Wednesday, May 5, 2010

ကြံ့ဖွံ့ပါတီ၏ မှတ်ပုံတင်ခွင့် ကျပြီ

၅ မေလ ၂၀၁၀

ဧပြီလ ၂၉ ရက်နေ့က မှတ်ပုံတင်ခွင့် လျှောက်ထားသော ကြံ့ဖွံ့ပါတီ အပါဝင် ၁၀ ပါတီအား နိုင်ငံရေးပါတီ ထူထောင်ခွင့် ပြုလိုက်ကြောင်း ယနေ့ထုတ် နအဖ သတင်းစာများထဲတွင် ဖေါ်ပြ ပါရှိလာပါသည်။


ကြံ့ဖွံ့ပါတီတွင် အဖွဲ့ဝင် ၂၇ ဦး ရှိသော်လည်း ခေါင်းဆောင် ဦးသိန်းစိန်၏ အမည်သာဖေါ်ပြထားပြီး အခြားပါတီဝင်များ၏ အမည်များအား တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ သို့သော်လည်း ဧပြီလ ၂၆ ရက်နေ့က ဦးသိန်းစိန်အပါဝင် အငြိမ်းစားရသွားသော တပ်မတော်ကြည်းမှ စစ်ဗိုလ်ချုပ် ၂၂ ဦး မှာ ကြံ့ဖွံ့ပါတီ မှတ်ပုံတင်လျှောက်ထားသူများ ထဲတွင် ပါဝင်နိုင်ကြောင်း သိရသည်။

ယနေ့အထိမှတ်ပုံတင်ခွင့် လျှောက်ထားသော ပါတီသစ် ၃၀ နှင့် ပါတီဟောင်း ၅ ပါတီရှိပြီး ခွင့်ပြုချက်ရရှိထားသော ပါတီများမှာ ပါတီဟောင်း ၃ ပါတီနှင့် ပါတီသစ် ၂၄ ပါတီတို့ ခွင့်ပြုချက်ရပြီးဖြစ်သည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

ခွင့်ပြုချက်ရပြီဖြစ်သော နိုင်ငံရေးပါတီသစ်များ
၁။ ၈၈ မျိုးဆက်ကျောင်းသား လူငယ် များ(ပြည်ထောင်စုမြန်မာနိုင်ငံ)The 88 Generation Student Youths(Union of Myanmar)၊
၂။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ The Union of Myanmar Federation of National Politics
၃။ ဒီမိုကရက်တစ်ပါတီ (မြန်မာ)
၎။ ကရင်ပြည်သူ့ပါတီ
၅။ အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်
၆။ ပအိုင်းအမျိုးသား အဖွဲ့ချုပ် (PNO)
၇။ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
၈။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
၉။ ခေတ်သစ်ပြည်သူ့ပါတီ
၁၀။ ချင်းအမျိုးသားပါတီ (Chin National Party)
၁၁။ ပြည်ထောင်စု ဒီမိုကရေစီပါတီ (Union Democracy Party)
၁၂။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
၁၃။ တအောင်း(ပလောင်) အမျိုးသားပါတီ
၁၄။ ဝံသာနုNLD (ပြည်ထောင်စု မြန်မာနိုင်ငံ)
၁၅။ “ဝ” ဒီမိုကရက်တစ်ပါတီ
၁၆။ ဖလုံ- စဝေါ် ဒီမိုကရေစီပါတီ
၁၇။ ချင်းတိုးတက်ရေးပါတီ (Chin Progressive Party)
၁၈။ ကယန်းအမျိုးသားပါတီ
၁၉။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (National Democratic Party for Development)
၂၀။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု
၂၁။ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
၂၂။ ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ
၂၃။ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ
၂၄။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ


ခွင့်ပြုချက်မရသေးသော နိုင်ငံရေးပါတီသစ်များ
၁။ ကချင်ပြည်နယ်တိုးတက်ရေးပါတီ
၂။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (Northern Shan State Progressive Party)
၃။ ညီညွတ်သော ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) United Democracy Party (Kachin State)
၎။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)
၅။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
၆။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ

ခွင့်ပြုချက်ရပြီဖြစ်သော နိုင်ငံရေးပါတီဟောင်းများ
၁။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊
၂။ မြို (ခေါ်) ခမိ အမျိုးသားများ ညီညွတ်ရေးအဖွဲ့ (မခမညဖ) Mro or Khami National Solidarity Organization (M.K.N.S.O)
၃။ လားဟူအမျိုးသားဖွင့်ဖြိုးတိုးတက်ရေး ပါတီ


ခွင့်ပြုချက်မရသေးသော နိုင်ငံရေးပါတီဟောင်းများ
၁။ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ
၂။ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်

ဝိမုတ္တိဝိုင်းတော်သားတဦး

0 comments:

အပေါ်သို့