Monday, January 23, 2012

မြန်မာဒုက္ခသည်၊​ အလုပ်သမား​များ​နှင့်​ပတ်သက်ပြီး​ နှီး​နှောဖလှယ်ပွဲကျင်း​ပ

January 20, 2012
မန်းစိုင်းမွန်

မြန်မာဒုက္ခသည်နဲ့​အလုပ်သမား​များ​ပေါ် ထိုင်း​နိုင်ငံသား​တွေရဲ့​အမြင်သ​ဘောထား​တွေကို စစ်တမ်း​ကောက်ယူပြီး​ နှီး​နှောဖလှယ်ပွဲ တခုကို ဘန်​ကောက်အနီး​ န​ခေါင်ပထုံ ခရိုင်က မဟီဒွန်တက္ကသိုလ်မှာ ဒီ​နေ့​မနက် ကျင်း​ပခဲ့​ပါတယ်။

ဒီစစ်တမ်း​ကို မဟီ​ဒေါတက္ကသိုလ် လူမှုသိပ္ပံတက္ကသိုလ်က ထိုင်း​-မြန်မာနယ်စပ် ကန်ချနဘူရီ၊​ ရပ်ချဘူရီ၊​ တာ့​ခ်နဲ့​ မယ်​ဟောင်​ဆောင် ခရိုင်ရှိ ထိုင်း​လူထု လူတန်း​စား​အသီး​သီး​နဲ့​ ​တွေ့​ဆုံ​မေး​မြန်း​ ​ကောက်ယူထား​တာပါ။

စစ်တမ်း​မှာ ဒုက္ခသည်​တွေကို လူသား​ချင်း​စာနာ​ရေး​ အကူအညီ​တွေနဲ့​ဝမ်း​စာ​ရေး​အတွက် အလုပ်လုပ်ခွင့်​ ထိုင်း​နိုင်ငံသား​တွေလိုပဲ ​ပေး​ဖို့​ ထိုင်း​အများ​စုက သ​ဘောတူ​ပေမယ့်​ ယာယီအ​နေအထား​နဲ့​သာ လက်ခံထား​သင့်​တယ်လို့​ ​ဖော်ပြထား​ပါတယ်။

ထိုင်း​ နိုင်ငံသား​နဲ့​အိမ်​ထောင်ကျသူ​တွေကို​တော့​ အမြဲတမ်း​ ​နေထိုင်ခွင့်​ပြုသင့်​တယ်လို့​လည်း​ ဆိုထား​ပြီး​ ထိုင်း​နိုင်ငံသား​အဖြစ် ခံယူခွင့်​မ​ပေး​သင့်​ဘူး​လို့​လည်း​ အများ​စုက ဆိုထား​ပါတယ်။

ဒါ့​အပြင် အလုပ်သမား​ မှတ်ပုံတင်မရှိတဲ့​ အလုပ်သမား​တွေကိုလည်း​ လက်ခံမထား​သင့်​ကြောင်း​ ​ဖော်ပြထား​ပါတယ်။

မြန်မာဒုက္ခသည် ​တွေနဲ့​ အလုပ်သမား​တွေကို ထိုင်း​စကား​နဲ့​ ယဉ်​ကျေး​မှုထုံး​တမ်း​တွေကို သင်ကြား​ပေး​သင့်​တယ်လို့​အား​လုံး​နီး​ပါး​က အမြင်ရှိ​ကြောင်း​ စစ်တမ်း​မှာ ​ဖော်ပြပါတယ်။

စစ်တမ်း​အရ ထိုင်း​အလုပ်သမား​ လူတန်း​စား​တွေက​တော့​ မြန်မာ​တွေဟာ သူတို့​လုပ်​နေတဲ့​ အလုပ်ကို အနိမ့်​ဈေး​နဲ့​ ဝင်လုပ်ပြီး​ လုပ်အား​ဈေး​ကွက် လာလု​နေကြတာလို့​ မြင်သူ အ​တော်များ​များ​ ရှိတယ်လို့​ ဆိုပါတယ်။

နှီး​ နှောဖလှယ်ပွဲ တက်​ရောက်ခဲ့​တဲ့​ လူ့​အခွင့်​အ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ဖောင်​ဒေး​ရှင်း​ ကိုယ်စား​လှယ် ဦး​စိန်​ဌေး​က “သူ့​စစ်တမ်း​မှာ အကျဉ်း​ ချုပ်အရဆိုရင်​တော့​ အနုတ်လက္ခဏာ ​ဆောင်တဲ့​အမြင်​တွေ ​တော်​တော်များ​များ​ ရှိ​နေတာကို ​တွေ့​ရတာ​ပေါ့​နော်။ ထိုင်း​လူထု​တွေရဲ့​အမြင် လူတ​ယောက်တည်း​မှာ နှစ်မျိုး​ကွဲပြား​နေတယ်။ ပထမတခုက လူသား​ချင်း​ စာနာတဲ့​ အမြင်မျိုး​စိတ်ခံတဲ့​ အမြင်ရယ်၊​ ​နောက်ပြီး​တော့​ မီဒီယာဖြစ်ဖြစ် အစိုး​ရရဲ့​ပေါ်လစီ​ကြောင့်​ဖြစ်ဖြစ်။ တံဆိပ်​တွေထိုး​ပြီး​တော့​ မြင်တဲ့​ အမြင်​ပေါ့​နော် ကွဲပြား​နေတာကို ​တွေ့​ရတယ်” လို့​ ​ပြောပါတယ်။

နှီး​ နှောဖလှယ်ပွဲမှာ တက်​ရောက်​ဟော​ပြောခဲ့​တဲ့​ သံလွင်ပို့​စ် ဂျာနယ်က မြန်မာပြည်​ရေး​ရာ အယ်ဒီတာ မစ္စစ်ဝမ်ဒီက “ထိုင်း​ပြည် သူအများ​စုက​တော့​ မြန်မာပြည်မှာ အခု အ​ပေါင်း​လက္ခဏာပြတဲ့​ ​ပြောင်း​လဲမှု​တွေ ဖြစ်​နေပြီ။ ဒါ​ကြောင့်​ သူတို့​က မြန်မာဒုက္ခ သည်​တွေနဲ့​ အလုပ်သမား​တွေကို မြန်မာပြည်ကို ပြန်သွား​စေချင်ကြတယ်။ ကျမအမြင်မှာက အလုပ်သမား​တွေနဲ့​ ဒုက္ခသည်​တွေအိမ်ပြန် ရင် သူတို့​ရဲ့​ လူ့​အခွင့်​အ​ရေး​တွေကို ကာကွယ်​စောင့်​ရှောက်ဖို့​အတွက် မြန်မာအစိုး​ရက​နေပြီး​ ​ပေါ်လစီတရပ်ကို အတည်ပြုဖို့​လိုမယ် လို့​ ထင်ပါတယ်” လို့​ ​ပြောပါတယ်။

နှီး​ နှောဖလှယ်ပွဲကို ထိုင်း​-မြန်မာနယ်စပ် ဒုက္ခသည်​စောင့်​ရှောက်​ရေး​လုပ်တဲ့​ International Rescue Committee HRDF ​ခေါ် လူ့​အခွင့်​အ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ ​ဖောင်​ဒေး​ရှင်း​၊​ ထိုင်း​အစိုး​ရ ကျန်း​မာ​ရေး​ဌာနနဲ့​ အလုပ်သမား​ဝန်ကြီး​ဌာနက ကိုယ်စား​လှယ်​တွေ၊​ မဟီ​ဒေါတက္ကသိုလ်က ​ကျောင်း​သူ ​ကျောင်း​သား​တွေနဲ့​ထိုင်း​သတင်း​ ​အေဂျင်စီ​တွေ တက်​ရောက်ခဲ့​ကြပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့