19 March 2012
ကိုယ်စားလှယ် ငှားရမ်းပြီး ဗီဇာ လျှောက်သည့် စနစ်ကို လက်မခံ တော့ကြောင်း၊ လူကိုယ်တိုင် လာရောက် လျှောက်ထား ရမည်ဖြစ် ကြောင်း ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံရုံးက သတင်း ထုတ်ပြန် ထားသည်ဟု ဗီဇာ လျှောက်ခဲ့သူ တဦးက ပြောပါသည်။
“ အရင်ကတော့ လာစရာ မလိုဘူးလေ၊ ကိုယ်စားလှယ် လွှဲလိုက်တာဘဲ။ အမြန်လိုရင် လိုသလို ရပါတယ်။ ဒါပေမဲ့ ဈေး အရမ်း ကြီးပါ တယ်။ ဗီဇာကြေးရော၊ အာမခံရော ၊ အလည် ဗီဇာ အတွက်ပေါ့လေ။ ပွဲစားခက ဘယ်လောက် ယူလည်း ဆိုတော့ (ကျပ်ငွေနဲ့ဆိုရင် တသိန်းခွဲ ယူပါတယ်၊) ဘတ်ငွေနဲ့ ဆိုရင် (၆၀၀၀)ဘတ်လောက် ပေးရပါတယ်။ အဲဒါကတော့ ကိုယ်ဘာမှ လုပ်စရာ မလိုတော့ဘူး။ အခု ကြားတာက လူကိုယ်တိုင် လျှောက်ရမယ် ဆိုတော့ ပိုကောင်း ပါတယ်။ ဒါပေမဲ့ အချိန်ကြာ ပြီးတော့ စရိတ်ထောင်းမှာ သေချာတယ်” ဟု ထိုင်းနိုင်ငံ ဗီဇာ လျှောက်ခဲ့သူ တဦးက ဆိုပါသည်။
ထိုင်းဗီဇာကို ကိုယ်စားလှယ်ဖြင့် လျှောက်ထားခွင့် ကိစ္စကို ပိတ်ပင်ပြီး လူကိုယ်တိုင် လာလျှောက်ထား ရမည့် ကိစ္စကို ပြီးခဲ့သည့် မတ်လ (၉) ရက်နေ့တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ ရန်ကုန်မြို့ရှိ ထိုင်းသံးရုံးသည် တနေ့ကို ထိုင်းဗီဇာ (၁၂၀)ဦး ခန့်သာ ထုတ်ပေး နေသည်ဟု ဗီဇာ ကိုယ်စားလှယ် များက ပြောပါသည်။ ဤသို့ကြောင့် ထိုင်းဗီဇာ ရရေးမှာ အချိန်ယူ စောင့် ဆိုင်းရမည့် အခြေအနေ ဖြစ်လာဖွယ် ရှိပါသည်။ ကိုယ်တိုင် သွားရောက် လျှောက်ထားမှုတွင် ဗီဇာကြေးကို အရင်က ကျပ် (၅၀၀၀)နှင့် (၇၀၀၀)ကျပ်ကြား၌ ရှိပါသည်။ ကိုယ်စားလှယ်များနှင့် လျှောက်ထားမှုတွင် ကျပ်တသိန်းခွဲ ပေးဆောင် ခဲ့ရကြောင်း ဗီဇာ လျှောက် ထားခဲ့သူ များထံမှ သိရပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသည်၊ ဗီဇာကို အကန့်အသတ်နှင့် ထုတ်လာခဲ့သည့်အတွက် ပွဲစား စနစ်များ တွယ်ကျယ်လာခဲ့ပြီး နှစ် ပေါင်းများစွာ တည်ရှိ လာခဲ့ပြီး ဖြစ်ပါသည်။ လက်ရှိ ထုတ်ပြန်ခဲ့သော လူကိုယ်တိုင် လာရောက် လျှောက်ထားမှု တွင်လည်း ယာယီ သဘောမျှသာ ဖြစ်လိမ့်မည်ဟု ပွဲစားများက ဆိုပါသည်။ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံရုံး၏ ဗီဇာ အရေအတွက် ကန့်သတ် နေမှုနှင့် လူကိုယ်တိုင် လာရောက် လျှောက်ထားမှု တို့ကြောင့် ထိုင်းနိုင်ငံသို့ သွားရောက် လည်ပတ်ကြသော မြန်မာ ခရီးသွားများ အခက်အခဲ ရှိလာလိမ့်မည် ဖြစ်သည်။ အထူးသဖြင့် ငွေကုန် ကြေးကျ ခံနိုင် သူများနှင့် တောနယ်မှ လာရသော ရွာသားများသည် အချိန် မဖြုန်း နိုင်သဖြင့် ပွဲစား စနစ်သည်သာလျှင် ပိုမို အဆင်ပြေ ကြသည်ဟု ဆိုပါသည်။
Ref: ရွှေဟင်္သာ
Monday, March 19, 2012
ထိုင်းဗီဇာကို လူကိုယ်တိုင် လာရောက် လျှောက်ထားရန် ထုတ်ပြန်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment