Monday, January 23, 2012

ဆင်း​ရဲမွဲ​တေမှု​လျှော့​ချ​ရေး​စီမံကိန်း​ အ​သေး​စား​ချေး​ငွေ လိုအပ်သူများ​ထံ မ​ရောက်

January 20, 2012
အံ့ဘုန်းမြတ်

အစိုး​ ရသစ်လက်ထက် ဆင်း​ရဲမွဲ​တေမှု​လျှော့​ချ​ရေး​ စီမံကိန်း​တွေထဲက အ​သေး​စား​ ​ငွေ​ချေး​လုပ်ငန်း​က ​ချေး​ငွေ​တွေ လိုအပ်သူ​တွေဆီ မ​ရောက်ရှိဘဲ ဖြစ်​နေသလို ​ချေး​ယူသူ​တွေအ​နေနဲ့​လည်း​ အခက်အခဲ​တွေ ရှိ​နေပါတယ်။

ဆင်း​ရဲမွဲ​ တေမှု ​လျှော့​ချ​ရေး​ အစိုး​ရ​ချေး​ငွေ​တွေကို ရပ်ကွက်အုပ်ချူပ်​ရေး​ အာဏာပိုင်​တွေက နီး​စပ်သူ​တွေနဲ့​ အမြဲတမ်း​ ​နေထိုင်သူ​တွေကိုပဲ ထုတ်​ပေး​နေတာ​ကြောင့်​ ​ချေး​ယူလိုသူ​တွေဆီ မ​ရောက်ရှိပဲ ဖြစ်​နေတာပါ။


ဒီလိုဖြစ်​ နေတာနဲ့​ ပတ်သက်ပြီး​ ရန်ကုန်ဆင်​ခြေဖုန်း​ ရပ်ကွက်​နေ ​ဈေး​သည်တဦး​က “ရပ်ကွက်က​ပေး​တာ​တွေက လူ​ရွေး​ပြီး​ပေး​တာ။ ကျ​နော်တို့​လို အိမ်ငှား​နေတဲ့​သူ​တွေ မရဘူး​။ အိမ်ရာ အပိုင်ရှိတဲ့​သူ​တွေ၊​ ​နောက်ပြီး​ သူတို့​ဆွေမျိုး​မှ ပြီး​တော့​ ရပ်ကွက်လူကြီး​ပေါ့​။ သူတို့​အမျိုး​ မျက်နှာသိမှ အဲဒီလိုမျိုး​တွေ ​ပေး​ကြတာ။ ​တော်ရုံတန်ရုံလူဆို မ​ပေး​ဘူး​။ မ​ပေး​ဘူး​ဆိုတာလည်း​ သူတို့​ကို အပြစ်​ပြောလို့​ မရပါဘူး​။ ပိုက်ဆံအသွင်း​ မမှန်ကြ​တော့​ ဘယ်လိုလုပ်မလဲ။ ရက်မမှန်ဘူး​ ဆိုတာကလည်း​ မိုး​ချုပ်သွား​တယ်။”

“​နောက်​နေ့​ မနက်မှ ​ပေး​ရမယ်ဆိုရင် လူ​တွေက နည်း​နည်း​ ခံသာ​သေး​တယ်။ အခုက အလုပ်သမား​ပြန်ချိန် ​ဈေး​ရောင်း​ချိန် ပြန်ချိန်နဲ့​ လွဲကြတာ​ပေါ့​။ အဲဒါနဲ့​ မမှန်​တော့​ ဖြုတ်ချလိုက်​တော့​ လူ​ရွေး​ပေး​တဲ့​ ပုံစံဖြစ်သွား​ရော ​နောက်ဆုံး​ကြ​တော့​” လို့​ ​ပြော ပါတယ်။

ဆင်း​ရဲနွမ်း​ ပါး​မှု ​လျှော့​ချ​ရေး​ ​ချေး​ငွေက အတိုး​နှုန်း​ သက်သာ​ပေမယ့်​ ချမှတ်ထား​တဲ့​ စည်း​မျဉ်း​ စည်း​ကမ်း​တွေက အ​ခြေခံ လူတန်း​စား​နဲ့​ ကိုက်ညီမှု မရှိတာ​ကြောင့်​ ပြင်ပ တရား​မဝင် ​ငွေ​ချေး​ ​ဈေး​ကွက်​တွေက ​နေ့​ပြန်တိုး​နဲ့​ ​ချေး​ယူ ပြန်ဆပ်​နေကြတာ​တွေလည်း​ ရှိ​နေတယ်လို့​ သူက ဆိုပါတယ်။

“ပြင်ပ​ငွေ​ ချေး​ လုပ်ငန်း​က​တော့​ ရှိ​နေဦး​မှာပဲ။ ရယက ​ချေး​ငွေကို ၅နာရီထိုး​ ​ပေး​ရမယ်။ ​ပေး​စရာမရှိ​တော့​ ငါ့​ကို ၅၀၀ ​လောက် ​ပေး​။ ​နောက်မှ ၆၀၀ ​ပေး​ပါမယ်ဆိုပြီး​ အတိုး​သမား​ဆီက ၁၀၀ အတိုး​ပေး​ပြီး​ မဖြစ်မ​နေ ​ချေး​ရ​တော့​ ဘာမှမထူး​ဘူး​။

“ရပ်ကွက်မှာ​ ချေး​ရင် ​အေး​ရာ​အေး​ကြောင်း​ပဲ။ အဲဒီ​လောက်​တော့​။ အတိုး​ပေး​ရတာချည်း​ပဲ။ ဥပမာ ၂၀၀၀၀ ယူလိုက်တယ်​ပေါ့​။ တ​နေ့​ကို ၂၀၀၀ အသွင်း​နဲ့​။ ဒီ​နေ့​တော့​ မ​ပြေလည်​သေး​ဘူး​။ ​နေပါဦး​ဗျာဆိုလည်း​ ​နေမှာပဲ။ ​နောက်​နေ့​မှ ​ပေါင်း​ပေး​လိုက်။ ဒါမှမ ဟုတ် ရက်ပျက်ခကို ထား​လိုက်ဦး​မယ်။ ပိုက်ဆံပြည့်​သွား​မှ ရက်ပျက်ခကို ဖြည့်​ပေး​လိုက်မယ်ဆိုရင် သူတို့​က လက်ခံမှာပဲ။ နိုင်ငံ​တော်​ချေး​ငွေက အဲ့​လိုလည်း​ လက်ခံမှာ မဟုတ်ဘူး​။ ဆင်း​ရဲသား​ပ​ပျောက်​ရေး​ဆိုတာ သူတို့​က ​ပြောလိုက်တာပဲ။ သူတို့​ကို ​ပေး​စရာမရှိလို့​ အပြင်က အတိုး​နဲ့​ ဆွဲ​ပေး​လိုက်ရ​တော့​ ဘာမှမထူး​ဘူး​”လို့​ ဆိုပါတယ်။

ဒါ့​အပြင် ​ချေး​ယူသူအချို့​က အစိုး​ရ၊​ နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ လူမှု​ရေး​အဖွဲ့​အစည်း​တွေက ထုတ်​ချေး​တဲ့​ ​ချေး​ငွေအား​လုံး​ကို ​ချေး​ယူပြီး​ ​ကြွေး​ဟောင်း​ဆပ် ​ကြွေး​သစ်ယူတာမျိုး​တွေလည်း​ ရှိ​နေပါတယ်။

ဒီလို အခက်အခဲ​တွေ ရှိ​နေတာ​ကြောင့်​ ဆင်း​ရဲနွမ်း​ပါး​မှု ​လျှော့​ချ​ရေး​အတွက် အဖွဲ့​အစည်း​တွေက ​ချေး​ငွေချ​ပေး​ဖို့​ အ​ခြေခံ လူတန်း​စား​ကြား​မှာ ​တွေ့​ကြုံရတဲ့​အခက်အခဲ​တွေ၊​ အ​ခြေအ​နေ​တွေကို ကွင်း​ဆင်း​ ​လေ့​လာပြီး​ ပညာ​ပေး​လုပ်ငန်း​တွေကိုပါ တခါတည်း​ လုပ်​ဆောင်မှ ​အောင်မြင်နိုင်မယ်လို့​ စီး​ပွား​ရေး​ပညာရှင် ဆရာဦး​မော်သန်း​က အကြံပြု ​ပြောကြား​ပါတယ်။

“ရည်ရွယ်ချက် ဦး​တည်ချက်အ​နေနဲ့​တော့​ မ​ကောင်း​ဘူး​လို့​ ​ပြောလို့​ မရပါဘူး​။ သို့​သော် တကယ်အကျိုး​သက်​ရောက်မှုကျ​တော့​ ဘင်္ဂလား​ဒေ့​ရှ်မှာဆို နိုဘယ်လ်ဆု​တွေတာင် ရလာခဲ့​တယ် ​ငွေ​ချေး​တဲ့​ဥစ္စာ။ အခုကျ​တော့​ လက်လုပ်လက်စား​တွေက သူ့​ကြောင့်​ ငါ့​တို့​တော့​ အ​ကြွေး​တင်​နေတယ် ဆိုပြီး​တော့​ အပြစ်တင်တဲ့​ သ​ဘောမျိုး​ဖြစ်တယ်ခင်ဗျ။ အမ​တော်​ကြေး​ငွေ ​ပေး​လိုက်တယ်၊​ ​ပေး​လိုက်တဲ့​ဥစ္စာကို တခါတည်း​ တထိုင်တည်း​ ​လောင်ကစား​ လုပ်ပစ်လိုက်တယ်၊​ စား​သောက်ပစ်လိုက်တယ်ဆိုရင် ​ချေး​ငွေက​တော့​ သူက ​ပျောက်မသွား​ဘူး​။ ​ပေး​စရာရှိတာက​တော့​ ကျိန်း​သေတယ် ကိုယ့်​အတွက် အဲဒီ ​ချေး​ငွေက​နေပြီး​တော့​ အကျိုး​သက်​ရောက်မှု ရှိစရာက​တော့​ ဘာမှ မလာဘူး​။ ​ချေး​ငွေ​ပေး​တာက ​ချေး​ငွေနဲ့​ အတူတကွ ဒီ​ချေး​ငွေကို ဘယ်လိုသုံး​ပြီး​ လုပ်ကိုင် စား​သောက်ရ မယ်၊​ ​ချေး​ငွေနဲ့​ ပတ်သက်ပြီး​တော့​ ဘယ်လိုအသုံး​ချနိုင်တယ်၊​ ဘယ်လို သုံး​စွဲရမယ့်​ဆိုတဲ့​ အသိပညာ ဗဟုသုတပါ။ ဒါက​တော့​ ကျ​နော် ဆင်း​ရဲသား​ကို သူ့​ရဲ့​အသိဉာဏ်ကို ​စော်ကား​ပြောတာ မဟုတ်ပါဘူး​။ အသိဉာဏ်ပါ ပါဖို့​လိုတယ်။ မပါရင်​တော့​ ​ငွေ​ချေး​ယူ လိုက်တဲ့​အတွက် အ​ကြွေး​တင်သွား​တာ အဖတ်တင်ပြီး​တော့​ ဒီအ​ကြွေး​တင်​နေပြီး​တော့​ ဘာမှ ထိထိ​ရောက်​ရောက် တိုး​ပွား​မလာ ဘူး​ဆိုရင်​တော့​ ဒုက္ခ​တောင် ပို​ရောက်​စေတယ်။”

မြန်မာနိုင်ငံမှာ အစိုး​ရသစ်တက်လာပြီး​နောက်ပိုင်း​ ၂၀၁၆ ခုနှစ်မှာ ဆင်း​ရဲမွဲ​တေမှု ၁၆ ရာခိုင်နှုန်း​လျှော့​ချ မယ်လို့​ ​ပြောကြား​ထား​ပြီး​ ဒီအ​သေး​စား​ငွေ​ချေး​လုပ်ငန်း​တွေကို စတင်အ​ကောင်အထည်​ဖော် ​ဆောင်ရွက်လာတာပါ။

မြန်မာနိုင်ငံ လူဦး​ရေ ၅၉ သန်း​ကျော်ထဲက ၁၉ သန်း​ကျော်ဟာ ဆင်း​ရဲမွဲ​တေမှုဒဏ်ကို ခံစား​နေကြတယ်လို့​ အစိုး​ရရဲ့​ မှတ်တမ်း​တွေကဆို​ပေမယ့်​ ဒီထက် ပိုနိုင်တယ်လို့​လည်း​ သုံး​သပ်မှု​တွေ ရှိ​နေပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့