19 March 2012
ယမန်နေ့ (မတ်လ ၁၈) ရက်နေ့ နေ့လည် တစ်နာ၌ ပြုလုပ်ကျင်းပခဲ့သည့် အမျိုးသား သတင်းဆု ချီးမြှင့်ခြင်း အခမ်းအနားတွင် ပြန်ကြား ရေး ၀န်ကြီး ဦးကျော်ဆန်းသည်၊ သတင်းမီဒီယာနှင့် ပါတ်သက်သော ကျင့်သုံးရမည့် အခြေခံ မူများကို ထည့်သွင်း ပြောကြား သွားခဲ့ ပါသည်။ မည်သည့် မီဒီယာတွင်မဆို အောက်ပါ အခြေခံ အချက်(၅)ချက်နှင့် ပြည့်စုံမှသာ လွတ်လပ်မှုနှင့် တာဝန်ယူမှု ရှိသည့် မီဒီ ယာဖြစ်မည်ဟု ၀န်ကြီးက ဆိုပါသည်။ ၄င်း အချက်များမှာ -
၁ ။ စာပေ၊ စာနယ်ဇင်း မဏ္ဍိုင်ဟာ ဘက်မလိုက်ဖို့ အရေးကြီးကြောင်း၊
၂ ။ အကြောင်းအရာတရပ်ကို ရေးသားဖော်ပြတဲ့အခါ ပြည်သူတွေအနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်နိုင်ဖို့အတွက် ရှုထောင့်တခုတည်းက မရေးပဲ ဘက်စုံထောင့်စုံ ဖြစ်အောင် ရေးသားဖော်ပြရန်၊
၃ ။ အဲဒီလိုရေးသားတဲ့အခါမှာလည်း လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားကို အမြဲယှဉ်တွဲ ကျင့်သုံးပြီးတော့မှ ရေးသားဖော်ပြပေးရန် (လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားဆိုသည်မှာ လွတ်လပ်မှုနဲ့ ကျင့်ဝတ်ကို ယှဉ်တွဲထိန်းသိမ်းခြင်းလို့ ရည်ညွှန်းပါတယ်)
၎ ။ ယနေ့ ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီစနစ် ဖြစ်တာနဲ့အညီ လွတ်လပ်စွာ တွေးခေါ်နိုင်ပါတယ်၊ ယူဆနိုင်ပါတယ်၊ ထင်မြင်နိုင်ပါတယ်၊ ကွဲပြားခွင့်ရှိပါတယ်။ သို့သော်လည်း တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် အဲဒီလို ကွဲပြားတဲ့ ကြားမှာ Unity and democracy ဆိုတာ လည်း ရှိသင့်တယ်လို့ မြင်ကြောင်း၊ ဒါကြောင့် Unity and democracy ကို ဖော်ဆောင်နိုင်အောင် ကြိုးပမ်းကြရန်၊
၅ ။ အဲဒီလို Unity and democracy ကို ဖော်ဆောင်ကြတဲ့အခါမှာ ပျိုးထောင်ကြတဲ့အခါမှာ အမျိုးသားရေးကို အခြေခံရန် တို့ ဖြစ်သည်။
၂၀၁၀ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တက်လာသော မြန်မာအစိုးရသစ်သည်၊ အခြေခံအချက် (၄)ချက်ဖြင့် နိုင်ငံကို ပြု ပြင်ပြောင်း လဲရေးများ ဆောင်ရွက်နေသည်ဟု အစိုးရပိုင် သတင်းစာ များက ရေးနေကြ ပါသည်။
(က) မီဒီယာပြုပြင်ပြောင်း လဲရေး၊
(ခ) နိုင်ငံရေးပြုပြင်ပြောင်းလဲရေး၊
(ဂ) စီးပွားရေးပြုပြင်လဲရေးနှင့်
(ဃ) နိုင်ငံတကာဆက်ဆံရေးများ ဖြစ်ပါသည်။
ဤအထဲ၌ မီဒီယာကို ပြုပြင် ပြောင်းလဲ နေသည်ဟု ဆိုသော်လည်း၊ မှတ်ပုံတင်ခွင့်ကိစ္စ၊ စာပေ စီစစ်ရေးကိစ္စ၊ လွတ်လပ်စွာ သတင်း ဖေါ်ပြခွင့်တို့တွင် အစမ်းသပ် ခံနေရဆဲ ဖြစ်ပါသည်။
“ ဥပမာပြောရရင် မှတ်ပုံတင်ခွင့် ကိစ္စကို ပြောရမယ်ဆိုရင်၊ ထုတ်တင် ၊ တင်ထုတ်တဲ့။ အဲဒီနရာမှာ၊ တင်ထုတ်က ကြာမယ်၊ ထုတ်တင်က မြန်တယ် ဒါပေမဲ့ အမှားကိုတာဝန်ယူရမယ်တဲ့ လို့ဆိုပါတယ်။ ကျွန်တော် မြင်တာ ကတော့ ထုတ်တင် ၊ တင်ထုတ် မှာဘဲဖြစ်ဖြစ်ပေါ့ နှစ်ခု စလုံးမှာ အမှားကို တာဝန် ယူရမှာဘဲ၊ တင်ထုတ်မှာလည်း စာပေစစ်ရေးက စီစစ်ပြီးလို့ ထုတ်ပြီးတဲ့ အဆင့်မှာတောင် ငွေမှင်က ရှိနေ သေးတာဘဲ၊ သဘောက ထုတ်တင်ကို လိုရင် လိုအပ်သလို အရေးယူဖို့ တကွက် ချန်ထားတယ်လို့ဘဲ ကျနော်မြင်ပါတယ်။ စောင့်ကြည့် ကြတာပေါ့” ဟု ဂျာနယ်သမား တဦးကဆိုပါသည်။
အစိုးရ၏ပွင့်လင်းသောမီဒီယာသည်၊ လွတ်လပ်စွာဖေါ်ထုတ်ခွင့်၌ မည်မျှပွင့်လင်းမည်ဆိုသည်အပေါ် မူတည်မည်ဖြစ်ပြီး၊ သတင်းမီဒီယာ များအား အာမခံသည့် မီဒီယာဥပဒေသည်လည်း မည်မျှကိုယ်စားပြုကြောင်း ထင်ရှားစေရန်ဖြစ်ပါသည်။
Ref: ရွှေဟင်္သာ
Monday, March 19, 2012
ဝန်ကြီး ဦးကျော်ဆန်း၏ မီဒီယာအပေါ် သဘောထား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment