2012-08-15
မြန်မာအစိုးရက တူရကီ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေ လတ်တလော နေ ထိုင်တဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး လူသားချင်းစာနာ ကူညီမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းခွင့်ပြုခဲ့တာဟာ ပြည်သူ လူထု ခံစားနေရတဲ့ ဒုက္ခအခက်အခဲတွေကို သက်သာစေတဲ့အတွက် မြန်မာအစိုးရရဲ့အရေးပါတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂ အကြီးအကဲတစ်ဦးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
အဲဒီလို အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်
ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကို အထောက်အကူပြုရာ ကျပါလိမ့်မယ်လို့ Vijay Nambiar က ပြောဆိုလိုက်ပါတယ်။
Ref: အာရ်အဖ်အေ
0 comments:
Post a Comment