Tuesday, January 24, 2012

ကြံ့​ခိုင်​ရေး​ပါတီ စည်း​ရုံး​ရေး​တွင် နိုင်ငံ​တော်ပိုင်ပစ္စည်း​များ​ကို သုံး​စွဲ

January 23, 2012
မင်းလွင်

လက်ရှိ အာဏာရ ပြည်​ထောင်စုကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ပါတီဟာ ကြား​ဖြတ် ​ရွေး​ကောက်ပွဲအတွက် စည်း​ရုံး​ရေး​ခရီး​တွေမှာ နိုင်ငံ​တော်ပိုင် ပစ္စည်း​တွေကို သုံး​စွဲပြီး​တော့​ ​ငွေ​ကြေး​နဲ့​လည်း​ စည်း​ရုံး​တာ​တွေ ရှိတယ်လို့​ ​ကျောက်ပန်း​တောင်း​ ​ဒေသခံ​တွေက ​ပြောပါတယ်။

အာဏာရ ပြည်​ထောင်စုကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ပါတီဟာ အခုရက်ပိုင်း​အတွင်း​မှာ ​ကျောက်ပန်း​တောင်း​မြို့​ကို ပါတီစည်း​ရုံး​ရေး​ ခရီး​စဉ်​တွေ မှာ နိုင်ငံပိုင် အ​ဆောက်အဦ​တွေကို သုံး​စွဲခဲ့​တယ်လို့​ ဆိုပါတယ်။

မန္တ​လေး​ တိုင်း​ဒေသကြီး​ လွှတ်​တော်ကိုယ်စား​လှယ်​တွေ ဖြစ်ကြတဲ့​ ဦး​ဌေး​အောင်​ကျော်နဲ့​ ဦး​ရဲမြင့်​အောင်တို့​ဟာ ​ကျောက်ပန်း​တောင်း​မြို့​ မြို့​မကွက်သစ် အစိုး​ရပိုင် မူလတန်း​ကျောင်း​မှာ အစည်း​အ​ဝေး​ လုပ်​ဆောင်တာနဲ့​ ပတ်သက်ပြီး​တော့​ ​ဒေသခံ ကို​အေး​ခိုင်က ခုလို ​ပြောပါတယ်။

“ကြံ့​ခိုင်​ ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက မဲဆွယ်စည်း​ရုံး​ဖို့​အတွက် ​ကျောက်ပန်း​တောင်း​မြို့​ကို ​ရောက်လာပြီး​တော့​ မြို့​မကွက်သစ်ရပ်ကွက်မှာ ရပ်ကွက်ဥက္ကဋ္ဌကို ​ခေါ်ပြီး​တော့​ လူ​တွေစုခိုင်း​ပါတယ်။ ​နေရာက​တော့​ မြို့​မကွက်သစ်မြို့​က မူလတန်း​ကျောင်း​ အစိုး​ရပိုင်​ကျောင်း​မှာ ကျင်း​ပကြပါတယ်။ စည်း​ရုံး​ရေး​လုပ်ပါတယ်။ ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ ပါတီအ​နေနဲ့​ အစိုး​ရပိုင် အ​ဆောက်အဦမှာ လုပ်ခွင့်​မရှိပါဘူး​။ ဘယ် ပါတီမဆို ​ရွေး​ကောက်ပွဲဥပ​ဒေအရ လုပ်ခွင့်​မရှိပါဘူး​။ လက်ရှိ အာဏာပိုင် အဖွဲ့​အစည်း​ကလူ​တွေကို အသုံး​ချပြီး​တော့​ စည်း​ရုံး​ရေး​ လှုပ်ရှား​နေတာပါ။”

ကြံ့​ခိုင်​ ရေး​ပါတီဟာ နိုင်ငံ​တော်ပိုင် အ​ဆောက်အဦ​တွေကို အသုံး​ပြု​နေသလို မဲဆွယ်စည်း​ရုံး​ရေး​တွေမှာ ​ငွေ​ကြေး​ ​ထောက်ပံ့​ပေး​မယ် ဆိုပြီး​ ​ကျေး​ရွာ​တွေမှာ ​ပြောဆိုတာ​တွေ ရှိတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

မကြာခင် ကျင်း​ပ​တော့​မယ် စစ်ကိုင်း​တိုင်း​ဒေသကြီး​ ပုလဲမြို့​နယ် ပြည်သူ့​လွှတ်​တော် မဲဆန္ဒနယ်အတွက် ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​နဲ့​ ကိုယ်စား​လှယ်​လောင်း​ ဦး​ဌေး​နိုင်ဟာ မဲဆွယ် စည်း​ရုံး​ရေး​တွေ လုပ်ခဲ့​တယ်လို့​ ​ဒေသခံ​တွေက ​ပြောကြပါတယ်။

အဲဒီခရီး​ စဉ်မှာ ပုလဲမြို့​နယ်က ​ကျေး​ရွာ​တွေ ရွာငယ်​တွေ အတွက်ဆိုရင် ကျပ် ၅ သိန်း​၊​ ရွာကြီး​တွေအတွက် ကျပ် ၁၀ သိန်း​ ​ထောက်ပံ့​မယ်လို့​ ကတိပြု ​ပြောပြီး​တော့​ ​ငွေမရရှိခဲ့​ဘဲ လက်ခံရရှိ​ကြောင်း​ကို ဓာတ်ပုံရိုက် မှတ်တမ်း​ယူတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့