Reference ID | Created | Released | Classification | Origin |
09RANGOON378 | 2009-06-19 05:05 | 2010-12-06 15:03 | CONFIDENTIAL | Embassy Rangoon |
VZCZCXRO3931
OO RUEHCHI RUEHDT RUEHHM RUEHNH
DE RUEHGO #0378/01 1700706
ZNY CCCCC ZZH
O 190706Z JUN 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9139
INFO RUCNASE/ASEAN MEMBER COLLECTIVE
RUEHBK/AMEMBASSY BANGKOK 2975
RUEHBJ/AMEMBASSY BEIJING 2332
RUEHBY/AMEMBASSY CANBERRA 2076
RUEHKA/AMEMBASSY DHAKA 5253
RUEHLO/AMEMBASSY LONDON 2177
RUEHNE/AMEMBASSY NEW DELHI 5550
RUEHUL/AMEMBASSY SEOUL 9146
RUEHTC/AMEMBASSY THE HAGUE 0807
RUEHKO/AMEMBASSY TOKYO 6724
RUEHCN/AMCONSUL CHENGDU 1843
RUEHCHI/AMCONSUL CHIANG MAI 2221
RUEHCI/AMCONSUL KOLKATA 0691
RHHMUNA/CDR USPACOM HONOLULU HI
RUEKJCS/JOINT STAFF WASHDC
RUCNDT/USMISSION USUN NEW YORK 2527
RUEHGV/USMISSION GENEVA 4533
RUEATRS/DEPT OF TREASURY WASHDC
RUEKJCS/DIA WASHDC
RUEAIIA/CIA WASHDC
RHEHNSC/NSC WASHDC
RUEKJCS/SECDEF WASHDC
C O N F I D E N T I A L SECTION 01 OF 02 RANGOON 000378
SIPDIS
STATE FOR EAP/MLS, INR/EAP, EEB/TFS
PACOM FOR FPA
TREASURY FOR OASIA, OFAC
EO 12958 DECL: 06/19/2019
TAGS ECON, EFIN, ETRD, PREL, PINR, BM
SUBJECT: BURMA: UPDATE ON CRONY ZAW ZAW’S ACTIVITIES
REF: A. 07 RANGOON 1107 B. RANGOON 298 C. RANGOON 355 D. RANGOON 330
RANGOON 00000378 001.4 OF 004
Classified By: Economic Officer Samantha A. Carl-Yoder for Reasons 1.4 (b and d).
အကြောင်းအရာ။ ။ မြန်မာနိုင်ငံ - (စစ်အစိုးရ) အပေါင်းပါ ဇော်ဇော်၏ လှုပ်ရှားမှုများအကြောင်း နောက်ဆုံးရရှိသော သတင်းများ
(၂ဝဝ၉) ခုနှစ်၊ ဇွန်လ (၁၆) ရက်။
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ - စီးပွားရေးအရာရှိ ဆမန်သာ အေ ကားလ်-ယိုဒါ (Samatha A. Carl-Yoder) for Reasons 1.4 (b and d)
အကျဉ်းချုပ်
-------
(၁) စစ်အစိုးရ၏ အပေါင်းအပါတဦးဖြစ်သူ ဇော်ဇော် မြန်မာနိုင်ငံရှိ သူ၏ လုပ်ငန်းများကို တိုးချဲ့လျက်ရှိသည်။ ဇော်ဇော်သည် မက်စ် မြန်မာ ကုမ္ပဏီစု (Max Myanmar Group of Companies) အပြင် အဖျော်ယမကာ ပုလင်းသွပ် ကုမ္ပဏီ၊ ဘိလပ်မြေစက်ရုံ တရုံ၊ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီတခု၊ ဖားကန့်ရှိ ကျောက်စိမ်းတွင်း တတွင်း၊ မွန်ပြည်နယ် ရှိ ရာဘာခြံတခြံနှင့် ကြေးစား ဘောလုံးသင်း တသင်းတို့ကိုလည်း ပိုင်ထားသည်။ ရန်ကုန်ရှိ သံရုံးက နိုင်ငံခြား အရင်းအနှီး များထိန်းချုပ်ရေးရုံး (OFAC) ၏ ဒဏ်ခတ်မည့် စာရင်းတွင် ဇော်ဇော်၏ နောက်တိုး ကုမ္ပဏီများနှင့် ထိုကုမ္ပဏီများ၏ ထိပ်တန်း မန်နေဂျာများ (စာပိုဒ် ၅ တွင် ဖေါ်ပြထားသည်) ကို ထည့်သွင်းရန် အကြံပြု ထားသည်။ (အကျဉ်းချုပ် ပြီးဆုံး)
နောက်တိုး စီးပွားရေးလုပ်ငန်းများ
--------------
(၂) ဇော်ဇော်သည် မြန်မာနိုင်ငံစစ်အစိုးရ၏ နောက်တက်လာသော အပေါင်းပါများအနက် တဦးဖြစ်ပြီး သူ၏ စီးပွားရေး လုပ်ငန်းများကို ဆက်လက် တိုးချဲ့လျက် ရှိသည်။ သူ၏ ဆောက်လုပ်ရေှးနှင့် ခရီးသွားလာရေး လုပ်ငန်းကို ကြီးကြပ်သော မက်စ် မြန်မာ ကုမ္ပဏီစုကို ဘဏ္ဍာရေး ဌာန၏ ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းပြီးဖြစ်သည် (ရည်ညွှန်းချက် -က)။ ဇော်ဇော်သည် ပြည်တွင်းသုံး အတွက် မက်စ်ကိုလာ အပါအဝင် အဖျော်ယမကာများ ထုတ်လုပ်သော ပင်းယ ထုတ်လုပ် ရေးကုမ္ပဏီ လီမိတက်ကိုလည်း ပိုင်ဆိုင်ကြောင်း ကျွန်ုပ်တို့ အတည်ပြုပြီးဖြစ်သည်။ ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ သည် ကျပ်ငွေ(၁၂. ၅) သန်း (၁၉၉၈ က အမေရိကန်ဒေါ်လာ ၄၁, ဝဝဝ ဒေါ်လာ) ရင်းနှီး မြှုပ်နှံမှုဖြင့် စတင်ခဲ့ပြီး ယခုအခါ အလုပ်သမား (၇ဝ) ကျော်ကို ခန့်ထားသည်။ ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်း၌ ဖြန့်ချိရေး ဌာနခွဲပေါင်း (၁၃) ခုရှိသည်။
ဇော်ဇော်သည် မက်စ်မြန်မာ ကုမ္ပဏီ၏ ကွပ်ကဲမှုအောက်မှာ သူ၏စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ နေကြောင်း၊ ၎င်း တိုးချဲ့ လုပ်ငန်းများတွင် အာရှလေဆိပ် စီမံကိန်းအတွက် စတီဗင်လောထံ ဘိလပ်မြေ သွင်းရန်ဟု ကြားသိရသော နေပြည်တော်ရှိ ဘိလပ်မြေစက်ရုံ (ရည်ညွှန်းချက် -ခ)၊ နေပြည်တော်ရှိ ကွန်ကရစ်အုတ် စက်ရုံ၊ ဖားကန့်ရှိ ကျောက်စိမ်း တွင်းနှင့် မွန်ပြည်နယ်ရှိ ရာဘာခြံတို့ ပါဝင်ကြောင်း သံရုံး၏ စီးပွားရေး အဆက်အသွယ် (----) က အတည်ပြု ပေးခဲ့သည်။ စီးပွားရေး အဆက်အသွယ် (---) ၏ သတင်းပေးချက် အရ ဇော်ဇော်သည် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လုံးခင်း ကျောက်စိမ်းတွင်းကို လုပ်ကိုင်နေကြောင်း၊ မကြာသေးမီကပင် ကျောက်စိမ်းလုပ်ငန်း အတွက် ဖားကန့်မှာ နောက်ထပ်မြေ ဧက (၅ဝ) ကို ရထားကြောင်း သိရသည်။ ဇော်ဇော်သည် ၂ဝဝ၉ မတ်လက အစိုးရ၏ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ လေလံတင် ရောင်းချပွဲမှာ ကျောက်စိမ်း အမြောက်အများ ရောင်းချခဲ့ကြောင်း သိရသည် (သတင်းပေးသူ အမည်ကို ဖြုတ်ထားသည်)။
(၄ ) ဇော်ဇော်သည် ယခုလောလောဆယ်၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဝင် ကြေးစား ဘောလုံးအသင်း တသင်းဖြစ်သော ဒယ်လ်တာ ယူနိုက်တက် အသင်း၏ ပိုင်ရှင်လည်း ဖြစ်သည်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၏မြေးကို အသင်းမှာ ကစားရန် ငှားထားသည်ဟု အဆက်အသွယ်များက အတည်ပြုသည် (ရည်ညွှန်း ချက် -ဃ)။ ဇော်ဇော်သည် ဒယ်လ်တာ ယူနိုက်တက် အသင်း၏ ဌာနေဖြစ်လာမည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဘောလုံးကွင်း အားကစားရုံ အသစ်တရုံ တည်ဆောက်ရန်လည်း စီမံကိန်း စတင် ရေးဆွဲလျက်ရှိကြောင်း၊ အမေရိကန် ဒေါ်လာ (၁) ဘီလျံကျော်ကျော် ကုန်ကျမည် ဖြစ်ကြောင်းနှင့် ၂ဝ၁၁ တွင်အပြီး တည်ဆောက်လိမ့်မည်ဖြစ်ကြောင်း (---) နှင့် (---) တို့က ခန့်မှန်းကြသည်။
(၅) အောက်ပါတို့သည် ဇော်ဇော်ပိုင် နောက်တိုး ကုမ္ပဏီများနှင့်ပတ်သက်သော သတင်းအချက် အလက်များ ဖြစ်သည်။
ရန်ကုန်
-- ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့။ အမည်ပါ ပိုင်ရှင်- ဦးဇော်ဝင်းရှိန်၊ ဧရာ ဟင်္သာ ကုမ္ပဏီ လီမိတက် ပိုင်ရှင်။
-- လုံးခင်း ကျောက်စိမ်းတွင်း၊ ဖားကန့်၊ ကချင်ပြည်နယ်။
-- မက်စ်မြန်မာ ဘိလပ်မြေစက်ရုံ၊ တောင်ဖီလာ ထုံးကျောက်တွင်း အနီး၊ လယ်ဝေးမြို့နယ်၊ နေပြည်တော်။
-- မက်စ်မြန်မာ ကွန်ကရစ်အုတ်စက်ရုံ၊ နေပြည်တော်။
-- မက်စ်မြန်မာ ရာဘာခြံ၊ ဘီးလင်း၊ မွန်ပြည်နယ်။
-- ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက် ဗန်းမော် အတွင်းဝန် လမ်း၊ စက်မှုဇုံ (၃)၊ လှိုင်သာယာ၊ ရန်ကုန်၊ ဖုန်း- ၉၅-၁-၆၈၁-၇၄၅။ ၉၅-၁-၆၈၅-၇၅။ ဖက်စ် - ၉၅-၁-၆၈ဝ-၆၆၉။ မန်နေဂျာချုပ် ဦး ကြည်လွင် (ခေါ်) ဦးကြံခင်း။
သံရုံး၏ အကြံပြုတင်ပြချက်
-----------------
(၆) ဇော်ဇော်သည် စစ်အစိုးရကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားနေပြီး အစိုးရအဆက် အသွယ်ဖြင့် သူ၏ စီးပွားရေး လုပ်ငန်းများကို တိုးချဲ့နေသော အလယ် အလတ်အဆင့် အပေါင်းပါ တဦးဖြစ်သည်။ ၎င်း၏ မိသားစုနှင့်တကွ ၎င်း၏ ကုမ္ပဏီ အတော်များများသည် နိုင်ငံခြား အရင်းအနှီးများ ထိန်းချုပ်ရေးရုံး (OFAC) ၏ ပစ်မှတ်ထားသော ဒဏ်ခတ် စာရင်းတွင် ပါပြီး ဖြစ်သည်။ (OFAC) အနေနှင့် အထက်ဖေါ်ပြပါ ကုမ္ပဏီများနှင့် ထိပ်တန်းမန်နေ ဂျာတို့ကိုလည်း စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များ အက်ဥပဒေ (JADE Act) အရ အရေးယူပေးပါရန် ရန်ကုန်သံရုံးက အကြံပြုတင်ပြသည်။
(၆) မြန်မာအစိုးရသည် ဘဏ္ဍာရေးနှစ်ကုန်ပြီးနောက်တွင် အသုံးစားရိတ် ကြီးကြီး ပြထားသော နောက်ဆက်တွဲ ဘတ်ဂျက် ကို ထုတ်ပြန်လေ့ ရှိသည်။ ၎င်း၏ နှစ်စဉ် စုစုပေါင်း လိုငွေသည် ရေးဆွဲထားသော တရားဝင် ဘတ်ဂျက်ထက် များစွာပို သည်။ သာဓက အားဖြင့် (၂ဝဝ၈-ဝ၉)ဘဏ္ဍာရေးနှစ် သုံးငွေသည် ဘတ်ဂျက်ထက် ကျပ်ငွေ (၇၄၃. ၉)ဘီလျံ(လက်ရှိ ပေါက်ဈေး အမေရိကန် ဒေါ်လာ ၇၄၃ ဘီလျံ) ပိုနေပြီး စုစုပေါင်း သုံးငွေ သတ်မှတ်ချက်ထက် ၁၅ ရာနှုန်းပိုသည်။
(၇) “အစိုးရ”သည် လွန်ခဲ့သောနှစ်များ၌ အပိုသုံးငွေ ခွင့်ပြုချက် အများဆုံး (အမေရိကန်ဒေါ်လာ ၂၈၂ သန်း) ရရှိခဲ့ပြီး ၎င်း ပမာဏသည် (၂ဝဝ၈-ဝ၉) ဘဏ္ဍာရေးနှစ် အပိုသုံးငွေ၏ ထက်ဝက်နီးပါးရှိသည်။ ငွေများကို နေပြည်တော်ရှိ ဆောက်လုပ် ဆဲ လုပ်ငန်းများနှင့် အစိုးရ၏ အခြားအခြေခံ အဆောက်အအုံ လုပ်ငန်းများအတွက် သုံးစွဲသည်ဟု ယူဆရကြောင်း စီးပွား ရေး လုပ်ငန်းရှင် တဦးက ပြောပြခဲ့သည်။ အစိုးရပိုင် လုပ်ငန်းများသည် ခွင့်ပြုငွေ အများဆုံးရရှိသည်။ ကျပ်ငွေ (၁၈၅) ဘီလျံ (အမေရိကန်ဒေါ်လာ ၁၈၅ သန်း) ရရှိခြင်း ဖြစ်ပြီး ဘတ်ဂျက်၏ ၆၅ ရာနှုန်း တိုးသွားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက ကျပ်ငွေ (၉) ဘီလျံ (အမေရိကန်ဒေါ်လာ ၉ သန်း) တိုး၍ ရရှိခဲ့ပြီး ဘဏ္ဍာရေး ဝန်ကြီးဌာနက ကျပ်ငွေ (၅၃) ဘီလျံ (အမေရိကန် ဒေါ်လာ ၅၃ သန်း) တိုး၍ ရရှိခဲ့သည်။ ဆိုင်ကလုံး မုန်တိုင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံ အစိုးရသည် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန အတွက် ကျပ်ငွေ (၇၇)ဘီလျံ (အမေရိကန်ဒေါ်လာ ၇၇ သန်း) တိုး၍ ခွင့်ပြုပေးခဲ့ပြီး လူမှုဝန်ထမ်း ဝန်ကြီးဌာနကိုမူ ကျပ်ငွေ (၄၄) ဘီလျံ (အမေရိကန်ဒေါ်လာ ၄၄ သန်း) တိုးခွင့်ပြုခဲ့သည်။
အခွန်တော်ဝင်ငွေ ရရှိမှုနည်းခြင်း
---------------------
(၈) လွန်ခဲ့သောနှစ် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ပုဒ်မ (၄) ဆွေးနွေးပွဲများ၌ အဖွဲ့ ကိုယ်စားလှယ် များက မြန်မာ နိုင်ငံ အစိုးရ၏ အခွန် စီမံအုပ်ချုပ်မှု စနစ်ကို တိုးတက် ကောင်းမွန်အောင် ပြုပြင်သွားရန်နှင့် လိုလျှင် လိုသလို အခွန် လွတ်ငြိမ်းခွင့် ပေးနေမှုများကို ပြုပြင်သွားရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အရာရှိများ၏ ပြောပြချက်အရ မြန်မာ စစ်အစိုးရသည် အဓိက အကြောင်းများ ဖြစ်သည့် အခွန်ကောက်ခံရေး အားနည်းချက်၊ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ ဝန်ထမ်းများ၏ ထိရောက်မှု မရှိခြင်းကြောင့် ဆုံးရှုံးရမှုများ၊ အစိုးရ၏ အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ ကာကွယ်ရေးနှင့် ဆောက်လုပ်ရေး ကဲ့သို့သော ဝင်ငွေမရနိုင်သည့် လုပ်ငန်းများအတွက် ဘတ်ဂျက် အသုံးစရိတ် ပြဿနာတို့ကို ဖြေရှင်းခြင်းဖြင့် ဘတ်ဂျက် လိုငွေပြမှုကို လျှော့ချရန်မှာ ၎င်းတို့၏ ရည်မှန်းချက် တခုဖြစ်ကြောင်း အကြောင်း ပြန်ခဲ့သည်ဟု သိရသည်။ သို့ရာတွင် မြန်မာ အစိုးရသည် ၎င်း၏ အခွန်ကောက်ခံရေး စနစ်ကို ၂ဝဝ၈ အတွင်း မပြုပြင်ခဲ့ကြောင်းနှင့် သို့ဖြစ်၍ (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် အတွင်းမှာ အခွန် ဘဏ္ဍာဝင်ငွေ ၂၇ ရာနှုန်း တိုးရမည် ဟူသော အစိုးရ၏ ကြိုတင် တွက်ကိန်းမှာ မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း ကျွန်ုပ်တို့၏ စီးပွားရေး အဆက်အသွယ်များက ဆိုပါသည်။
(၉) လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အာဏာပိုင်များက ဝင်ငွေခွန်ကို ပိုမိုတိကျစွာ ကောက်ခံခြင်း၊ ကုန်ပစ္စည်းနှင့် မူလ ကုန်ကြမ်း အပေါ်မူတည်လျက် ရာဖြတ်နှုန်းကို ကျပ် (၄ဝဝ)၊(၁)ဒေါ်လာမှနေ၍ ကျပ်(၈ဝဝ)၊ (၁၂ဝဝ)ကျပ်အထိ တိုးမြှင့်ခြင်း အားဖြင့် အခွန်တော် ဝင်ငွေ တိုးလာစေရန် ကြိုးပမ်းခဲ့သည်။ ဤသို့ ရာဖြတ်နှုန်းကို တိုးမြှင့်ခြင်းသည် အမျိုးမျိုး ကွဲနေသော ငွေကြေး လဲလှယ်နှုန်းများကို ညှိယူရန် ကြိုးပမ်းသည့် သဘောဖြစ်သော်လည်း မြန်မာနိုင်ငံ၏ နဂိုမူလကတည်းက ရှုပ်ထွေးနေသော တရားမဝင် ငွေလဲစနစ်ကို ပို၍ ရှုပ်ထွေး သွားစေသည်ဟု မြန်မာ အစိုးရအရာရှိများက အလွတ်သဘော ပြောပြကြသည်။
(၁ဝ) (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ပါ အချက်အလက်များအရဆိုလျှင် အစိုးရပိုင် စီးပွားရေး လုပ်ငန်း အများစုသည် အရှုံးနှင့် စခန်း သွားရမည်ဖြစ်သည်။ အမြတ်ကြီးကြီးရမည်ဟု ယူဆရသော သယံဇာတ ထုတ်ယူရေး လုပ်ငန်းများမှာ ပင်လျှင် အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ၏ အသားတင် အရှုံးသည် အကြမ်းဖျင်း အားဖြင့် ကျပ်ငွေ (၄၈၄) ဘီလျံ (အမေရိကန် ဒေါ်လာ ၄၈၄ သန်း)ရှိလိမ့်မည် (သို့ရာတွင် ဤခန့်မှန်းချက်သည် အလွန်နိမ့်သော ခန့်မှန်းချက် ဖြစ်နိုင်ပါ သည်)ဟု ကြိုတွက်၍ ရသည်။ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများသည် (၂ဝဝ၈-၂ဝဝ၉) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၆ဝ၁) သန်း အရှုံးပြခဲ့ပြီး မြန်မာအစိုးရ မူလက ခန့်မှန်းထားသော အရှုံး ကျပ်ငွေ သန်း(၄၅ဝ) ထက် များစွာ ပိုနေပါသည်။ တရားဝင် ထုတ်ပြန်သော ဘတ်ဂျက်စာရင်း ဇယားများအရ အစိုးရပိုင် စီးပွားရေးလုပ် ငန်းများသည် (၂ဝဝ၇-၂ဝဝ၈) ဘဏ္ဍာ ရေးနှစ်တွင် ကျပ်ငွေ သန်း(၈ဝဝ)၊ (၂ဝဝ၆-၂ဝဝ၇) ဘဏ္ဍာရေးနှစ်တွင် ကျပ် ငွေ (၄၃၆) သန်းနှင့် (၂ဝဝ၅-၂ဝဝ၆) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၅၄၉)သန်း အရှုံးပေါ်ခဲ့သည်။
(၁၁) ရာထူးအဆင့်တိုင်းမှာ အကျင့်ပျက် ခြစားမှုရှိနေခြင်းသည် မြန်မာနိုင်ငံမှာ ပြဿနာတခု အဖြစ် ရှိနေပြီး အစိုးရ၏ အခွန်ငွေ ကောက်ခံနိုင်မှု စွမ်းရည်ကို ထိခိုက် နေစေရှိသည်။ ကျွန်ုပ်တို့၏ စီးပွားရေး အဆက်အသွယ်များ၏ ပြောပြ ချက်အရဆိုလျှင် အစိုးရသည် ၂ဝဝ၆ အတွင်းက မသမာသော အကောက်ခွန် အရာရှိများကို နှိမ်နင်း အရေးယူမှု များလုပ်ခဲ့သော်လည်း နယ်စပ်များ၌ လာဘ်ပေး လာဘ်ယူမှုများ ဆက်လက်၍ ရှိမြဲရှိနေသည်။ အကျင့်ပျက် ခြစားမှုသည် ပြည်တွင်း အခွန်ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဌာန၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မီတီတို့ အပါအဝင် အစိုးရ၏ အခြား သော အဖွဲ့အစည်းများထဲမှာလည်း ထူပြောနေသည်။
ထင်မြင်သုံးသပ်ချက်
-------------
ထုတ်ဝေထားသော ဘတ်ဂျက် စာရွက်စာတမ်းများ၌ မြန်မာအစိုးရက ၎င်း၏ ရန်ပုံငွေများကို မည်သို့ ခွဲဝေ သတ်မှတ်ပေး မည် ဟူသော ယေဘုယျ လမ်းညွှန်ချက် ပေးထားသော်လည်း (ယေဘုယျအားဖြင့် မြန်မာအစိုးရ၏ ကိန်းဂဏန်းများသည် ယုံကြည် စိတ်ချ ရလောက်စရာ မရှိသဖြင့်) မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေကို အတိအကျ ပုံဖေါ်ကြည့်ရန် မဖြစ်နိုင် ချေ။ ဤသို့ပြဿနာ ရှိနေရသည့် အထဲ ထိပ်တန်း ခေါင်းဆောင်များမှာ သုံးစွဲရေးမူ ဟူ၍ မရှိဘဲ မိမိတို့ မျက်နှာသာပေး ထားသော လုပ်ငန်းများ အတွက်သာ ရန်ပုံငွေများကို သတ်မှတ် ခွဲဝေပေးကာ စီမံကိန်း လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ အလေးထားခြင်း မရှိကြသဖြင့် ဤပြဿနာသည် ပို၍ ဆိုးသွားလေသည်။ မြန်မာအစိုးရက ဘတ်ဂျက်လိုငွေ လျှော့ချရေးကို ရည်ရွယ်ထားသည်ဟု ထုတ်ဖေါ်ကြေညာ ထားသော်လည်း အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ၏ အရှုံးပေါ်မှုနှင့် အခွန်စနစ် ပြုပြင်ရေး မရှိမှုတို့ကြောင့် နောက်ထပ် အပုံကြီး ပို၍ တိုးလာစရာ ရှိသည်။ မြန်မာ့စီးပွားရေး၏ အနာဂတ်သည် ဆိုးရွားနေဆဲပင် ရှိသည်။
ဒင်းဂါး
Ref: မဇ္ဈိမ
0 comments:
Post a Comment