March 19th, 2012
အနှစ် (၆၀) ကျော်ပြည်တွင်းစစ်၏အကြောင်းရင်းခံမှာ တိုင်းရင်းသားလူမျိုးများအကြား တန်းတူမှု ဆိတ်သုဉ်း နေခြင်းဖြစ်ပြီး ယင်းပြ သာနာကို ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ခြင်းဖြင့် အဖြေရှာရန် စီအဲန်အက်ဖ်က လက်ရှိအစိုးရ အား ယနေ့တိုက်တွန်း လိုက်သည်။
မတ်လ ၂၀ တွင်ကျရောက်သည့် ချင်းအမျိုးသားတပ်ဦး၏ ၂၄ နှစ်မြောက် ချင်းအမျိုးသားတော်လှန်ရေးနေ့ ထုတ်ပြန် ကျေ ညာချက်က ယခုလို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
တဆက်တည်း တန်းတူမှုပြသနာကို အနားတခြား ဆေးတခြားမဖြစ်အောင် ဖြေရှင်းသင့်ကြောင်း သို့မဟုတ်ပါ က ပြည်တွင်းစစ်ဆက် လက် ဖြစ်ပွားနေအုံးမည်ဟု ဆိုထားသည်။
လက်ရှိအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖော်ဆောင်နေသည့် ထာဝရ တည်တံ့သည့် ငြိမ်းချမ်းရေး ဖော် ဆောင်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအား အားလုံးပါဝင်မှုအောက်တွင် ပြင်ဆင်ပြောင်း လဲနိုင်ရေး ကြိုးပမ်းသွားမည်ဟု ဖော်ပြ ထားသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးကို စီအဲန်အက်ဖ် နှင့် ချင်းပြည်နယ်အစိုးရအကြား ပဏာမ ငြိမ်းချမ်းရေးသဘောတူ ညီချက်အတိုင်း လုပ်ဆောင် သွားမည်ဟု ဆက်ဆိုထားသည်။
စီအဲန်အက်ဖ်နှင့် ချင်းပြည်နယ်အစိုးရ နှစ်ဖက် ဆွေးနွေးရေးအဖွဲ့တို့သည် ပြည်ထောင်စု အဆင့်တွေ့ ဆုံမှုပြုလုပ်ရာတွင် ဒို့တာဝန် အရေးသုံးပါးအပြင် ပြည် ထောင်စု အရေး၊ တိုင်းရင်းသားများအရေးနှင့် ဒီမိုကရေစီထွန်းကားရေးတို့အား အခြေခံ လျက် တွေ့ဆုံ ဆွေးနွေး ခြင်းပြု လုပ်ရန် သဘောတူကြသည်။
ယနေ့အချိန်အခါသည် ချင်းလူမျိုးများအတွင်း မျိုးနွယ်စု၊ နေရာဒေသ၊ လူပုဂ္ဂိုလ်များအကြား နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှု နှင့် ညီ အကိုစိတ်ဓါတ်တည်ဆောက်ကြရမည့်အချိန်အခါဖြစ်ကြောင်း စည်းလုံးညီညွတ်မှု အားဖြင့် ချင်းအမျိုးသားများ ကိုယ့် ကြမ္မာကိုယ်ဖန် တီးခွင့် ရရှိရေး၊ ဒီမိုကရေစီ ကျင့်သုံးသည့် ဖက်ဒရေ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် တက် ကြွစွာ ပါဝင်ရန် တိုက် တွန်းထားသည်။
Ref: ခေါနုသုမ်
Monday, March 19, 2012
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ခြင်းဖြင့် ထာစဉ်ငြိမ်းချမ်းရေးရမည်ဟု CNF ပြော
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment