ကောင်းမြတ်ဖြိုး(မြစ်မခ)
မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှာဖွေလုပ်ကိုင်လိုသူများအတွက် ရည်ရွယ်ပြီး၊ ပထမဆုံးအနေဖြင့် အလုပ်အကိုင်ပြပွဲ (Job Fair)ကို ရန်ကုန်မြို့တွင် စတင်းပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါပြပွဲကို ရန်ကုန်မြို့ ရှိ UMFCCI မင်္ဂလာခန်းမတွင် မတ်လ ၁၇ ၊ ၁၈ တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိပြုလုပ်မည်ဖြစ်ပြီး ၊ အလုပ်အကိုင်ရှာဖွေနေသူများအတွက် ကုမ္ပဏီ ၄၅ခုကျော်မှ ၀န်ဆောင်မူပေးလျက် ရှိကြောင်းသိရသည်။
“ကျွန်တော်ကတော့ လာပြီးလေ့လာကြည့်တာပါ ၊ အခုထိတော့ ဘယ်မှာမှ မလျှောက်ရသေးပါဘူး၊ ဒီပွဲက ကျွန်တော်တို့ လူငယ်တွေ၊ အလုပ်လုပ်ကိုင်တဲ့လိုတဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေပါတယ်” ဟု ပြပွဲလာသူ လူငယ်တစ်ဦးမှပြောသည်။
အဆိုပါပြပွဲရှိ ကုမ္ပဏီပေါင်း ၄၅ခု ၀န်းကျင်တွင် အလုပ်လျှောက်ထားသူများမှာ အလွှာပေါင်းစုံမှဖြစ်ပြီး အောက်ခြေ ၀န်ထမ်းမှစ၍ GM ထိခေါ်ယူကြောင်း ၊ ကုမ္ပဏီများထဲတွင် ထူးကုမ္ပဏီ ၊VAC အလုပ်အကိုင် ရှာဖွေရေးနှင့် MTH ကုမ္ပဏီ တို့ပါဝင်ကြောင်း သိရသည်။
“ဒီပွဲက အလုပ်လိုချင်တဲ့ လူငယ်လေးတွေအတွက် ဟိုသွားဒီသွား အလုပ်မရှုပ်ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပေးတာပါ၊ ဒါမြန် မာနိုင်ငံမှာ ပထမဆုံးလုပ်တာပါ ၊ နောက်နှစ်တွေလည်း လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်”ဟု ပြပွဲခင်းကျင်းရောင်းပရေးကော်မတီမှ အတွင်းရေးမှူး ကိုသန်းစိုး ကပြောသည်။
ပြပွဲတွင်းသို့ ၀င်ရောက်လေ့လာသူများကို Register ပြုလုပ်ခိုင်းပြီး ဖွင့်လှစ်ပြီး (၁) နာရီအကြာ ကြည့်ရှုလေ့လာသူ ၃၀၀၀ ခန့်ရှိပြီး လေ့လာသူများထဲမှ သင်တန်းများတက်ရောက်နိုင်ရန်အတွက် ကံစမ်းအစဉ်အစီများထည့်သွင်းထားကြောင်းသိရသည်။
“အကိုတို့က VAC အလုပ်အကိုင်ရှာဖွေးရေးပါ ၊ အကိုတို့ဆီမှာ ခရီးသွားလုပ်ငန်းတွေ ပညာရေးတွေ နဲ့ တခြား လုပ်ငန်းတွေ လည်း ရှိပါတယ် ၊ စိတ်ဝင်စားတဲ့လူတွေကတော့ လာပါတယ် ၊ အခုမနက်အစောပိုင်းတော့အလုပ်လျှောက်တဲ့လူ သုံးလေးယောက် လောက် ပဲရှိသေးတယ်” ဟု VAC အလုပ်အကိုင်ရှာဖွေရေးမှ ကိုမြင့်အောင်ကပြောသည်။
Ref: ရွှေမြစ်မခ
Monday, March 19, 2012
ရန်ကုန်မြို့တွင် အလုပ်အကိုင်ပြပွဲ ပြုလုပ်ကျင်းပ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment