Monday, March 19, 2012

မွန်အမျိုးသားဒီမိုကရေစီပါတီ ပြန်မှတ်ပုံတင်မည်

2012-03-18

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ဖူးတဲ့ မွန်အမျိုးသား ဒီမိုကရေစီပါတီ(MNDF)ဟာ မတ်လအကုန်ပိုင်းမှာ ပါတီကို ပြန်လည် မှတ်ပုံတင် တော့မှာ ဖြစ်ကြောင်း RFA ကို ပြောကြားပါတယ်။

မြန်မာအစိုးရက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်တချို့ ပြန်လည်ပြင်ဆင်ပေးခဲ့တာနဲ့ နိုင်ငံရေးအကျဉ်းသား အတော်များ များကို အစိုးရက ပြန်လွှတ်ပေးခဲ့တာတွေအပေါ် အခြေခံပြီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို ဝင်ပြိုင်နိုင်ဖို့အတွက် မွန်အမျိုးသား ဒီမို က ရေစီပါတီကို မှတ်ပုံတင်ဖို့ စဉ်းစားရတာဖြစ်ကြောင်း MNDFပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။


မွန်ပြည်နယ်မှာတော့ ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ မွန်အမျိုးသား ဒီမိုကရေစီပါတီ (MNDF)နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) (၂)ပါတီရှိပြီး၊ ဒီ(၂)ပါတီကို တပါတီထဲ အဖြစ်ပူးပေါင်းဖို့ မွန်ဒေသခံတွေက တိုက် တွန်းနေကြပါတယ်။

(၂)ပါတီ ပူးပေါင်းရေးကို ပါတီခေါင်းဆောင်တွေ ဆွေးနွေးနေဆဲဖြစ်ပြီး ပူးပေါင်းဖြစ်မယ်ဆိုရင် ပါတီအတွက် နာမည် အသစ်တခု ရွေးမှာ ဖြစ်ကြောင်း ဒေါက်တာမင်းစိုးလင်းက RFAကို ပြောပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့