September 1, 2011
ရွှေအောင်
ဧရာဝတီမြစ် တိမ်ကောပပျောက်သွားစေမယ့် ဧရာဝတီမြစ်ဆုံစီမံကိန်း တည်ဆောက်နေမှု ရပ်တန့် ပေးဖို့ ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများအဖွဲ့က သမ္မတ ဦးသိန်းစိန်ထံ ဒီကနေ့ လက်မှတ်ရေးထိုး တောင်းဆို လိုက်ကြပါတယ်။
လက်မှတ်ရေး ထိုးကြသူတွေထဲမှာ စာပေအနုပညာရှင်တွေ၊ ပတ်ဝန်းကျင်ချစ်မြတ်နိုး သူတွေ၊ လူမှုရေး၊ နိုင်ငံရေး စတဲ့နယ်ပယ် အသီးသီးက ထင်ရှားသူတွေ ပါဝင်ကြပြီး လက်မှတ်စုစုပေါင်း ၁၆၀၀ ကို ပထမဆုံးအကြိမ် ပေးပို့ လိုက်တာ ဖြစ်ပါတယ်။
သမ္မတထံက လက်မှတ်ရေးထိုး ပေးပို့တောင်းဆိုရတာနဲ့ ပတ်သက်လို့ ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ အဖွဲ့မှာ ပါတဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုမြတ်သူက ခုလို ပြောပါတယ်။
“သမ္မတကြီးရဲ့ မိန့်ခွန်းအပေါ်မှာ သမ္မတကြီးက ပြည်သူလူထုရဲ့ အသံကို နားထောင်မယ်လို့ ပါတဲ့ အတွက်ကြောင့် မို့လို့ ကျနော်တို့က ပြည်သူ လူထုရဲ့ အသံကို သမ္မကြီး သိရှိနိုင်အောင်လို့ ကျနော်တို့ ဘက်က ကြိုးစား လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ အတွက်ကြောင့်မို့လို့ သမ္မကြီးရဲ့ မိန့်ခွန်း အတိုင်း ဆိုရင်တော့ ဒီအပေါ်မှာ အရေးတယူ ရှိလာလိမ့်မယ် လို့တော့ ကျနော်တို့ မျှော်လင့် ထားပါတယ် ခင်ဗျ။”
အခု ပထမဆုံး ပေးပို့တဲ့ လက်မှတ်ရေးထိုး ကြသူတွေထဲမှာ ဟံသာဝတီ ဦးဝင်းတင်၊ လူထုစိန်ဝင်း၊ မောင်ဝံသ၊ ဒေါ်ဒေဝီသန့်ဇင်၊ ကိုကျော်သူ၊ ဒါရိုက်တာ ချိုတူးဇော် စတဲ့သူတွေ ပါဝင်ပါတယ်။
ဧရာဝတီကိုချစ်သော ပြည်တွင်းပြည်ပက ပြည်သူတွေရဲ့ လက်မှတ်တွေကို ဆက်လက်စုဆောင်း ပေးပို့ သွားမယ်လို့လည်း သိရ ပါတယ်။
Ref: ဒီဗွီဘီ
Friday, September 2, 2011
ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်မှု ရပ်တန့်ရန် သမ္မတထံ တောင်းဆို
Subscribe to:
Post Comments (Atom)
















































0 comments:
Post a Comment