January 4, 2012
ဦးသိန်း စိန်အစိုးရအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်လိုရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လာမယ့် ပြည်ထောင်စုနေ့မှာ လွှတ်ပေးရမယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) က ပြောပါတယ်။
ဒီကနေ့ကျ ရောက်တဲ့ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ သမ္မတဦးသိန်းစိန်က အကျဉ်းသား တချို့ကို လျှော့ရက်တွေနဲ့ လွှတ်ပေးခဲ့ပါတယ်။
ဒါပေမယ့် ဒီထဲမှာ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးအပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါမလာသေးတဲ့အတွက် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်တာပါ။
“အခုအစိုးရအ နေနဲ့ တူတာကိုတွဲလုပ်မယ်၊ မတူတာကို ဘေးဖယ်ထား ပြီးတော့မှ သီးခြားလုပ်မယ်၊ ဒီမိုကရေစီ ခရီးစဉ်ကြီးမှာ ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံးကို လက်ကမ်း ကြိုဆိုပြီးတော့မှ အတူ တွဲလုပ်သွားကြမယ်လို့ တဖွဖွ ပြောနေတဲ့ ကြားထဲက ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဂဂမျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို ချန်လှပ်ထားခြင်းအားဖြင့် အခုသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်း၊ လက်ရှိအစိုးရရဲ့ ပထမ ၅ နှစ်စီမံကိန်း ဒီ ၅ နှစ်လွှတ်တော်သက်တမ်းထဲမှာ ရှမ်းခေါင်းဆောင်တွေနဲ့ ကျောင်းသား ခေါင်းဆောင်တွေကို ဘေးဖယ်ထားသလို ဖြစ်နေတယ်။ ခွဲခြားဆက်ဆံခံနေရသလို ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အားလုံးပါဝင်သင့် ပါဝင်ထိုက်တဲ့ နိုင်ငံရေးအခင်းအကျင်းမျိုး ဖြစ်ဖို့ဆိုရင် တိုင်းရင်းသားခေါင်းဆောင်တွေရော၊ ကျောင်းသားခေါင်းဆောင်တွေရော၊ သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်တဲ့ လူတွေရော အကုန်လုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ဖို့လိုတယ်။ ဒါကြောင့်မို့လို့ ဒီဥစ္စာဟာ မဖြစ်မနေ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စလို့ ကျနော်ပြောရခြင်း ဖြစ်ပါတယ်။”
ဦးသိန်း စိန်အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်း ပြီးခဲ့တဲ့နှစ် မေလ ၁ရရက်နေ့မှာ အကျဉ်းသားပေါင်း ၁၄၀၀၀ ကျော်၊ အောက် တိုဘာလ ၁၁ရက်နေ့မှာ အကျဉ်းသားစုစုပေါင်း ၆၃၅၉ ဦး၊ ဒီနှစ်ဦးမှာ တကြိမ် လွှတ်ပေးခဲ့ပေမယ့် အဲဒီထဲမှာ ယုံကြည် ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား အနည်းငယ်ပဲ ပါဝင်ခဲ့တယ်။
လွှတ်ပေးသူ တွေထဲမှာ ပါသင့်ပါထိုက်သူတွေ ပါမပေးသေးတဲ့အတွက် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေအတွက် စိတ်ပျက် စရာဖြစ်စေပါတယ်။
ကလေး ထောင်မှာ အကျဉ်းကျခံနေရတဲ့ အက်စ်အန်အယ်လ်ဒီ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်ရဲ့ဇနီးဖြစ်သူက “အကုန်လုံးလွှတ်ပေးမယ်လို့ပဲ ထင်နေတာလေ။ အခုမပါလာတော့လည်း စိတ်မကောင်းဘူးပေါ့။ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကိုတော့ လွှတ်ပေးစေချင်တာပေါ့။ အရမ်းကြီး မျှော်လင့်နေပါတယ်” လို့ ပြောပါတယ်။
ဦးသိန်း စိန်အစိုးရက ဒီမိုကရေစီကို တကယ်မြတ်နိုးတယ်၊ နိုင်ငံတော်ကို အမှန်တကယ် ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် ပြည်ထောင်စုနေ့မတိုင်ခင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ အက်စ်အန်အယ်လ်ဒီက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၅၀၀ ကျော် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ) က ၂၀၁၁ နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။
Ref: ဒီဗွီဘီ
Thursday, January 5, 2012
ပြည်ထောင်စုနေ့တွင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် တောင်းဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment