Monday, January 5, 2009

မြန်မာနိုင်ငံတွင် သဘာဝ ဘေးဒါဏ်ခံ နေအိမ်များ လိုအပ်နေဆဲ

သတင်းထောက်ကူပြ ( ဓါတ်ပုံ - ဂိုလ်ဂယ်)

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက မြန်မာ နိုင်ငံတွင် ဘက်စုံသုံး သဘာဝ ဘေးဒါဏ်ခံ နေအိမ် အများအပြား လိုအပ်နေသေးကြောင်း ကြေငြာခဲ့သည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် သမိုင်းတလျှောက် အဆိုးရွားဆုံး သဘာဝဘေးဆိုးကြီးနှင့် မျက်ဝါး ထင်ထင် ကြုံတွေ့ခဲ့ရသည့် ဧရာဝတီတိုင်းအတွင်း နေအိမ်များ မလောက်ငမှုမှာ ယခုတိုင် အကြီးမားဆုံး စိန်ခေါ်မှုကြီးအဖြစ် တည်ရှိနေဆဲဖြစ်သည်။ ကုလသမဂ္ဂ ၏ စစ်တမ်းအရ မေလအတွင်း မုန်တိုင်းကြီး တိုက် ခိုက်ပြီးနောက်ပိုင်း အိုးအိမ်အတည်တကျ မရှိသေးသူ သန်းနှင့် ချီမျှ ရှိနေနိုင်ကြောင်း သိရှိရသည်။ ကုလ သမဂ္ဂ သဘာဝ ဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သော ဒီလစ်ကူမာဘန်ဂျာ က သဘာဝ ဘေးဆိုးများကို ကာကွယ်နိုင်မည့် လုံခြုံရေး အဆောက်အအုံများ လာမည့်နှစ် မုတ်သုံ ရာသီမတိုင်မီ မြန်မာနိုင်ငံအတွက် လိုအပ်နေပြီဟု သတိပေးခဲ့သည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် အနည်းဆုံး လူတစ်သိန်းလေးသောင်းမျှ သေကြေခြင်း၊ ပျောက်ဆုံး ခြင်းတို့ ဖြစ်ခဲ့ရပြီး လူဦးရေ (၂.၄) သန်းမှာ အိုးအိမ် ဆုံးရှုံးမှုများ ရင်ဆိုင်ခဲ့ရသည်။ လက်ရှိအချိန်တွင် ကုလ သမဂ္ဂနှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ စေတနာရှင်များ၏ ကြိုးပမ်းမှုဖြင့် မုန်တိုင်းဒါဏ်ခံ ဒေသများတွင် မိဘမဲ့ဂေဟာများ၊ ကျောင်းများနှင့် သဘာဝ ဘေးဒါဏ်ခံ နေအိမ်များ အရေအတွက် အတော် အသင့် ဆောက်လုပ်ပေးပြီးသည့်တိုင် လိုအပ်သောပမာဏနှင့် နှိုင်းယှဉ်ပါက ပြောပလောက်အောင် မရှိသေး ကြောင်း သတင်းရရှိသည်။

REF: လူထုအသံ

0 comments:

အပေါ်သို့