January 14, 2011
Tunisia Uprising Episode N0 1. (Must Read)
-သမ္မတဘင်အလီက သမ္မသက်တမ်း ကုန်ဆုံးချိန်တွင် ပြန်လည်အရွေးခံမည် မဟုတ်ဟုဆို
-စားသောက်ကုန်များကို ဈေးလျှော့ပေးပြီး၊ သတင်းလွတ်လပ်ခွင့်ကို ပြန်လည် ဖော်ဆောင်ပေး
-တူနီးရှား ပြည်သူများ နိုင်ငံအနှံ့ အုံကြွှ မှု စတင်
-တူနီရှား နိုင်ငံ ၏ ဘလောက်ဂါများက အုံကြွမှုကို ပိုမို အရှိန် မြှင့်တင်ပေး
-တူနီးရှား နိုင်ငံ လူထု အုံကြွမှု အတွင်း လူ သုံးဆယ် နီးပါး သေးဆုံး
-အာရပ် နိုင်ငံ များ ၏ ပြည်သူ လူထုံ အုံကြွှမှု များ ပြန်လည် အားကောင်းလာ
အယ်(လ)ဂျီးရီယား နဲ့လစ်ဗျား နိုင်ငံ ကြားက နိုင်ငံငယ်လေး တစ်ခု ဖြစ်တဲ့ တူနီးရှား နိုင်ငံဟာ မြောက်အာဖရိက တိုက်မှာ အသေးဆုံး နိုင်ငံတစ်ခု ဖြစ်ပြီး နိုင်ငံရဲ့ မြို့တော် တူနစ်ကတော့ သာယာလှပတဲ့ မက်ဒီတာရေးနီးယန်း ပင်လယ်ကမ်းခြေမှာ ရှိတာကြောင့် ကမ္ဘာလှည့် ခရီးသွား တွေကို တခြား မြောက်အာဖရိက နိုင်ငံတွေ လိုပဲ ဆွဲဆောင် ထားနိုင်ပါတယ်။
နိုင်ငံရဲ့မြို့တော် တူနစ်ကနေ မော်တော်နဲ့ မြေထဲပင်လယ်ကို ဖြတ်သန်း သွားရင် ဆယ်နာရီလောက် အကြာမှာ ပြင်သစ် နိုင်ငံပိုင် ကျွန်းတစ်ခုခု ဒါမှ မဟုတ် အီတလီ နိုင်ငံ ကမ်းခြေကို ရောက်ရှိပါတယ်။
တူနီရှား နိုင်ငံမှာ ၁၉၈၇ ခုနှစ် ကတည်း က အာဏာရရှိလာတဲ့ အသက် ၇၄ နှစ် အရွယ် ရှိ ဇင်အယ် အဘီဒင်း ဘင် အလီက အာဏာရှင် ဆန်ဆန် အုပ်ချုပ် လာခဲ့ပါတယ်။
တူနီးရှား နိုင်ငံကို ပြင်သစ် တို့အုပ်ချုပ် စဉ်မှာ စစ်ထဲ ၀င်ပြီး တော်လှန်ရေး လုပ်ခဲ့တဲ့ ဘင်အလီ ဟာ ၁၉၈၇ နိုဝင်ဘာ ၇ ရက် မှာ အနောက်တိုင်း ဆန်ဆန် ပြုပြင် ပြောင်းလဲမှုကို လိုလားတဲ့ ကျေးဇူးရှင် ဖြစ်သူ သမ္မတ ဟာဘစ်ဘော့ ဂီဘာနဲ့ သူ့ရဲ့ သားဖြစ်သူ တူနီးရှား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို ရာထူးက ဖယ်ရှားပြီး အာဏာ သိမ်းခဲ့တာ ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ အတိုက်အခံ တွေကို ထောင်သွင်း အကျဉ်းချမှုတွေ ရှိလားပြီး သတင်းထောက် တွေ၊ ဘလောက်ဂါတွေ ကို ဖမ်းဆီး အပြစ်ပေးကာ ပိုမို နှိပ်ကွပ် လာခဲ့ပါတယ်။ နိုင်ငံရဲ့ အထင်ကရ နေရာတွေတိုင်းမှာ သူ့ရဲ့ ဓာတ်ပုံ ပိုစတာကြီးတွေ ချိတ်ဆွဲ ထားတဲ့ ဘင်အလီဟာ သူ့ရဲ့ ၂၃ နှစ်တာ အာဏာ ချုပ်ကိုင်ထားတဲ့ သက်တမ်း အတွင်း ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ နှောင်းပိုင်းက စလို့ နိုင်ငံ အတွင်းမှာ မငြိမ် သက်မှုတွေ စတင်ခဲ့ပါတယ်။
အသက်၂၆ နှစ် အရွယ်ရှိ တက္ကသိုလ်ဘွဲ့ရ မိုဟာမက် ဘူဇာဇီ ရဲ့ လမ်းဘေးမှာ ရောင်းတဲ့ သစ်သီး ဗန်းကို အာဏာပိုင်တွေက ခွင့်ပြုချက် ယူပြီး မရောင်းလို့ဆိုပြီး အကြောင်းပြကာ သိမ်းဆည်း ခဲ့ပါတယ်။ တစ်နေ့စာ တစ်နေ့ရင်းပြီး ၀မ်းစာ ရှာရတဲ့ ဘွဲ့ရ ကျောင်းသား ဘူဇာဇီ က သူ့ရဲ့ သစ်သီးဗန်း အသိမ်းခံရပြီး နောက်မှာတော့ ဆန္ဒပြတဲ့ အနေနဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ မြို့တော် အုပ်ချုပ်ရေးရုံး အရှေ့မှာ သူ့ကိုယ်သူ မီးရှို့ပြီး ဆန္ဒပြ ခဲ့ရာကနေ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဆီဒီဘိုရ်ဇဒ် မှာ လူ ၁၀၀ ကျော်လောက်နဲ့ စတင် ဆန္ဒပြကြတာမှာ အခုလို မငြိမ်မသက် မှုတွေ ပေါ်ပေါက် လာခဲ့ရတာ ဖြစ်ပါတယ်။
ဒီလို မငြိမ်မသက် မှု တွေဟာ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ မြို့တော် တူးနစ်ကို ကူးစက်ခဲ့ပြီး ဘင်အလီက စစ်တပ်၊ ရဲ တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကို ဖြိုခွဲခဲ့ပါတယ်။ ရက် နှစ်ဆယ်ကျော် ဆန္ဒပြမှုမှာ အစိုးရက သေဆုံး သူ ၂၃ ဦး ရှိတယ်လို့ ဆိုပြီး တက္ကသိုလ် ကျောင်း သားတွေက လေးဆယ် ကျော်တယ်လို့ ဆိုပါတယ်။ နိုင်ငံတ၀ှမ်းမှာ ညမထွက်ရ အမိန့်တွေ ထုတ်ပြန် ခဲ့ပေမယ့် ဆန္ဒပြမှုတွေ ဆက်လက် အားကောင်း လာတာကြောင့် ………..
ဓာတ်ပုံများ — အယ်(လ)ဂျာဇီးယား၊ အေအက်(ဖ)ပီ၊ ဂါးဒီးယန်း
Ref: Freedom News Group
Sunday, January 23, 2011
တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၁)
Labels:
သတင်းဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment