Sunday, May 29, 2011

မူးယစ်ဆးဝါး သယ်ဆောင်သူ အမျိုးသမီးနှင့် ကားဒရိုင်ဘာ မောင်တောတွင် ဖမ်းဆီးခံရ

/28/2011
တာကလူး

အမျိုးသမီး တစ်ဦးနှင့် ကားဒရိုင်ဘာ တစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မှောင်ခို တင်သွင်း လာသည့် ဖန်ဆီဒိုင်း၊ မော်ဖိန်းများနှင့် အတူ သောကြာနေ့က ရဲမှ မောင်တောမြို့ တွင် ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

" သူတို့ဆီက ဖမ်းဆီး ရမိတာက ဖန်ဆီဒိုင် အလုံး ၅၀နဲ့မှော်ဖိန်း အလုံး ၃၀ ဖြစ်ပါ တယ်။ သောကြာနေ့ နံနက်မှာ နယ်စပ်မြို့ မောင်တောကနေ စစ်တွေကို သွားမလို့ လုပ်နေတုန်း ဒေသခံရဲတွေက ဖမ်းဆီး လိုက်တာ ဖြစ်ပါတယ်" ဟု ရဲနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ မောင်တောမြို့နယ် အောင်ဗလကျေးရွာမှ ဒေါ်သန်းမြိုင်နှင့် ဟိုင်း လက်စ်ကား ဒရိုင်ဘာ ဦးဝင်းမြင့်တို့ ဖြစ်ကြသည်ဟု သိရသည်။

" ဒေါ်သန်းမြိုင်က မူးယစ်ဆေးဝါးတွေကို ယူဆောင်ပြီး စစ်တွေကို သွားဖို့အောင်ဗလ ကျေးရွာက အထွက် ရွှေဇားတံတား အနီးမှာ အဖမ်းခံရတာ ဖြစ်ပါတယ်။ မနက်ပိုင်း ၅ နာရီ ခန့်မှာ သူမက ဘူးသီးတောင်-စစ်တွေ သင်္ဘောအမှီ ကားနဲ့သွားတာမှာ ဒရိုင်ဘာနဲ့အတူ အဖမ်းခံရတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ရဲက သတင်းအရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး သူတို့နှစ်ဦးကို ယခုအခါ မောင်တော ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သိရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျ့နိုင်ငံအကြား မူးယစ်ဆေးဝါး မှောင်ခို ကူးသန်းရောင်းဝယ်ရေးမှာ အမြတ်အစွန်းကောင်းသဖြင့် အထူး တွင်ကျယ်နေသော စီးပွါးရေးဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားနေသူများသည် မြန်မာဘက်မှ ယာဘစိတ် ကြွဆေးများကို ဘင်္ဂလားဒေခ်ျ့ဘက်သို့ တင်ပို့နေကြပြီး၊ ဘင်္ဂလာဒေခ်ျ့ဘက်မှ ဖန်ဆီဒိုင်လ်၊ မော်ဖိန်းနှင့် ဆေးခြောက်တို့ကို မြန်မာဘက်သို့ အပြန်အလှန် တင်ပို့နေကြသည် ဟု နယ်စပ် သတင်း ရပ်ကွက်များက ဆိုသည်။

Ref;Narinjara

0 comments:

အပေါ်သို့