မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
7 Sep, 2012
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ၀က်လက်မြို့နယ်မှ စိုက်ခင်းများတွင် ကျရောက်နေသော ရွက်စားပိုး(စစ်ပိုး)များကို အောင်မြင် စွာနှိမ်နှင်းနိုင်ပြီး ရွှေဘိုပေါ်ဆန်းစပါးများ စိုက်ပျိုးနေကြောင်း စိုက်ပျိုးရေးဦးစီးဋ္ဌာနက သိရှိရသည်။
“မိုးခေါင်တုန်းက ပျိုးခင်းတွေ နဲ့စိုက်ခင်းတွေမှာ စစ်ပိုး၊ဖြုတ်ပိုးတွေကျလို့ နှိမ်နင်းနိုင်ခဲ့ပါတယ်။ မိုးကျလို့ ရွှေဘိုပေါ်ဆန်း စပါးစိုက် ပျိုးဖြစ်ထွန်းနေပါပြီ။ လာမယ့်နွေရာသီမှာစိုက်ပျိုးဖို့ အထွက်နှုန်းကောင်းတဲ့ ပုလဲ သွယ်စပ်မျိုး စပါးဧက(၃၀)မျိုးထုတ်နေပါတယ်”ဟု ၀က်လက်မြို့နယ်မှ စိုက်ပျိုးရေးဦးစီးမှုး ဦးအောင်ကြည်ဝင်း က ဆိုသည်။
ဝက်လက်မြို့နယ်တွင် ယမန်နှစ်က ပုလဲသွယ်စပါးမျိုး တစ်ဧကတင်းနှစ်ရာကျော် ထွက်ရှိခဲ့ကြောင်းကိုလည်း မြို့နယ် စိုက်ပျိုးရေး ဦးစီးမှုးထံက သိရှိရသည်။
ဝက်လက်နယ်မှတောင်သူများအနေဖြင့် အဆိုပါရွက်စားပိုးကို ဖိုင်းယား၊စက်ပရင်ပိုးသတ်ဆေး ဖြင့်ကာကွယ် ခဲ့ကြောင်း တောင်သူ များထံက သိရသည်။
“ရွက်စားပိုး(စစ်ပိုး)ကို ဖိုင်းယား၊စက်ပရင်အစရှိတဲ့ ပိုးသက်ဆေးတွေအသုံးပြီးတော့ ကာကွယ်နိုင်ခဲ့လို့ ရွက်စားပိုးကိုနိုင်တယ် အပင်ရင့်လာတော့ ကြွက်ရန်လည်း မစိုးရိမ် ရတော့ဘူး”ဟုဝက်လက်မြို့မှ တောင်သူ ဦးဇော်ဦးက ပြောသည်။
ရွှေဘိုပေါ်ဆန်းစပါးသည် နတ်တော်လဆန်းပိုင်းတွင် ပေါ်ပြီးပေါ်ပင်စပါးအား တင်း(၁၀၀)ကျပ်ခြောက်သိန်း ကျော်ဈေး ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ရွှေဘိုပေါ်ဆန်းစပါးအဟောင်း တင်း(၁၀၀)လျှင် ကျပ်(၉)သိန်းခွဲရှိနေကြောင်း ပင်းဇင်းကျေးရွာမှ တောင်သူကိုမင်းကဆိုသည်။
အဆိုပါဒေသတွင် ရေဆိုးထုတ်မြောင်း(၃)မြောင်း ဖောက်လုပ်ပြီးစီးသွားသောကြောင့် စပါးစိုက်ခင်းများ ရေနစ်မြုပ်မှုအတွက် မစိုး ရိမ်ရတော့ကြောင်းကိုလည်း တောင်သူများထံက သိရသည်။
ရေဆိုးထုတ်မြောင်းများ ဖောက်လုပ်ထားသောကြောင့် ယခင်ကုန်းတွင်းသီးနှံစိုက်ခင်းများတွင် စပါးပြောင်းလဲ စိုက်ပျိုးလာ ကြပြီး ရွှေဘိုပေါ်ဆန်းဧကတစ်သိန်းကျော်စိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။
Ref: မြစ်မခ
Monday, September 10, 2012
ဝက်လက်နယ်တွင် ရွက်စားပိုးကို နှိမ်နင်း၍ ရွှေဘိုပေါ်ဆန်းစိုက်ဧကတစ်သိန်းကျော်ချထား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment