January 23, 2012
အေးနိုင်
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအနေနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုလားရင် တနိုင်ငံလုံးအပစ်ရပ်ပြီး နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာနည်းနဲ့ အလျင်အမြန် ဖြေရှင်းသင့်တယ်လို့ မွန်အမျိုးသားရေးရာ အဖွဲ့ချုပ်က တောင်းဆို လိုက်ပါတယ်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ ဒီလ ၁၈ ရက်ကနေ သုံးရက်ကြာ ကျင်းပတဲ့ ညီလာခံမှာ ကိုယ်စားလှယ်တွေ လက်ရှိနိုင်ငံရေး အခြေအနေတွေကို ဆွေးနွေး သုံးသပ်ပြီး အစိုးရကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
မွန်အမျိုး သားရေးရာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး နိုင်လယ်ရော့က “အခုက သူတို့ ငြိမ်းချမ်းရေးဆွေးနွေးတယ်။ ဒါပေမယ့် ဟိုမှာက ပစ်နေတယ်။ ကယားမှာလည်း ပစ်နေတယ်၊ ကချင်မှာလည်း ပစ်နေတဲ့ ပုံစံမျိုးက ဒါ ငြိမ်းချမ်းရေးမဟုတ်ဘူး။ ငြိမ်းချမ်းရေး၊ အပစ်ရပ်တယ် ဆိုတာ အကုန်လုံး ရပ်စဲရမယ်။ နောက်တော့မှ ဆွေးနွေးတဲ့ပုံစံမျိုး။ အဲဒီလို ပုံစံပဲ လိုချင်တယ်။”
သုံးရက်ကြာ ညီလာခံမှာ ပြည်တွင်းပြည်ပ၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ နယ်စပ်နဲ့ ညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ မွန်ပြည်နယ်မှာ ဒေသလုံးဆိုင်ရာ မွန်ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ နှစ်ပါတီကို တပါတီတည်းအဖြစ် ပူးပေါင်းလုပ်ကိုင်ဖို့ လိုလားတယ်လို့ ကိုယ်စားလှယ်တွေက တောင်းဆိုကြတယ်လို့ ဆိုပါတယ်။
“ဒါပေမယ့် အဓိက အချက်က ကျနော်တို့ မြင်တာက ကျနော်တို့ မွန်ရေးရာ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်တွေ သူတို့ဆိုရင်တော့ တ ကယ်လို့ ကျနော်တို့ မွန်ပြည်နယ်မှာ၊ နောက် ရွေးကောက်ပွဲ ရောက်တဲ့နေရာမှာ တပါတီတည်း သူတို့ ဖြစ်စေချင်တယ်။ တကယ် လို့ နှစ်ပါတီဆိုရင် ကျနော်တို့ အင်အားကျသွားမယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ မွန်ဒီမိုကရေစီပါတီနဲ့ အခု မွန်ဒေသလုံးဆိုင်ရာ ပါတီ နှစ်ခုကို တခုတည်းဖြစ်အောင် ကျနော်တို့တွေ သူတို့ကို အကြံဉာဏ်တွေပေးရမယ်၊ ဖိအားပေးရမယ် သဘောနဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေ သဘောတူထားတာပေါ့။”
မွန်၊ ဗမာ၊ အင်္ဂလိပ်ဘာသာတွေနဲ့ ရေးသားထားပြီး ရာမည မွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ပြည်သူလူထု အကြား ချပြဖို့နဲ့ မွန်အမျိုးသား အဖွဲ့ချုပ်ကိုလည်း ပြည်သူ့လွှတ်တော် ပါလီမန်ကဲ့သို့ မြှင့်တင်သွားဖို့ ကိုယ်စားလှယ်တွေက သဘောတူခဲ့ပါတယ်။
ဒီညီလာခံမှာ မျက်မှောက် မွန်အမျိုးသားတွေရဲ့ နိုင်ငံရေး၊ စစ်ရေး၊ ပညာရေးနဲ့ မွန်အမျိုးသားရေးရာအဖွဲ့ရဲ့ ဦးဆောင်မှုဆိုင်ရာတွေကို ဆွေးနွေးသလို ရာမည မွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ပြန်လည် သုံးသပ်ခဲ့ပါတယ်။
Ref: ဒီဗွီဘီ
Tuesday, January 24, 2012
တနိုင်ငံလုံး အပစ်ရပ်စဲရန် မွန်အမျိုးသားညီလာခံက တောင်းဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment