Tuesday, July 17, 2012

အမေရိကန်ကုမ္ပဏီ(၃၈)ခုက ရင်းနှီးမြှုပ်နှံမှုများအား လေ့လာဆောင်ရွက်သွားမည်ဟုဆို

ဝင့်သင်ဇာကျော် (မြစ်မခ)
16 Jul, 2012

မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာအပြောင်းအလဲများဖြစ်ပေါ်နေသော်လည်းတိုးတက်မှုအခြေအနေမရှိသေးကြောင်းနှင့် မြန်မာအစိုးရ အနေဖြင့်ပွင့်လင်းမြင်သာမှုရှိသော စီးပွားရေးလုပ်ငန်းစဉ်များကိုဖွင့်လှစ်ပေးသင့်ကြောင်း အမေရိကန်လုပ်ငန်းရှင် များကသုံးသပ် ပြော ကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေက ကောင်းပေမယ့်တိုးတက်မှုအခြေအနေကို မတွေ့ရသေးဘူး။ မြန်မာအစိုးရ အနေနဲ့ပွင့်လင်းမြင်သာမှုရှိအောင် စီးပွားရေးလုပ်ငန်းစဉ်များကို ဖွင့်လှစ်ပေးသင့်တယ်၊ အဲ့ဒါမှရင်းနှီးမြုပ်နှံမှုတွေ လာပြီးလုပ်ဆောင် နိုင်မယ်” ဟုUS-ASEAN Business Council မှ ဥက္ကဋ္ဌ Frances A. Zwenig ကပြောသည်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့လာရောက် ရင်းနှီးမြုပ်နှံလိုသောကုမ္ပဏီပေါင်း(၃၈)ခုရှိကြောင်းကိုလည်း အဆိုပါတွေ့ဆုံပွဲက သိရှိ သည်။

ရင်းနှီးမြုပ်နှံလိုသော ကုမ္ပဏီများတွင် ဘဏ္ဍာရေး၊ စွမ်းအင်၊ ကျန်းမာရေး၊အခြေခံအဆောက်အဦ၊ အကြံပေး၊ ထုတ်လုပ်ရေး ကဏ္ဍ များမှကုမ္ပဏီများ ပါဝင်၍ကဏ္ဍတစ်ခုတည်းတွင် ရင်းနှီးမြုပ်နှံသွားမည် မဟုတ်ဘဲ လုပ်ငန်း ပေါင်းစုံအားလေ့လာပြီးမှ ရင်းနှီး မြုပ်နှံ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်က မြန်မာနိုင်ငံနှင့်နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများတွဲဖက်လုပ်ကိုင်လိုသော်လည်း လေ့လာပြီးမှရင်းနှီးမြုပ်နှံမှုများ လုပ်ဆောင် သွားမည်ဟု US-ASEAN BUSINESS COUNCILမှ Anthony Nelson က ဆိုသည်။

“အမေရိကန်နဲ့ မြန်မာနိုင်ငံကြားမှာ စီးပွားရေးဆက်ဆံမှုတွေတည်ဆောက်ချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီတွေအနေ နဲ့စမ်း သပ်လေ့လာနေတုန်းပဲရှိသေးတယ်။ မြန်မာနိုင်ငံအကြောင်းကိုသေချာလေ့လာကြည့် ဦးမယ် ရင်းနှီးမြုပ်နှံဖို့ကိုတော့ မြန်မြန်ဆန်ဆန် တော့လုပ်ဆောင်မှာ မဟုတ်သေးဘူး။ “ ဟု US-ASEAN Business Council မှ AssociateDirector Anthony Nelson က ပြောသည်။

၂၀၁၂ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့တွင် ရန်ကုန်မြို့ရှိဆီဒိုးနားဟိုတယ်တွင်ပြုလုပ်ကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲတွင် US-ASEAN BUSINESS COUNCIL မှ Anthony Nelson က ပြောကြားခဲ့ခြင်းဖြစ်သည်။

US-ASEAN BUSINESS COUNCIL သည် မြန်မာအစိုးရ၊ အမေရိကန်အစိုးရနှင့်အရှေ့တောင်အာရှရှိ စီးပွားရေးလုပ်ငန်းရှင်များ ၊ NGO အဖွဲ့အစည်းများ ၊Civil Society များနှင့်လည်း တွေ့ဆုံ၍ ရေရှည် စီးပွားရေးလုပ်ကိုင်နိုင်မည့် နည်းလမ်းများအား တွေ့ဆုံဆွေး နွေးခဲ့ ကြောင်းသိရှိရသည်။

US-ASEAN Business Council အား လွန်ခဲ့သော (၂၇)နှစ်ကတည်းကစတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ လာရောက်ကာ မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းသည်ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်လုပ်ငန်းရှင်များအနေဖြင့် မြန်မာအစိုးရနှင့်အမေရိကန်အစိုးရတို့မှ Stakeholders များနှင့် တွေ့ဆုံကာ အနာဂတ်တွင်မည် ကဲ့သို့ လုပ်ဆောင်နိုင်မည့်အကြောင်းများအပေါ်မူတည်၍ ဆွေးနွေးခဲ့သလိုမြန်မာနိုင်ငံအကြောင်းကိုလည်း စတင် လေ့လာနေပြီဖြစ် ကြောင်း ၄င်းတို့ထံကသိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့