September 1, 2011
နော်နိုရင်း
ကမာရွတ်မြို့နယ်မှာ ဒီကနေ့ နေ့ခင်းပိုင်းက ရန်ကုန်မြို့ပတ် ရထားတစီးရဲ့ နောက်ဆုံးတွဲ ပြုတ်ကျန်ပြီး လမ်းချော် တိမ်းမှောက် ခဲ့တယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
ရထား နောက်ဆုံးတွဲဟာ ကမာရွတ်မြို့နယ် လှည်းတန်း ဘူတာအလွန် ရွာမကျောင်းလမ်းထောင့်မှာ ပြုတ်ကျန်ပြီး လမ်းချော် တိမ်းမှောက် သွားတာလို့ ဆိုပါတယ်။
တိမ်းမှောက်မှုကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံ ပို့လိုက်ရတယ်လို့ ပြောပါတယ်။
“ယောက်ျား လေး ၃ ယောက်၊ မိန်းကလေး ၁ ယောက် ဒဏ်ရာရသွားတယ်။ ဘီးတဘီးက လမ်းဘေးကို ချော်ထွက်ပြီး မှောက် သွားတာ။ လာကြည့်တဲ့ သူတွေကတော့ အများကြီးပဲ။”
ရထား မှောက်မှုနဲ့ ပတ်သက်လို့ ကမာရွတ်ရဲစခန်း တွဲဖက်တာဝန်မှူးက “မှောက်တာကတော့ သေချာတယ်။ ဒါပေမယ့် ဖြစ်စဉ်တို့ ဘာတို့ ကတော့ တာဝန်ရှိတဲ့ သူတွေသွားပြီး သူ့ဘာသာ ချက်ချင်း သတင်း တက်နေပါတယ်။ ကျနော်တို့ ကြားတာကတော့ လမ်းချော်တာပေါ့နော်။ နောက်ဆုံးတွဲ တတွဲ မှောက်တာပေါ့။ မြို့နယ်မှူး၊ စခန်းမှူး အကုန်သွားကြတာ” လို့ ပြောပါတယ်။
Ref: ဒီဗွီဘီ
Friday, September 2, 2011
ရန်ကုန်မြို့ပတ် ရထားတွဲ တိမ်းမှောက်၊ ၄ ဦး ဒဏ်ရာရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment