January 3, 2012
ရွှေအောင်
၁၉၆၂ ခုနှစ်မှ ၂၀၀၇ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားနဲ့ အလုပ်သမားလှုပ်ရှားသူတွေ ပထမအကြိမ် တွေ့ဆုံကြမယ်လို့ သိရ ပါတယ်။
ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ မနက်ပိုင်းမှာ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်လမ်းဆုံက ပေါက်စေတီကျောင်းတိုက်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
အခုလိုတွေ့ ဆုံဖို့လုပ်ရတဲ့ အဓိကကျတဲ့ အကြောင်းရင်းနှစ်ခုရှိတယ်လို့ စီစဉ်သူတဦးဖြစ်တဲ့ ၁၉၇၄ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဦးရာကျော်က ပြောပါတယ်။
“ကျနော်တို့ အသက်တွေကလည်း ၆၀ တန်းတွေပေါ့။ ဆုံးပါးတဲ့လူလည်း ဆုံးပါးကုန်ပြီ။ အဲဒီမှာ သမိုင်းမှတ်တိုင်လေးတွေ ရှိခဲ့တယ်။ အလှည့်လိုက်ပေါ့။ အခုလာတဲ့ မျိုးဆက်တွေဆိုရင် အဲဒီသမိုင်းမှတ်တိုင်ကို မသိကြဘူး။ အဲတော့ အဲဒီပြတ်နေတဲ့ ကွင်းဆက်လေးတွေကို ကျနော်တို့ ချိတ်ပေးတဲ့သဘောပါ။ နှစ်အလိုက် ဘဝကို ပေးဆပ်ခဲ့ရတဲ့သူတွေရှိတယ်။ အဲဒီလူတွေက အပြင်ရောက်တဲ့အခါမှာ တချို့လည်းပဲ ဘဝရပ်တည်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတယ်။ တချို့လည်း အဆင်ပြေတဲ့သူတွေ ရှိတယ်။ တွေ့တဲ့အခါမှာ စုပေါင်းပြီးတော့ အဲဒီလူတွေရဲ့ သာရေး၊ နာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုကိစ္စတွေကို ဘယ်လိုဖြေရှင်းပေးနိုင်မလဲဆို တာ ကို ဆွေးနွေးချင်တဲ့ ရည်ရွယ်ချက်ပါပဲ။”
ဒါ့အပြင် ၁၉၆၂ ခုကနေ ၂၀၀၇ အတွင်း ဖြစ်ပွားခဲ့တဲ့ ကျောင်းသားနဲ့ အလုပ်သမားလှုပ်ရှားမှုတွေကို ဒီနေ့ခေတ် လူငယ်တွေ သိစေချင်လို့ အခုလိုတွေ့ဆုံဖို့ လုပ်တာလို့လည်း ဦးရာကျော်က ဆက်ပြောပါတယ်။
“အထူးသဖြင့် နောက်ပိုင်း မြန်မာ့နိုင်ငံရေး သမိုင်းမှာ ၈၈ တွေပဲ အဓိက သိကြတဲ့သဘောပေါ့။ ကျန်တဲ့ ၆၂ ကနေ၊ ၈၈ ကြားကာလက လူတွေက မှေးမှိန်တဲ့သဘောပေါ့။ အဲဒါကို ကျနော်တို့က ပြန်တွေ့ဆုံပြီးတော့ ချိတ်ဆက်ပေးပြီး သမိုင်းလေးကို ပြန်ပြီးတော့ နောင်လာမယ့် မျိုးဆက်တွေလည်း သိစေချင်တယ်။ မြန်မာနိုင်ငံရေးသမိုင်းကို စိတ်ဝင်စားတဲ့သူတွေလည်း ဒီအဖြစ်အပျက်တွေက တကယ်ရှိခဲ့ပါလား ဆိုတာလည်း သိစေချင်တဲ့သဘောပါ။”
မြန်မာတပြည်လုံး မှာရှိတဲ့ ၆၂ခု၊ ၇၄၊ ၇၅နဲ့ ၈၈၊ ၉၆ မျိုးဆက်တွေအပါအဝင် ကျောင်းသားနဲ့အလုပ်သမား လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ မျိုးဆက်အားလုံးကို ဖိတ်ကြားထားတယ်လို့လဲ ပြောပါတယ်။
တွေ့ ဆုံပွဲမှာ ၆၂မှသည် ၂ဝဝရထိ မျိုးဆက်အသီးသီးက ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားမယ့် အစီအစဉ်လည်း ပါဝင်မယ်လို့ သိရပါတယ်။
Ref: ဒီဗွီဘီ
Wednesday, January 4, 2012
ကျောင်းသားနှင့် အလုပ်သမား မျိုးဆက်များ တွေ့ဆုံမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment