Friday, July 27, 2012

မြန်မာမူဆလင်များအတွက် တူရကီ အလုပ်သမားအဖွဲ့ချုပ် ငွေလှူ

ဇူလိုင်လ ၂၆ ရက် ၂၀၁၂ ခုနှစ်

တူရကီနိုင်ငံ ပြည်သူ့ဝန်ထမ်း ကုန်သွယ်ရေးသမဂ္ဂများ အဖွဲ့ချုပ်က မြန်မာနိုင်ငံရှိ မူဆလင်များအား တူရကီ လီရာငွေ နှစ်သိန်း (အမေရိကန် ဒေါ်လာ တသိန်း တသောင်းကျော်) ပေးပို့ကူညီသွားမည် ဟု သိရှိရသည်။

အန်ကာရာမြို့တွင် နံနက် ဥပုသ်ထွက်စာ သုံးဆောင်နေစဉ် အဖွဲ့ချုပ်ဥက္ကဋ္ဌ Ahmet Gundogdu က သတင်းထောက် များအား “သမဂ္ဂ ၁၁ ခုနဲ့ အဖွဲ့ချုပ်အနေနှင့် မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင်တွေကို လီရာငွေ နှစ်သိန်း ပေးပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ထုတ်ဖော် ပြော ဆိုလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ရိုဟင်ဂျာ မူဆလင်များမှာ ဗုဒ္ဓဘာသာ မြန်မာအစိုးရရဲ့ ဖိအားပေးမှုအောက်မှာ ရောက်နေရသည်ဟူ၍လည်း Gundogdu က ထည့်သွင်းပြောဆိုသွားကြောင်း Andolu Agency သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့