စစ်အစိုးရက နှစ်ရှည် ထောင်ဒဏ် ချမှတ်ထားသော လူရွှင်တော် ဇာဂနာ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၆ ဦး ကို ယနေ့ ထောင်ပြောင်းရွှေ့လိုက်ကြောင်း မိသားစုဝင်များနှင့် ထောင်ဝန်ထမ်း အသိုင်းအ၀န်းက ပြော သည်။
သံဃာတော်များကို ဆွမ်းကပ်လှူနေသည့် လူရွှင်တော် ဇာဂနာ
အသက် ၈၄ နှစ်ရှိ ဒေါ်ကြည်ဦးက“လူကြီးမိဘတွေက ဘယ်လိုမှ စိတ်မချမ်းသာတော့ဘူးပေါ့၊ သူ့အဖေက လည်း တော်တော်စိတ်မကောင်း ဖြစ်နေတယ်၊ အခုပို့တော့လည်း တရားဝင်အကြောင်းမကြားဘူး၊ ဥပဒေမှ မရှိဘဲ ၊ လုပ်ချင်ရာလုပ်နေတာကိုး၊ ဥပဒေမရှိဘဲလုပ်နေတာက ကိုယ့်တယောက်တည်းတော့ မဟုတ်ဘဲလေ၊ အများနဲ့ကို လုပ်နေတာဆိုတော့ ဒီလိုနဲ့ပဲ စိတ်ဖြေရတာပေါ့” ဟု ဧရာဝတီကိုပြောသည်။
ကိုဇာဂနာနှင့်ပတ်သက်ပြီး “သူက ပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့ လူပဲလေ၊ သူက ဘဝကို အပျော်စိတ်နဲ့ပဲ နေတာ ကိုး ၊ သူကဒီလမ်းကို လျောက်တာကိုး၊ ဒီလမ်းကိုလျောက်တော့ ဒီလိုဟာမျိုးတွေနဲ့ ကြုံရမှာပဲလေ၊ ဘုန်းကြီး တောင် အရိုက်ခံရတဲ့ခေတ် ၊ ဘယ်သူ့ကိုအားကိုးရမှန်းမသိတဲ့ခေတ်ဖြစ်နေတယ်” ဟုလည်း ဒေါ်ကြည်ဦးက ပြောသည်။
နာဂစ်ဆိုင်ကလုန်း လေဘေးကယ်ဆယ်ရေးလုပ်ငန်းများကိုအတူလုပ်ကိုင်ခဲ့ကြသူများဖြစ်သော အဆိုပါ ကို ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် ၎င်းတို့ကို ပုဒ်မ ၅၀၅(ခ)၊ ၁၇/၁ စသည့်ပုဒ်မများ အပါအဝင် ပုဒ်မ ၇ ခု ဖြင့် စစ်အစိုးရအာဏာပိုင်များက တရားစွဲ ထောင်ချခဲ့ခြင်းဖြစ်သည်။
ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းတွင် အာဏာပိုင်များက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်၌ ဖမ်းဆီးခဲ့ပြီး ကိုဇော်သက်ထွေးကိုမူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ သည်။
ယင်း ကိုဇာဂနာနှင့် မတွေ့ရသည်မှာ ၆ လ ခန့် ရှိပြီဖြစ်ကြောင်းနှင့် ယခု ပြောင်းရွှေ့လိုက်သည့် မြစ်ကြီးနား အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း ဒေါ်ကြည်ဦးက ပြောသည်။
“ဥပဒေမရှိတဲ့ တိုင်းပြည်မှာ ဘာမှပြောလို့ဆိုလို့မရပါဘူး၊ တနေ့ကြရင်တော့ သူတို့အလှည့်လာဦးမှာပါ၊ အခု သူတို့ပို့တဲ့ နေရာတွေက အေးတဲ့နေရာတွေဆိုတော့ မတတ်နိုင်တဲ့သူတွေကို အနွေးထည်လှူနေပါတယ်” ဟု လည်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယနေ့တွင်ပင် မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW)မှ ကိုရန်နိုင်သူအား ရခိုင်ပြည်နယ် ကျောက်ဖြူ ထောင်နှင့် ကိုဝေလွင်မျိုးကို ရှမ်းပြည်နယ် မိုင်းဆတ်ထောင်များသို့ ရွှေ့ပြောင်းလိုက်ကြောင်းလည်း အင်းစိန် ထောင်ဝန်ထမ်းအသိုင်းအဝန်းက ပြောသည်။
အေးလဲ့
REF: ဧရာဝတီ
0 comments:
Post a Comment