရာ။
၇။ ပြည့်ဝမ်းကို မဖောက်ရာ။
၈။ ပြည့်ကျေးဇူးကို မထိမ်ရာ။

စသည်တို့ကို ကျင့်တော်မူရာသည်ဟု အကြံပြုလျှောက်ထားခဲ့ပါသည်။

အဆုံးသို့


--------

Read More...

စစ်မှန်တဲ့ငြိမ်းချမ်းရေးဟာ အပေါင်းလက္ခဏာ၊ အတုအယောင်ငြိမ်းချမ်းရေး ဆိုတာကတော့ အနှုတ် လက္ခဏာ

(ကိုးကန့် ပြဿနာနှင့် ပတ်သက်ပြီး)

မျိုးဇေ
၃၁ - ၈ - ၀၉ (၂၀၀၉ ခုနှစ် သြဂုတ်လ ၃၁ ရက်)

အဆုံးသို့

-------

Read More...

“အနီးကပ် ဆက်ဆံမှု” ဝါဒကို အပြုသဘောအရ ဝေဖန်ခြင်း

September 7, 2009

ဒေါက်တာ ဇာနည်

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်တဲ့ မူဝါဒကို လက်မခံတော့တဲ့ အတိုက်အခံ တဦးအနေနဲ့ အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ကျနော်တို့ နိုင်ငံကို လူသိရှင်ကြား သွားရောက်ခဲ့တာကို ကြိုဆိုပါတယ်။

ကျနော် ကိုယ်နှိုက်ကလည်း လက်ရှိစစ်အစိုးရနဲ့ “အနီးကပ် ဆက်ဆံမှု” မူဝါဒ (သို့) ဗျူဟာကို သက္ကရာဇ် ၂၀၀၃ ကတည်းက ကြိုးစားကြည့်ပါတယ်။ အောင်မြင်တယ်၊ ဆုံးရှုံးတယ် ဆိုတာတော့ မေးခွန်းသတ်သတ် ထုတ်ရမှာပါ။

Track II ခေါ် “လိုင်စင်မဲ့ သံတမန်လုပ်ခြင်း” ဆိုတဲ့ တွေ့ဆုံ ဆွေးနွေးမှုများကို စစ်အစိုးရနဲ့ ကျနော် ပြုလုပ် ခဲ့ဖူးပါတယ်။ အောင်မြင်မှု မရှိပါ။ ကျနော့် ကြိုးစားမှု မအောင်မြင်ပေမယ့် “အနီးကပ် တွေ့ဆုံဆက်ဆံမှု” မူဝါဒ လမ်းစဉ်ဟာ စနစ်တကျ ကြိုးစားမယ်၊ ကြံစည်မယ်ဆိုရင် နိုင်ငံရေး ဗျူဟာ တခုအနေနဲ့ အောင်မြင်မှု၊ ထိရောက်မှု အလားအလာတွေ ရှိပါတယ်။ ဒီလိုကြိုးစားတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်က အတိုက်အခံ လှုပ်ရှားမှု၊ တိုင်းရင်းသားများရဲ့ နိုင်ငံရေး၊ စစ်ရေး ကြံ့ကြံ့ခံ တော်လှန်မှုများကို အားသစ်လောင်းတဲ့ အသွင်ဆောင်ပြီး ၎င်းတို့ အင်အားကို ချိနဲ့စေတာ မျိုးတော့ မဖြစ်သင့်ပါဘူး။

အထူးသဖြင့် မြန်မာ့နိုင်ငံရေးကို ရှေ့တလှမ်း တိုးဖို့နဲ့ ပြည်သူ တရပ်လုံးရဲ့ စားဝတ်နေရေးကို ကူညီ ဖြေရှင်းဖို့ ကိစ္စရပ်ကြီး (၂) ခုမှာ အမေရိကန် နိုင်ငံရဲ့ စစ်အစိုးရနဲ့ “အနီးကပ် ဆက်ဆံရေး” ဗျူဟာ ထိရောက်စေရေး အတွက် ထည့်သွင်း စဉ်းစားရမယ့် အချက်တွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး နောက်ခံသမိုင်း / မဟာဗျူဟာ ကျကျ စဉ်းစား သုံးသပ်မှု၊ လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာပြည်ရဲ့ ပြဿနာ ရပ်များကို လေးလေးနက်နက် ထည့်သွင်း စဉ်းစားမှုတွေရှိဖို့ လိုပါတယ်။ ယခု ကျနော် ထောက်ပြမယ့် အချက်အလက်များကို မြန်မာပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲ ဖြစ်ဖြစ် မြန်မာ့အရေး သုံးသပ်သူ အများစုအနေနဲ့ လူထုကြား ချပြပြီး ဆွေးနွေးတာ မရှိသေးပါဘူး။

စစ်အစိုးရနဲ့ “အနီးကပ်ဆက်ဆံမှု” ဝါဒကို ထောက်ခံ တိုက်တွန်း နေကြတဲ့ မြန်မာ့အရေး စာရေးသူများ၊ သုံးသပ်ဝေဖန် သူများ၊ ပညာရှင်များကြားမှာ မိမိကိုယ်မိမိ ဆင်ဆာ လုပ်မှုဟာ ပလိပ်ရောဂါ တခုလို ပြန့်ပွားနေပါတယ်။ တချို့က စစ် အစိုးရရဲ့ နှိပ်ကွပ်မှု ခံရမှာစိုးတာကြောင့် ကလောင်နဲ့လျှာ ဘရိတ်အုပ်သလို တချို့ကျပြန်တော့ ပြည်ဝင်ဗီဇာ မရမှာ ကြောက်လို့ မြန်မာ့ရေးရာမှာ အရေးကြီးတဲ့ အချက်တွေအပေါ် တေမိဇာတ် ခင်းနေကြတာ တွေ့ရပါတယ်။

ဒါတင်ပဲလား … မဟုတ်ပါဘူးခင်ဗျား။ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဝါဒ မိတ်ဆွေကြီး များဟာ တချို့ဆိုရင် ရင်တွေ သိပ်ခုန်ပြီး တရားဟော ဆရာ တပိုင်း နိဗ္ဗာန်ဆော် တပိုင်း ဘဝကို ကူးပြောင်းပြီး ငါ့စကားနွားရ ရေးကြ ပြောကြ ဟောကြတာ အလျှံ အပယ်ပါပဲ။

ကျနော်ကတော့ “အနီးကပ်ထိတွေ့ဆက်ဆံမှု”ကို ပါးစပ်ပြောရုံတင် မက ကိုယ်တိုင် ကိုယ်ကျ ယုံယုံ ကြည်ကြည် လုပ် ကြည့်ခဲ့ပါတယ်။ ငါးနှစ်အရွယ် ကျနော့်သမီးကို သူ့မိခင် အမေရိကန်သူ လက်ထဲ အပ်ထားခဲ့၊ လူအများ တပ်မက်တဲ့ အမေရိကားမှာ အမြဲ နေထိုင်ခွင့်ပြုတဲ့ နိုင်ငံရေး ခိုလှုံခွင့်ကို လိုလိုလားလား ပြန်အပ်ခဲ့ပြီးမှ ပြည်တော် ပြန်ခဲ့တာပါ။

ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ အဖွဲ့နဲ့ရော သူတို့အဖွဲ့ကို ဖြုတ်ပစ် လိုက်တဲ့ စစ်ခေါင်းဆောင် များနဲ့ပါ နားလည်မှု တည်ဆောက်ရေး ကိစ္စများပါမက အနှစ်သာရပါတဲ့ လုပ်ငန်းတွေကိုပါ လုပ်ဖို့ ကျနော့်ဘက်က စေတနာမှန်စွာ စိတ်သန့်ရှင်းစွာ ကြိုးစား ကြည့်ပါတယ်။ ဆယ်စုနှစ် တခုနီးနီး ပေါ့လေ။

စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို ဆက်ထောက်ခံတဲ့ အတိုက် အခံများနဲ့ မြန်မာ့အရေး လုပ်စားတဲ့ နိုင်ငံရေး NGO များအနေနဲ့ အသိခေါက်ခက် ဖြစ်နေတဲ့ အကြောင်းအရာ တခုရှိပါတယ်။ အဲဒါကတော့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ထိုင်းနိုင်ငံများဟာ မြန်မာပြည်မှာရှိတဲ့ သူတို့ အကျိုးစီးပွားတွေကို လျစ်လျူရှုပြီး အတိုက်အခံတွေ ဝိုင်းတောင်းတဲ့ ပိတ်ဆို့မှု၊ ဖိအားပေးမှုတွေကို လုပ်ဖို့ အလားအလာ မရှိဘူး ဆိုတာပါပဲ။

အလားတူပဲ “အနီးကပ်ထိတွေ့ဆက်ဆံရေး” နိုင်ငံရေး အခါတော် ပေးကြီးများ ကျပြန်တော့လည်း မြန်မာ စစ်အစိုးရဟာ ဘယ် အတိုက်အခံ နိုင်ငံရေး အင်အားစု၊ ပါတီနဲ့မှ အဓိပ္ပာယ်ရှိတဲ့ ရင်ကြားစေ့မှု၊ သင်ပုန်းချေမှု လုပ်ဖို့ လုံးဝ ဆန္ဒမရှိဘူး ဆိုတဲ့အချက်ကို လျစ်လျူရှုပြီး မျက်ကန်းတောတိုး ဇာတ်ခင်း နေကြတယ်ခင်ဗျား။

စစ်အစိုးရဟာ ဘာနဲ့တူသလဲဆိုရင် ငါးမျှားချိတ်လွတ်အောင် ငါးစာကို လှည့်ပတ် စားနိုင်တဲ့ ငါးလည် တကောင်နဲ့ တူလာတယ် ဆိုတာ အားလုံးက သတိမူဖို့ လိုပါတယ်။

အနောက်အုပ်စုရဲ့ “အနီးကပ်ထိတွေ့ဆက်ဆံမှု” ဗျူဟာ၊ ဝါဒ သစ်ဟာ မြန်မာ အတိုက်အခံများ ကျားကုပ်ကျားခဲ တွန်းနေတဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ် ပြောင်းလဲမှုများကို ထိရောက်စွာကူပြီး တွန်းနိုင်ဖို့လိုပါတယ်။ အင်အားကြီး အရင်းရှင် နိုင်ငံ ဖြစ်လာတဲ့ တရုတ်ရဲ့သြဇာ ကျယ်ပြန့်လာမှုကို ပိတ်ဆို့ဖို့ဆိုတဲ့ အမေရိကန်နဲ့ ဗျူဟာအမြင် တခုတည်းနဲ့တော့ အမေရိကန်ရဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဗျူဟာဟာ မြန်မာ့ ဒီမိုကရေစီအရေး အတွက် အထောက်အမ ဖြစ်ဖို့ အလား အလာ မရှိပါဘူး။

တရုတ်သြဇာကြီးလာတာကို စိုးရိမ်မိတာနဲ့ အမေရိကန် ပြန်ဝင်လာမယ့် မူဝါဒမျိုးဟာ မကြာခင် အချိန်မှာ ဒေါ်အောင် ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်နဲ့ တိုင်းရင်းသား လူမျိုးစုများရဲ့ ဖိနှိပ်ခံဘဝတွေကို အပေါ်ယံမူဝါဒ သဘောလောက် (သို့မဟုတ်) ကန်ရဲ့အကျိုးစီးပွားအတွက် ဆူးငြောင့်ခလုတ်တွေပဲလို့ စဉ်းစားသုံးသပ်မှုမျိုးတွေ ပေါ် လာမှာပါ။ အမေရိကန်တွေ ဒီလိုတွေး ဒီလိုကြံပြီး ဒီလမ်းလျှောက်တော့မယ် ဆိုရင် တခြား အနောက်နိုင်ငံတွေလဲ ကန်နောက်က တကောက်ကောက် ပါလာမှာပါ။

မတူညီတဲ့ အကျိုးစီးပွား၊ သဘောထား အမြင်တွေ အပေါ်မှာ အခြေခံတဲ့ ပဋိပက္ခတွေ ပေါ်လာမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ခုတောင် ပဋိပက္ခရဲ့ အရိပ်အယောင်တွေကို စမြင်ရပါပြီ။ ဗိုလ်ချုပ်ကြီးများက လွှတ်တော်အမတ် ဝက်ဘ်ရဲ့ မြန်မာပြည် အရေးကြီး ခရီးစဉ်ကို “အောင်မြင်မှုကြီး တရပ်”လို့ ခရုသင်းမှုတ်ပြီး တိုင်းသိပြည်သိ ကမ္ဘာသိ အော်နေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေအထားက အမေရိကန် အစိုးရ ၊ စစ်အစိုးရနဲ့ ကိုးလိုးကန့်လန့် ဖြစ်လာနိုင်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်အပေါ် ထားတဲ့ သဘောထားနဲ့ သုံးသပ်ချက်ဟာ လာလည်တဲ့ အမတ် ဝက်ဘ်နဲ့ သူ့နိုင်ငံ အစိုးရရဲ့ တရုတ်ပြည်ပေါ် အမြင်နဲ့ လုံးဝ မတူတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံကို “မိတ်ဆွေ အိမ်နီးချင်း”လို့ မြင်ကြောင်း ပြောတယ်။ အမတ်ဝက်ဘ်က တရုတ်ဟာ ရန်မူလာနိုင်တဲ့ အင်အားကြီး နိုင်ငံလို့ သဘောထားပါတယ်။

ဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံအပေါ် သုံးသပ်မှုနဲ့ “အနီးကပ် ထိတွေ့ ဆက်ဆံရေး” ဝါဒသစ်ကို တွန်းနေတဲ့ တခြား အထင်ကရ မြန်မာတချို့ရဲ့ အမြင်တွေဟာ ပြဒါးတလမ်း သံတလမ်း ဖြစ်နေကြပါတယ်။

ဥပမာပေးရမယ်ဆိုရင် ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ မြေးဖြစ်သူ သန့်မြင့်ဦးဟာ အမေရိကန် နိုင်ငံရဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဝါဒ မသုံးဘူးဆိုရင် ၅၅ သန်းရှိ မြန်မာ ပြည်သူတွေဟာ တရုတ်လူမျိုး ၁.၃ ဘီလီယံရဲ့ကိုလိုနီအသွင် ဆန်တဲ့ ဘဝကို ရောက်ဖို့ အလားအလာ များလာပြီလို့ သြဂုတ်လ (၁၆) ရက်ထုတ် Washington Post ပါ သူ့ရဲ့ဆောင်းပါးထဲမှာ သတိပေး ရေးသားထားတာ တွေ့ရပါတယ်။

ဝါရှင်တန်ရဲ့ တရုတ်ကွန်မြူနစ်ကို ဟန့်တား ထိန်းချုပ်မှု မူဝါဒကို ကောင်းကောင်း အမြတ်ထုတ် နိုင်ခဲ့တဲ့ စစ်အာဏာရှင် နေဝင်း အစိုးရလက်အောက်မှာ (၂၆) နှစ်လုံးလုံး နေလာခဲ့တဲ့ ကျနော့်အဖို့ ဒီလေသံ သစ်တွေဟာ စိတ်ပူစရာပါပဲ။

“အချုပ်အခြာ အာဏာပိုင်လို့ မူအရ ပြောရင်ရတဲ့ မြန်မာပြည်သူလူထု” ဟာ ဝါရှင်တန်နဲ့ ဗမာ စစ်အစိုးရရဲ့ ဗျူဟာ တန်း ညှိတဲ့ ကိစ္စမှာ ပေါချောင်ကောင်း ဘဝနဲ့ ရောင်းစား ခံရဖို့ အလားအလာ ရှိပါတယ်။ ကျနော့်အနေနဲ့ အခြေ အမြစ်မရှိတဲ့ စကားပြောတာ မဟုတ်ပါဘူး။ အနောက် နိုင်ငံတွေမှာ မြန်မာ့ရေးရာ မူဝါဒများကို ကျနော်ကိုယ်တိုင် ခရေစေ့တွင်းကျ ဝင်တွန်း ဝင်လုပ်ခဲ့ဖူးတော့ မြန်မာ့ ဒီမိုကရေစီ အရေးတို့ လူ့အခွင့်အရေး မြှင့်တင်ရေးတို့ ဆိုတာတွေဟာ အနောက်နိုင်ငံ အစိုးရတွေ အတွက် တကယ့် အရေးကြီးတဲ့ မူဝါဒ ပန်းတိုင်များ မဟုတ်ပါဘူး။

ကျနော်ကိုယ်တိုင် ဝင်လုပ်ရင်း သိလာတဲ့ ခါးသီးတဲ့ အသိတရပ် ရှိပါတယ်။ အဲဒါကတော့ ဘယ် အနောက် နိုင်ငံတွေကမှ (အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ ကနေဒါ၊ သြစတြေးလျ၊ အီတလီ၊ ဂျာမနီ၊ ဂျပန်၊ ဥရောပအဖွဲ့ စသဖြင့်ပေါ့) ၎င်းတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စွမ်းအင် စီးပွားရေး အကျိုး စီးပွားတွေကို ကျနော်တို့ ဒီမိုကရေစီ ရဖို့ ဘယ်တော့မှ စတေးပေးမှာ မဟုတ်ပါဘူး။ တချိန်တည်းမှာပဲ ဒီအနောက်နိုင်ငံတွေ ကပဲ တရုတ်၊ အန္ဒိယ၊ ရုရှား၊ အာဆီယံ စီးပွားရေးသမားများ အစိုးရများ စွမ်းအင်စီးပွား ရှာနေတာကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ဝေဖန်တာ တွေ့ရပါတယ်။

ပြင်သစ်သမ္မတ ဆာကိုဇီကို ကြည့်ပေါ့။ သူ့အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် တင်းမာတဲ့ မူဝါဒကိုင်ခဲ့ပြီး အပြည်ပြည် ဆိုင်ရာ အစည်း အဝေးတွေမှာ မဏ္ဍပ်တိုင် တက်ပြပါတယ်။ တကယ်ကတော့ မြန်မာပြည်မှာ စွမ်းအင် အကျိုးစီးပွား ရှာနေတဲ့ ပြင်သစ်ရဲ့ Total ကုမ္ပဏီကြောင့် ပြင်သစ်အစိုးရကို ဝေဖန်မှာတွေကို ကြိုတင် ဟန့်တားတာ ထက် မပိုပါဘူး။

အလားတူပဲ အမေရိကန် သမ္မတ သုံးဦးဟာ မြန်မာနိုင်ငံကို “စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု” ဥပဒေကို တနှစ်တခါ လက် မှတ်ထိုးပြီး အသက် သွင်းပေးတာ ၁၉၉၈ ခုနှစ် ကတည်းကပါပဲ။ ဒါပေမယ့် အမေရိကန် ရေနံကုမ္ပဏီ Chevron ကတော့ မြန်မာပြည်ကရတဲ့ စွမ်းအင်အကျိုးစီးပွား ဒေါ်လာ သန်းပေါင်းများစွာကို ကုမ္ပဏီ ဌာနချုပ်ရှိရာ ကယ်လီဖိုးနီးယား ပြည်နယ် ရစ်ခ်ျမွန်းမြို့ကို အတားအဆီး အခက်အခဲမရှိ သပိတ်ဝင် အိတ်ဝင် ပို့ပေးနေဆဲပါ။

ဒီ စွမ်းအင်အကျိုးအမြတ်ကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးများက စစ်အစိုးရနဲ့ ဝေစား မျှစားလုပ်ပြီး စွမ်းအင် လုပ်ငန်းနဲ့ ဒေသမှာရှိတဲ့ နယ်ခံ ပြည်သူများကိုတော့ အရိုးအရင်းလောက်ပဲ ပစ်ပေးတာပေါ့။ ဒါတောင် “ကုမ္ပဏီကြီးများ ရဲ့ လူမှုအသိစိတ်နဲ့ လူမှုတာဝန် ထမ်းဆောင်ခြင်း” ဆိုတဲ့ နာမည်ကောင်း ယူပါတယ်။ ဘဏ်တိုက်ဖောက်လာပြီး လမ်း မှာတွေ့တဲ့ သူတောင်းစား၊ ဆင်းရဲသားတွေကို နှစ်ပြားတပဲစွန့်ကြဲတဲ့ စေတနာမျိုးပေါ့။

သြဂုတ်လ ၂၀ ရက်ထုတ် ဧရာဝတီ မဂ္ဂဇင်းမှာပါတဲ့ “မြန်မာ ဗိုလ်ချုပ်ကြီးများရဲ့ ရည်မှန်းချက် ပန်းတိုင်၊ အရှေ့တောင် အာရှ အင်အား အကြီးဆုံး စစ်တပ်ကြီး ထူထောင်ရေး” ဆိုတဲ့ ဆောင်းပါးထဲက ထောက်ပြထားသလို စစ်အစိုးရဟာ ရသမျှစွမ်းအင်နဲ့ တခြားဝင်ငွေ သန်းပေါင်းများစွာကို လက်နက်သစ်များ ထုတ်လုပ်ရေး စီမံကိန်းကြီးတွေမှာ ဖြုန်းတီးပစ် ပါတယ်။ ကူပြီး ဖြုန်းပေးတဲ့ နိုင်ငံတချို့ကတော့ တရုတ်၊ တောင်နဲ့မြောက် ကိုးရီးယား၊ စင်ကာပူနဲ့ ရုရှားတို့ပဲ ဖြစ်ပါတယ်။

“စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု” လှုပ်ရှားမှု အစောပိုင်းကာလ များမှာ တရုတ်၊ အိန္ဒိယ နိုင်ငံများဟာ သူတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး အင်အားတွေကို ပြည်ပမှာ ထိထိ ရောက်ရောက် သုံးနိုင်တဲ့ အနေအထား မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီတုန်းက လည်း အနောက် အုပ်စုနိုင်ငံ အစိုးရများဟာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို ပြင်းပြင်း ထန်ထန်သုံးပြီး NLD နဲ့ အတိုက် အခံများရဲ့ နိုင်ငံရေး အင်အားကို မြှင့်တင်ပေးတာ မရှိခဲ့သလို လက်နက်ကိုင် တော်လှန်ရေး အတွက်လဲ ဘာမှရေရေ ရာရာ ပံ့ပိုးပေးခဲ့တာ မရှိပါဘူး။

တချိန်တည်းမှာပဲ အမေရိကန်နဲ့ အနောက်နိုင်ငံ မဟာမိတ်များဟာ ရေနံကြွယ်ဝပြီး ဗျူဟာ အရ အရေးပါတဲ့ အီရတ်လို နိုင်ငံကို ဝက်ဝက်ကွဲအောင် ဗုံးတွေကြဲပြီး ကျူးကျော်စစ် တိုက်တာတော့ လုပ်လာတယ်။ ဒါကတော့ ရေနံတွင်းတွေနဲ့ ဗျူဟာကျနယ်တွေကို ထိန်းချုပ်ဖို့ဆိုတာ ကမ္ဘာကမြင်ပါတယ်။ လူ့အခွင့်အရေးထက် စွမ်းအင်အရေး က မူဝါဒအရ ပိုပြီး အဓိက အရေးပါ ပါတယ်။

စေ့စပ်ညှိနှိုင်းရေးဆရာများ သတိပြုစရာ အချက်ကြီး ၆ ချက်

ပထမ။ ။ “မြန်မာစစ်အစိုးရဟာ အထီးကျန်ဘဝမှာ ရပ်တည်နေရတယ်” ဆိုခြင်းပဲ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ရော ၎င်းတို့ရဲ့ စီးပွားရေး လက်ဝေခံ မြန်မာ စူဇကာ အကြီးစားများဟာ စစ်အေးတိုက်ပွဲလွန် ကမ္ဘာကြီးမှာ ပြင်ပနိုင်ငံများနဲ့ အဆက် အသွယ်ပြတ်ပြီး အထီး ကျန်တယ်လို့ ပြောတာကတော့ ယုံတမ်းစကားကို အမှန်လုပ်ပြီး ပြောခြင်းပဲ ဖြစ်ပါတယ်။ တကယ်တော့ ၎င်းတို့ဟာ “ဂလိုဘယ် လိုက်ဇေးရှင်း” မဟုတ်ဘဲ “ခေတ်နောက်ပြန်ဆွဲ ဂလို ဘယ်လိုက်ဇေးရှင်း” ဆိုတဲ့ ရေစီးကြောင်း ဂယက်ထဲမှာ မျှောလိုက်နေတဲ့ သတ္တဝါတွေလို့ ပြောရင်ရပါတယ်။

သေသေချာချာလဲ စဉ်းစားကြပါဦး။
စစ်အစိုးရဟာ မျက်မှောက်ကမ္ဘာရဲ့ ဘီလူးနိုင်ငံကြီးများ ဖြစ်ကြတဲ့ တရုတ်၊ ကုလား၊ ရုရှားတို့က စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ထောက်ခံမှုများ ပီပီပြင်ပြင်ရထားတဲ့ အစိုးရတဖွဲ့၊ အာရှတတိုက်လုံးရှိ အစိုးရပေါင်းစုံဆီက လိုတာအကုန်ရနေ တဲ့အဖွဲ့၊ ဒါတင်မကဘူး၊ အာရှအပါအဝင် တကမ္ဘာလုံးမှာရှိတဲ့ သယံဇာတ၊ စွမ်းအင်များ ထုတ်လုပ်တဲ့ အပြည် ပြည်ဆိုင်ရာ စွမ်းအင်ကုမ္ပဏီကြီးများနဲ့ ပလဲနံပသင့်ပြီး ငွေဒေါ်လာ သန်းရာထောင် ချီပြီးရနေတဲ့ အစိုးရဖြစ်တယ် ဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်းခနဲ မြင်နိုင်ပါတယ်။ ဒါကိုမှ ဒီအစိုးရကမှ အထီးကျန် အစိုးရလို့ ပြောဟော ရေးသားနေကြတာကတော့ သာမန်ပြည်သူနဲ့ စာဖတ်ပရိတ်သတ်များရဲ့ ဆင်ခြင်သုံး သပ်နိုင်စွမ်းကို နလပိန်းတုံး တွေလို့ သဘောထားပြီး စော်ကားခြင်းတမျိုးပဲလို့ မြင်ပါတယ်။

ဒုတိယ။ ။ စစ်အစိုးရရဲ့ မူဝါဒ၊ ဦးစားပေးမှုများ အပြုအမူ အတွေး အခေါ်နဲ့ လက်တွေ့ လုပ်ငန်းများကို ကြည့်မယ် ဆိုရင် မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး အဆောက်အဦဟာ စစ်ဝါဒီ လွှမ်းမိုးတဲ့ လက်နက် နိုင်ငံကြီးသာ ဖြစ်တယ်ဆိုတာ သတိမူဖို့ လိုပါတယ်။ ဒီလက်နက် နိုင်ငံကြီးကို တွေ့သမျှ သတ်စားတဲ့ သတ္တဝါဆိုးကြီး တကောင်လို့ မြင်ကြည့်မယ် ဆိုရင်လဲ မမှားပါဘူး။ လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က သူနဲ့ “စစ်ခေါင်းဆောင်” ဗိုလ်သန်းရွှေ တွေ့ဆုံ ဆွေးနွေးတုန်း က မသိကျိုးကျွံ ပြုခဲ့တဲ့ အကြောင်းအရာ တခုရှိပါတယ်။ အဲဒါကတော့ အမေရိကန်နိုင်ငံရဲ့ “စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုဝါဒ” လို့ ပြော ပါတယ်။

ဒါပေမဲ့ ပိုပြီးအရေးကြီးတဲ့ အကြောင်းအရာကြီး တခုကိုတော့ အမတ် ဝက်ဘ် သတိတောင် ထားမိပုံမရပါဘူး။ အဲဒါက တော့ လက်ရှိမြန်မာပြည်ရဲ့ “စစ်ဝါဒီ လွှမ်းမိုးနေတဲ့ လက်နက် နိုင်ငံကြီး” ပါ။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေမှာကို လက်တွေ့တိုင်းတာမှုနဲ့ပဲ မြင်မြင် သမိုင်း အရပဲ စစ်စစ်၊ ၁၉၆၂ ကတည်းက ဗိုလ်ချုပ်ကြီးများ လက်အောက် ကျရောက်သွားတဲ့ မြန်မာနိုင်ငံ အုပ်ချုပ်မှု အဖွဲ့အစည်းကြီးဟာ ရောင်းလို့ရတဲ့ တိုင်းပြည်ရဲ့ မြေပေါ် မြေအောက် သယံဇာတ ပစ္စည်းအားလုံးကို အထိန်းအကွပ်၊ အမြော်အမြင်မရှိ ရောင်းစားနေတာ ဖြစ်ပါတယ်။ ဒီသယံဇာတ အရင်း အမြစ် အများစုဟာ တိုင်းရင်းသား တွေရဲ့ဘိုးဘွားပိုင် နယ်မြေဒေသမှာ အလျှံအပယ် ထွက်နေတာပါ။ ဒီလက်နက် နိုင်ငံကြီးဟာ လိုသမျှ ပြည်သူ့မြေကို သိမ်း၊ ပြည်သူ့ လုပ်အားတွေကို အဓမ္မညှစ်ထုတ် နေတာ တွေ့ရပါတယ်။ “စစ်ရေးသည် နိုင်ငံရေး၏ အဆုံးစွန်သောလမ်းကြောင်း” ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ အမြင် ရှုထောင့်ကို ထော်လော် ကန့်လန့်လုပ်ပြီး မြန်မာ စစ်အစိုးရကတော့ “နိုင်ငံရေးသည် စစ်ရေး၏ အစွယ်အပွား တခုသာ” ဆိုသည့် သံဃာစင်ပါ မှောက်မယ့်အမြင်ကို ၎င်းတို့ လက်နက် နိုင်ငံကြီးရဲ့ စစ်ဓမ္မ၊ စစ်တရား အနေနဲ့ ကျင့်သုံးနေပါ တယ်။

တတိယ။ ။ လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးပဲ ကြည့်ကြည့်၊ လူမျိုးရေးနဲ့ပဲ ကြည့်ကြည့် တိုင်းရင်း သား ပြည်သူလူထု တရပ်လုံးနဲ့ စစ်အုပ်ချုပ်သူ လူတန်းစား၊ စစ်အစိုးရနဲ့ ဆက်ဆံရေးဟာ “ပြည်တွင်း ကိုလိုနီ ဆက်ဆံရေး” သာ ဖြစ်ပါတယ်။

ပြည်သူတွေကိုရော ပြည်သူ့ဝန်ထမ်းများကိုပါ လက်အုပ်ချီ ဒူးတုပ်ပြီး ဂါရဝ ပြုခိုင်းတဲ့ စစ်ဗိုလ်ချုပ်ကြီးများဟာ ပြည်သူ တွေရဲ့ “သခင်ကြီးလက်သစ်” “မာစတာလက်သစ်” များ ဖြစ်လို့နေပါတယ်။ သံဃာတော်များကို ပါးရိုက်၊ နားရိုက်၊ ခြေနဲ့ကန် စော်ကားပြီး အာဏာရူး၊ ဥစ္စာရူး ဗိုလ်ချုပ်တွေကို ပစ္စေကဗုဒ္ဓါပေါက်စလေးတွေလို လက်အုပ်ချီ ခိုင်း၊ ပိုပြီး အော့နှလုံးနာစရာ ကိစ္စက ဗိုလ်ချုပ်ကြီးများဟာ သူတို့ကိုယ်သူတို့ ရှေးစစ်ဘုရင်ကြီးများ အရိုက်အရာခံ ဘုရားဆုပန်၊ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးများ ယောင်ယောင် အာရုံဝင်နေပုံ ရတာပါပဲ။

ပဒေသရာဇ်ခေတ် နန်းတက်ပွဲတွေဟာ အများအားဖြင့် သွေးချောင်းစီး အာဏာ လုပွဲတွေရဲ့ ရလဒ်၊ စစ်ရေး အနိုင်ကျင့်မှု၊ ကြီးနိုင်ငယ်ညှဉ်း လုပ်မှုတွေရဲ့ ရလဒ်များသာ ဖြစ်တယ် ဆိုတာကို မြန်မာ အမျိုးသားရေး ဝါဒီတွေရဲ့ သမိုင်း စာအုပ်တွေမှာ ဖော့ပြီး ရေးထားတာကို တွေ့ရပါလိမ့်မယ်။

စတုတ္ထ။ ။ စစ်အရာရှိများကို သုံးသပ်ပြန်ရင်လဲ စစ်သားကလွဲရင် “ဘယ်ခွေးမှ လူမထင်” ဘူးဆိုတဲ့ အမြင်နဲ့ လက်နက် နိုင်ငံတော်ကြီး ထူတောင်နေတဲ့ ပုံစံပါပဲ။ တပ်မတော်သားတွေ တဦးချင်း စိတ်ကောင်း နှလုံးကောင်း ရှိကြမယ်၊ ရှိကြတယ် ဆိုတာ လက်ခံလို့ရပေမယ့် ဒီစနစ်ဆိုးကြီးထဲမှာ သူတို့ဟာ မျှောပြီးလိုက်နေကြတာမို့ တိုင်းပြည် ငါးပါးမှောက်မယ့် “လက်နက်နိုင်ငံတော်ကြီးသည်သာ အဓိက” ဆိုတဲ့ ဝါဒဆိုးကြီးကို လက်ခံကျင့်သုံးတာ တွေ့ရပါတယ်။

စစ်တပ်က နိုင်ငံတော် အဖွဲအစည်းအားလုံးကို လက်ဝါးကြီးအုပ် သိမ်းပိုက်ထားတာ အနှစ် (၅၀)လောက် ရှိသွားပါပြီ။ ဒီအချက်က စစ်အရာရှိ၊ အရာခံများကို “လက်နက်နိုင်ငံတော်” ဆိုတဲ့ အမြင်မှားတွေကို လက်ခံကျင့်သုံးဖို့ ဦးတည်ပေး နေတာ ဖြစ်ပါတယ်။ ၎င်းတို့ အားလုံးရဲ့ အမြင်မှာ တိုင်းပြည်တခုရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုသည်မှာ ပြည်သူလူထု၊ မြို့မိမြို့ဘများ မဟုတ်တော့ဘဲ “စစ်ခေါင်းဆောင်” လုပ်တဲ့ စစ်ဗိုလ်ချုပ်သာ ဖြစ်တယ်ဆိုတဲ့ အတွေးအမြင်တွေ၊ ပြည်သူ့ တပ်ထဲမှာ အမြစ်တွယ်လာတာကို ဝမ်းနည်းစွာ သုံးသပ်မိပါတယ်။

ဒါရဲ့ အကျိုးဆက်ကတော့ ယနေ့ မြန်မာ့တပ်မတော်ဟာ “စစ်ခေါင်းဆောင်” ဆိုတဲ့ ဗိုလ်ချုပ် အမိန့်ပေးသမျှနဲ့ သူ့ရဲ့ အကျိုးစီးပွား၊ သူ့ရဲ့ အမြင်ဝါဒကလွဲရင် ဘယ်ပြည်သူ့မျက်နှာမှမထောက်၊ မငဲ့ညှာဘဲ “ဗိုလ်တေ” မာရင်ပြီးရောဆိုတဲ့ လုပ်ရပ်တွေ လုပ်နေတာ တွေ့ရပါတယ်။

တိုင်းပြည်ရဲ့ ပြဿနာများ၊ သဘောထား၊ အမြင်ကွဲလွဲမှုများကို လူလို သူလို မေတ္တာ ရှေ့ထားပြီး ရင်ကြားစေ့ဖို့၊ သင်ပုန်း ချေဖို့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ မလိုဘူးလို့ သဘောထားကြပုံ ရပါတယ်။ ဂေါတမ ဘုရား သားတော်တွေကိုတောင် စော်ကား မော်ကားနဲ့ ရက်ရက် စက်စက် နှိပ်ကွပ်တာ ဒီခေတ်သစ် ဒေဝဒတ် အမြင်ကြောင့်ပေါ့။

ဒီနေရာမှာ ကြီးနိုင်ငယ်ညှဉ်း စစ်ဝါဒနဲ့ စစ်ဝါဒီများကို ရွံရှာစက်ဆုပ်တာပါ။ စစ်သား စစ်ဗိုလ်တွေကို မုန်းဖို့ မလိုပါဘူး၊ မမုန်းသင့်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ NLD ဦးကြည်မောင်၊ ဦးတင်ဦးတို့ကအစ ဗိုလ်ချုပ်ခင်ညွန့်တို့ ဗိုလ်ကြီးအုန်း ကျော်မြင့်တို့လို မျိုးချစ်စစ်သားတွေ အများကြီး ရှိခဲ့ပါတယ်၊ ရှိနေဆဲပါ။ စံနမူနာထားရမယ့် မျိုးချစ်တပ်မတော်သား တွေပါ။

ပဉ္စမ။ ။ စစ်တပ်အရာရှိများကို အနောက်နိုင်ငံများနဲ့ တွေ့ထိ ဆက်ဆံမှု အပေါ်ယံကျော ပေါင်းသင်းမှုမျိုး လုပ်ရုံနဲ့ စစ်အစိုးရရဲ့ ဉာဉ်နဲ့ ဗီဇ ပြောင်းလာမှာ မဟုတ်ပါဘူး။ ဒီလို အယူအဆမျိုးကို ကိုင်တွယ်ပြီး မြန်မာ့ရေးရာ ပေါ်လစီပြောင်းဖို့ တွန်းနေသူ၊ နိုင်ငံရေး နိဗ္ဗာန်ဆော်များ အနေနဲ့ အတိတ်မမေ့သင့်ဘူး လို့ ပြောချင်ပါတယ်။

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း ဒုတိယအကြိမ် အာဏာသိမ်းတုန်း ကတည်းက စပြီး ၈ လေးလုံး အရေးအခင်းကြီး ဖြစ်တဲ့အထိ အနောက်အုပ်စု နိုင်ငံများဟာ မြန်မာ့ တပ်မတော် နဲ့ စစ်ခေါင်းဆောင်များကို စစ်ရေး၊ နည်းပညာရေး၊ ငွေရေး အကူ အညီ အများကြီး ပေးခဲ့ပါတယ်။ မဆလ ဘုန်းမီးနေလ တောက်စဉ် ကာလက ဆိုရင် မြန်မာပညာရှင်များ၊ စစ်အရာရှိများ အများဆုံး လွှတ်ခဲ့တာ အနောက်အုပ်စု နိုင်ငံများကိုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ခေတ်သစ် နိုင်ငံရေးသမိုင်းမှာ ဘယ်မြန်မာ ဗိုလ်ချုပ်မှ ဗိုလ်နေဝင်းလောက် အနောက်အုပ်စု နိုင်ငံများနဲ့ ပလူးပလဲ နေခွင့် မရခဲ့ပါဘူး။ ၁၉၆၂ အာဏာသိမ်းပွဲ အပြီးမှာတောင် ဗိုလ်နေဝင်းကို အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ကြိုဆိုမှု ရှိခဲ့ပါတယ်။ လန်ဒန် မှာလည်း အဲလဇ္ဇဘက် ဘုရင်မ ဗိုလ်နေဝင်းနဲ့ လက်ဖက်ရည် အတူသောက် စကားပြောဧည့်ခံတာ အားလုံး သိကြပါတယ်။ ဒီအာဏာရှင် စစ်ဗိုလ်ကြီးဟာ ဈေးကြီးတဲ့ ဝင်ဘယ်လ်တန်မှာ အိမ်ဝယ်ထား၊ စကော့တလန်မှာ ဂေါက်ကစား၊ လန်ဒန်က အကောင်းဆုံး ဆေးခန်းတွေမှာ တနှစ်တခါ နှာစေးချောင်းဆိုးစစ်၊ နောက် ဗီယင်နာမှာ စိတ်ရောဂါ အထူး ကု ဆရာဝန်ကြီးနဲ့ သူ့စိတ်ရူးကို ပြပြီးကု၊ ဂျနီဗာမှာထားတဲ့ သူ့ဘဏ်စာရင်းတွေကို ဝင်စစ်၊ လုပ်လေ့ရှိပါတယ်။

ဆဋ္ဌမ။ ။ နောက်ဆုံးနဲ့ ဆဋ္ဌမ ပြောရမယ့် အချက်ကတော့ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်း ယဉ်ကျေးမှု တရပ် လုံးနဲ့ ဆိုင်ပါတယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ရတာတော့ စိတ်မကောင်းပါဘူး။ ကျနော်တို့ ယဉ်ကျေးမှု စရိုက် ထဲမှာ အထက်နဲ့အောက် ဆက်ဆံရေးမှာ အထက်ဖား အောက်ဖိဆိုတဲ့ ဉာဉ်ဆိုးတွေ သိပ်များပါတယ်။ အတွေးအခေါ် လွတ်လပ်မှုကို သည်းမခံဘူး။ တန်ဖိုးမထားဘူး။ လူမျိုးရေးအစွန်းရောက်ဝါဒနဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေး ယဉ်ကျေးမှု အမြင်တွေ တော်တော်များများ လူတွေမှာ တွေ့ရတယ်။ အဲဒီနောက် ပဒေသရာဇ်ရဲ့ နို့နံ့မစင်သေးတာတွေ ပဒေသရာဇ်ရဲ့ အပုပ်အသိုး အနံ့ဆိုးတွေ ကျနော်တို့ လူမှုအမြင်မှာ ဟောင်နေတုန်းပါပဲ။ ဒါတွေကို ပြတ်ပြတ်သားသား မြင်ဖို့လိုပါတယ်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ဒေသမှာရှိတဲ့ ရိုဟင်ဂျာ လူမျိုးစုနဲ့ ပတ်သက်ပြီး အလွန်အမင်း အကျည်းတန်တဲ့ လူမျိုးရေး ရှုတ်ချမှု စကားတွေကိုပဲ နားထောင်ကြည့်ကြည့်၊ ပင်ကို အရည်အချင်းပေါ်ကျော်ပြီး မိသားစု၊ အဖေ၊ အမေ၊ အဘိုး၊ အဘွား မျိုးရိုးနာမည်ကို ပုံကြီးချဲ့ ဦးစားပေးတဲ့ ခေတ်နောက်ပြန်ဆွဲ ပဒေသရာဇ် ဉာဉ်နဲ့ ပြုမူပုံတွေကိုပဲ ကြည့်ကြည့် ကျနော်တို့ လူမှုအဖွဲ့အစည်းကြီးဟာ ယဉ်ကျေးမှုရေပုပ်၊ ရေသိုးတွေ ဆက်လက် သောက်သုံးနေသလိုပါပဲ။

ဒါကိုပြောင်းဖို့ဆိုတာ ပြင်ပကမ္ဘာနဲ့ ဒေသဝန်းကျင်မှာရှိတဲ့ ပွင့်လင်း တိုးတက်တဲ့ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများနဲ့ ထိတွေ့ဆက်ဆံမှုများကို နှစ်ရှည်လများ လုပ်မှပဲ ဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ဟာ လူအများသိပြီး ဖြစ်ပါတယ်။ ပြည်သူတွေ ဆင်းရဲမွဲတေပြီး နိုင်ငံရေး နင်းပြားဘဝရောက်၊ နှိပ်စက်ခံနေရတာလဲ သက်သေသက္ကာယနဲ့ မှတ်တမ်းတွေ ရှိပါတယ်။

ကျနော်အပါအဝင် အတိုက်အခံ အများစုရဲ့ ထိထိရောက်ရောက် ဗျူဟာကျကျ မစဉ်းစားဘဲ တွန်းခဲ့တဲ့ “စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု” လုပ်ရပ်ဟာ အနှစ် ၂၀ ရှိသွားပါပြီ။

အနောက်နိုင်ငံတွေရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကျယ်ကျယ် လောင်လောင် အော်တဲ့နောက် နားယောင်ပြီး လုပ်ခဲ့တာ တကြောင်းမို့ ယနေ့ ပြဿနာတွေရဲ့ အခြေအနေဟာ နိုင်ငံရေးနဲ့ စီးပွားရေးအရ နင်းပြားဘဝကို ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကာလမှာတော့ “လက်တွေ့ကျကျ လုပ်ဆောင်ခြင်း၊ ပြောဆို ရေးသားခြင်း သည်သာ စစ်မှန်သော တော်လှန်ရေး” လို့ အော်နေကြတာကို ကြားရမှာပါ။ ဒီရွှေဥာဏ်တော် အသစ်နဲ့ “မိမိသာမှန်၏၊ ပြည်သူ့ စီးပွားရေး ပြေလည် စေ၏” ဆိုပြီး ဗိုလ်ချုပ်ကြီးများ နိုင်ငံရေး ပလ္လင်ပေါ် ဆက်ထိုင်နိုင်အောင် ဘိသိက်ကူ သွန်းပေးပြီး “Reform” ခေါ် ပြုပြင် ပြောင်းလဲ ရေးလုပ် ဖို့ တွန်းနေသူ ခေတ်သစ် အခါတော်ပေးများ မှိုလိုပေါက်လာတာ တွေ့ရပါတယ်။ အနှစ် ၅၀ လုံးလုံး နိုင်ငံ ထူထောင်ဖို့ဆိုပြီး စစ်ဗိုလ်ချုပ်များ ပလ္လင်ပေါ် တက်ထိုင်ခဲ့တဲ့ ရလဒ်ကတော့ တိုင်းပြည် ချွတ်ခြုံကျပြီး သယံဇာတ တွေ ကုန်တာကလွဲရင် ဘာမှ အကောင်းပြစရာ မရှိဘူးဆိုတာ ဒီနိုင်ငံရေး အခါတော်ပေးကြီးများ မေ့နေပုံရပါတယ်။

ဒီစစ်ခေါင်းဆောင်များကို “ပြုပြင်ပြောင်းလဲရေးသမား” များ အထင်မှတ်ပြီး ပုခုံးငှားတွေနဲ့ ပလ္လင်ပေါ် တွန်းတင်နေကြ တာ တိုင်းပြည်ကို ရေတိမ်ရော ရေနက်မှာပါ မြှုပ်သတ်တာနဲ့ အတူတူပါပဲ။

လက်ရှိ နိုင်ငံရေး ရေပေါ်စီ လူတစုရဲ့ အပေါ်စီးက တွန်းပေးနေတဲ့ အနီးကပ် ဆက်ဆံတွေ့ထိမှု မူဝါဒသစ် ဗျူဟာသစ် ဟာ စဉ်းစားမှုဘောင် ကျဉ်းကျဉ်းလေးထဲက လာတာဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဒီဗျူဟာထဲမှာ အာဏာရှင်တွေနဲ့ အာဏာရှင်စနစ်တွေ ဘယ်လိုပြောင်းလဲတယ်။ ဘယ်လို ဇာတ်သိမ်းကြတယ်ဆိုတာကို မျက်ကွယ်ပြုထားတဲ့ အချက် ပါ။

ဒီပုံစံမျိုး၊ ဒီလိုအတွေးအခေါ်မျိုးနဲ့ ယခုကာလမှာ ပေါ်ပင်ဖြစ်လာတဲ့ “အနီးကပ် ထိတွေ့ ဆက်ဆံမှု” ဗျူဟာနဲ့ ဝါဒဟာ ပြည်သူကို စီးပွားရေး ပြာပုံထဲက ထုတ်နိုင်ဖို့အလားအလာ မရှိသလို နိုင်ငံရေး အရလည်း တိုးတက်မှုအတွက် အထောက်အကူ မပြုစေပါဘူး။

တဖက်သတ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို ကျားလို့ သဘောထားရင် ဖုတ်ပူမီးတိုက် ဖော်မြူလာထုတ်ထားတဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဗျူဟာနဲ့ဝါဒသစ်ကို ရှင်ကြီးလို့ သဘောထားသင့်ပါတယ်။ ကျနော်တို့ မြန်မာပြည်သူ တွေကို ရှင်ကြီးကြောက်လို့ ကျားကိုး ရှင်ကြီး ကျားထက်ဆိုးဆိုတဲ့ အနေအထား ရောက်အောင် ဦးပုည လက်သစ်များ မလုပ်သင့်ကြောင်း ဒီနေရာက သတိပေးလိုက်ပါတယ်။ ဒါပါပဲ။


ဒေါက်တာ ဇာနည်

Read More...

ဗိုလ်မှူးအောင်လင်းထွဋ်၏ ဇွန်လ အစီရင်ခံစာ

Read More...

နေ့စဉ်သတင်းများ (၆ - ၉ - ၀၉)

KIO ထိပ်တန်းခေါင်းဆောင် (၅) ဦး တာဝန်မှနားပြီး ပါတီသစ်ထောင်မည် သတင်း
နိုင်ငံရေးအသွင်ကူးပြောင်းရေးကိုသာ ကေအိုင်အို လိုလား သတင်း
ကေအိုင်အိုအဖွဲ့ သဘောထားကွဲလွဲမှုမရှိဟု ဆို သတင်း
မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက် ကုန်သည်တွေ နေရပ်ပြန် သတင်း
ဗိုလ်ချုပ်ဟောင်း အောင်ကြီးနဲ့ ကိုးကန့်ပြဿနာ သတင်း
ဗျူဟာကျကြဖို့ တိုက်တွန်းထားတဲ့ ဝေဖန်ရေးအကြောင်း သတင်း
ရခိုင်နှင့် ကရင် (၃၄) ဦးအမူတွင် တရားလိုဘက်က သက်သေများ စစ်ဆေးပြီးစီး သတင်း
သိန်းပေါင်း (၂၇၀) တန်ဖိုးရှိ ယာဘားဆေးပြားများကို မူးယစ်ခေါင်းဆောင် (၂) ဦးနှင့်အတူ ဖမ်းဆီးရမိ သတင်း
ဖိလစ်ပိုင် ကမ်းရိုးတန်းသွားသင်္ဘော နစ်မြုပ်၊ လူပေါင်း (၆၀) ပျောက်ဆုံး သတင်း
မြန်မာနိုင်ငံဖွံ့ဖြိုးမှုနှုန်း GDP ကို လျှပ်စစ်မီးအသုံးပြုနိုင်မှုနှင့် တိုင်းတာ သတင်း
မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ထပ်မံဖမ်းဆီးခံရ သတင်း
သံဃာ့အရေးအခင်း အောက်မေ့ဖွယ်အခမ်းအနား အိန္ဒိယမှာ ပြုလုပ် သတင်း
ဓမ္မနဲ့ အဓမ္မ တိုက်ပွဲ (ဆောင်းပါး)
“အနီးကပ် ဆက်ဆံမှု” ဝါဒကို အပြုသဘောအရ ဝေဖန်ခြင်း (ဆောင်းပါး)
ကမ္ဘာ့စီးပွားရေးပြန်ကောင်းလာအောင် အင်အားကြီးနိုင်ငံတွေ ကြိုးပမ်း သတင်း
စီးပွားရေးပိတ်ဆို့မှု ဆင်ခြေနဲ့ ဒါ … ဒို့ ဗမာစစ်အစိုးရ (ဆောင်းပါး)
မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ အလားအလာ (တနင်္ဂနွေဆွေးနွေးပွဲ)
ကျောင်းသားတပ်မတော် ပေါ်ထွန်းလာခြင်း (အသံလွှင့်ဆောင်းပါး)

Read More...

Saturday, September 5, 2009

ခေါင်းမာသူတိုင်း လူရိုင်းမဟုတ်ဘူး

လူထုစိန်ဝင်း
September 4, 2009

နတ်ရှင်နောင်ရဲ့ စာအုပ်တွေ ဘေးမှာပုံထားပြီး တအုပ်ကို ဖတ်နေဆဲမှာ လူငယ်တစု ရောက်လာ ကြပါတယ်။ မကြာခဏ လာရောက် မေးမြန်း ဆွေးနွေးနေကျ ဂျာနယ် သမားတွေပါ။ သူတို့ထဲက တယောက်က နတ်ရှင်နောင် စာအုပ်တအုပ် ယူကြည့်ပြီး၊ နတ်ရှင်နောင် ကြိုက်သလားလို့ မေးပါတယ်။ "ရတုဘုရင်ပဲ မကြိုက်ဘဲ နေပါ့မလား" လို့ ဖြေလိုက်တော့ သူက အံ့သြဟန်ပြပါတယ်။

ခေါင်းမာတာ လူရိုင်းမဟုတ်
ဒီလူငယ်အပါအ၀င် လူတော်တော်များများက "အစွဲကြီးကြီးနဲ့ တော်တော် ခေါင်းမာတဲ့သူ" အဖြစ် သိထား ကြလေတော့ နတ်ရှင်နောင်ကို မဖတ်လောက်ဖူးလို့ ယူဆပုံ ရပါတယ်။ နောက်ပြီးတော့ လူတော်တော် များများက ခေါင်းမာတာနဲ့ ရိုင်းစိုင်း ကြမ်းတမ်းတာကို အတူတူပဲလို့ ယူဆထားလေ့ ရှိပါတယ်။ ခေါင်းမာတယ်ဆိုတာ ရိုင်းစိုင်း ကြမ်းတမ်းတာ မဟုတ်ပါဘူး။ ယုံကြည်ရာ တခုခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ပြီး ရေလိုက်ငါးလိုက် မလုပ်တတ်၊ မနေတတ်တာပါ။ ကိုယ်တိုင် မှားတယ်လို့ မယူဆဘဲနဲ့လည်း ကိုင်စွဲထားတဲ့ အယူအဆကို အလွယ်တကူ မစွန့်လွှတ် တတ်ပါဘူး။ ရာသီပြောင်းတိုင်း ပုတ်သင်ညိုလို အရောင် လိုက်ပြောင်းတတ်သူများက သူတို့ အားနည်း ပျော့ညံ့မှုကို ခုခံ ကာကွယ်ဖို့ အတွက် သူတို့က အရင် သူများကို လက်ညှိုးထိုးလေ့ ရှိတာကြောင့် ခေါင်းမာသူတိုင်းကို ရိုင်းစိုင်း ကြမ်းတမ်းသူတွေ အဖြစ် မြင်နေကြတာ ဖြစ်တယ်။

အစွဲကြီးသူ သိမ်မွေ့တတ်
အစွဲအလမ်းကြီးတတ် သူတွေဟာ အများအားဖြင့် အင်မတန် သိမ်မွေ့ပြီး စိတ်ကူး ယဉ်တတ် (romantic) သူတွေ ဖြစ်လေ့ ရှိပါတယ်။ ကားလ်မတ်နဲ့ အိန်ဂျယ် နှစ်ယောက်စလုံးဟာ ပင်ပမ်း နွမ်းနယ်မှုကို တယောထိုး ဖြေဖျောက် တတ်ပြီး၊ ဟိုချီမင်းနဲ့ မော်စီတုန်းတို့ ဆိုရင်လည်း ကဗျာ ဆရာတွေ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ ဆိုရင်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း အစ သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းတို့ အလယ် သခင်သိန်းဖေ၊ သခင်သန်းထွန်း၊ သခင်သန်းမြိုင်တို့ အဆုံး ကဗျာဆရာ၊ စာရေးဆရာတွေ ချည်းပါပဲ။ အစွဲလမ်းကြီး ခေါင်းမာသူတိုင်းကို လူကြမ်းတွေ၊ လူရိုင်းတွေလို့ ယူဆလို့ မရပါဘူး။ ကိုယ်တိုင်ကလည်း ခေါင်းမာတယ်သာ အပြောခံရတာ အီရတ်လို အာဖဂန် နစ္စတန်လို စစ်မြေပြင်တွေမှာ မူလတန်း ကျောင်းလေးပေါ် ဒုံးကျည် ကျရောက် ပေါက်ကွဲလို့ ကလေးသူငယ်တွေ ခြေပြတ်လက်ပြတ် သေဆုံးကြတဲ့ မြင်ကွင်းမျိုးတွေကို မြင်တိုင်း၊ မျက်နှာလွှဲ ပစ်မိတာ ချည်းပဲ။ အိပ်ရာဘေးမှာ ကဗျာစာအုပ် ထားပြီး ရှယ်လီ၊ ကိ၊ ဘိုင်ရွန်၊ ၀ါ့ဒ်စ်ဝါ့သ်တို့ရဲ့ 'ရိုမန်တစ်' ကဗျာတွေကို ခုထိဖတ်တုန်း၊ နတ်ရှင်နောင်၊ န၀ဒေး၊ လှိုင်ထိပ်ခေါင်တင် တို့ကိုလည်း ခုထိ ကြိုက်တုန်းပါပဲ။

စာတခြား လူတခြား
နတ်ရှင်နောင်ကို ကြိုက်တာက သူ့ကဗျာတွေကို ကြိုက်တာ။ လူကို ကြိုက်တာ မဟုတ်ဘူး။ လူကိုတော့ စက်ဆုပ်တယ်။ နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ် အမျိုးသား သစ္စာဖောက်ပဲ။ ဒါပေမယ်လို့ လူကို မုန်းတာနဲ့ သူ့စာတွေ မဖတ်ရ မကြိုက်ရလို့တော့ ဘယ်ပြောလို့ ဖြစ်မှာလဲ။ နယ်ချဲ့ သမားနဲ့ ပူးပေါင်းတဲ့ အတွက် ထိုက်တန်တဲ့ ဒဏ်ခတ်မှုကို သူခံရပြီပဲ။ သူ့စာတွေကိုပါ သူနဲ့အတူ မြေမြှုပ်ပစ်ရမယ် ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး။ စာတခြား၊ လူတခြား ခွဲခြား ကြည့်ရမှာပေါ့။ လူက နယ်ချဲ့ သမားနဲ့ ပေါင်းပေမယ့် ကဗျာတွေက နယ်ချဲ့ ဘုန်းတော်ဘွဲ့ တွေမှ မဟုတ်တာ။ နတ်ရှင်နောင်ဆိုတဲ့ ကဗျာဆရာ၊ ရတုဘုရင်ဟာ နယ်ချဲ့ သမားရဲ့ လက်ကိုင်တုတ် ဖြစ်တဲ့ အတွက် သေဒဏ် အစီရင် ခံလိုက်ရတယ် ဆိုတဲ့ အဖြစ်မှန်ကို သိထားရင် ပြီးတာပဲ မဟုတ်ဘူးလား။ ကိုယ့်တိုင်ပြည် ကိုယ့်လူမျိုးကို သစ္စာ ဖောက်ပြီး တိုင်းတပါး နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ် အဖြစ် အသုံးတော် ခံခဲ့သူများကိုတော့ ဘယ်လို အကြောင်းပြချက် မျိုးနဲ့မှ ခွင့်လွှတ်လို့ မရနိုင်ပါဘူး။

နယ်ချဲ့အလိုတော်ရိတွေ
ပဒေသရာဇ်စနစ်နေရာမှာ ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ အစားထိုးဖို့ လုပ်တာ ဖြစ်တဲ့ အတွက် ကင်းဝန် မင်းကြီးတို့ တတွေကို အပြစ် မတင်သင့်ဘူးလို့ ဘယ်လိုပဲ ရှေ့နေလိုက်လိုက် နယ်ချဲ့ အလိုတော်ရိ အဖြစ် စိတ်ထဲမှာ ရွံ့ရှာ မုန်းတီးတာကိုတော့ ဖျောက်ပစ်လို့ မရပါဘူး။ အထူးသဖြင့် နယ်ချဲ့ စစ်တပ်တွေ မန္တလေး မြို့တော်ကြီးကို သိမ်းပြီးစ ကာလမှာ မျိုးချစ် ပုဂ္ဂိုလ်တွေက ရရာ လက်နက် စွဲကိုင်ပြီး ခုခံ တိုက်ခိုက် နေကြတာကို လက်နက်ချကြဖို့၊ ဒေသအနှံ့ သွားပြီး ရွှေပြည်အေးတရား ဟောတဲ့ လုပ်ရပ် တွေကိုတော့ ခါးခါးသီးသီး အော့နှလုံး နာမိတယ်။ တကယ်တော့ ကင်းဝန်အုပ်စုက ပဒေသရာဇ် စနစ် တိုက်ဖျက်တာ ပါလီမန် ဒီမိုကရေစီ လိုလားတာ မဟုတ်ပါဘူး။ သူတို့ အကျိုးစီးပွါး အတွက် သူတို့သြဇာ အာဏာ တည်ဆောက်ဖို့ အတွက် ဆောင်ရွက် ခဲ့ကြတာသာ ဖြစ်ပါတယ်။ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) နဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။

တာတေလန်အကျင့်ဆိုးတဲ့
လောကမှာ မမှားဖူးသူ မရှိပါဘူး။ အလောင်းတော်မြတ်ကြီးသော်မှ မှားခဲ့လို့ ခြောက်နှစ် လုံးလုံး ဒုက္ကရ စရိယာ ကျင့်ခဲ့ရတာပဲ။ ဒါကို နားလည်ပါတယ်။ ဘယ်လိုပဲ မှားမှား မသိလို့မှားတာ မတတ်လို့ မှားတာကို အပစ်မမြင်ပါဘူး။ မှားမှန်း သိသိကြီးနဲ့ ကိုယ်ကျိုး စီးပွါးအတွက် "ဘယ်သူသေသေ ငတေမာရင်ပြီးရော" စိတ်ဓာတ် မျိုးထားတဲ့ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) နဲ့ လုပ်ဆောင်တဲ့ အမှားမျိုး ကိုတော့ ခါးခါးသီးသီး ရွံ့ရှာပါတယ်။ ဘယ်တော့မှလဲ ခွင့်မလွှတ်ပါဘူး။ နတ်ရှင်နောင်တို့ ကင်းဝန် မင်းကြီးတို့ စာတွေကို ကြိုက်ပေမယ့် ဖတ်မြဲဖတ်ဆဲ ဖြစ်ပေမယ့် နယ်ချဲ့ လက်ကိုင်တုတ် သမားအဖြစ် ဆောင်ရွက် ခဲ့တာတွေကိုတော့ ဘယ်တော့မှာ မေ့မထားပါဘူး။ အလားတူပဲ လွတ်လပ်ရေး ခေတ်နောက်ပိုင်း မြန်မာ စာရေးဆရာတွေ ထဲမှာ စာကို ကြိုက်သလောက် လူကို မကြိုက်နိုင်တဲ့ စာရေးဆရာတွေ ရှိခဲ့ပါတယ်။ စာရေးသားမှုမှာတော့ "ရှာမှရှား" ဆိုလောက် သူတွေပါ။ ဒါပေမယ့် လူကြတော့ "တာတေလန် အကျင့်ဆိုးတဲ့ အရည်းတကာ့ ထိပ်သီးရှင်မထီး" ဆိုတဲ့ စကားထက်တောင် ပိုလိမ့်မယ်လို့ ဆိုရမယ့် သူတွေပါ။

မသမာရည်ရွယ်ချက်
အကျင့်ဆိုးတယ်ဆိုတာ အရက်သောက်တာကို ပြောတာ မဟုတ်ပါဘူး။ အရက် သမားတိုင်း အကျင့် မဆိုးပါဘူး။ ဆရာ ပီမိုးနင်းတို့၊ ဆရာ မဟာဆွေတို့ ဆိုတာ တိုင်းသိပြည်သိ အရက်ကြိုက် သူတွေ ဖြစ်ပါတယ်။ ဆရာကြီးများဟာ အရက်သောက်ပေမယ့် သူတို့ ချမ်းသာ ကြီးပွါးရေး အတွက် ပြည်သူ လူမျိုးနဲ့ စာပေအပေါ်မှာ ဘယ်တော့မှ သစ္စာ မဖောက်ခဲ့ကြပါဘူး။ သစ္စာ မဖောက်ရုံသာ မဟုတ်ပါဘူး။ တိုင်းကျိုး ပြည်ကျိုးကို ရှေ့တန်းက လုပ်ဆောင် ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အကျင့်ဆိုး ဆိုတာက ကိုယ်ကြီးပွါး ချမ်းသာဖို့၊ ကိုယ်ထင်ပေါ် ကျော်ကြားဖို့၊ ကိုယ့်အတွက် အခွင့်ထူးတွေ ခံစားရဖို့ ဆိုတဲ့ "မသမာတဲ့ ရည်ရွယ်ချက်" (ulterior motive) တွေနဲ့ လုပ်ဆောင်တာ မျိုးကို ပြောတာပါ။ ဒီလိုလူမျိုးတွေ ရှေးကလည်း အများကြီး ရှိခဲ့သလို ခုခေတ်မှာလည်း အများကြီး ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေး နယ်ပယ်မှာ အများဆုံး ရှိပေမယ့် စာပေ နယ်မှာလည်း မနည်းလှပါဘူး။

စိတ်ဓာတ်အောက်တန်းကျမှု
ကိုယ်မှန်တယ်လို့ ယုံကြည်တာ တခုခုကို လုပ်ရင်းနဲ့ မှားသွားတာဟာ အပြစ် မဟုတ်ပါဘူး။ အမှန်တကယ် ယုံကြည်တာ မဟုတ်ပဲနဲ့ ကိုယ်ကျိုး စီးပွါးမျှော်ကိုးပြီး ယုံချင်ယောင်ဆောင် လုပ်ပြတာမျိုးကတော့ စိတ်ဓာတ် အောက်တန်းကျမှု ဖြစ်ပါတယ်။ အင်မတန် ကြီးမားတဲ့ အပြစ်ပါ။ အယူအဆ မှားတာဟာ အပြစ်မဟုတ်ဖူး။ အယူအဆကို ခုတုံးလုပ်ပြီး ကိုယ်ကျိုး ရှာတာကသာ အပြစ်ဖြစ်တယ်။ ကိုယ်တိုင် လက်ခံ ယုံကြည်ထားတဲ့ အယူအဆတွေ ဘယ်လောက်အထိ မှန်တယ်၊ ဘယ်အချိန်ထိ မှန်နေဦးမယ် ဆိုတာ အသေအချာ မပြောနိုင်ဘူး။ အသေအချာ ပြောနိုင်တာကတော့ ခုချိန်အထိ အမှန်ဆုံး၊ အကောင်းဆုံးလို့ ယုံကြည်တယ် ဆိုတာပဲ ဖြစ်တယ်။ ကိုယ်လို မယုံကြည် သူတွေလည်း အများကြီး ရှိနေတာပဲ။ ကိုယ်နဲ့ မတူလို့ ရန်သူလို သဘောမထား ပါဘူး။ သူယုံကြည်တာကို ရိုးသား ဖြောင့်မတ်စွာ လုပ်ကိုင်နေတဲ့ သူများကို အယူအဆ မတူပေမယ့် လေးစား ရိုသေပါတယ်။ ကွယ်လွန်သူ သတင်းစာဆရာကြီး မြန်မာ့အလင်း ဦးသန်ညွန့် ဆိုတာ အင်မတန် ရိုသား ဖြောင့်မတ်တဲ့ သတင်းစာ ဆရာကြီး တယောက် ဖြစ်ပါတယ်။

ယုံကြည်မှုခြင်းကတော့ တယောက်နဲ့တယောက် မတူပါဘူး။ ဒါပေမယ့် သူ့ကို အထူးကို လေးစား တန်ဘိုး ထားပါတယ်။ ကိုယ့်ဆရာ မဖြစ်ဖူးပေမယ့် အခါကြီး ရက်ကြီးများမှာ ကျွန်တော် ကန်တော့ပါတယ်။ သူကလည်း သူ့အောက် အသက်အများကြီး ငယ်တဲ့ ကျွန်တော့်ကို အင်မတန် ခင်တွယ် ရှာပါတယ်။ သူ့ကျန်းမာရေး သိတ်မကောင်းတဲ့ ကြားကတောင် တပါတ် တခေါက်တော့ အနည်းဆုံး မှန်မှန်လာပြီး စကားတွေ ပြောပါတယ်။ တခါတလေများ မနက်တခေါက် ညနေတခေါက်တောင် ရောက်ချင် ရောက်လာတတ်တာ။ အိမ်ချင်းက နီးတာကိုး။

လိမ်တာသိဖို့ အရေးကြီး
ယုံကြည်ချက်ကို ယုံကြည်တဲ့အတွက် အခိုင်အမာ ကိုင်စွဲထားသူကို ဆန့်ကျင်ဘက် အယူအဆ ရှိသူပဲဖြစ်စေ လေးစား တန်ဘိုးထား တတ်သူဟာ စိတ်ဓါတ် ရင့်ကျက် ပြည့်ဝသူ ဖြစ်ပါတယ်။ အရေးကြီးတာက ကိုယ်တယောက် ကြီးပွါး ချမ်းသာဖို့ အတွက် မယုံတာကို ယုံချင်ယောင် ဆောင်ပြီး လိမ်နေတဲ့ သူတွေကို ခွဲခြား သိမြင်ဖို့သာ ဖြစ်တယ်။ ဒီလို ကောက်ကျစ်တဲ့ လူမျိုးတွေကိုတော့ ပြတ်ပြတ်သားသားကို စည်းခြား ထားလိုက် ရမှာပါ။ ဒီလူတွေဟာ၊ နတ်ရှင်နောင်လို၊ ကင်းဝန်လို အန္တရာယ် ကြီးမားသူတွေ ဖြစ်တယ်လို့ပဲ ဆိုလိုက် ချင်ပါတယ်။

လူထုစိန်ဝင်း

Read More...

Friday, September 4, 2009

နေ့စဉ်သတင်းများ (၃ - ၉ - ၀၉)

စာသင်သံဃာများကို ၀ါတွင်းကာလမှာ နေရပ်ပြန်ကြွခိုင်းမည့် သတင်းများထွက် သတင်း
ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်ပြီ သတင်း
အပစ်ရပ် ဒေသခံတို့ နေရာပြောင်းရွှေ့ သတင်း
ကိုးကန့်ဒေသ ဖောက်ထွင်းလုယက်သူ စစ်အစိုးရတပ်သာဖြစ်နိုင် သတင်း
ကိုးကန့်ပဋိပက္ခနဲ့ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် သတင်း
စစ်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော် နိုင်ငံခြားခရီးသည် လျော့ကျ သတင်း
ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး စစ်အစိုးရ ပြင်ဆင်နေ သတင်း
၂၀၁၀ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့မှ စည်းရုံးရေးလိုက်ဆင်းနေ သတင်း
မြန်မာ့စွမ်းအင်နဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု သတင်း
ထိုင်းနိုင်ငံဖွား မြန်မာကလေးငယ် ဂျပန်သွားနိုင်ပြီဟုဆို သတင်း
ဒိုင်နာကို ကန့်သတ်ပြီး ကားကြီးများ အစားထိုးမည် သတင်း
အာဖဂန်စစ် အနိုင်ရရေး အမေရိကန်ဗျူဟာသစ် အချိန်ပေးဖို့လို သတင်း
မေတ္တာပို့လမ်းလျှောက်ဖူးတဲ့ သံဃာတော်များ ထိန်းသိမ်းခံနေရ သတင်း
သံဃာလှုပ်ရှားမှု မဖြစ်ပေါ်ရန် အာဏာပိုင်များ တင်းကျပ် သတင်း
ဒေါ်အောင်ဆန်းစုကြည် ပညာသင်ခဲ့သည့် ကျောင်းတွင် မြန်မာ့မှတ်တမ်းရုပ်ရှင် ပြသ သတင်း
ဝ ဒေသမြောက်ပိုင်းသို့ နအဖစစ်တပ် လာရောက်တပ်စွဲ ဒေသခံလူထု ထွက်ပြေးတိမ်းရှောင် သတင်း
အပစ်ခတ်ရပ်နယ်မြေအတွင်းရှိ ဒေသခံလူထု တိုက်ပွဲများအတွက် စိုးရိမ်နေ သတင်း
KIO ဌာနချုပ်ရှိ ဒေသခံများ တရုတ်ပြည်သို့ ပစ္စည်းရွှေ့ပြောင်းမှု တရုတ်က လက်မခံ သတင်း
ကိုးကန့်ဒေသတွင် စစ်အစိုးရတပ်က လူမျိုးရေးခွဲခြားဆက်ဆံ နှိပ်စက်ညှဉ်းပန်း သတင်း
ကိုးကန့်ခေါင်းဆောင် အထူးကြေညာချက် ထုတ်ပြန် သတင်း
ကိုးကန့်နှင့် နအဖစစ်ပွဲကြောင့် တရုတ်-မြန်မာနယ်စပ်တွင် မငြိမ်မသက်ဖြစ် သတင်း
ကိုးကန့်နယ်မြေ တည်ငြိမ်အေးချမ်းပြီဟု အစိုးရပိုင် သတင်းစာက ဖော်ပြ သတင်း
ဘူးသီးတောင်မြို့တွင် ဒုတိယအကြိမ်မြောက် ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းမည် သတင်း
ဒီကေဘီအေ ၉၉၉ တပ်များ ထိုင်းရွာကို လုယက်တိုက်ခိုက် သတင်း
ငွေတောင်းခံခြင်းကြောင့် မွန်လက်နက်ကိုင်အချင်းချင်း ပဋိပက္ခဖြစ်ပွား သတင်း
မွန်ပြည်သစ်ပါတီ ခေါင်းဆောင်ပိုင်းနှင့် နအဖတိုင်းမှူး ထပ်မံတွေ့ဆုံ သတင်း
လွှတ်တော်ဆောက်ရန် သိန်း (၅၀) အထက် အလှူခံ သတင်း
ရန်ကုန်တိုင်းနှင့် ဒေသတချို့တွင် (၁၈) နှစ်အထက် လူဦးရေစာရင်း ကောက်ယူ သတင်း
သတင်းပေးသင်တန်းအတွက် လူရှာရန် ကြံ့ဖွံ့ ညွှန်ကြား သတင်း
ဂြိုဟ်တုစလောင်းမတပ်ရန် ပြည်သူများကို တားမြစ် သတင်း
မြို့နယ်ဥက္ကဌ ကိုယ်ကျိုးရှာအမြတ်ထုတ်မှုကို အောက်ခြေဝန်ထမ်းများ မကျေနပ် သတင်း
ထွက်ပြေးသည့် ကလေးစစ်သားကို ပြည်ခိုင်ဖြိုးက ဖမ်းဆီး၍ ဆုငွေယူရန် ကြိုးစား သတင်း
မြန်မာ့အဏုမြူစီမံကိန်းကို အနီးကပ်စောင့်ကြည့်ဖို့ အချိန်တန်ပြီ သတင်း
ထိုးစစ်ကြောင့် ထွက်ပြေးလာသော ကရင်ဒုက္ခသည်များ (ဗွီဒီယို)
စစ်မှန်တဲ့ ငြိမ်းချမ်းရေးဟာ အပေါင်းလက္ခဏာ၊ အတုအယောင် ငြိမ်းချမ်းရေးဟာ အနှုတ်လက္ခဏာ (ဆောင်း ပါး)
ကိုးကန့်ပဋိပက္ခ ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်ကို ဖော်ပြ (ဆောင်းပါး)
ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ရွေးချယ်စရာလမ်း (ဆောင်းပါး)
ပန်းတိုင်းပွင့်ကြပါစေ၊ ပွင့်သောပန်းတိုင်း မွှေးကြပါစေ (ဆောင်းပါး)

Read More...

Thursday, September 3, 2009

ကိုယ့်ကွင်းကိုယ် ပိုင်ပါ့မလား

September 3, 2009

လတ်တလော ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော စစ်အစိုးရနှင့် ကိုးကန့် တပ်တို့၏ တိုက်ပွဲများကြောင့် လူပေါင်း သောင်းဂဏန်း တရုတ်ပြည် ဖက်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြသည်။ ထိုဖြစ်စဉ် အပေါ်တွင် မတူကွဲပြားသော သုံးသပ်ချက်များ ကောက်ချက်များလည်း ပေါ်ထွက်လာခဲ့သည်။

၁။ ကိုးကန့်အဖွဲ့သည်လည်း တရုတ်နွယ်ဖွားများ ဖြစ်သောကြောင့် တရုတ် အစိုးရမှ မြန်မာ စစ်အစိုးရအား ထိုကိစ္စ များနှင့် ပတ်သက်၍ ရှေ့၌ဖိအား ပေးမည်လော။

၂။ ထိုတိုက်ပွဲများကြောင့် တရုတ် အစိုးရနှင့် နယ်စပ်ဒေသတွင် တစုံတရာ နိုင်ငံရေး တင်းမာမှု ဖြစ်နိုင်သည်ကို သိသော်လည်း (နအဖ) စစ်အစိုးရဖက်မှ တမင်လုပ်ခြင်း ဖြစ်သလော။

၃။ ကိုးကန့်တပ်များသည် နယ်ခြားစောင့် တပ်အဖြစ် အသွင် ပြောင်းမည်ကို လက်မခံသော်လည်း အင်အား နည်းမှန်းသိ၍ ဂရုစိုက်စရာ မလိုဟု သဘောထားသောကြောင့် နအဖက ပြောင်ပြောင် တင်းတင်း ဝင်တိုက်ခြင်းလော။

၎။ ကိုးကန့်အဖွဲ့သည် ကချင်၊ ဝ၊ စသော တပ်များနှင့် စစ်ရေး မဟာမိတ် ဖွဲ့ထားသည်။ ထို့ကြောင့် တဖွဲ့ဖွဲ့ကို စစ် အစိုးရက တိုက်လာသည် ရှိသော် အချင်းချင်း အပြန်အလှန် ကူညီရန် သဘောတူထား ကြသည်။ အမှန်တကယ် တိုက်ပွဲ ဖြစ်ပါက တဦးနှင့်တဦး တကယ်ကူညီ မကူညီကို စမ်းသပ်လို၍ ကိုးကန့်ကို အရင်တိုက်၍ သွေးတိုးစမ်းခြင်း ဖြစ်သလော။ လက်တွေ့ တွင်လည်း ကိုးကန့်တပ်များ အတိုက်ခံရသော အခါ ကချင်တပ်များ ဝ တပ်များဖက်မှ အလုံး အရင်းဖြင့် ကူညီခြင်း မရှိသည်ကို၊ သေနတ်ပေါက်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

၅။ ကိုးကန့်အဖွဲ့ကို တိုက်ခြင်းသည် လာမည့်နှစ် ရွေးကောက်ပွဲကို အချိန် ဆွဲလို၍ ကြိုတင်မီးမွှေး ထားခြင်းလော။ မကြာသေးမီ ကာလ ကလည်း ဘင်္ဂလားဒက်ရှ်ကို ပင်လယ်ပြင် နယ်နမိတ်နှင့် စပ်လျှဉ်း၍ (နအဖ) မှ ရန်စထား တာလည်း ရှိခဲ့သည်။ ပြည်တွင်းရန် ပြည်ပရန်များကြောင့် ရွေးကောက်ပွဲကို အချိန်ဆွဲလိုသည့် သဘောဟု တဖက်တွင်လည်း ဆိုမည်ဆိုက ဆိုနိုင်သေးသည်။
နောက်ထပ် တမျိုးလှည့်၍ စဉ်းစားမည်ဆိုပါက နအဖ စစ်အစိုးရသည် ကိုးကန့်ကို အခုလို ပြောင်ပြောင် တင်းတင်း ဝင်ရောက် တိုက်ခိုက်ခြင်းမှာ ပီကင်း၏ တိတ်တဆိတ် မီးစိမ်းပြမှု မပါဘဲ ဝင်တိုက် ရဲပါ့မည်လား ဟူသည့် အချက်ဖြစ်သည်။

ကိုးကန့်အဖွဲ့အတွင်း ခေါင်းဆောင်အချင်းချင်း စီးပွားရေးပြိုင်ဆိုင် မှုကြောင့် ခေါင်းဆောင်များ အတွင်း သပ်ရှို၍ ဖြို ခွဲမည်။ နအဖ လိုလားသူ ခေါင်ဆောင်များ တက်လာပါက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးမှာ ပို၍ လွယ်ကူ သွားမည်လည်း ဖြစ်သည်။ သပ်ရှိုဖြိုခွဲ၍ မရပါက နအဖဖက်နှင့် ပူးပေါင်းသူကို ပြောင် အကူအညီပေး၍ တဖက်ကို တိုက်ချလိုက်ရန်သာ ဖြစ်သည်။ ဤသို့ စီစဉ် စဉ်းစားမှုကိုလည်း နအဖက တရုတ်အစိုးရကို ကြိုတင် အသိပေး ထားနိုင်သည်။ နှစ်နိုင်ငံအစိုးရ လက်ဝါးခြင်း ရိုက်သည်ကို မည်သူ သိနိုင်မည်နည်း။ ကချင်နှင့် ဝတပ်များ သည်လည်း တရုတ်ဖက်မှ ခေါင်းခါ ပြနေသောကြောင့် ကိုးကန့်ဖက်မှ ဝင်မတိုက်ဘဲ ရပ်ကြည့် နေခြင်းလည်း ဖြစ်နိုင်သည်။ သေချာတာ တခုကတော့ တရုတ်နယ်စပ်တွင် ကပ်၍ ဖောင်းဖောင်း မည်အောင် ပြည်တွင်းစစ် ဖြစ်မှာကို တရုတ်က ယခုကာလတွင် လိုလားလိမ့်မည် မဟုတ်။

ဤကိစ္စများ၌ မေးစရာ ဖြစ်လာသည်က တရုတ် အစိုးရက မြန်မာ ဗိုလ်ချုပ်များနှင့် ဘာကြောင့် လက်ဝါးရိုက်ဖို့ လိုသနည်း ဆိုသည့် မေးခွန်းပင် ဖြစ်သည်။ အတိုဆုံး အဖြေကတော့ နှစ်နိုင်ငံ၏ အကျိုးစီးပွါးဟု ဖြေနိုင်သည်။

၁။ ရခိုင်ပြည်နယ်မှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့နှင့် တရုတ်သို့ ပိုက်လိုင်း သွယ်၍ ရောင်းချခြင်း။

၂။ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တရုတ် ဝယ်ယူနေသည့် ရေနံစိမ်းများကို အချိန် အကုန်ခံ ငွေအကုန်ခံ၍ မလက္ကာ ရေလက်ကြားကို ဖြတ်ခါ တရုတ်ပြည် အထိ တင်ပို့နေရသည်။ ထိုရေနံစိမ်းများကို ရခိုင်ပြည်နယ်မှ တဆင့် ပိုက်သွယ်၍ တရုတ်ပြည်ကို တိုက်ရိုက်ပို့မည့် အစီ အစဉ်လည်း ရှိနေသည်။

၃။ ဧရာဝတီမြစ်ဆုံကို ဆည်ပိတ်၍ လျှပ်စစ်ဓာတ်အား ထုတ်ခါ တရုတ်ပြည်သို့ ရောင်းချရန်လည်း ရှိနေသေးသည်။

၎။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဖက်က ရသော အကျိုး အမြတ်သည် ကြီးမားသည်။ မြန်မာဖက်က တင်ပို့နေသည်မှာ ကုန်ချော မဟုတ်။ သဘာဝရင်းမြစ် ကုန်ကြမ်းများသာ ဖြစ်သည်။ တရုတ်ဖက်က အရည်အသွေး နိမ့်သော ကုန်ချောများကို မြန်မာတို့ဖက်မှ ပြန်လည် ဝယ်ယူနေရသည်။

၅။ တရုတ်နှင့် အိန္ဒိယ၏ စီးပွားရေး တိုးတက်လာနှုန်းကို အနောက် ကမ္ဘာကပါ သတိနှင့် စောင့်ကြည့် နေရသည့် ကာလ ဖြစ်သည်။

နောင်လာမည့် ဆယ်စုနှစ်များအတွင်း အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် မြန်မာ နိုင်ငံသည် အချက်အခြာ ပို၍ ကျလာမည်။ ထို့ကြောင့် အခုကတည်းက တရုတ်ကုမ္ပဏီ မျိုးစုံ မြန်မာပြည်တွင် ခြေကုတ် ယူထားနေသည်။ အနောက်တိုင်း စီးပွားရေး သမားများက ထိုအချက်ကို မရှု့စိမ့် မနာလို ဖြစ်နေကြသည်။ သူတို့လည်း မြန်မာပြည်ကို ဝင်လိုနေသည်။ သို့သော် အနောက်ကမ္ဘာ၏ စီးပွါးရေး ပိတ်ဆို့မှု ဆိုသော အချက်ကြောင့် ဂွကျနေရသည်။

ပြန်ကောက်ရသော ကိုးကန့်ကိစ္စကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ရှင်း။ တရုတ်ဖက်က လူကြားကောင်းအောင် အနည်း အကျဉ်း လောက် ဝေဖန် တာမျိုး တိုက်တွန်း တာမျိုး လောက်တော့ရှိမည်။ ကိုးကန့် ကိစ္စသည် စစ်အစိုးရ အတွက် တရုတ်က ကျိတ်၍ သဘော တူထားသော ပထမခြေလှမ်း ဖြစ်နိုင်သည်။ ကျန်သည့် အပစ်ရပ်တွေလည်း တဖြေးဖြေးနှင့် တရုတ် ဖိအားကို သဘောပေါက်လာ ရတော့မည်။

ဗကပပြိုကွဲစဉ်အခါက တရုတ်အစိုးရသည် ဗကပဖက်ကို ဘာမှ အကူအညီ မပေးတော့ပါ။ ဗကပဖက်မှ ဗကပ ယူနီဖောင်း ဝတ်၍ ဝင်တိုက် ပေးတာမျိုးလည်း အရင်ကလို မလုပ်တော့ပါ။ အကျိုးစီးပွားဖြစ်စဉ်က ခေတ်နှင့်အတူ ရွေ့လျား သွားခဲ့ခြင်းကြောင့်ပင်။ ဗကပ ခေါင်းဆောင်များ ကိုတော့ ယခင်နိုင်ငံရေး ဆက်ဆံမှုအရ တရုတ်နိုင်ငံ ထဲတွင် နေထိုင်ခွင့် ပေးလိုက်သည်။ ထို့ထက်ပိုသော အကူအညီ တရုတ်ဆီက မရတော့ပါ။ ထို့ကြောင့် ကိုးကန့် တို့သည်လည်း အလားတူ ဖြစ်စဉ်ကို ရင်ဆိုင် ရတော့မည် လောဟု စဉ်းစားမိခြင်း ဖြစ်သည်။

ကချင်ခေါင်းဆောင်များနှင့် ဝခေါင်းဆောင်များကို တချိန်က တရုတ်မှ ပြောခဲ့ သည်က ကိုယ့်တိုင်းပြည် အတွင်းမှာ ဖြစ်နေတဲ့ ပြဿနာ အထုတ်စုပ်ကို နိုင်ငံတကာမှာ လယ်ပြီး ဖွင့်ပြ မနေကြပါတော့နှင့်။ ကိုယ့်အချင်းချင်း ကြိတ်၍ ဖြေရှင်းခြင်းကသာ ပို၍ အကျိုးရှိသည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ သဘောကတော့ အထုတ်စုပ်ကို လယ်၍ဖွင့်ပြ နေပါက တရုတ်ဖက်မှ ဘာမှ အကူအညီ မပေးနိုင်တော့ဟု ဖိအားပေးခြင်းသာ ဖြစ်သည်။ ထိုအချိန်မှစ၍ လက်နက်ကိုင် တော်လှန်ရေးများ ထိုဒေသများတွင် နိဋ္ဌိတံ ခဲ့ရသည်။

အကျိုးစီးပွါးအရ တရုတ်အစိုးရသည် မြန်မာ စစ်ဗိုလ်ချုပ်များနှင့် တိုက်ရိုက် ဆက်ဆံမှာပဲ ဖြစ်သည်။ မြန်မာ စစ်အစိုးရနှင့် ပလဲနံပ မသင့်သည့် အုပ်စုများ အတွက် ရှေ့ရှောက် ကာကွယ်ပေးလိမ့်မည် မဟုတ်ပေ။ လူကြားကောင်းအောင် ဝတ္တရားအရ ပြောတာလောက်ပဲ ရှိတော့မည်။ တဖြည်းဖြည်းခြင်း နွမ်းလျသွားသည့် ပန်းပင်ကို ခုတ်မပစ် သော်လည်း ရေလောင်းခြင်း ပေါင်းသင်ခြင်း မြေသြဇာကျွေးခြင်း မရှိတော့ဘဲ ထိုင်ကြည့်နေသည့် သဘောသို့ ရောက်ရှိလာတော့မည်။

တဖက်တွင်လည်း မြန်မာစစ်အစိုးရသည် အမေရိကန်တို့နှင့် အဆင် ပြေချင်သည်ဟု တွက်ဆချက်များ ပေါ်ပေါက် လာသည်။ တရုတ်တွေ ဖက်မှလည်း သူတို့ကို မထိခိုက်ပါက အမေရိကန် အစိုးရနှင့် မြန်မာ စစ်အစိုးရတို့ အဆင် ပြေသည်ကို ဘာမှထူး၍ ဝေဖန် ပြောဆိုမည် မဟုတ်။ ထူးလာနိုင်သည် တခုကတော့ မြန်မာနိုင်ငံသည် အင်အားကြီး တရုတ်နှင့် အမေရိကန်တို့ ကစားမည့် ဘော်လုံးကွင်း ဖြစ်သွား မှာကတော့ မြန်မာနိုင်ငံသားတို့ အဖို့ စိုးရိမ်ဖွယ် ဖြစ်သည်။

စစ်အေးတိုက်ပွဲ ကာလများအတွင်းက အမေရိကန် အုပ်စုနှင့် ဆိုဗီယက် အုပ်စုတို့ အကြား မြေဇာပင် ဖြစ်ခဲ့ရသော နိုင်ငံငယ်များ မနည်းလှ။ ထိုနိုင်ငံငယ် များတွင် ဘယ်သူ အစိုးရ ဖြစ်ဖြစ် သူတို့စိတ်မဝင်စား။ စိတ်ဝင်စားသည်က ထိုအစိုးရများသည် ကိုယ့်လူဖြစ်ရင် ပြီးစတမ်း။ အာဏာရှင် မကလို့ မည်သူပဲ အုပ်ချုပ်အုပ်ချုပ် ဒါကို နိုင်ငံကြီး များက ဂရုမစိုက်ပါ။ ထိုစစ်အေး တိုက်ပွဲကြီး ကာလအတွင်း အမေရိကန်လူ ဆိုဗီယက်လူ ဆိုသည့် အုပ်စုများ လည်း ထိုနိုင်ငံငယ်များတွင် ပေါ်လာခဲ့ ဘူးသည်။ လူထုအတွက် နားနှင့် မျက်စေ့ဟု ဆိုနိုင်သည့် စာပေနှင့် မီဒီယာ လောကတွင်လည်း အုပ်စု ကွဲခဲ့ကြသည်ကို မမေ့သင့်။

ယနေ့ကာလကတော့ အရင်းရှင်နှင့် ကွန်မြူနစ် အားပြိုင်သော စစ်အေး တိုက်ပွဲခေတ် မဟုတ်တော့။ သို့သော် ဓန အတွက်တော့ နိုင်ငံကြီးတိုင်း ပြိုင်နေကြသည်မှာ လက်တွေ့ဖြစ်သည်။ မြန်မာဆိုသော ကွင်းအသစ်တွင် အမေရိ ကန်နှင့် တရုတ်တို့ ချစ်ကြည်ရေးပွဲ ကန်လိုက်၊ မိတ်ဆွေဖြစ် ကန်လိုက်၊ ကြေးပါသော်လည်း ကြေးမပါဟန် ကန်ကြမည့် ဘောပွဲတွေလည်း နောင်မှာ တွေ့ကောင်းတွေ့လာ နိုင်သည်။ ကွင်းပိုင်ရှင် ပြည်သူတွေကတော့ ဘယ်လောက် အကျိုးရှိမည် ဆိုတာ မပြောတတ်သေး။ ကွင်းကို ပွဲစားလုပ်နေသည့် စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ စီးပွား ဖက်များကတော့ အသေအချာ အကျိုးရှိမှာ အမှန်ဖြစ်သည်။

အမေရိကန်နှင့် တရုတ်က သူတို့အကျိုးစီးပွားအတွက်လည်း ဤဒေသကြီး အတွင်း ဝေစုခွဲ နိုင်သေးသည်။ မြန်မာ နိုင်ငံကို တရုတ် လှုပ်ရှားရာ နယ်ဟု သတ်မှတ်၍ မြောက်ကိုရီးယား ကိုတော့ အမေရိကန် အရေးအရာ ပိုင်သော နယ်အဖြစ် ခွဲဝေ၍ လုပ်ကောင်း လုပ်နိုင်သည်။ သူတို့အချင်းချင်း လက်ကျိတ်ထိုးတာ မည်သူအတိ အကျ စွပ်စွဲ နိုင်မည်နည်း။

ညူကလီးယားသံများဖြင့် လှိုင်နေသော မြောက်ကိုရီးယားကို အမေရိကန် တို့ ပိုမို စွက်ဖက်ခြင်း အားဖြင့် တဖက် တွင် တရုတ် အစိုးရအား မြန်မာနှင့် တိဗက် ကိစ္စများတွင် စေလိုရာ စေနိုင်သည်ဟု နားလည်မှုများ ယူကောင်း ယူထား လာနိုင်သေးသည်။ ထို့အပြင် နောက်တခုကတော့ မြန်မာ့နိုင်ငံရေး လောကတွင်လည်း တရုတ်ထောက်ခံ သူ အမေရိကန် ထောက်ခံ သူ အုပ်စု များ ဟိုမှသည်မှ အရှိုအရှို ပေါ်လာဦးမည်ကို တွေ့နေရသည်။

သူတကာ လာကစားသော ကွင်းအဖြစ် မခံလိုပါက နည်းရှိပါသည်။ ကိုယ့်အချင်းချင်း ကျေကျေ လည်လည် စကား ပြော၍ တိုင်းပြည်ကို ပြန်လည် ထူထောင်ခြင်းသာ ဖြစ်သည်။ ကိုယ့်တဦးတည်း ကိုယ့်အုပ်စု တခုတည်း ကောင်းစားဖို့သာ ရည်မှန်းထားပါက တဖက်ဖက်ကို အသေကပ် ရတာ ဓမ္မတာဖြစ်သည်။ တဖက်ဖက်ကို ခြေစုံချ၍ အားကိုးပြီ ဆိုကတည်းက ခိုင်းဖတ် ဘဝသာ ရောက်ရမှာ မလွဲပါ။

ကိုယ့်ကွင်းကို ကိုယ်ပိုင်ဖို့ ကြိုးစားတာသာ မှန်ကန်သော အမျိုးသား နိုင်ငံရေး ဖြစ်သည်။ ကိုယ်မကန်ရဘဲ အသင်း တကာ အသင်း ဝင်ချင်တိုင်း ဝင်၍ ကန်သော ကွင်းမဖြစ်ဖို့ နားလည်ရန် အချိန်တန်ပေပြီ။

ဇော်မင်း (လူ့ဘောင်သစ်)


Read More...

အကောင်း အဆိုး သိကြလားဟေ့

September 3, 2009


ဗီယက်နမ်နိုင်ငံသည် ယနေ့ခေတ်တွင် ထိုင်းနိုင်ငံနှင့် အပြိုင် ကမ္ဘာတခွင်သို့ ဆန်တင်ပို့နေသော နိုင်ငံတခု ဖြစ်သည်။ ဗီယက်နမ် နိုင်ငံ၏ မြစ်ဝကျွန်းပေါ် ဒေသသည် တနိုင်ငံလုံး ဆန် အထွက်နှုန်း၏ တဝက် ကျော်ကျော်ကို ထုတ် လုပ်ပေးနေသော ဒေသလည်း ဖြစ်သည်။ တရုတ်ပြည်မှ စတင်၍ စီးဆင်းလာသော မဲခေါင်မြစ်သည် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတို့ကို ဖြတ်ကာ နောက်ဆုံးတွင် ဗီယက်နမ် နိုင်ငံ၌ အဆုံးသတ်၍ ပင်လယ်ထဲ သို့ စီးဝင်သွားသည်။ ထိုဒေသကား ဗီယက်နမ်၏ မြေသြဇာ ကြွယ်ဝသော နုန်းးတင်မြေနု မြစ်ဝ ကျွန်းပေါ်ဒေသ ဖြစ် တော့သည်။

သို့သော်လည်း ဗီယက်နမ်လူမျိုးတို့ ခေါင်းခဲစရာ ပူပန်စရာ ဖြစ်လာသည့် ပြဿနာကတော့ ကမ္ဘာကြီး ပူနွေးလာ၍ ပင်လယ်ရေပြင် တစတစ မြင့်တက်လာခြင်း ဆိုသည့် ကိစ္စပင် ဖြစ်သည်။ ဤအတိုင်းသာ ဆက်၍ ပင်လယ် ရေ မျက်နှာပြင် မြင့်တက် လာနေပါက နောင်လာမည့် အနှစ်လေးငါးဆယ်တွင် ဗီယက်နမ်နိုင်ငံ၏ မြစ်ဝကျွန်းပေါ် တစိတ်တပိုင်းသည် ပင်လယ် ရေအောက်သို့ ရောက်တော့မည်။ ထိုသို့ဆိုပါက ဆန်စပါး စိုက်ပျိုးမှု ကောင်းမွန်နေ သော မြစ်ဝကျွန်းပေါ် တစိတ်တဒေသသည် အမြဲတန်း ပင်လယ်ရေငံ ဖုံးအုပ်မှုကို ခံရတော့မည် ဖြစ်သည်။

ကျွမ်းကျင်သူများ အဆိုအရ ထိုမြစ်ဝကျွန်းပေါ်၏ တစိတ်ပိုင်း ပင်လယ်ရေအောက် ရောက်ရှိပါက ဗီယက်နမ် နိုင်ငံ ၏ ဆန်အထွက်နှုန်းလည်း ကြောက်ခမန်း လိလိ ကျဆင်းလာမည်ဟု ဆိုကြသည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်မှ လက်ရှိ ဆန်အထွက်နှုန်း၏ သုံးပုံတပုံ လျော့ပါးကျဆင်း သွားမည်ဟုလည်း တွက်ချက်ပြထားသည်။

စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးနေသာ ဗီယက်နမ် မြစ်ဝကျွန်းပေါ်သားတို့ ဘာ ဆက်လုပ် ကြမည်နည်း။ ပင် လယ်ထဲ၌ ငါးဖမ်းခြင်း အလုပ်ကို ပြောင်း၍လုပ်ကိုင်ကာ ဆက်လက် အသက်မွေးမည်လော သို့မဟုတ် မြို့ပြ များ သို့ ပြောင်းရွှေ့ကာ မြို့ပြ အခြေစိုက် အလုပ်သမားများ အဖြစ် အသွင်ပြောင်းမည်လော။ စဉ်းစားစရာပါပေ။ သေချာ သည် တခုကတော့ ယခင်က ပိုင်ဆိုင်ခဲ့သော ၎င်းတို့၏ လယ်ယာများ ပင်လယ်ရေအောက်သို့ ရောက်ရတော့မည်။

ဗီယက်နမ် မြစ်ဝကျွန်းပေါ်၏ အစိတ်အပိုင်း တချို့ရေလွှမ်းခံရသည့် အချိန်တွင် ပင်လယ်ရေသည် ဗီယက်နမ် နိုင်ငံ တခုထဲတွင်သာ အပျော်လွန်ပြီး တန့်၍ရပ်၍ နေမည်မဟုတ်။ ဒေသ တခုလုံးအတွင်း ထိုဆိုးကျိုးကို ခံစားကြ ရမည်လည်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့ကြီးသည် ပင်လယ်ရေ မျက်နှာပြင်အောက် နှစ်လက်မခန့် နိမ့်နေသည်ဟု ဆိုကြသည်။ အထူးသဖြင့် မိုးတွင်းကာလများ၌ ဘန်ကောက်မြို့အတွင်း နေရာ အတော်များများတွင် ရေကြီးလေ့ရှိသည်။ အကြီးစား ပန့်များကို သုံးကာ ရေများကို စုပ်ထုတ် ပြစ်ရသည်။ ဗီယက်နမ်၏ မြစ်ဝကျွန်းပေါ် ပင်လယ်ရေ လွှမ်းသောအခါ၌ ဘန်ကောက်တွင်လည်း ဘန်ကောက်သူ ဘန်ကောက်သားများ ဟိုဟိုသည်သည် လှေရောင်စုံ များဖြင့် သွားလာနေမည်ကို မြင်ယောင် မိသေးတော့သည်။ လှေဆိပ်သာ ရှိ၍ ကားဆိပ်များ ကားဂိတ်များ နိတ္ထိတံ ရတော့မည်။ တချိန်က အာရှတိုက်၏ ဗင်းနစ်မြို့တော် အဖြစ် တင်စားခံခဲ့ရသည့် ဘန်ကောက်သည် ထိုအချိန် တွင် ဒုတိယ ဗင်းနစ်မြို့တော် အဖြစ်သို့ ပီပီပြင်ပြင် ပြောင်းလဲရတော့မည်။

ဗင်းနစ်မြို့တော်လို အဖြစ်မခံလိုပါက ဘန်ကောက်မြို့ကို ပတ်၍ တမံတုပ်ဖို့သာ ရှိသည်။ နယ်သာလန်မှာလို ပင်လယ်ရေ မြင့်တက် လာခြင်းကို တမံတုပ်၍ ကာမည်လော။ ကာထားနိုင် သေးသည်။ ထိုင်းနိုင်ငံသည် ဓနကြွယ်ဝ လာနေသော နိုင်ငံတခု ဖြစ်သောကြောင့် ပင်လယ်ကမ်းရိုးတမ်း တခုလုံးကို တမံ မတုပ်နိုင်ဘူး ထားဦး။ ဘန်ကောက်မြို့ ကိုတော့ တမံများဖြင့် ပတ်ပတ်လည် ကာထားနိုင်သည်။

တချိန်တည်းတွင်လည်း မြန်မာနိုင်ငံဖက်ကို ပြန်ကြည့်လိုက် ပါက မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ် ဒေသ တစိတ် တပိုင်းသည်လည်း ပင်လယ်ရေ လွှမ်းခြင်းကို ခံရမည်။ ဒေသအတွင်း မြင့်တက်လာသည့် ပင်လယ်ရေကို ငါ့ဖက် မလာနဲ့ဟု တား၍ မရစကောင်း။ မြစ်ဝ ကျွန်းပေါ်၏ စပါးစိုက်ပျိုးနေသော လယ်မြေပမာဏ ဆုံးရှုံးမှုသည်လည်း ကြီးမားပေလိမ့်မည်။ ပင်လယ်ရေ မြင့်တက် လာခြင်းကြောင့် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်တွင် ဆုံးရှုံးရသော မြေ ယာ ပမာဏသည် ဗီယက်နမ်ထက် အဆပေါင်းများစွာ ဆိုးဝါးလိမ့်မည်။ ဘာ့ကြောင့် ဆိုတာ ဆက်၍ပြောပါမည်။

မေခ၊ မေလိခ မြစ်ဆုံနေရာကို ပိတ်၍ ဆည်ဆောက်ခါ လျှပ်စစ် ဓာတ်အား ထုတ်လုပ်၍ တရုတ်ပြည်ကို ရောင်းဖို့ ပြင်နေသည်မှာ အားလုံး အသိ။ မြစ်ဆုံဒေသည် ဧရာဝတီမြစ်ကြီး မူလအစဖြစ်သည်။ မြစ်ဆုံဒေသကို ပိတ်ဆို့ လိုက်ပါက အောက်ပိုင်းသို့ ဆက်လက် စီးဆင်းမည့်ရေများ တန့်၍သွားမည်။ ဤသို့ဆိုပါက အောက်အရပ် မြစ်ဝ ကျွန်းပေါ် ဒေသသို့ ဆက်လက် စီးဆင်းမည့် ရေပမာဏ နည်းသွားပေမည်။

နားလည် လွယ်အောင် ပြောရပါက ဥပမာအားဖြင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ကလေးများ ချောင်းကလေးများ၏ ရေ အနက်သည် ဆယ်ပေဟု ဆိုပါစို့။ ကချင်ပြည်နယ် မြစ်ဆုံတွင် ဆည် ပိတ်လိုက်သောကြောင့် စီးဆင်းရမည့် ရေ များတန့်ကာ ယခင်ကလို အောက်ဖက်သို့ အပြည့်အဝ မစီးဝင်နိုင်တော့။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ချောင်း များ၏ ရေအနက်သည် ငါးပေခန့်သာ နက်တော့မည်။ ရေအမြင့် မူလထက် ငါးပေနိမ့်သွားသည်။ စီးဆင်းလာရ မည့်ရေများ နောက်ပြန်ဆုတ် သွားရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ရေ မြင့်တက်လာသော ကာလ တွင် ပင်လယ်ရေသည် ကမ်းရိုးတန်း တလျှောက်သာ မြင့်တက်ခြင်း မဟုတ်တော့ဘဲ အထက်ပိုင်း မိုင်သုံးလေး ဆယ်ခန့်အထိ တိုး၍ဝင်ရောက် လာနိုင်သည်။ မူလကဆိုလျှင် မြစ်ဝကျွန်းပေါ်သို့ အထက်မှ စီးဆင်းလာသော ရေများကြောင့် ပင်လယ်ရေများ အထက်ဖက်သို့ တိုးဝင်ခြင်တိုင်း တိုးဝင်၍ မရအောင် သဘာဝအလျှောက် ရေကို ရေခြင်း ဟန့်တား ကာထားပေးသည်။ ရေချိုနှင့် ရေငံ ဇလုတ်တိုက်၍ အပြန်အလှန် ထိန်းထားခြင်းမှာလည်း သဘာ ဝတရား ဖြစ်သည်။ သို့သော်လည်း မြစ်ရေနိမ့်ကျ သွားသောအခါ ပင်လယ်ရေငံများ အထက်ပိုင်း အထိပါ ဒလ ဟော တိုးဝင်လာတော့မည်။

ထိုရောအခါ၌ ယခင်က သဘာဝအတိုင်း မြေသြဇာ ကောင်းမွန်ခဲ့သော မြစ်ဝကျွန်းပေါ် ဒေသ တခုလုံး ဆားငံရေ များ အောက်သို့ ရောက်ခါ ဆန်စပါး စိုက်ပျိုးခြင်းသည်လည်း သေဆုံးရတော့မည်။ မြစ်ဝ ကျွန်းပေါ်သားများ အထက်ဖက် မိုင်သုံးလေး ဆယ်သို့ ပြောင်းနေ ရတော့မည်။ ထိုသို့ပြောင်း၍ မနေလိုပါက လှေများ ဆောက်ခါ လှေပေါ်တွင် နေထိုင်၍ ရသမျှ ပင်လယ်ငါးလေးများ ဖမ်းကာ လှေစီးလူသား မော်ဒန်ဆလုံ လူမျိုးများ အဖြစ် နေထိုင် ရုံသာ ရှိတော့သည်။ မြန်မာနိုင်ငံ၏ ဝမ်းပိုက်သည်လည်း နှစ်လေးငါးဆယ် အတွင်း ကွယ်ပျောက် ရတော့မည်။ နောင်အနှစ် လေးငါးဆယ် အတွင်း ဆန်ကို နိုင်ငံခြားမှ ပြန်၍ တင်သွင်းရတော့မည်။ အာဖရိက တိုက်တွင် မိုး ခေါင်သောကြောင့်၊ ဘာမှ မယ်မယ်ရရ စိုက်ပျိုးမရ၍ ငတ်ကြသည်။ မြန်မာနိုင်ငံမှာတော့ စပါးခင်းများတွင် ရေငံဖုံး သောကြောင့် အငတ်ဘေးကြီးကို ရင်ဆိုင် တွေ့ကြလိမ့်ဦးမည်။

ထိုအချိန်မတိုင်မီ လက်ဦးဆုံး ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဒေသ တဝိုက်တွင် ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက် လာခဲ့သည့် ဒေသခံ တိုင်းရင်းသားများ ဖြစ်သည်။ သတင်းများအရ မြစ်ဆုံ ဆည်ပိတ်မည့် စီမံကိန်းကြောင့် ရွာပေါင်း ခြောက်ဆယ်ထက် မနည်း၊ လူဦးရေ သောင်းဂဏန်းကို စစ်အစိုးရက အတင်းရွှေ့ပြောင်း တော့မည်။ လိမ္မော်ခြံများ၊ လယ်ယာမြေများ ဆည်ရေအောက်သို့ ရောက်ရတော့မည်။ ထိုသူတို့၏ မူလဘဝနေ ထိုင်မှုများ ဆုံးရှုံးရမည်။ နေရာနှင့် ဝင်ငွေ ဆုံးရှုံးမှုတင် မက ကျန်းမာရေး၊ ပညာရေး၊ ဒေသဆိုင်ရာ ယဉ်ကျေးမှုတို့ပါ ဆုံးရှုံးရဦးမည်။ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးရဦးမည် ဖြစ်သည်။

ဆက်လက်၍ ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဆည်၏ အောက်ပိုင်း တလျှောက် မြစ်ဝ ကျွန်းပေါ် အထိ နေထိုင် ကြသည့် နိုင်ငံသားများ ဖြစ်တော့သည်။ ဧရာဝတီ မြစ်ကြီးသည် မြစိမ်းရောင် အသွင်ဖြင့် တငြိမ့်ငြိမ့် စီးဆင်းနေ သည့် အခြေအနေမှ ချောင်းသာသာ မြောင်းသာသာ အဖြစ်သို့ ရောက်ရတော့မည်။ ဧရာဝတီမြစ်ကြီး ကောပါက ဤနိုင်ငံ၏ သမိုင်းလည်း ကောတော့မည်။ ဧရာဝတီကြောင့်သာ မြန်မာနိုင်ငံဆိုတာ ဖြစ်လာခဲ့ရသည် မဟုတ်လော။

တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံများကတော့ ရသလောက် ယူမှာဘဲ ဖြစ်သည်။ ခင်ဗျားတို့ မြန်မာနိုင်ငံဟာ တကယ်ဆိုရင် သေးသေးလေး။ သဘာဝ အရင်းအမြစ်တွေကို ရှိရှိသမျှ အလျှင်စလို ထုတ်မသုံးပါနဲ့ဟု သူတို့ကတော့ အကြံပေးမည် မဟုတ် ပြောမည် မဟုတ်။

အဆင်အခြင်မဲ့သော လုပ်ရပ်ကို ဘယ်သူတွေက ထောက်ပြ ဝေဖန် သနည်း။ မြန်မာနိုင်ငံ ပြင်ပမှာ နေနေသည့် အဖွဲ့အစည်း အချို့က ထောက်ပြ ကြသော်လည်း မြန်မာနိုင်ငံ အတွင်းမှာ ရှိနေသည့် မည်သည့် အဖွဲ့အစည်း များကမှ ဤကိစ္စကို ဗိုလ်ချုပ်ကြီးများ ထံသို့ မတင်ပြရဲကြ။ ကြောက်နေကြရ သောကြောင့် ဖြစ်သည်။ သာမန် အဖွဲ့ အစည်းများကို နားလည် ပေးနိုင်ပါသည်။ သို့သော် သူတို့ကိုယ် သူတို့ နိုင်ငံရေးအရ တတိယလှိုင်းဟု ဆိုနေသော သူများလည်း ဒီလိုကိစ္စမျိုးတွင် မြန်မာ စစ်ဗိုလ်ချုပ်များကို နားမချနိုင်ကြောင်း တွေ့ရသည်။ တတိယလှိုင်း တို့က ဆိုထားသည် မို့လား။ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲ အတွက် စစ်ဗိုလ်များကို တဖြည်းဖြည်း နားချ၍ ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်တွင်းထုတ် စာစောင်ဂျာနယ် အချို့မှာ ပြောနေတာ အခုအထိ ဖြစ်သည်။ နိုင်ငံ တကာ ကွန်ဖရင့်တွေ မှာတောင် ဒီဖော်မြူလာကို ရွှန်းရွှန်းဝေအောင် တင်ပြခဲ့ကြလို့ နိုင်ငံခြားသားများ အလယ်မှာ လည်း မော်ဒရိတ်တွေ (အစွန်းမရောက်သူတွေ) ဆိုပြီး ရေပန်းစားနေသည် မဟုတ်လော။

တတိယလှိုင်းတို့ ပြောရမှာက ဗိုလ်ချုပ်ကြီးတို့ခင်ဗျား လောလောဆယ် အာဏာ ထိုင်ခုံက ဆင်းမပေးချင်လည်း နေပါ။ သို့သော် မြစ်ဆုံ၌ ဆည် တည်ဆောက်မည့် ကိစ္စကတော့ ရေရှည်မှာ နောင်လာ နောက်သားတို့ အတွက် ဆိုးကျိုးတွေ သယ်ဆောင်လာမှာ ဖြစ်သောကြောင့် မလုပ်သင့်ပါဟု ရဲရဲတင်းတင်း ပြောရမှာ ဖြစ်သည်။ သို့သော် လက်တွေ့ မှာတော့ တတိယလှိုင်း သမားတို့ မပြောရဲရှာပါ။ အာဏာ အပြောင်း အလဲကို အသာထား သဘာဝ ပတ်ဝန်းကျင် ပျက်သုဉ်းမည့် ကိစ္စလောက်မှ ဗိုလ်ချုပ်များကို နားမချနိုင်ပါက သည့်ထက် ကြီးမားသော ကိစ္စများ အပြောင်းအလဲများကို တတိယလှိုင်းတို့ နားချနိုင်စွမ်း ရှိလိမ့်မည် ဆိုတာက သံသယဖြစ်စရာပါ။

လူမိုက်များ၊ လူကောင်းယောင် ဆောင်နေသူများ၊ အစွန်း မရောက်သူဟု ကြေငြာနေသူများ ထိုသူတွေ အားလုံးသည် တကယ်တော့ မိမိအုပ်စု ကောင်းစားရေး အတွက်သာ လုပ်နေသူတွေသာ ဖြစ်ကြောင်း မြစ်ဆုံကိစ္စ တခု တည်းနှင့်ပင် ကွက်ကွက် ကွင်းကွင်း မြင်လိုက်ရ တော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)

Read More...

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးတဦးရဲ့  ပင့်ကူကွန်ရက်

August 31, 2009

နအဖ ဆိုတာ ပြည်သူတွေရဲ့ မိတ်ဆွေမဟုတ်။ ရန်သူအတုလည်း မဟုတ်။ ရန်သူအစစ် ဖြစ်တယ်။ ဒီထက်ပိုရရင်တော့ ရက်စက်ကြမ်းကြုတ်တဲ့ ဖက်ဆစ်စစ်အာဏာရှင် လူရမ်းကားတွေ ဖြစ်တယ်။ ဆိုတာကို ပြည်သူ့ဘက်တော်သားများသိစေဖို့အတွက် တချိန်က နအဖ ဘက်တော်သား ဖြစ်ခဲ့ပေမဲ့ အခုတော့ ပြည်သူဘက်ကို ကူးပြောင်းလာတဲ့ အတွင်းသိ တပ်မတော်အရာရှိဟောင်းတဦးရဲ့ ထုတ်ဖော်ပြောဆိုချက်ကို ပြည်သူ့ဘက်တော်သားများ အမြဲနှလုံးသွင်း ဂရုထားနိုင်ဖို့အတွက် ခေတ်ပြိုင် ၀က်ဘ်ဆိုဒ် မှာတင်ထားတဲ့ တပ်မတော်အရာရှိဟောင်း တဦး ရဲ့ ထုတ်ဖော်သတိပေးချက်ကို ပြန်လည် တင်ပြပေးလိုက်ရပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးတဦးရဲ့  ပင့်ကူကွန်ရက်

၂၄-၁-၂၀၀၈ ရက်နေ့က ကျနော်ဟာ ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ တွေ့ဆုံခဲ့ရာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ် ရေးအခြေအနေများ၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် သဘောထားများ၊ အတိုက်အခံ အဖွဲ့အစည်းများ အပေါ် နအဖ က ထိန်းချုပ် ထိုးဖောက်နိုင်ပုံ အကြောင်း စတာတွေကို အပြန်အလှန် ဆွေးနွေး ခဲ့ကြပါတယ်။

အဲဒီလို အပြန်အလှန် ဆွေးနွေးခဲ့ရာမှာ နယ်စပ်မှာ ရှိတဲ့ အတိုက်အခံ အဖွဲ့ အစည်းများအား ထိန်းချုပ် ထိုးဖောက်နိုင်ဖို့ ဘန်ကောက်ရှိ မြန်မာသံရုံး စစ်သံမှူးက အဓိကထား တိုက်ရိုက် ကိုင်တွယ်ရကြောင်း၊ ထောက်လှမ်းရေး ကွန်ရက် တည်ဆောက်ကာ သတင်းပေးများ၊ သူလျှိုများ မွေးမြူထားပြီး အဖျက်အမှောင့် လုပ်ငန်းများ လုပ်ကြကြောင်း၊ အတိုက်အခံ အဖွဲ့အစည်းတွေရဲ့ သင်တန်းများကို သူလျှိုများက စတင် တက်ရောက် သည်မှ စပြီး ယုံကြည်မှု ရှိလာသည်နှင့် အမျှ အတွင်းစည်းရုံး လုပ်ငန်းထဲသို့ ၀င်ရောက် လုပ်ကိုင်ခွင့် ရသည် အထိ ကြိုးစား လာကြကြောင်း၊ စက်ရုံ အလုပ်ရုံ များတွင် အလုပ်သမားအဖြစ် အသွင်ယူပြီး သတင်းပေး ဆောင်ရွက် ကြကြောင်း၊ လေ့ကျင့်ထားသည့် မိန်းကလေးများ ကို အားနွဲ့သူ အဖြစ် အခွင့်ကောင်းယူကာ အဖွဲ့အစည်း အချို့က ရုံးလုပ်ငန်းများတွင် ခိုင်းလို့ရအောင် ဖန်တီးလာကြောင်း၊ ဒီကေဘီအေ ကဲ့သို့ ကရင် လူမျိုးများ ဖွင့်လှစ်တဲ့ စားသောက်ဆိုင်များကို ခြေကုပ်ယူပြီး အဖွဲ့အစည်းက လာရောက် စားသောက်ရာမှာ သတင်း ယူကြောင်း၊ မြ၀တီမှ နေ့ချင်းပြန် သွားရောက် သတင်းယူတဲ့ လက်လုပ် လက်စား များကို မွေးမြူ ထားသလို ဈေးပေါပေါ ဆက်လို့ရတဲ့ ဆက်သွယ်ရေး အိပ်ချိန်း ဖုန်းလိုင်း နေရာများမှာလည်း ထောက်လှမ်းရေး များကို ထားတတ်ကြောင်း၊ ထိုင်းနိုင်ငံသုံး လက်ကိုင် ဖုန်းများကို ခိုးယူ နားထောင်လို့ရတဲ့ ကြားဖြတ် အသံဖမ်း စက်ထားရှိရာ လက်ကိုင်ဖုန်းရဲ့  အသံ မူလထက် တိုးသွားသည် ဖြစ်စေ၊ မိမိအသံ ပြန်ကြားနေရသည် ဖြစ်စေ အဲဒီလို ဖြစ်လာပါက ကြားဖြတ် နားထောင်နေကြောင်း၊ မြ၀တီရှိ ထောက်လှမ်းရေး (စရဖ- SB)နဲ့ ဘန်ကောက် စစ်သံမှူးရုံးတို့ အပြန်အလှန် သတင်းဖလှယ် တည်ဆောက်ကြပြီး ထောက်လှမ်းရေး ကွန်ရက် ထားရှိကြောင်း၊ ထိုင်းနိုင်ငံ NSC (အမျိုး သားလုံခြုံရေး ကောင်စီ) ထောက်လှမ်းရေး အဖွဲ့နှင့် ဆက်သွယ်ပြီး ဖိအားပေးခြင်းမျိုး လုပ်ခိုင်း တတ်ကြောင်း၊ ထိုင်းမြန်မာ ကုန်သည်ကြီးများကို နယ်စပ်မှာ ကျွေးမွေးပြီး အခွင့်အလမ်းများ ပေးထားရာ ထိုင်း-မြန်မာ ကုန်သည်ကြီးများ အသင်းရုံး သည်လည်း နအဖရဲ့ ထောက်လှမ်းရေး သတင်းပေးဌာန ဖြစ်နေ တတ်ကြောင်း၊ နအဖက နယ်စပ် တံခါးများကို တဖက် သတ် ပိတ်လိုက်ခြင်းဖြင့် ထိုင်းကုန်သည်များက စီးပွားရေး ထိခိုက်လာလို့ ထိုင်းအစိုးရကို ဖိအားပေး လာတတ်ကြောင်း၊ မြန်မာ စစ်သံမှူးရုံးမှ ထိုင်းနိုင်ငံ အစိုးရရဲ့ အတွင်း သဘောထား လျှို့ဝှက်ချက် သတင်းများနဲ့ အတိုက် အခံ အဖွဲ့ အစည်းများရဲ့သတင်းများကို စိစစ်သုံးသပ် တည်ဆောက်ကာ ကြပ်ပြေး စစ်ရုံးသို့ သတင်းပို့ပြီး နအဖက နည်းဗျူဟာ များနဲ့ စီမံချက်များ ရေးဆွဲရကြောင်း၊ မာနယ်ပလော တိုက်ခဲ့စဉ်က ကျော်မြင့် အမည်နဲ့ သူလျှို တဦးကို စစ်သံမှူးရုံးက သုံးကာ မာနယ်ပလော စခန်းကြီးရဲ့ အတွင်းသတင်း နောက်ဆုံး အခြေအနေများကို စဉ်ဆက်မပြတ် သတင်းရယူပြီး စစ်ရေး အရှိန်အဟုန် မြှင့်ခဲ့ကြောင်း၊ ဒါကြောင့် ဘန်ကောက်ရှိ မြန်မာသံရုံး သံအမတ်ကြီးနဲ့ စစ်သံမှူးဆိုရင် အခြားနိုင်ငံ များနှင့် မတူဘဲ ထောက်လှမ်းရေး အတွေ့အကြုံ ရှိသူများကိုသာ နအဖက အထူးစိစစ် ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်ရဲ့  ထောက်လှမ်းရေး ယန္တရား ပြိုကွဲ သွားချိန်မှာတော့ နအဖက လူရွေးချယ်ဖို့ အကျပ်ရိုက် နေရာ ကြံရာ မရ ဖြစ်ပြီး နောက်ဆုံးမှာတော့ ထောက်လှမ်းရေး မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦး လက်ထက်က တာဝန် ထမ်းဆောင်ခဲ့ တဲ့ OTS အပတ်စဉ် (၄၉) ဆင်း ဗိုလ်ရဲဝင်းနဲ့ DSA အပတ်စဉ် (၁၅) ဆင်း ဗိုလ်ခင်မောင်စိုး တို့ကို ဖုတ်ပူ မီးတိုက် ရွေးချယ် တာဝန် ပေးခဲ့တယ်လို့ သိရပါတယ်။

ကိုအောင်လင်းထွဋ်က ကျနော့်ကို စစ်သံမှူး ဗိုလ်မှူးချုပ် ခင်မောင်စိုးရဲ့  အကြောင်းနဲ့ သူဟာ ဘယ်လို လူမျိုးလဲ ဆိုတာ တစေ့တစောင်း ပြောပြလာပါတယ်။ မျက်မှန်ကြီး တင်ဦး လက်ထက်က ဗိုလ်ခင်မောင်စိုးဟာ အမှတ် (၁၀) ထောက် လှမ်းရေးတပ်မှာ တာဝန် ထမ်းဆောင်ခဲ့ရာမှ ထောက်လှမ်းရေး တဖွဲ့လုံး ဖျက်သိမ်း ခံရချိန်တွင် ခြေလျင် တပ်ကို ပြန်လည် ဆင်းသွားရသူ ဖြစ်ပါတယ်။

အဲဒီနောက် သူဟာ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးချုပ် မြင့်ဆွေ လက်အောက်ခံ နည်းဗျူဟာမှူး ဖြစ်ခဲ့ပြီး ထိုမှတဖန် တပ်မမှူး ဖြစ်လာပြီးနောက် စစ်သံမှူးအဖြစ် တာဝန် ပေးခံရသူ ဖြစ်ပါတယ်။ တပ်ချုပ် တပည့် ဗိုလ်မြင့်ဆွေက တပတ်စဉ်တည်း ပီပီ သူ့ကို စစ်သံမှူး ဖြစ်ရေး ထောက်ခံ ပေးလိုက်တဲ့ သဘော ရှိပါတယ်။

ဗိုလ်ခင်မောင်စိုးဟာ ထောက်လှမ်းရေးတပ် (၁၀) မှ ဗိုလ်ကြီး အဆင့်နဲ့ တန်ပြန် ထောက်လှမ်းရေး သင်တန်း တက်ဖို့ ဗဟို ထောက်လှမ်းရေး တပ်ကို လာရောက် တက်ခဲ့စဉ် ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ သင်တန်းမှာ အတူတူ ဆုံခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ် ဧပြီ၊ မေလ အချိန်မှာ တန်ပြန် ထောက်လှမ်းရေး သင်တန်းရဲ့ လက်တွေ့ ကွင်းဆင်းတဲ့ အစီအစဉ်အရ သံလွင်ဦး စစ်ဆင်ရေး အနေနဲ့ ဗိုလ်ခင်မောင်စိုး ဦးစီးတဲ့ အဖွဲ့ဟာ တာချီလိတ် - မိုင်းဖြတ်သို့ သွားရတယ်လို့ သိရပါ တယ်။

ဗိုလ်ကြီး ခင်မောင်စိုးက ခေါင်းဆောင်ဖြစ်ပြီး အဖွဲ့ဝင် ဗိုလ်ကြီး အောင်လင်းထွဋ်၊ ဗိုလ်ကြီး စိုးမြင့်အောင်၊ တပ်ကြပ်ကြီး ကျော်သိန်း (အမှတ် ၄ ထောက်လှမ်းရေးတပ်)၊ တပ်ကြပ်ကြီး တင်လှိုင်တို့ ပါဝင်ကြပါတယ်။ တာချီလိတ် ရောက်ချိန်မှာ ဗိုလ်ခင်မောင်စိုးဟာ ဟိုဘက်ကမ်း ကူးကာ မယ်ဆိုင်မြို့သို့ သွားရောက် လည်ပတ်ခဲ့ရာမှ ထိုင်းမိန်းမပျို တဦးနဲ့ ဇာတ်လမ်း ဖြစ်ခဲ့ပါတယ်။ ဗိုလ်ခင်မောင်စိုးဟာ ခြေစင်္ကြာ ဖြန့်ပြီး အိုင်တွေ့ ခြေဆေး ခဲ့ရာမှ လှပတဲ့ ထိုင်းမိန်းကလေးရဲ့ မာယာ ကျော့ကွင်းထဲမှာ နစ်မျောသွားပြီး ဗိုလ်ခင်မောင်စိုးရဲ့ အချစ်ဟာ နှုတ်မရတဲ့ ရောဂါနဲ့ အစွဲကြီး စွဲလမ်းကာ မကြာ ခဏ ညအိပ် သွားတဲ့ အထိ ဖြစ်နေပါတယ်။

စစ်ဆင်ရေး တာဝန်ပြီးဆုံးလို့ ပြန်ချိန်မှာတော့ ဗိုလ်ခင်မောင်စိုးက ကိုအောင်လင်းထွဋ်ကို “ငါ သူမကို တခါတည်း ခေါ်ခဲ့ တော့မယ်ကွာ” လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့မျက်နှာမှာလည်း မျက်ရည်တွေနဲ့ တွေ့လိုက် ရတာမို့ ကိုအောင်လင်းထွဋ် က တအံ့တသြ ဖြစ်သွားကာ သူမကို ခေါ်လာရင် ပြဿနာ အားလုံး တက်ကုန်ကြမယ်လို့ ပြောပြီး မခေါ်ဖို့ ပြင်းပြင်းထန်ထန် ကန့်ကွက် ပြောယူရတဲ့ အခြေအနေ ရောက်ခဲ့ကြောင်း သိရပါတယ်။

အခုတော့ တာဝန်အရ ဘန်ကောက် ပြန်ရောက်လာ ချိန်မှာ ဗိုလ်ခင်မောင်စိုးက သူ့ရဲ့  အချစ် ဇာတ်လမ်းကို ပြန်ဆက်မှာလား၊ ဒါမှမဟုတ် စစ်သံမှူးရဲ့  တာဝန်အရ အခြား ထိုင်း ကောင်မလေးတွေကို သတင်းပေး အဖြစ် မွေးစား နေဦးမှာလား ဆိုတာ တွေးမိရင်း ရင်လေးမိပါတယ်။ စစ်သံမှူး ဗိုလ်ခင်မောင်စိုး လုပ်ဆောင်ချက် ချို့ယွင်းပုံ ကဖြင့် လုံခြုံရေး တာဝန် ယူရတဲ့ စစ်သံမှူး အနေနဲ့ မြန်မာသံရုံး မီးလောင် ခံရတဲ့ အထိ ဖြစ်ပွားခဲ့ ပါတယ်။

တိုက်ပွဲ ထောက်လှမ်းရေး သင်တန်းအရ ပစ္စည်း လုံခြုံရေး၊ စာရွက် စာတမ်း လုံခြုံရေး၊ လူပုဂ္ဂိုလ် လုံခြုံရေး၊ အဆောက် အဦး လုံခြုံရေးစတဲ့ ဘာသာရပ် ဆိုင်ရာ စီမံချက်များ အားနည်းချက်ကြောင့် ဂုဏ်သိက္ခာ ကျဆင်းသွားပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို ထိုင်းနိုင်ငံက စုံစမ်း စစ်ဆေးပေးမယ် ဆိုတာတောင် လက်မခံရဲတဲ့ အထိ ဖြစ်ခဲ့လို့ ဘာကြောင့် မီးလောင်တယ် ဆိုတာကတော့ ဗိုလ်ခင်မောင်စိုးသာ အသိဆုံး ဖြစ်လိမ့်မယ် ဆိုတာ တင်ပြလိုက်ရပါတယ်။

တပ်မတော် အရာရှိဟောင်းတဦး
Ref: ခေတ်ပြိုင် (၅ ဖေဖော်ဝါရီ ၂၀၀၉)

Read More...

နေ့စဉ်သတင်းများ (၂ - ၉ - ၀၉)

ကေအန်ယူ တပ်မဟာ (၅) ကို တိုက်ခိုက်ရှင်းလင်းဖို့ ဒီကေဘီအေကို စစ်အစိုးရ ညွှန်ကြား သတင်း
ရွာသားများ ရွာပြင်မထွက်ရန် DKBA အမိန့်ထုတ် သတင်း
တရုတ်-မြန်မာ နယ်စပ်တလျှောက် စစ်ရေးလှုပ်ရှားမှုများ ထပ်မံတိုးမြှင့်နေ သတင်း
ကချင်မြေကို မြန်မာစစ်တပ် ဆက်လက်ထိုးစစ်ဆင်မည့် သတင်းထွက် သတင်း
စစ်အစိုးရက ကေအိုင်အိုကို တိုက်မည့်သတင်းကြောင့် ဒေသခံများ ပြောင်းရွှေ့နေ သတင်း
ကိုးကန့်စစ်ပြေး (၆) ထောင်ခန့် နေရပ်ပြန် သတင်း
ကိုးကန့်ဂယက် ၀ ဒေသကို ရိုက်ခတ် သတင်း
ဖုန်ကြားရှင်၏ မိသားစုပိုင် ပစ္စည်းများကို စစ်အစိုးရ သိမ်းယူနေ သတင်း
ကိုးကန့်ဒေသမှာ တိုက်ပွဲငယ်များ ထပ်မံဖြစ်ပွား သတင်း
ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရစဉ်က ကိုးကန့်အဖွဲ့နှင့် ဘယ်လိုပူးပေါင်းခဲ့ကြသလဲ သတင်း
မွန်ပြည်သစ်နှင့် စစ်တိုင်းမှူး ထပ်မံတွေ့ဆုံ သတင်း
သံဃာတော်များ စောင့်ကြည့်ခံနေရ သတင်း
သံဃာတပါးကို အာဏာပိုင်များ ထပ်မံဖမ်းဆီး သတင်း
ခန္တီးထောင်မှ ကိုထင်ကျော်၏ အခြေအနေ သတင်း
လုံခြုံရေးကောင်စီ စက်တင်ဘာလအတွင်း မြန်မာ့အရေး မျက်ခြေမပျက် စောင့်ကြည့်သွားမည် သတင်း
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဆောင်းပါးကို စာပေစိစစ်ရေး ပိတ်ပင် သတင်း
ရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံကူးလက်မှတ် စိတ်ဝင်စားသူနည်း သတင်း
ဗန်းမော်-လွယ်ဂျယ် ကားလမ်းရှိ ကုန်သွယ်မှု အာဏာပိုင် ပိတ်၊ ကုန်သည်နှင့် ကားသမား အခက်တွေ့ သတင်း
ကွမ်းလုံဆည်တည်ဆောက်မှု ရပ်ဆိုင်းရန် ရှမ်းသဘာဝအဖွဲ့ တောင်းဆို သတင်း
ရန်ကုန်လျှပ်စစ်မီး စတင်ပျက်ပြီ သတင်း
ကျောင်းသား (၅) ဦး ၀က်တုပ်ကွေးဖြစ်ပွား သတင်း
ငွေအကြွေအဟောင်းများကို ရခိုင်တွင် လှဲလှယ်ပေးခြင်း မရှိသေး သတင်း
စည်ပင်သာယာက ရေမီတာတပ်ခိုင်းပြီး အခွန်ထပ်ကောက်မည့်အတွက် မြို့ခံများ အခက်တွေ့ သတင်း
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင် နေပြည်တော် ခေါ်ယူစစ်ဆေးခံနေရ သတင်း
လွယ်ဂျယ်ဒေသခံများ တရုတ်ပြည်ဘက်သို့ ပစ္စည်းများရွှေ့ပြောင်း သတင်း
ကချင်ပြည်နယ်မှ သျှမ်းလူမျိုးများ တရုတ်ဘက် ရွှေ့ပြောင်း သတင်း
ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် နယ်မြေအတွင်း နယ်ခြားစောင့်တပ်ရင်းအတွက် မြေနေရာတိုင်း သတင်း
မူးယစ်ဆေးဝါးနဲ့ လက်နက်မှုကြောင့် တိုက်ပွဲဖြစ်ရသည်ဟု နအဖ ရှင်းလင်း သတင်း
ရခိုင်ပြည်နယ်အတွင်း လူထုအုံကြွမှုများအား ကိုင်တွယ်ရန် လုံထိန်း ရဲတပ်ရင်းများကို အင်အားဖြည့် သတင်း
ဒီကေဘီအေတပ်သား (၃) ဦး ကေအဲန်ယူ ဖမ်းမိ သတင်း
မဲ့ကသာဒေသကို ဒီကေဘီအေတပ်များ ၀င်ရောက်တပ်စွဲ သတင်း
အိန္ဒိယလူမျိုး မြန်မာ့ဒီမိုကရေစီ ဓာတ်ပုံမှတ်တမ်းစာအုပ် ထုတ်ဝေ သတင်း
လယ်သိမ်းခံရသည့်အပြင် ကျေရွာအာဏာပိုင်များ၏ အလွဲသုံးစားလုပ်ခြင်းပါ ခံရ သတင်း
လူကုန်ကူးခံရသည့် အမျိုးသမီးတဦး ထွက်ပြေးလွတ်မြောက် သတင်း
နောက်နှစ်မှစ အရက်ကြော်ငြာမထည့်ရဟု စာပေစိစစ်ရေးက ချမှတ် သတင်း
ဖီးနစ်ဂျာနယ် အပိတ်ခံရမှုအပေါ် RSF နဲ့ BMA ကန့်ကွက် သတင်း
ဒေါ်အောင်ဆန်းစုကြည်ပြီးရင် နယ်ခြားမစောင့်တဲ့ ပုဂ္ဂိုလ်တွေအလှည့်ပါပဲ (ဆောင်းပါး)
တပ်မတော်နှင့် ရွေးကောက်ပွဲဆိုင်ရာ ဂယက်ရိုက်ခတ်မှုများ (ဆောင်းပါး)
ချိုကုပ်ဒူးကြီး ငြိမ်းချမ်းရေးဝါဒ (ဆောင်းပါး)
သမိုင်းကပေးတဲ့ သင်ပုန်းကြီးဖတ်စာတပုဒ် (ဆောင်းပါး)

Read More...

Wednesday, September 2, 2009

၂၀၁၀ ရွေးကောက်ပွဲအကြို လှုပ်ရှားတာတွေ

ရဲဘော်ဖိုးသံချောင်း
၁ စက်တင်ဘာ ၂၀၀၉

ဗမာပြည်မှာ နိုင်ငံရေးလေရူးတွေ စတိုက်လာနေပါပြီ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အကြို ဖျာခင်းကြ၊ တောခြောက်ကြ၊ မီးရှူး မီးပန်းတွေ လွှတ်ကြ၊ တချို့လူတွေ အကြီးအကျယ် အလုပ်တွေ ရှုပ်နေကြပါတယ်။ နအဖရဲ့ မေတ္တာစေတနာကို ဘုန်းတော်ဘွဲ့တွေ ရေးကြ၊ လျှာကုဋေနဲ့ ချီးကျူးကြ။ သူတို့ပြောတာ လက်မခံချင် သူတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ကြ၊ သူတို့ အချင်းချင်းထဲမှာ တော့ လက်ပံပင် ဆက်ရက်ကျသလို သောသောကို ညံလို့ပါ။ ဒါပေမယ့် ဒီအချိန်မှာ ပြည်သူလူထု ကတော့ သူတို့နဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို မျက်စောင်းတောင်မှ ထိုးမကြည့်ပါဘူး။ အိပ်ရေးပျက် မခံကြပါဘူး။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့အဆိပ်ကို သကာလူးပြီး ပေးလာတာမှာ နအဖ စစ်အစိုးရ က ပေးသမျှ သကာကို ယူထားရမယ်လို့ ဆိုနေ ကြပါတယ်။ ကျန်တဲ့ အဆိပ် (၉၀) ရာခိုင်နှုန်း မျိုရတာကိုတော့ ဘာမှ မဖြစ်သလိုတွေ ပြောနေကြတယ်။ အဲဒီလို ရသမျှ ယူထားလို့ ပြောတဲ့လူတွေထဲမှာ တော်တော် များများဟာ ရသမျှ ကိုယ့်အတွက် အမြတ်ပဲ ဆိုတဲ့ သဘောနဲ့ ပြောနေကြတာလို့ ယူဆရပါတယ်။ သူတို့ရမှာတွေထဲမှာ နအဖ စစ်ဗိုလ်တွေရဲ့ မျက်နှာသာပေးမှု၊ ဆုလာဘ်တွေလည်း ထည့်တွက်မှာ ကတော့ မလွဲပါဘူး။

တိုက်ဆိုင်ချင်တော့ ဒီအချိန်မှာ နိုင်ငံတကာလေ ထုထဲမှာလည်း လေကြောင်း အပြောင်းအလဲတွေ တွေ့နေရပါတယ်။ ပြည်ပက လေသံပြောင်း လာတာနဲ့ ပြည်ပရောက် တချို့ကလည်း ချက်ချင်း လေသံပြောင်းကုန်ကြတာကို အံ့သြစရာ တွေ့ရပါတယ်။ ကိုးကန့် ဒေသမှာ သေနတ်သံတွေ ပြန်မြည်နေချိန်မှာ တချိန်က “တပ်မတော်ကြီး” တခု တည်ထောင်မယ် တကဲကဲ ပြောနေသူ တွေဟာ “စစ်ဗိုလ် တမတ်သား ကိုလည်း လက်ခံမှာပဲ” လို့ ပြောတာကို ကြားရတာဟာ ဗမာပြည် နိုင်ငံရေးရဲ့ ၀မ်းနည်းစရာ ဟာသ တခုပဲလို့ ဆိုရ ပါလိမ့်မယ်။ တကယ်တော့ သူတို့ အရင်က ပြောခဲ့တဲ့၊ အခုနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်တဲ့ စကားတွေဟာ ပဲ့တင်လှိုင်း ထဲမှာပဲ ရှိပါသေးတယ်။ တချို့ဝက်ဘ်ဆိုက် တွေရဲ့ မျက်နှာဖုံး စာမျက်နှာပေါ်မှာပဲ ရှိပါသေးတယ်။

ဗမာပြည်ရဲ့စီးပွားရေးကို တရုတ်အုပ်စီးသွားမှာ စိုးရိမ်ရတယ်။ ဗမာပြည်ဟာ တရုတ် သြဇာအောက် ရောက်သွား လိမ့်မယ်။ ဒါကြောင့်မို့ အမေရိကန်က အစောတလျင် ၀င်ရမယ်လို့ ဗြောင်ပြောခဲ့တဲ့ ဂျက်ဝက်ဘ်ဆိုတဲ့ အမတ်ဟာ နအဖရဲ့လက်ထဲက သူတို့နိုင်ငံသား ဂျွန်ယက်တောကို ခေါ်ထုတ်သွားပြီး ဗမာပြည် ဒီမိုကရေစီ လှုပ်ရှားမှုထဲ ကိုတော့ သပ်ကြီးတချောင်း စိုက်ထားခဲ့ပါတယ်။ သူ့ကြောင့်မို့ နယူးယောက်က လေဘာတီ ကျောက်ရုပ်ကြီးရဲ့ မီးရှူးတိုင်ဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ဖော်ပြ နေတာလားလို့ မေးရမလိုတောင် ဖြစ်သွား ပါတယ်။ တကယ်က ၀က်ဘ်လိုလူဟာ နအဖနဲ့ စီးပွားရေး လုပ်နိုင်ဖို့ အတွက် နအဖကို ဘယ်လို ထုံးသုတ် ရွှေချပေးရမလဲ စဉ်းစားနေတာသာ ဖြစ်ပါတယ်။ ဘာပဲပြောပြော သူဟာ ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ အခရာကျတဲ့ ပြဿနာမှာ ဘက်တဘက်ကို ခြေစုံပစ် ၀င်ရပ်လိုက်ပါပြီ။ ဒါဟာ ဗမာပြည် နိုင်ငံရေးထဲကို အတိအလင်း ၀င်ခလောက်ဆန်တာပါပဲ။

ပြောရရင် ဗမာပြည်သူတွေဟာ နိုင်ငံရေးအရဆိုရင် နိုင်ငံကြီး ပေါင်းစုံနဲ့ ဆက်ဆံ ဖူးခဲ့ပါပြီ။ ရှင်ကြီးဝမ်းလည်း ၀င်ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ဖူးလို့ ဆိုနိုင်ပါတယ်။ ရှင်တရှင် တည်းရဲ့ ၀မ်းထဲကိုသာ ၀င်ဖူးသူတွေသာ အဲဒီအရှင်က သဘောထားပြောင်းပြီ ဆိုတဲ့ အခါမှာ သူတို့လည်း လိုက်ပြီး ပြောင်းကြတာပါ။ ဒါပေမယ့် ထူးခြားတာက ဒီလို ပြောင်းလိုက်တော့ သူတို့ကိုယ်သူတို့ ကိုယ့်ပြည်သူတွေနဲ့ တဖက်စီ ရပ်လျက် ဖြစ်နေတာကို တွေ့ရတာပါပဲ။ တပါတည်းမှာ သူတို့တွေ့ရမှာက သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုရော၊ တခြား နိုင်ငံရေး အကျဉ်းသမား တွေကိုပါ ချောင်ထိုးလိုက်ပြီ ဆိုတဲ့ အဖြစ်ပါပဲ။ နိုင်ငံရေး သမားတွေ အဖို့မှာ ဒီတကွေ့မှာ ရပ်တည်ချက်ဟာ သူ့တဘ၀လုံးကို အဆုံးအဖြတ် ပေးနိုင်တယ် ဆိုတာ မမေ့သင့်ပါဘူး။

အခုကြားနေရတဲ့အသံတခုက ရွေးကောက်ပွဲကိုဝင်ပြီး နောက်မှ နအဖကို တဖြည်းဖြည်း ပုံပြောင်းယူမယ် ဆိုတာပါ။ အခုလို တရားမ၀င် အာဏာသိမ်းပြီး မင်းလုပ်နေတာကိုတောင် ပြောင်းလဲလို့ မရဘဲ ဖွံ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းပြီး “တရားဝင်” မင်းလုပ်နေမယ့် ဗိုလ်ချုပ်တွေကို တဖြည်းဖြည်းချင်း ပြောင်းလဲယူမယ် ဆိုတာကကော ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်တယ်လို့ ပြောသူကို သူ့အရိပ်ကတောင် ရယ်ပါလိမ့်မယ်။ ကိုယ်က သူ့ပြောင်းမှာလား၊ သူက ကိုယ့်ပြောင်းမှာလား ဆိုတာ ဖိုးသူတော်ဖြစ်မှ သိပါလိမ့်မယ်။ အမှန်ပြောရရင် ဒီလိုပြောသူဟာ ရေရှည် အနာဂတ်အတွက် တာဝန် မယူရာ ကျလွန်းတယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စ၊ တိုင်းပြည်ရဲ့ ကံကြမ္မာ တခုလုံးနဲ့ ဆိုင်နေတဲ့ ကိစ္စတွေမှာ နောင်ခါလာ နောင်ခါဈေးလို့ သဘောထားတာဟာ တိုင်းပြည်ကို ရောင်းစားနည်း တမျိုးသာ ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ ဒီနေ့ အနေအထားမှာ ဆိုရင် ဒါဟာ စစ်ဗိုလ်တွေ လက်ထဲကို ရောင်းစားတာသာ ဖြစ်ပါတယ်။

ဒီတလော ပြည်ပက မီဒီယာတွေထဲက ဗမာပြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ထဲမှာ “ဗမာပြည်မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးရင် ဘယ်သူက အာဏာကို ချုပ်ကိုင်ထားမလဲ” ဆိုတဲ့ အကြောင်းကို အတော်လေးရေကြ၊ ဆွေးနွေးကြတာ တွေ့ရပါတယ်။ အဲဒီ ဆောင်းပါးတွေ ထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် ဆိုတာအပါ တချို့ကိစ္စတွေမှာ အမြင်ကွဲချင် ကွဲမယ်၊ ဒါပေမယ့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးရင်လည်း ဗမာပြည်ရဲ့အာဏာကို ဗိုလ်ချုပ်တွေကပဲ ချုပ်ကိုင်ထားမယ် ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှ မငြင်းကြတာကို တွေ့ရပါတယ်။ နောက်ပြီး အဲဒီအခါကျရင် စစ်တပ်က ချုပ်ကိုင်ထားတဲ့ အစိုးရကို ပြောင်းယူ နိုင်လိမ့်မယ်လို့လည်း ဘယ်သူကမှ ဟောကိန်း မထုတ်တာ သတိထားစရာပါပဲ။

နောက်အံ့သြစရာအချက်တချက်ကတော့ နအဖဗိုလ်ချုပ်တွေက အမျိုးသား ရင်ကြားစေ့ရေး စကား တခွန်းမှ မပြောဘဲနဲ့လည်း ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ် တနှစ်ခွဲ ချလိုက်တာဟာ အမျိုးသား ရင်ကြားစေ့ရေး အတွက် အလားအလာကောင်း ဖြစ်တယ်လို့ ပြောကြတာပါပဲ။ ဒီလို ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ် ထပ်ချခံရတာကို ဂျင်ဝက်ဘ်ကလည်း သူ့ခရီးစဉ် အောင်မြင်တယ်လို့ သုံးသပ်တာလည်း မမေ့နိုင်ပါဘူး။

တချို့သော ရွှေပြည်အေးတရား ဟောသူများကတော့ ကျေအေးသင့်ပြီ ဆိုတာမျိုး လူလိမ္မာစကား ပြောကြပါတယ်။ ဒီနေရာမှာ ကြေအေးချင်တယ် ဆိုတာ တဖက်တည်းက ကြေအေးလို့ ရတာ မဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ ၁၉၅၈ ခုနှစ်တုန်းက ဗိုလ်နေ၀င်းနဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ အာဏာသိမ်းတဲ့ အခါမှာ ဦးနု စကားနည်းရန်စဲ လုပ်လိုက်တာဟာ တိုင်းပြည်လည်း ငါးပါးရော သံဃာစင်ပါ မှောက်ရုံမက သူကိုယ်တိုင်လည်း အကြီးအကျယ် ဒုက္ခ ရောက်ခဲ့ပါတယ်။ ဒါဟာ တဖက်သတ် ကြေအေးလို့ မဖြစ်ဘူး ဆိုတာရဲ့ အထင်ရှားဆုံး သာဓကတခု ဖြစ်ပါတယ်။

သူတို့ရဲ့အမြင်မှာ အတိုက်အခံတွေ၊ ပြည်သူတွေဘက်က မျှော်လင့်ချက် မရှိတော့ဘူး၊ နအဖကပဲ ထင်သလို လုပ်နိုင်နေတယ်၊ ဒါကြောင့်မို့ အလျှော့သာ ပေးလိုက်ပါ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တိုင်းပြည် တပြည်မှာ အာဏာ ရနေတဲ့လူက ပိုပြီး လုပ်နိုင်ကိုင်နိုင်တာ၊ ဥပဒေဆိုတဲ့ စကားလုံးကို သုံးပြီး ထင်တိုင်းလုပ်တာတွေ လုပ်နိုင်တာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီတဖက်တည်း ကိုသာမြင်ပြီး ကျန်တဖက်ရဲ့လုပ်ကိုင်မှုနဲ့ အလားအလာတွေကို ထည့်မတွက်ရင် မှားပါတယ်။ ပဋိပက္ခတခုမှာ ဘက်နှစ်ဖက် ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဘက်တဖက်ကချည့် အမြဲအသာရနေ၊ နိုင်နေတာမဟုတ်ပါဘူး။ အခြားတဖက်က ပြန်လှန်တုံ့ပြန်တာ၊ ဆန့်ကျင်တာ မရှိရင် အဲဒီနှစ်ဖက်ရဲ့ တပြိုက်နက်တည်းရှိမှုကို ပဋိပက္ခလို့တောင် ခေါ်တော့မှာမဟုတ်ပါဘူး။ ပဋိပက္ခလို့ ဆိုလိုက်တာနဲ့ ဘက်နှစ်ဖက်ထဲမှာ အားသာနေတဲ့ ဘက်ဆိုတာကို အမြဲလိုရှိနေတာ တွေ့ရမှာပါ။ ဒါပေမယ့် အဲဒီဘက်အားသာမှု၊ အထက်စီးရမှုဟာ တသက်လုံး တည်ရှိတာ မဟုတ်ဘူးဆိုတာ ဘယ်ပဋိပက္ခမှာ မဆို တွေ့နေရတဲ့ နိယာမပါ။ နောက်ဆုံးမှာ အသစ်ကို နေရာ ပေးရတာချည်းပါပဲ။

အရေးကြီးတာက အဲဒီပဋိပက္ခမှာ ကိုယ်က ဘက်ဘက်က ပါမလဲဆိုတာပါပဲ။

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ (၁ - ၉ - ၀၉)

ဝ နယ်မြေအနီး စစ်အစိုးရတပ်မအချို့ ရောက်ရှိ သတင်း
တရုတ်ပြည်သို့ စစ်အစိုးရ အဆင့်မြင့်အရာရှိကြီးများ ရောက်ရှိနေ သတင်း
ကိုးကန့်ဒေသမှာ မြန်မာတပ်ဖွဲ့ဝင်များ ဆက်လက်ရှိနေဆဲ သတင်း
နေရပ်ပြန် ကိုးကန့်ဒုက္ခသည်တွေ စိုးရိမ်ပူပန်ဆဲ သတင်း
တရုတ်နိုင်ငံရောက် ဒုက္ခသည်အများစု မြန်မာပြည်မပြန်လို သတင်း
မတည်ငြိမ်သေး၍ ကိုးကန့်ဒုက္ခသည်တို့ အိမ်မပြန်နိုင်သေး သတင်း
ကိုးကန့်အရေး နယ်စပ်ကုန်သွယ်မှု ထိခိုက် သတင်း
စစ်အစိုးရတပ်များ လှုပ်ရှားမှုအပေါ် ကချင်ဒေသခံလူထု စိုးရိမ်ထိတ်လန့် သတင်း
ဘုရားသုံးဆူဒေသအတွင်း ကေအန်ယူနှင့် ဒီကေဘီအေတပ်များ စစ်ရေးတင်းမာ သတင်း
အာရှ (၅) နိုင်ငံက သံဃာများ သပိတ်ကော်မတီ ဖွဲ့စည်း သတင်း
အလုပ်သမား၊ လယ်သမားများ ကိုယ်ထူကိုယ်ထ ရုန်းကန်တိုက်ပွဲဝင်ရန် တိုက်တွန်း သတင်း
စစ်အစိုးရက အာဏာကို ဆက်လက်ချုပ်ကိုင်ရန် ကြိုးစားနေဟုဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ စက်တင်ဘာ (၃) ရက် တင်မည် သတင်း
စစ်အစိုးရဖွဲ့စည်းပုံ တရားနည်းလမ်းမကျ သတင်း
အလုပ်သမား၊ လယ်သမားတို့အရေး ရှေ့ဆောင်ပေးမည့် အဖွဲ့တခုထပ်တိုး သတင်း
ခလရ (၂၀၉) မှ ပြည်သူ့စစ်သင်တန်းပေးမည် သတင်း
စီးပွားရေးအကျိုးဆက်အဖြစ် လူကုန်ကူးခံရမှု များပြားလာ သတင်း
ကွမ်းလုံဆည် တည်ဆောက်မှု ရပ်ဖို့ တရုတ်အစိုးရကို တောင်းဆို သတင်း
ရေထွက်ကုန်ပစ္စည်းတင်သွင်းမှု နစ်နာဟု မြန်မာကုန်သည်များ ပြော သတင်း
ကုလားပဲဈေး တရိပ်ရိပ်ကျဆင်း သတင်း
HIV/AIDS ဝေဒနာရှင်များအတွက် လိင်တူချစ်သူများ၏ အလှမယ်ပြိုင်ပွဲ သတင်း
မလေးရှားဖုန်းကတ်များ မြန်မာပြည်တွင် ရောင်းချ သတင်း
မလေးရှားရှိ ထိန်းသိမ်းရေးစခန်း၌ မြန်မာအကျဉ်းသားတဦး သေဆုံး သတင်း
တောင်ကိုရီးယားနဲ့ နယ်ခြား မြောက်ကိုရီးယား ပြန်ဖွင့် သတင်း
ကိုးကန့်အရေးအခင်း အခြားဒေသများကိုပါ ဂယက်ရိုက် သတင်း
ကိုးကန့်ပြဿနာ တခြားအပစ်ရပ်ဒေသအတွင်း ဂယက်ရိုက် သတင်း
ဒေသခံတပ်ရင်းသူလျှိုပျောက် ကျိုင်းတုံဂျီဝမ်းနှင့် စရဖမှူး မိုင်းလားသို့ ထွက်ရှာ သတင်း
ကိုးကန့်တိုက်ပွဲအတွက် ရဲတပ်ဖွဲ့ဝင်များပါ ဆင့်ခေါ်နေ သတင်း
ကိုးကန့်နှင့် နအဖတိုက်ပွဲအပေါ် နိုင်ငံရေးအဖွဲ့အစည်းများ၏ အမြင် သတင်း
ရန်ကုန်တွင် စက်တင်ဘာတလလုံး အရေးပေါ်ကာလ သတ်မှတ်ထား သတင်း
စက်တင်ဘာလထဲတွင် စာသင်သားသံဃာများကို နယ်ပြန်လွှတ်ရန် အစီအစဉ်ရှိ သတင်း
ဂျပန်၏ မြန်မာပြည်ဆိုင်ရာမူဝါဒ ပြောင်းလဲမည်လော သတင်း
လုံခြုံစိတ်ချစေရေး ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်ရန် စီစဉ် သတင်း
လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်မည် သတင်း
သာစည်ဘူတာတွင် စစ်သားစုဆောင်းမှု အလွန်ဆိုးရွားနေ သတင်း
၂၀၁၀ ရွေးကောက်ပွဲအကြို လှုပ်ရှားတာတွေ (ဆောင်းပါး)
မြန်မာအလုပ်သမားဟု ယူဆရသူ အလောင်းသုံးလောင်း တွေ့ရှိ သတင်း
တောင်ဒဂုံ စက်မှုဇုန် မီးလောင် သတင်း
တရားမ၀င် လိုင်းကြေးဆောင် အနှိပ်ခန်းများ မှိုလိုပေါက် သတင်း

Read More...

Tuesday, September 1, 2009

နေ့စဉ်သတင်းများ (၃၁ - ၈ - ၀၉)

ရန်ကုန်မြို့နေ ကိုးကန့်ခေါင်းဆောင်တဦး၏ ပိုင်ဆိုင်မှုများ နအဖစစ်အစိုးရ သိမ်းယူ သတင်း
ကိုးကန့်ဒေသ တိုက်ပွဲပြီးဆုံးသော်လည်း စစ်ရေးတင်းမာမှု မြင့်မားဆဲ သတင်း
ကိုးကန့်တပ်ဖွဲ့ဝင်များ တရုတ်ပြည်ဘက်သို့ ခိုလှုံ၊ တိုက်ပွဲများ ပြီးဆုံး သတင်း
ကိုးကန့်ဒေသ တိုက်ပွဲများအကြောင်း စစ်အစိုးရ ဖွင့်ချပြီ သတင်း
ကိုးကန့်အဖွဲ့နှင့် နအဖတပ် တိုက်ပွဲများ၏ နောက်ကွယ် သတင်း
စစ်တပ်က နယ်စပ်ကုန်သည်ကြီးများ၏ ဂိုဒေါင်ဖောက် ပစ္စည်းများယူ သတင်း
ကိုးကန့်ဒေသ စစ်ပြေးများအား တရုတ်အာဏာပိုင်များက ကူညီစောင့်ရှောက်ထား သတင်း
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် လုံခြုံရေးများ တိုးချထား သတင်း
ရွှေဝါရောင်လှုပ်ရှားမှု (၂) နှစ်ပြည့်ချိန်တွင် သံဃာတချို့ ဖမ်းဆီးခံရ သတင်း
အဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းအဖွဲ့ စည်းရုံးရေး တားဆီးခံရ သတင်း
နေပြည်တော်သို့ မတိုင်ကြားရန် အစိုးရ၀န်ထမ်းများကို ညွှန်ကြား သတင်း
MDUF နာယကကြီး ဦးစိုးလွင် ကွယ်လွန် သတင်း
မြောက်ကိုရီးယား၏ သဝဏ်လွှာ စာပေစိစစ်ရေးက ခွင့်ပြု သတင်း
အစိုးရပိုင် အဆောက်အဦများ လေလံတင်ရောင်းချ သတင်း
ကြားဖြတ်ဖြင့် သပ်လျှိုလိုက်ခြင်း (ဆောင်းပါး)
ကြားဖြတ်အစိုးရများ ဖွဲ့စည်းမယ်ဆိုရင် (ဆောင်းပါး)
ကျားမြီးဆွဲရသလို (ဆောင်းပါး)
ငါးဖမ်းသင်္ဘောနစ်မြုပ် (၁၇) ဦး သေဆုံး သတင်း
မြန်မာအမျိုးသမီးများအား လိင်ကုန်ကူးမှုကြီးထွားလာကြောင်း အစီရင်ခံစာတစောင် ထွက်ပေါ် သတင်း
ရန်ကုန်မြို့ အဆင့်မီမြို့တော်ဖြစ်ရေး ဒိုင်နာကားလိုင်းများ မြို့ပြင်ထုတ်ပြေးဆွဲမည် သတင်း
မလေးရှားထိန်းသိမ်းရေးစခန်းရှိ မြန်မာအလုပ်သမားတဦး ရောဂါရသေဆုံး သတင်း
ကွန်ပြူတာအရောင်း ကုမ္ပဏီပေါင်း (၆၀) ပါမည့် အရောင်းပြပွဲ သတင်း
မိုးခေါင်မှုကြောင့် ဆီထွက်သီးနှံများ ဆုံးရှုံး သတင်း

Read More...

အပေါ်သို့