January 20, 2012
ကိုထွေး
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးရွာမှာနေကြတဲ့ မိဘတွေက အသက် ၁၄ နှစ်အရွယ်ကတည်းက ပျောက်သွားတဲ့ သားကို စစ်တပ်ကနေ ပြန်ခေါ်ဖို့ ခက်ခဲနေပါတယ်။
၂၀၀၈ ခုနှစ်က ကျောင်းသွားရာကနေ အိမ်က ပျောက်ဆုံးသွားတဲ့ ဒေါ်နုနော်ရဲ့သား အသက် ၁၄ နှစ်အရွယ် ဇောင်ချမ်းဟာ လားရှိုးမြို့က အမှတ် ၃၄၆ အမြောက်တပ်ရင်းမှာ ရောက်နေတာ သိရပေမယ့် ပြန်လည် ခေါ်ထုတ်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ မိခင် ဒေါ်နုနော်က ပြောပါတယ်။
“၂၀၀၈ ခုနှစ်က ပျောက်သွားတယ်။ ၈ တန်းဆိုတော့ အသက် ၁၄ နှစ် ကတည်းက။ ဘယ်သူမှလဲ မတိုင်ဘူး၊ ကျမတို့ဟာ ကျမတို့ လိုက်ရှာနေတယ်။ ပျဉ်ထောင်မှာသွားမေးတော့ ဆရာတွေက ကြေးနန်းနဲ့ ဆက်သွယ်ပေးတယ်။ အခုထိ အကြောင်းလည်း မကြားရတော့ တွေ့ချင်လို့။”
သားဖြစ်သူကို လိုက်လံစုံစမ်းခဲ့ပေမယ့်လည်း ငွေကြေးနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ထိထိရောက်ရောက် မရှာနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
နောက်ပိုင်း စစ်တပ် တပ်ကြပ်ကြီးတဦးက သားဟာ ကိုယ်ပိုင်နံပါတ် (တ/၃၉၄၄၈၉) နဲ့ တပ်မတော် အမြောက်တပ်ရင်းမှာ တာဝန်ထမ်းနေတယ်ဆိုပြီး အိမ်ကို စာရေးအကြောင်းကြားလာတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
စာရပြီးတဲ့ နောက် သားကို ပြန်တွေ့ချင်ပေမယ့် ဒေါ်နုနော်ဟာ ဗမာစကားကို သိပ်မပြောတတ်သလို ငွေကြေး၊ လမ်းပန်း သွားလာမှု စတဲ့ အခက်အခဲမျိုးစုံကြောင့် မတွေ့နိုင်သေးဘူးလို့ အိမ်နီးချင်းတဦးက ပြောပါတယ်။
“ခေါ်ထုတ်ဖို့ ကြိုးစားတော့ သူတို့လည်း ခက်ခက်ခဲခဲကို၊ သွားလည်း မသွားတတ်ဆိုတော့ ဒီအတိုင်းပဲ နေနေကြတာပါ။ အဖေ ကလည်း မိသားစုကို လုပ်ကိုင်ကျွေးမွေးနေရ၊ တောင်ယာခုတ် လယ်ခုတ်၊ ဝင်ငွေကလည်း နည်းတယ်ဆိုတော့ လိုက်သွားဖို့က လည်း မလွယ်ဘူးလေ။ မြို့ကနေ တခြား တမြို့သွားဖို့တောင် ခက်ခက်ခဲခဲဖြစ်နေတာ။”
မြန်မာနိုင်ငံဟာ ကလေးစစ်သား စုဆောင်းခွင့် မရှိဘူးလို့ နိုင်ငံတကာ သဘောတူ စာချုပ်ကို လက်မှတ်ထိုးထားပေမယ့် မြန်မာ့တပ်မတော်ဟာ ကလေးစစ်သားတွေကို အဓမ္မ စစ်တပ်တွင်း သွတ်သွင်းနေတာတွေ ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်ခံနေရပါ တယ်။
Ref: ဒီဗွီဘီ
Monday, January 23, 2012
ကလေးစစ်သားကို ပြန်တွေ့သော်လည်း ခေါ်ယူရန် ခက်ခဲနေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment