Monday, March 19, 2012

ပခုက္ကူ ချင်းကျောင်းသားများအပြန်ကားခ ဈေးလျှော့မည်

March 19th, 2012

ပခုက္ကူရှိ ချင်းစာပေနဲ့ယဉ်ကျေးမှုကော်မတီ (ခ.စ.ယ) နှင့် ပခုက္ကူချင်းလူမှုရေးအသင်းတောင်းဆိုချက်အရ ပခုက္ကူချင်း တက္ကသိုလ် ကျောင်းသူ၊ သားများအတွက် ချင်းတောင်အပြန် ကားခကို သက်ဆိုင်ရာက ဈေးလျှော့ ပေးမည်ဟု ကြားသိရသည်။

ယခင်က ပခုက္ကူ – မင်းတပ် ကားခ ကျပ်ငွေ ၇၅၀၀ အား ၅၀၀၀ သို့၎င်း၊ ပခုက္ကူ – မတူပီကားခ ကျပ်ငွေ ၁၂၀၀၀ အား (၈၀၀၀) ကျပ် အထိ လျော့ချပေးမည် ဖြစ်သည်ဟု ခ.စ.ယ အတွင်းရေးမှူး ဆလိုင်း ဘီအိတ်ခ်ျ ဘီးဇကျိုး ကပြောသည်။

“ ကားပိုင်တွေနဲ့ ညှိတာပါ၊ ဂိတ်မှူးတွေ ကလည်း ကိုယ့် လူမျိုးအသိ တွေဖြစ်နေတော့ ညှိနှိုင်းရတာ အဆင်ပြေတယ်၊ ချင်းတောင်ကနေ ပခုက္ကူ အသွားစရိတ် လျော့ချရေးကိုလည်း ဆက်လက်ကြိုးစားသွား မည်” ဟုပြောသည်။

ယခုနှစ် ပခုက္ကူတွင် တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်စားမေးပွဲ ဖြေဆိုပြီး ချင်းတောင် ပြန်ကြမည့် ကျောင်းသား၊ သူများသည် မတ်လ ၂၀ ရက်မတိုင်ခင် တာဝန်ရှိပုဂ္ဂိုလ်များထံ ဆက်သွယ်အ သိ ပေးရ မည်ဖြစ်ပြီး မတ်လ ၂၆ မှ ၃၁ ရက်နေ့အကြား သတ်မှတ်ရက် အတွင်း ပြန်သွားမည့် ကျောင်းသား၊ သူ များအတွက်သာလျှင် အကျုံးဝင်မည်ဟု ခ. စ. ယ က ဆော်သြထားသည်။

“ အထူးဘဲ ၀မ်းသာတယ်၊ ကျနော်တို့ချင်းကျောင်းသားတွေဟာ ခက်ခဲသူတွေများတယ်၊ မတူပီကို ၄၀၀၀ အထိလျော့ပေးတယ်ဆိုတော့ တကယ့်ကို သက်သာသွားတာပေါ့” ဟု မတူပီမြို့နယ်မှ ချင်းကျောင်းသား တဦးက ပြော သည်။

ပခုက္ကူချင်းတက္ကသိုလ်ကျောင်းသားတဦးအတွက် တနှစ်ပညာသင်စရိတ် ကျပ်ငွေ ၄ သိန်းနှင့် ၅ သိန်းအကြား ကုန်ကျကြောင်း သိရ သည်။

ပခုက္ကူတက္ကသိုလ်တွင် ပညာသင်ကြားနေသော ချင်းကျောင်းသား (၄၁၉) ဦးရှိပြီး အဓိကအားဖြင့် ချင်းပြည် နယ်တောင်ပိုင်း မတူပီ၊ မင်းတပ် နှင့် ကန်ပက်လက် မြို့နယ်များမှ လာရောက်ပညာသင်ကြား နေသူများ ဖြစ်သည်။

ပခုက္ကူမှ (၉၆) မိုင်ကွာဝေးသော မင်းတပ်သို့ နတ်မတောင်ယဉ်လိုင်းပြေးဆွဲပြီး၊ ပခုက္ကူမှ (၂၀၂) မိုင်ခန့်ဝေး သော မတူပီသို့ ဇလပ်ဖြူ၊ ရွှေခြင်္သေ့ (ကြံခိုင်ရေး) နှင့် ဘုံတလာ ကားလိုင်းများ ပြေးဆွဲလျက်ရှိကြောင်း သိရ သည်။


Ref: ခိုနှုမ်းသုန်

0 comments:

အပေါ်သို့