Monday, December 17, 2012

ဗြိတိန်နိုင်ငံခြားရေး ဒုဝန်ကြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်

2012-12-16

ရခိုင်ပြည်နယ်က ပဋိပက္ခ၊ ကချင်ပြည်နယ်က စစ်ပွဲနဲ့ ရန်ကုန်မှာလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်တို့နဲ့ ပတ်သက်ပြီး ဗြိတိန် နိုင်ငံခြား
ရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Hugo Swire ဟာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ Mr.Hugo Swire uရန်ကုန်မြို့ကိုပေးနေတဲ့ လျှပ်စစ်က ၁၉၄၀ လောက်ကလုပ်ခဲ့တာဆိုတော့ အတော့်ကို ဟောင်းနေပါပြီ အစားထိုးဖို့လိုအပ်တယ်လို့ ကျွန်တော်တောင် စဉ်းစားမိပါတယ်။ လုပ်ငန်းကြီးပါပဲ၊ အိမ်တွေမီးရဖို့ လေ့လာချက်တွေလုပ်ဖို့ အများကြီးလိုအပ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ဗြိတိန်သံရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ လာမယ့် ၁၀ နှစ်မှာ လျှပ်စစ် ၁၀ဆ တိုးပေးဖို့ မြန်မာနိုင်ငံမှာ လိုအပ်တာကို ကူညီဖို့ ရည်ရွယ်ချက်နဲ့ စွမ်းအင်ကဏ္ဍကိုအလေးထားတဲ့ ကုန်သွယ်ရေးအဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကိုလာတာလို့ ဖော်ပြထား ပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ရိုဟင်ဂျာတို့ သင့်မြတ်လာရင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်တဲ့အကြောင်း၊ အမုန်းတရား တွေပျောက်ကွယ်လို့ အတူတကွအလုပ်တွေလုပ်နိုင်ပြီး လူသားချင်းစာနာထောက်ထားမှုတွေပါ ရရှိလာမယ့်အကြောင်းလည်း ပြည်တွင်း သတင်းမီဒီယာတွေကို ပြောကြားပါတယ်။

ဗြိတိန်သံအမတ်ကြီး Mr. Heyn နဲ့ ဗြိတိန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr. Hugo Swire တို့ဟာ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ အခြေချနေထိုင်တဲ့ ဘင်္ဂါလီလူမျိုးတွေအရေးနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာရှိတဲ့ နိုင်ငံရေးပါတီ ၃ ခုက တာဝန်ရှိသူ တွေနဲ့ စစ်တွေမြို့ နိုဗယ်ဟိုတယ်မှာ မနေ့ မနက်(၁၁) နာရီမှာ သီးသန့် ဆွေးနွေးခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့