Tuesday, December 18, 2012

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီး သွားရောက်

December 17, 2012

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်း ၉ နာရီကျော် က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာပြီး ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်သည်။

လူနာဆောင်များ၊ သန့်စင်ခန်းများ၊ ဆေးသိုလှောင်ခန်းများ အစရှိသည်များကို ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၃ ရက်က လည်း ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်၍ လက်ပံတောင်းတောင် ဒေသမှ လာရောက် ဆေးကုသမှု ခံယူနေသော ကလေး ၄ ဦးကို ကြည့်ရှုအားပေးမှုပြုလုပ်သေးသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့