ကြယ်စင်(မြစ်မခ)
တအောင်းလူမျိုးများ၏ အဓိက အသက်မွေးဝမ်းကြောင်း ဖြစ်သော ရွှေလီမြစ်ပေါ်တွင် ရေကာတာဆက်လက်တည်ဆောက်မှုကို ဆန့်ကျင့်သည့် ကြေငြာချက် တစ်စောင်ကို မတ်လ(၁၄)ရက်နေ့က တအောင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ ထုတ်ပြန် ခဲ့သည်။
တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီမြစ်ပေါ်တွင် ရေကာတာတည်ဆောက်နေမှုကို ဆန့်ကျင်သည့် အနေဖြင့် -တီ၇ှပ်လှုပ်ရှားမှုနှင့်ဆုတောင်း ပွဲ များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် တရုတ်ပြည်သို့ ရောက်ရှိနေသည့် တအောင်း ကျောင်းသားလူငယ်များ၊ အလုပ်သမားများနှင့် ကျောင်းဆရာ ၊ဆရာမများက စုပေါင်း၍ တအောင်းဘာသာဖြင့် "၀ိုင်းဝန်းလက်တွဲပြီး မြစ်ရွှေလီကို ကာကွယ်ကြစို့" ဟူသည့် စာတန်းပါသော အကျီ် များ ၀တ်ဆင်ကာ ငြိမ်းချမ်းစွာ ဆုတောင်းခဲ့ခြင်းဖြစ်သည်။
" မြန်မာနိုင်ငံမှာ အစိုးရက တိုင်းရင်းသားဒေသတွေမှာ ရေကာတာတွေ တည်ဆောက်နေတော့ ဒေသခံပြည်သူတွေ အတင်း ရွှေ့ပြောင်း ခဲ့ကြရပြီး ဆိုးကျိုးတွေနဲ့ ရင်ဆိုင်နေရတယ်၊ ဒေသခံပြည်သူတွေအတွက် ဘာအကျိုးအမြတ်မှမရသလို တအောင်းလူမျိုးတွေ အဓိက အသက်မွေးဝမ်းကြောင်း ဖြစ်နေတဲ့ ရွှေလီမြစ်ပေါ်မှာ ရေကာတာ အမှတ် (၂) နဲ့ အမှတ် (၃)ကို ဆက်လက် တည်ဆောက်နေ တဲ့အ တွက် မြစ်တစ်လျှောက်က ဒေသခံတွေ ပြောင်းရွှေ့ရမယ့်အပြင် စစ်တပ်တွေ တိုးချဲ့လာမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့် ကျနော်တို့ရွှေလီမြစ် အမြန်ဆုံးလွတ်မြောက်ပါစေလို့ကြွေးကြော် ဆုတောင်း ပွဲပြုလုပ်ခဲ့တာပါ " ဟု တအောင်းလူငယ်ခေါင်းဆောင်တဦးက မြစ်မခကို ရှင်းပြသည်။
ရွှေလီအမှတ် (၁) ရေအားလျှပ်စစ်စီမံကိန်းအား ၂၀၀၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၊ ကျန်သည့် ရေကာတာအမှတ် (၂)(၃) စီမံကိန် များကို ဆွစ်ဇာလန်နိုင်ငံ ကိုလန်ကို စွမ်းအင်ကုမ္ပဏီက ဦးစီးတည်ဆောက်လျှက်ရှိကြောင်း၊ ရေကာတာမှ ထွက်လာသည့် လျှပ်စစ် ဓါတ်အားကို တရုတ်နိုင်ငံ ရောင်းချသည့် အပြင် ကျန်လျှပ်စစ်များကို ၄င်းတို့ စစ်တပ်နှင့် စက်ရုံများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ကြေငြာချက်တွင် ပါဝင်သည်။
ရွှေလီမြစ်ရေကာတာ အမှတ် ၂နှင့် အမှတ် ၃ ရေကာတာ စီမံကိန်းကြောင့် စီမံကိန်းအနီးရှိ ကျေးရွာ ၅ရွာ ပြောင်းရွေ့ရမည်ဖြစ်ကြောင်း တအောင်းကျောင်းသား နှင့် လူငယ်များ အစည်းအရုံးမှ ထုတ်ဝေခဲ့သည့်''ထိန်းချုပ်မှုအောက်က မြစ်ရွှေလီ'' အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
Ref: ရွှေမြစ်မခ
Monday, March 19, 2012
ရွှေလီရေကာတာတည်ဆောက်ရေး စီမံကိန်းကို ဆန့်ကျင့်သည့် ဆုတောင်းပွဲ တအောင်းလူငယ်အစည်းအရုံးက ပြုလုပ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment