January 23, 2012
ကိုထွေး
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ စတင်ဖြေလျှော့ပေးတဲ့ ပထမဆုံး ခြေလှမ်းအဖြစ် မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့မိသားစုတွေကို ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ထားတာကို ဒီကနေ့ကစပြီး ရပ်တန့်လိုက်တယ်လို့ အီးယူက ပြောပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မှာ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပြီးတော့ ပထမအဆင့်အနေနဲ့ သဘောတူခဲ့တာလို့ အီးယူပြောရေးဆိုခွင့်ရှိသူ Maja Kocijancic က ပြောပါတယ်။
“ဒီနေ့ဆွေး နွေးပွဲမှာ သမ္မတရယ်၊ ဒုတိယသမ္မတရယ်၊ အစိုးရအဖွဲ့ဝင်တွေအပါအဝင် အီးယူကနေ ပိတ်ပင်ထားတဲ့ ခရီးသွားခွင့် ပိတ်ထားမှုတွေကို ဒီနေ့ ရုပ်သိမ်းလိုက်ပါပြီ။ အီးယူ ၂၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့တာပါ။ တခြား အဆင့်တွေကိုတော့ နောက်ထပ် ဆက်လက်ဆွေးနွေးမှာပါ။”
ပြီးခဲ့တဲ့ နှစ် ဧပြီလက မူဝါဒ ပြန်လည် သုံးသပ်တုန်းက မြန်မာအပေါ် အီးယူရဲ့ ဒဏ်ခတ်အရေးယူမှုကို တနှစ် ထပ်မံ သက်တမ်းတိုးခဲ့ပါတယ်။
ပိတ်ဆို့အ ရေးယူတာ အဆုံးသတ်စေဖို့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ အတိုက်အခံတွေနဲ့ စကားပြောဖို့ အီးယူက မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေးတဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပေမယ့် ကန့်သတ်ပိတ်ပင်ထားမှုတွေအားလုံး အဆုံးသတ်ဖို့ကတော့ နောက်ထပ် အကောင်းဘက်ကို ဦးတည်တဲ့ အပြောင်း အလဲတွေ အစိုးရက လုပ် မလုပ်ကို စောင့်ကြည့်ရဦးမယ်လို့ အီးယူသံတမန်တွေက မီဒီယာတွေကို ပြောပါတယ်။
အီးယူ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကတ်သရင်း အက်ရှတန်ကတော့ မြန်မာနိုင်ငံမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတဲ့ အကြောင်းနဲ့ လာမယ့် ဧပြီလမှာ သူ့အနေနဲ့မြန်မာနိုင်ငံကို သွားရောက် လည်ပတ်မယ်လို့ပြောပါတယ်။
အီးယူအဖွဲ့ တွင်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းရေးနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှု ရှိနေပြီး တချို့က ကြားဖြတ်ရွေးကောက်ပွဲ ပြီးတဲ့အချိန်ထိ စောင့်ချင်နေတယ်လို့လည်း ဆိုပါတယ်။
မြန်မာအစိုး ရကလည်း အထင်ကရ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးနေပါတယ်။
Ref: ဒီဗွီဘီ
Tuesday, January 24, 2012
အစိုးရခေါင်းဆောင်နှင့် မိသားစုဝင်များကို ပြည်ဝင်ခွင့် အီးယူ ခွင့်ပြု
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment