Sunday, March 20, 2011

အာရှတိုက်သား ဆန့်ကျင်ရေး ယူကျု့ကလစ် တင်ခဲ့သူ ကျောင်းထွက်ရ

20 March 2011

အာရှတိုက်သားဆန့်ကျင်ရေးနှင့် ဂျပန်ဆန့်ကျင်ရေး ဗီဒီယိုကလစ် ယူကျု့မှတဆင့် ပျံ့နှံ့သွားခဲ့ပြီးနောက် သတ်ဖြတ်ရန် ခြိမ်းခြောက်ခံရမှုများ ရှိလာသဖြင့် ကလစ်တင်ခဲ့သူ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ အမေရိကန် ကျောင်သူတစ်ဦးမှာ ကျောင်းက ထွက်ရ တော့မည်ဖြစ်သည်။

UCLA တက္ကသိုလ်မှ ဘွဲ့ကြိုကျောင်းသူကပြောပြခဲ့ရာတွင် “ဗီဒီယိုကလစ်ကြောင့် မိသား စု၏ ဆူပူ ကြိမ်းမောင်းမှုများ၊ သတ်ဖြတ်ရန် ခြိမ်းခြောက်မှုများနှင့် ကျောင်းနှင့် ရပ်ရွာတစ်ခုလုံးက ၀ိုင်းကျဉ်ဖယ်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း” ဆိုသည်။

“ကျမရဲ့ အသက်အန္တရာယ် စိုးရိမ်နေရတာကြောင့် တက္ကသိုလ် ဆက်မတက်တော့ဘူးလို့ ဆုံးဖြတ်ပါတယ်။” တတိယနှစ် နိုင်ငံရေးသိပ္ပံဘာသာ ကျောင်းသူလေးက တက္ကသိုလ် စာစောင်သို့ ပြောပြခဲ့သည်။

ယူကျု့ကလစ်တွင် UCLA တက္ကသိုလ် က “အာရှလူအုပ်” ဟု ကင်ပွန်းတပ် ထားသည်။ အာရှသူအသံ အတုဖြင့် “အို့… ချင်ချောင်လင်းလောင် တင့်တောင်” ဟူသော စာကြည့်တိုက် တွင်း အာရှတိုက်သားများ ပြောသည့် အသံမျိုး ဖြင့် ပြစ်တင် ဝေဘန် ကဲ့ရဲ့ ခဲ့သည်။

“အမေရိကမှာက စာကြည့်တိုက်တွေထဲမှာ ဆဲလ်ဖုန်း မပြောရဘူး။ “UCLA တက္ကသိုလ် တက်မယ်ဆိုရင် အမေရိကန် အပြုအမူတွေမျိုးကို လုပ်ရမယ်လိမ့်မယ်” ဟု ပါရှိခဲ့သည်။

“ကျမ ကျိန်ပြောရဲပါတယ်။ တမိသားစုလုံးကို ဖုန်းဆက်နေတော့တာ။ ဒီဆူနာမီနဲ့ ပတ်သက်ပြီးတော့ပေါ့။ ဒီလိုပြောတာ မကောင်းမှန်းတော့ ကျမသိပါတယ်။ ဆူနာမီကြောင့် ထိခိုက်နစ်နာရတဲ့သူတွေအတွက် ကျမ ၀မ်းနည်းမိပါတယ်။”

“ဒါပေမဲ့ လိပ်စာမှတ်တဲ့ စာအုပ်ထဲက နံပါတ်တွေအားလုံးကို ခေါ်မယ်ဆိုရင်တော့ အခန်းအပြင်ထွက်ပြီး ခေါ်သင့်တာပေါ့နော်။ ဖုန်းထဲက တစ်ခုခု သိလိုက်တဲ့အခါမှာ တုန်လှုပ်ခြောက်ခြားပြီး အောင်ဟစ်မိ နိုင်တယ်။ ဒါပေမဲ့ စာကြည့်တိုက်ထဲမှာလေ။ တိတ်တိတ်နေမှပေါ့။” သူမက ဆက်ပြောပြခဲ့သည်။

UCLA ပါမောက္ခချုပ် ဂျိင်းဘလော့က ဤယူကျုကလစ် ကွန့်မန့်များကို ရှုတ်ချလိုက်ပြီး တက္ကသိုလ်၏ သဘောထား မဟုတ်ကြောင်း ရှင်းပြခဲ့သည်။

တက္ကသိုလ် သတင်းစဉ် The Daily Bruin သို့ ပေးစာတွင် သူမအနေဖြင့် “ဟာသဗီဒီယို ကလစ်” အဖြစ်သာ ရည်ရွယ်ခဲ့ကြောင်း၊ သို့သော် UCLA တက္ကသိုလ်နှင့် အာရှ ယဉ်ကျေးမှု ကွန်မြူနတီ တစ်ခုလုံးကို စော်ကားရာ ရောက်ခဲ့ကြောင်း ပြောပြခဲ့သည်။

“ထိခိုက်နစ်နာခဲ့ရတဲ့ စကားလုံးတွေနဲ့ ဒီဗီဒီယိုကို ကြည့်တဲ့ သူတွေရဲ့ နာကျင်မှုတွေ အတွက် ကျမ တကယ်ပဲ ၀မ်းနည်းမိပါတယ်။” သူမက ရေးသားခဲ့သည်။

“အထူးသဖြင့်တော့ ဂျပန်မှာ ဒီကပ်ဆိုးကြီး ဖြစ်နေချိန်မှာ ကျမ စော်ကား မော်ကားပြောဆိုခဲ့တဲ့ စကားတွေကို ပြန်ရုတ်သိမ်း ချင်လိုက်တာ။ နေ့နေ့၊ ညည ကျမ တောင်းပန်စာတွေ ရေးပါ့မယ်။ ဒါပေမဲ့ သူတို့ မှတ်ဥာဏ်ထဲက ဒီဗီဒီယိုကိုတော့ ဖျက်လို့ရမှာ မဟုတ်ပါဘူး။”

မောက္ခနိုင်ငံတကာ သတင်း

Ref;Maukkha

0 comments:

အပေါ်သို့