2012-09-09
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လက်ပန်းတောင်းတောင် ပျောက်ကွယ် မသွားရအောင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကို ဒီကနေ့ ၀တ်ပြု ဆုတောင်းဖို့ သွားရောက်ကြတဲ့ ၀က်မှေးရွာနဲ့ ရွှေလှေရွာက ရွာသား ၁၀၀ ကျော်ကို လမ်းတစ်ဝက် အရောက်မှာ အာဏာပိုင်တွေက မြစ်တဖက်ကို ဖြတ်ကူးခွင့်မပြုဘဲ တားဆီး ပိတ်ပင် လိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။
ခရိုင်ရဲအရာရှိရဲ့ အမိန့်နဲ့ ပိတ်ပင်လိုက်တာ ဖြစ်ပြီး အခုလို ဘုရားမှာ ၀တ်ပြုဆုတောင်းမယ့် သူတွေကို တားဆီးပိတ်ပင်တဲ့ လုပ် ရပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်လို့ ဒီဝတ်ပြု ဆုတောင်းပွဲကို ဦးဆောင်တဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါ တယ်။
ဝက်မှေးရွာနဲ့ ရွှေလှေရွာက ရွာသားတွေဟာ မနက် (၉) နာရီလောက်က ရွာက စထွက်ပြီး ညောင်ပင်ကြီး ဆိပ်ကမ်း အရောက် မှာ တားဆီး ခံရတာဖြစ်ပြီး ရွာသားတွေအနေနဲ့ ညနေပိုင်းအထိ ရွာကိုမပြန်ကြဘဲ အဲဒီမြစ်ဆိပ်ကနေ ဆုတောင်းပြည့်ဘုရားရှိတဲ့ မြစ်တဖက်ကမ်းကို ဖြတ်ကူးခွင့် မပြုမချင်း ထိုင်စောင့်နေကြတယ်လို့ သိရပါတယ်။
Ref: အာရ်အဖ်အေ
Monday, September 10, 2012
ဝတ်ပြုဆုတောင်းဖို့သွားကြတဲ့ ရွာသားများ အာဏာပိုင်က တားဆီး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment