Monday, May 7, 2012

မြန်မာအမျိုးသမီးအခွင့်အရေးအတွက် အမေရိကန်သံအမတ် လေ့လာရန်ရောက်ရှိနေ

ဝင့်သင်ဇာကျော် (မြစ်မခ)
7 May, 2012

မြန်မာနိုင်ငံက အမျိုးသမီးများတန်းတူအခွင့်အရေးများရရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စ ရပ်များအတွက် ၂၀၁၂ခုနှစ် မေလ ၆ ရက်နေ့ ညနေ ၄နာရီခွဲတွင် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်၌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးရေးဆိုင်ရာ အမေရိကန်သံအမတ် Melanne S. Verveer နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

“ဒီနိုင်ငံကို လာရောက်ခွင့်ရတာ ပျော်ပါတယ် ။ ပြောချင်တာက အခွင့်အရေးတွေ တန်းတူညီမျှမှု တွေနဲ့ပတ်သက်တာတွေပေါ့ ဒီက အမျိုးသမီးငယ်တွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ အခွင့်အလမ်းတွေ ဘယ်လိုအနေအထားရှိတယ်ဆိုတာကို လေ့လာသွားဖို့ရှိပါတယ် “ ဟု အမျိုးသမီးရေးဆိုင်ရာ အမေရိကန် သံအမတ် Melanne S. Verveer ကပြောသည်။

အမျိုးသမီးရေးဆိုင်ရာ အမေရိကန်သံအမတ် Melanne S. Verveer သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဖွံ့ဖြိုးလာစေရန် အတွက်လည်း တိုင်းရင်း သားအချို့၏ သဘောထားအမြင်များကို တွေ့ဆုံဆွေးနွေးသွား ရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း အမေရိကန် အမျိုးသမီးရေး ဆိုင်ရာ သံအမတ် Melanne S. Verveer တွေ့ဆုံ စကားပြောရာတွင် တူညီသောအမြင်မျိုးရှိကြောင်း နှင့် မြန်မာနိုင်ငံသို့ လာရောက်လေ့လာခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

အမျိုးသမီးရေးဆိုင်ရာ သံအမတ်ကြီး Melanne Verveer သည် မြန်မာနိုင်ငံသို့ မေလ(၆)ရက်နေ့တွင် ရောက် ရှိခဲ့ပြီး မေလ (၁၁)ရက်နေ့ အထိနေထိုင်ပြီး အဆိုပါရက်အတွင်းတွင် နေပြည်တော်ရှိ မြန်မာအစိုးရအဖွဲ့ဝင်နှင့် လည်း တွေ့ဆုံသွားမည်ဖြစ်သလို တိုင်းရင်းသားအရေး ၊ မြန်မာ့အမျိုးသမီးများ အခွင့် အရေး တို့ ကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့